မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စိတ်နူးညံ့သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်’

‘စိတ်နူးညံ့သူတွေ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်’

အပြစ်မဲ့တဲ့ လူကောင်းတွေဟာ လူဆိုးတွေရဲ့ ဖိနှိပ်မှုကို ခံနေရတာတွေ၊ မတရားမှုတွေ​ကို ကျွန်တော်တို့​အများစု မြင်ကြ​ရတယ်။ မတရားမှုနဲ့ ဆိုးသွမ်းမှု မရှိတော့မယ့်​အချိန် ရောက်လာ​ပါ​ဦး​မ​လား။

ကျမ်းစာမှာပါတဲ့ ဆာလံ ၃၇ မှာ အဖြေနဲ့ လမ်းညွှန်ချက် တွေ့နိုင်တယ်။ အောက်ပါ​အရေးကြီးတဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ဘာပြောထားသလဲ၊ သတိပြု​ကြည့်ပါ။

“ယေဟောဝါကို မျှော်လင့်​ပြီး ဘုရားရဲ့​လမ်းစဉ်​အတိုင်း လိုက်လျှောက်” သူ​တွေ​အတွက် တောက်ပတဲ့​အနာဂတ် ရှိကြောင်း ဆာလံ ၃၇ ကနေ သိရတယ်။ သင်​နဲ့ သင်​ချစ်မြတ်နိုးရသူတွေ တောက်ပတဲ့​အနာဂတ် ပိုင်ဆိုင်​နိုင်​ပုံ​ကို သိရအောင် ကျမ်းစာ​လေ့လာ​ကြည့်ပါ။ ယေဟောဝါ​သက်သေတွေ ဝမ်းသာ​အားရ ကူညီ​ပေးချင်​ကြ​ပါတယ်။