မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါရဲ့ လူမျိုးတော် အကျိုးကို သယ်ပိုးနေကြတဲ့ သိုးထိန်းများ

ယေဟောဝါရဲ့ လူမျိုးတော် အကျိုးကို သယ်ပိုးနေကြတဲ့ သိုးထိန်းများ

လူအများက အခွင့်အာဏာရှိသူတွေကို အယုံအကြည် မရှိကြဘူး။ ဘာကြောင့်လဲ။ သမိုင်းတစ်လျှောက်ကို ကြည့်ရင် အခွင့်အာဏာရှိသူအတော်များများက အခွင့်အာဏာကို ကိုယ်ကျိုးအတွက်ပဲ အသုံးပြုခဲ့ကြလို့ပါ။ (မိ ၇:၃) အသင်းတော် အကြီးအကဲတွေကတော့ မိမိတို့ရဲ့အခွင့်အာဏာကို ယေဟောဝါလူမျိုးရဲ့အကျိုး သယ်ပိုးရာမှာ အသုံးပြုဖို့ လေ့ကျင့်ခံထားရတယ်။—ဧသ ၁၀:၃။ မ ၂၀:၂၅၊ ၂၆

လောကမှာရှိတဲ့ အခွင့်အာဏာရှိသူတွေနဲ့ မတူဘဲ အကြီးအကဲတွေက ယေဟောဝါဘုရားနဲ့ ဘုရားလူမျိုးကို ချစ်လို့ ကြီးကြပ်မှူးတာဝန်ကို တက်လှမ်းကြတယ်။ (ယဟ ၂၁:၁၆။ ၁ပ ၅:၁-၃) ယေရှုရဲ့ လမ်းညွှန်မှုအောက်မှာ သိုးထိန်းတွေက ကြေညာသူယောက်တိုင်းကို ယေဟောဝါရဲ့ မိသားစုအဝင်အဖြစ် ခံစားရအောင်၊ ယေဟောဝါနဲ့ ပိုရင်းနှီးလာအောင် ကူညီပေးကြတယ်။ အရေးပေါ် ဆေးကုသမှု ခံယူရချိန်မှာ၊ သဘာဝဘေး ကြုံရချိန်မှာ ချက်ချင်း ကူညီအားပေးကြတယ်။ သင် အကူအညီ လိုအပ်နေတယ်ဆိုရင် အသင်းတော်အကြီးအကဲ တစ်ယောက်ယောက်ကို ဆက်သွယ်နိုင်ပါတယ်။—ယာ ၅:၁၄

သိုးအုပ်ကို ဂရုစိုက်တဲ့ သိုးထိန်းများ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • အကြီးအကဲတွေပေးတဲ့ အကူအညီကနေ မာရီယာနာ ဘယ်လို အကျိုးရခဲ့သလဲ။

  • အကြီးအကဲတွေပေးတဲ့ အကူအညီကနေ အယ်လီယာ့စ် ဘယ်လို အကျိုးရခဲ့သလဲ။

  • ဒီဗီဒီယိုကို ကြည့်ပြီးနောက် အကြီးအကဲတွေနဲ့ ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။