မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

မိဘတို့၊ သားသမီးတွေ ယေဟောဝါဘုရားဆီက ဉာဏ်ပညာရရှိအောင် ကူညီပေးပါ

မိဘတို့၊ သားသမီးတွေ ယေဟောဝါဘုရားဆီက ဉာဏ်ပညာရရှိအောင် ကူညီပေးပါ

ယေဟောဝါဘုရားဆီက ဉာဏ်ပညာရရှိအောင် သားသမီးတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းတစ်ခုက ခရစ်ယာန်အစည်းအဝေးတွေကနေ အကျိုးရအောင် ကူညီပေးခြင်းပါပဲ။ ကလေးတွေက အစည်းအဝေးတွေမှာ မြင်ရတာ၊ ကြားရတာ၊ မှတ်ချက်ပေးတာတွေကနေ ယေဟောဝါဘုရားအကြောင်း သင်ယူကြတယ်။ ဒီလိုနဲ့ ဘုရားနဲ့ ရင်းနှီးလာကြတယ်။ (တရ ၃၁:၁၂၊ ၁၃) သင်က မိဘတစ်ယောက်ဆိုရင် ကလေးကို အစည်းအဝေးကနေ အကျိုးအပြည့်အဝရအောင် ဘယ်လို ကူညီပေးနိုင်သလဲ။

  • အစည်းအဝေးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားတက်ရောက်ဖို့ ကြိုးစားအားထုတ်ပါ။—ဆ ၂၂:၂၂

  • အစည်းအဝေး မစခင် ဒါမှမဟုတ် ပြီးနောက် နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မ တွေနဲ့ အချိန်ပေး ပေါင်းသင်းပါ။—ဟီ ၁၀:၂၅

  • အစည်းအဝေးမှာ လေ့လာမယ့်စာပေတွေကို ဒီဂျစ်တယ်ပုံစံနဲ့ဖြစ်ဖြစ်၊ ပုံနှိပ်စာပေနဲ့ဖြစ်ဖြစ် မိသားစုဝင်တိုင်း ရှိထားအောင် ပြင်ထားပေးပါ။

  • ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးနိုင်ဖို့ ကလေးကို ပြင်ဆင်ပေးပါ။ —မ ၂၁:၁၅၊ ၁၆

  • အစည်းအဝေးအကြောင်း၊ အစည်းအဝေးမှာ ကြားခဲ့ရတဲ့ သွန်သင်ချက်တွေအကြောင်း အပြုသဘောနဲ့ ပြောပါ။

  • နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်ခြင်း၊ အသင်းတော်ထဲက အသက်ကြီးသူတွေနဲ့ စကားပြောခြင်း စတာတွေမှာ ကလေးတွေ ပါဝင်လုပ်ဆောင်နိုင်အောင် ကူညီပေးပါ။

ကလေးတွေကို ယေဟောဝါဘုရားနဲ့ ရင်းနှီးလာအောင် ကူညီပေးရတာ တစ်ခါတလေ မလွယ်ဘူး၊ အများကြီး ကြိုးစားအားထုတ်ဖို့ လိုတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီကို စိတ်ချနိုင်ပါတယ်။—ရှာ ၄၀:၂၉

မိဘတို့၊ ယေဟောဝါဘုရားကို အားထားကြပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ပင်ပန်းနွမ်းနယ်မှုကြောင့် ဇက်နဲ့ လေအာ ဘာတွေ ထိခိုက်လာသလဲ။

  • ခွန်အားရဖို့ မိဘတွေ ဘာကြောင့် ယေဟောဝါကို အားကိုးသင့်သလဲ။

  • အောင်မြင်မှုရဖို့ ဇက်နဲ့ လေအာ ယေဟောဝါကို ဘယ်လို အားကိုးခဲ့သလဲ။