မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် ဘယ်လိုထင်ပါသလဲ

သင် ဘယ်လိုထင်ပါသလဲ

ဘုရားရဲ့ မိတ်ဆွေ​ဖြစ်အောင် ကျမ်းစာ ကူညီ​ပေးနိုင်​သလား

လူတချို့​ယုံကြည်ရာ . . .

အပြစ်သား​တွေ​ဖြစ်တဲ့ လူတွေဟာ ဘုရားရဲ့​မိတ်ဆွေ မဖြစ်နိုင်ဘူး။ တချို့ကျတော့ ဘုရားက လူတွေကို ဂရုမစိုက်​ပါဘူး​လို့ ပြော​ကြ​တယ်။ သင် ဘယ်လို ထင်​ပါသလဲ။

ကျမ်းစာ​သွန်သင်ရာ

ဘုရား​သခင်​ဟာ “ရိုးဖြောင့်​သူ​ကိုတော့ ခင်မင်ရင်းနှီး​တယ်။” (ပညာအလိမ္မာ ၃:၃၂) ဘုရား​ကို နာခံ​မယ်ဆိုရင် ဘုရားရဲ့​မိတ်ဆွေ ဖြစ်နိုင်တယ်။

ကျမ်းစာ​မှ နောက်ထပ်​သင်ယူ​နိုင်ရာများ

  • ဘုရား​သခင်​က ကျွန်တော်တို့​နဲ့ မိတ်ဆွေ​ဖြစ်ချင်​တယ်။ —ယာကုပ် ၄:၈

  • ကျွန်တော်တို့ရဲ့ မိတ်ဆွေ ဘုရား​သခင်​ဟာ ကျွန်တော်တို့ကို ကူညီဖို့၊ ခွင့်လွှတ်​ဖို့ အသင့်​ရှိတယ်။—ဆာလံ ၈၆:၅

  • ဘုရားရဲ့​မိတ်ဆွေတွေ​ဟာ ဘုရား​နှစ်သက်​တာကို နှစ်သက်​တယ်။ ဘုရား​ရွံမုန်း​တာကို ရွံမုန်း​တယ်။—ရောမ ၁၂:၉