မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို ဘာလက်ဆောင် ပေးနိုင်သလဲ

ယေဟောဝါကို ဘာလက်ဆောင် ပေးနိုင်သလဲ

“ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်” လို့ ယေရှု​ ပြောတယ်။​ (တ. ၂၀:၃၅) ဒီ​အချက်​က ယေဟောဝါ​နဲ့ ကျွန်တော်​တို့ရဲ့ ဆက်ဆံရေးနဲ့လည်း သက်​ဆိုင်တယ်။ ဘယ်လို​နည်းနဲ့လဲ။ ယေဟော​ဝါ​ဆီက လက်ဆောင်​များစွာ ရထားလို့ ကျွန်တော်​တို့ ပျော်ရွှင်​ကြတယ်။ ဒါပေမဲ့​ ယေဟော​ဝါကို​ လက်ဆောင် ပြန်​ပေးခြင်း​ကနေ ပို​ပျော်ရွှင်​နိုင်ပါတယ်။ ဘာ​လက်ဆောင် ပေး​မလဲ။ “ကိုယ့်မှာ​ရှိတဲ့ အဖိုးတန်​ဥစ္စာ​တွေ . . . ဆက်သပြီး ယေဟော​ဝါကို ဂုဏ်တင်ပါ” လို့ ပညာအလိမ္မာ ၃:၉ မှာ ပြော​ထားတယ်။ “အဖိုးတန်​ဥစ္စာ​တွေ” ထဲမှာ အချိန်၊​ အစွမ်းအစ၊ ခွန်အား၊ ပစ္စည်းဥစ္စာ​တွေ ပါဝင်​တယ်။ အဲဒါ​တွေကို စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက်​ သုံးတဲ့​အခါ​ ယေဟော​ဝါကို လက်ဆောင်​ပေး​ရာ​ရောက်တယ်။ ဒါက ကျွန်တော်​တို့ကို အလွန်​ပျော်ရွှင်​စေတယ်။

ယေဟော​ဝါကို ပေးဖို့ လျစ်လျူရှု​မိ​တာ​မျိုး မဖြစ်အောင် ဘာက ကူညီ​ပေး​မလဲ။ လှူ​ဖို့ “သီးသန့်​ဖယ်ထား​ကြပါ” လို့ တမန်တော် ပေါလု​ ပြောတယ်။ (၁ ကော. ၁၆:၂) လှူဒါန်း​နိုင်တဲ့​နည်း​တွေ ပို​သိချင်ရင် အောက်ပါ​လေးထောင့်ကွက်​ကို ကြည့်ပါ။

အွန်လိုင်း​လှူဒါန်းခြင်း​ကို နိုင်ငံ​တိုင်းမှာ​တော့ မရနိုင်​သေး​ပါဘူး။ ဒါပေမဲ့​ အလှူငွေ​ထည့်ဝင်​ခြင်းနဲ့​ပတ်သက်တဲ့ ဝက်ဘ်​စာမျက်နှာမှာ လှူဒါန်း​နိုင်တဲ့ တခြား​နည်းတွေကို တွေ့​နိုင်ပါတယ်။ နိုင်ငံ​တချို့​က အဲဒီ​စာမျက်နှာမှာ လှူဒါန်းခြင်းနဲ့​ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေပေး​ထားတယ်။