လေ့လာရန် ဆောင်းပါး ၃၁
“စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ကို သင် စောင့်မျှော်နေသလား
“အာဗြဟံက စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့၊ ဘုရားသခင် ပုံစံရေးဆွဲပြီး တည်ဆောက်တဲ့မြို့ကို စောင့်မျှော်ခဲ့တယ်။”—ဟီ. ၁၁:၁၀။
သီချင်း ၂၂ နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါရဲ့ ကျေးကျွန်များစွာ ဘာတွေကို စွန့်လွှတ်အနစ်နာခံနေကြသလဲ။ ဘာကြောင့်လဲ။
ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန် သန်းပေါင်းများစွာဟာ စွန့်လွှတ်အနစ်နာခံနေကြတယ်။ ညီအစ်ကို/မများစွာက တစ်ကိုယ်ရေ နေဖို့၊ အိမ်ထောင်သည်တွေက သားသမီး မယူသေးဖို့၊ မိသားစုတွေက ဘဝကို ရိုးရိုးရှင်းရှင်း နေဖို့ ဆုံးဖြတ်ကြတယ်။ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အပြည့်အဝ အမှုဆောင်ချင်လို့ အဲဒီလို ဆုံးဖြတ်ကြတာ။ အမှန်တကယ် လိုအပ်တာ အားလုံးကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ကျေနပ်ရောင့်ရဲနေကြတယ်။ သူတို့ စိတ်ပျက်ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ။ ကျေးကျွန်တွေရဲ့ လိုအပ်ရာတွေကို ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးလို့ပဲ။ ဥပမာ၊ ‘ယုံကြည်ခြင်းရှိသူ အားလုံးရဲ့ ဖခင်’ ဖြစ်တဲ့ အာဗြဟံကို ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။—ရော. ၄:၁၁။
၂။ (က) ဟီဘရူး ၁၁:၈-၁၀၊ ၁၆ အရ ဥရမြို့ကနေ အာဗြဟံ ဘာကြောင့် လိုလိုလားလား ထွက်ခွာခဲ့သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂ အာဗြဟံဟာ ဥရမြို့က ဇိမ်ကျတဲ့ဘဝကို လိုလိုလားလား စွန့်လွှတ်ခဲ့တယ်။ ဘာကြောင့်လဲ။ “စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့” ကို စောင့်မျှော်လို့ပဲ။ (ဟီဘရူး ၁၁:၈-၁၀၊ ၁၆ ကိုဖတ်ပါ။) အဲဒါ ဘာ “မြို့” လဲ။ အဲဒီမြို့ တည်ဆောက်မှာကို စောင့်ရင်း ဘယ်အခက်အခဲတွေကို အာဗြဟံ ရင်ဆိုင်ခဲ့ရသလဲ။ အာဗြဟံဆီကနေ၊ ဒီနေ့ခေတ်မှာ အာဗြဟံကို တုပနေသူတွေဆီကနေ ဘာသင်ယူနိုင်သလဲ။
“စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့”
၃။ အာဗြဟံ စောင့်မျှော်ခဲ့တဲ့ မြို့က ဘာလဲ။
၃ အာဗြဟံ စောင့်မျှော်ခဲ့တဲ့ မြို့ဆိုတာ ဘုရားသခင့် နိုင်ငံတော်ပါ။ အဲဒီနိုင်ငံကို ယေရှုခရစ်၊ ဘိသိက်ခံ ခရစ်ယာန် ၁၄၄,၀၀၀ နဲ့ ဖွဲ့စည်းထားတယ်။ ပေါလုက နိုင်ငံတော်ကို “အသက်ရှင်နေတဲ့ ဘုရားသခင်ရဲ့ မြို့တော် ဖြစ်တဲ့ ကောင်းကင်ဟီ. ၁၂:၂၂။ ဗျာ. ၅:၈-၁၀။ ၁၄:၁) အဲဒီနိုင်ငံတော် လာပါစေလို့ ဆုတောင်းဖို့ တပည့်တွေကို ယေရှု သင်ပေးတယ်။ နိုင်ငံတော် လာမှ ဘုရားအလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို မြေကြီးမှာလည်း ပြည့်စုံလာမယ်။—မ. ၆:၁၀။
ဂျေရုဆလင်” လို့ ခေါ်ခဲ့တယ်။ (၄။ ကမ္ဘာဦး ၁၇:၁၊ ၂၊ ၆ အရ ဘုရား ကတိပေးထားတဲ့ မြို့ ဒါမှမဟုတ် နိုင်ငံတော်အကြောင်း အာဗြဟံ ဘယ်လောက် သိသလဲ။
၄ ဘုရားနိုင်ငံတော်ကို ဘယ်လို တည်ဆောက်မယ်ဆိုတဲ့ အသေးစိတ် အချက်တွေကို အာဗြဟံ သိသလား။ မသိပါဘူး။ အဲဒီအချက်တွေဟာ ရာစုနှစ်တွေတစ်လျှောက် “မြင့်မြတ်တဲ့ လျှို့ဝှက်ချက်” ဖြစ်ခဲ့တယ်။ (ဧ. ၁:၈-၁၀။ ကော. ၁:၂၆၊ ၂၇) မိမိရဲ့ သားမြေးတချို့ ဘုရင်တွေ ဖြစ်မှာကိုတော့ အာဗြဟံ သိတယ်။ ယေဟောဝါ အဲဒီလို သတ်သတ်မှတ်မှတ် ကတိပေးခဲ့လို့ပဲ။ (ကမ္ဘာဦး ၁၇:၁၊ ၂၊ ၆ ကိုဖတ်ပါ။) ဘုရားနိုင်ငံတော်မှာ ဘုရင် ဖြစ်မယ့် မေရှိယ၊ တစ်နည်းအားဖြင့် ဘိသိက်ခံသူကို မြင်နေရသလိုမျိုး ခိုင်မာတဲ့ ယုံကြည်ခြင်း အာဗြဟံမှာ ရှိတယ်။ ဒါကြောင့် ယေရှုက တစ်ခေတ်တည်းသား ဂျူးတွေကို “ခင်ဗျားတို့ရဲ့ ဘိုးဘေး အာဗြဟံက ကျွန်တော် လာမယ့် နေ့ကို မြင်ရဖို့ မျှော်လင့်ပြီး သိပ်ပျော်ခဲ့တာ။ သူ မြင်ခဲ့ရတယ်၊ ပျော်လည်း ပျော်ခဲ့တယ်” လို့ ပြောနိုင်ခဲ့တယ်။ (ယော. ၈:၅၆) ယေဟောဝါ တည်ထောင်မယ့် နိုင်ငံမှာ မိမိရဲ့ သားမြေးတချို့ ပါဝင်မှာကို အာဗြဟံ သိခဲ့တာ ထင်ရှားတယ်။ အဲဒီကတိ ပြည့်စုံလာဖို့ ယေဟောဝါကို စိတ်ရှည်ရှည် စောင့်မျှော်ခဲ့တယ်။
၅။ ဘုရား ပုံစံရေးဆွဲတဲ့ မြို့ကို အာဗြဟံ စောင့်မျှော်ကြောင်း ကျွန်တော်တို့ ဘယ်လို သိရသလဲ။
၅ ဘုရားသခင် ပုံစံရေးဆွဲတဲ့ မြို့ကို စောင့်မျှော်ကြောင်း အာဗြဟံ ဘယ်လို ပြသလဲ။ မြေကြီးပေါ်က ဘယ်နိုင်ငံနဲ့မှ မပတ်သက်ဘူး။ တစ်နေရာတည်းမှာ အခြေချ မနေထိုင်ဘူး။ တစ်နေရာပြီး တစ်နေရာ လှည့်လည်နေထိုင်တယ်။ လူသားဘုရင်ကို အားပေးထောက်ခံတာမျိုး မလုပ်ဘူး။ ကိုယ်ပိုင် နိုင်ငံတစ်ခု တည်ထောင်ဖို့လည်း မကြိုးစားဘူး။ ယေဟောဝါကို ဆက်နာခံပြီး ကတိ ပြည့်စုံမယ့်အချိန်ကို စောင့်ခဲ့တယ်။ ဒီနည်းအားဖြင့် ယေဟောဝါအပေါ် ထူးခြားတဲ့ ယုံကြည်ခြင်း တင်ပြတယ်။ အာဗြဟံ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတချို့ကို သုံးသပ်ပြီး သူ့ပုံသက်သေကနေ ဘာသင်ယူနိုင်ကြောင်း လေ့လာကြည့်ကြစို့။
အာဗြဟံ ရင်ဆိုင်ရတဲ့ အခက်အခဲများ
၆။ ဥရမြို့ဟာ ဘယ်လို မြို့မျိုးလဲ။
၆ အာဗြဟံ စွန့်ခဲ့တဲ့ ဥရမြို့ဟာ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့၊ လုံခြုံတဲ့မြို့ ဖြစ်တယ်။ မြို့ရဲ့ သုံး
ဘက်သုံးတန်မှာ ကျုံးတစ်ခုနဲ့ မြို့ရိုးကြီးတွေ ရှိတယ်။ မြို့သားတွေဟာ စာအရေးအသားနဲ့ သင်္ချာ တတ်ကျွမ်းသူတွေ ဖြစ်တယ်။ စီးပွားရေး စာချုပ်စာတမ်းများစွာကို အဲဒီနေရာမှာ တူးဖော်တွေ့ရှိတဲ့အတွက် စီးပွားရေး အချက်အချာမြို့ ဖြစ်ခဲ့ပုံရတယ်။ အိမ်တွေဟာ အုတ်တိုက်တွေ ဖြစ်တယ်။ နံရံတွေကို အင်္ဂတေနဲ့ အချောကိုင်ပြီး ဆေးဖြူသုတ်ထားတယ်။ အိမ်တချို့မှာ အခန်း ၁၃၊ ၁၄ ခန်းလောက် ရှိပြီး ကျောက်ခင်း ရင်ပြင်တစ်ခု ရှိတယ်။၇။ မိမိနဲ့ မိသားစုကို ယေဟောဝါ ကာကွယ်ပေးမယ်ဆိုတာ အာဗြဟံ ဘာကြောင့် ယုံကြည်စိတ်ချရမလဲ။
၇ မိမိနဲ့ မိသားစုကို ယေဟောဝါ ကာကွယ်ပေးမယ်ဆိုတာ အာဗြဟံ ယုံကြည်စိတ်ချရမယ်။ ဘာကြောင့်လဲ။ အာဗြဟံနဲ့ စာရာဟာ ဥရမြို့က လုံခြုံ၊ ဇိမ်ကျတဲ့ အိမ်ကြီးကို ထားခဲ့ပြီး ခါနန်ပြည်မှာ မြို့ရိုးတွေ၊ ကျုံးတွေရဲ့ အကာအကွယ် မရှိဘဲ တဲထိုးနေရတော့မှာ ဖြစ်လို့ပဲ။ ရန်သူတွေ အချိန်မရွေး ဝင်တိုက်ခိုက်နိုင်တယ်။
၈။ တစ်ချိန်မှာ အာဗြဟံ ဘာကြုံရသလဲ။
၈ အာဗြဟံဟာ ဘုရားအလိုအတိုင်း နေထိုင်ပေမဲ့ တစ်ချိန်မှာ မိသားစုကို ကျွေးမွေးဖို့ အခက်ကြုံလာတယ်။ ခါနန်ပြည်မှာ အငတ်ဘေးကျလို့ အီဂျစ်ပြည်ကို ခဏပြောင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ အီဂျစ်ပြည့်ရှင် ဖာရောမင်းက အာဗြဟံရဲ့ ဇနီး စာရာကို သိမ်းလိုက်တယ်။ စာရာကို အာဗြဟံဆီ ပြန်အပ်ဖို့ ယေဟောဝါ ကြားဝင်မဆောင်ရွက်ခင် အာဗြဟံ ဘယ်လောက် စိတ်ပူနေမယ်ဆိုတာ စဉ်းစားကြည့်ပါ။—က. ၁၂:၁၀-၁၉။
၉။ အာဗြဟံမှာ ဘယ်မိသားစု ပြဿနာ ရှိခဲ့သလဲ။
၉ အာဗြဟံရဲ့ မိသားစုဘဝဟာ ခက်ခဲတယ်။ ချစ်ဇနီး စာရာ သားသမီး မရနိုင်လို့ နှစ်ပေါင်းများစွာ စိတ်ဆင်းရဲခဲ့ကြရတယ်။ နောက်တော့ သူတို့အတွက် သားသမီး မွေးပေးနိုင်ဖို့ ကျွန်မ ဟာဂရကို အာဗြဟံလက်ထဲ စာရာ အပ်လိုက်တယ်။ ဟာဂရက အိရှမေလကို ကိုယ်ဝန်ရှိလာတဲ့အခါ စာရာကို မလေးမစား လုပ်တယ်။ အခြေအနေ ဆိုးလာလို့ ဟာဂရကို အိမ်ကနေ စာရာ မောင်းထုတ်လိုက်တယ်။—က. ၁၆:၁-၆။
၁၀။ ဘယ်ဖြစ်ရပ်တွေက ယေဟောဝါအပေါ် အာဗြဟံရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေသလဲ။
၁၀ နောက်ဆုံး စာရာ ကိုယ်ဝန်ရှိပြီး သားတစ်ယောက် မွေးလာတယ်။ သူ့ကို အိဇက်လို့ အာဗြဟံ နာမည်ပေးတယ်။ အာဗြဟံက အိရှမေလကိုရော အိဇက်ကိုရော သားနှစ်ယောက်စလုံးကို ချစ်တယ်။ ဒါပေမဲ့ အိဇက်ကို အိရှမေလ လှောင်ပြောင်လို့ အိရှမေလနဲ့ ဟာဂရတို့ သားအမိကို အာဗြဟံ မဖြစ်မနေ မောင်းထုတ်လိုက်ရတယ်။ (က. ၂၁:၉-၁၄) နောက်ပိုင်း အိဇက်ကို ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုတယ်။ (က. ၂၂:၁၊ ၂။ ဟီ. ၁၁:၁၇-၁၉) အဲဒီဖြစ်ရပ်နှစ်ခုစလုံးမှာ သားတွေနဲ့ပတ်သက်တဲ့ ကတိတွေ ပြည့်စုံအောင် ယေဟောဝါ စီစဉ်မှာပါ ဆိုတာကို အာဗြဟံ ယုံကြည်ခဲ့ရတယ်။
၁၁။ ယေဟောဝါကို အာဗြဟံ ဘာကြောင့် စိတ်ရှည်ရှည် စောင့်ဆိုင်းခဲ့ရသလဲ။
၁၁ အဲဒီအချိန်အတွင်း ယေဟောဝါကို အာဗြဟံ စိတ်ရှည်ရှည် စောင့်ဆိုင်းတတ်လာတယ်။ ဥရမြို့ကနေ ထွက်လာတုန်းက အာဗြဟံ အသက် ၇၀ ကျော်လောက် ရှိပြီ။ (က. ၁၁:၃၁–၁၂:၄) ခါနန်ပြည်မှာ နှစ်ပေါင်း တစ်ရာလောက် လှည့်လည်သွားလာ၊ တဲထိုးနေထိုင်ပြီး အသက် ၁၇၅ နှစ်မှာ သေဆုံးသွားတယ်။ (က. ၂၅:၇) ဒါပေမဲ့ မိမိ လှည့်လည်သွားလာခဲ့တဲ့ ပြည်ကို သားမြေးတွေ ရမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိ ပြည့်စုံတာကို မမြင်ခဲ့ရဘူး။ ဘုရားနိုင်ငံတော် တည်ထောင်ချိန်အထိလည်း အသက်မရှည်ခဲ့ဘူး။ ဒါတောင် “ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည် နေပြီး” သေဆုံးတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (က. ၂၅:၈) အခက်အခဲတွေ ရင်ဆိုင်ရပေမဲ့ ယုံကြည်ခြင်း ဆက်ခိုင်မာနေပြီး ယေဟောဝါကို လိုလိုလားလား စောင့်ဆိုင်းခဲ့တယ်။ ဘာကြောင့် အဲဒီလို ခံရပ်နိုင်ခဲ့သလဲ။ ဘဝတစ်လျှောက်လုံး အာဗြဟံကို ယေဟောဝါ ကာကွယ်ပြီး မိတ်ဆွေလို ဆက်ဆံခဲ့လို့ပဲ။—က. ၁၅:၁။ ဟေရှာ. ၄၁:၈။ ယာ. ၂:၂၂၊ ၂၃။
၁၂။ ကျွန်တော်တို့ ဘာကို စောင့်မျှော်နေသလဲ။ ဘာအကြောင်း သုံးသပ်ကြမလဲ။
ဗျာ. ၁၂:၇-၁၀) ဒါပေမဲ့ မြေကြီးကို အပြည့်အဝ အုပ်ချုပ်ဖို့ ကျွန်တော်တို့ စောင့်မျှော်နေတယ်။ ဒီအတောအတွင်း အာဗြဟံနဲ့ စာရာ ကြုံခဲ့ရတဲ့ အခြေအနေတွေကို ကြုံရမယ်။ အာဗြဟံရဲ့ ပုံသက်သေကို ဒီနေ့ခေတ် ကျေးကျွန်တွေ လိုက်နေသလား။ ဒီနေ့ခေတ် ကျေးကျွန်များစွာလည်း အာဗြဟံနဲ့ စာရာလိုပဲ ယုံကြည်ခြင်း၊ စိတ်ရှည်မှု ရှိတယ်ဆိုတာ ကင်းမျှော်စင် မှာ ထုတ်ဝေထားတဲ့ ဘဝအတ္ထုပ္ပတ္တိတွေက ဖော်ပြတယ်။ အနည်းငယ်ကို သုံးသပ်ပြီး ဘာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
၁၂ အာဗြဟံလိုပဲ ကျွန်တော်တို့လည်း စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့ကို စောင့်မျှော်နေတယ်။ မြို့တည်ဖို့ စောင့်နေတာတော့ မဟုတ်ဘူး။ ဘုရားနိုင်ငံတော်ဟာ ၁၉၁၄ မှာ တည်ထောင်ပြီး ကောင်းကင်မှာ အပြည့်အဝ အုပ်ချုပ်နေပြီ။ (အာဗြဟံရဲ့ ပုံသက်သေကို တုပပါ
၁၃။ ညီအစ်ကို ဝေါလ်ဒဲန်ရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၁၃ စွန့်လွှတ်အနစ်နာခံဖို့ လိုလိုလားလား ရှိပါ။ ဘုရားနိုင်ငံတော် ဒါမှမဟုတ် မြို့ကို ဘဝမှာ ဦးစားထားဖို့ အာဗြဟံလိုပဲ လိုလိုလားလား စွန့်လွှတ်အနစ်နာခံရမယ်။ (မ. ၆:၃၃။ မာ. ၁၀:၂၈-၃၀) ညီအစ်ကို ဘေလ် ဝေါလ်ဒဲန်အကြောင်း သုံးသပ်ကြည့်ပါ။ * ၁၉၄၂၊ အမေရိကန် တက္ကသိုလ်ကနေ ဆောက်လုပ်ရေး အင်ဂျင်နီယာဘွဲ့ ရခါနီးမှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ဘွဲ့ရပြီးနောက် အလုပ်ရဖို့ ပါမောက္ခ စီစဉ်ပေးပေမဲ့ ဘေလ် ငြင်းလိုက်တယ်။ ဘုရားအတွက် ပိုအပြည့်အဝ အမှုဆောင်ချင်လို့ ဝင်ငွေကောင်းတဲ့ အလုပ်ကို လက်မခံဖို့ ဆုံးဖြတ်ထားကြောင်း ရှင်းပြလိုက်တယ်။ မကြာခင်မှာပဲ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ ငြင်းလိုက်တဲ့အတွက် ဒေါ်လာ ၁၀,၀၀၀ ဒဏ်ငွေ ဆောင်ရပြီး ထောင်ဒဏ် ငါးနှစ် ကျခံရတယ်။ သုံးနှစ်ပြီးနောက် ပြန်လွတ်လာတယ်။ နောက်ပိုင်း ဂိလဒ်ကျောင်း တက်ပြီး အာဖရိကမှာ သာသနာပြုအဖြစ် တာဝန်ရတယ်။ အီဗာနဲ့ လက်ထပ်ပြီး အာဖရိကမှာ ဆက်အမှုဆောင်ကြတယ်။ အခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ကြတယ်။ နောက်ဆုံး ဘေလ်ရဲ့ မိခင်ကို ပြုစုစောင့်ရှောက်ဖို့ အမေရိကန်ကို ပြန်ကြတယ်။ “ယေဟောဝါဘုရားကို အနှစ် ၇၀ ကျော်အထိ ဝတ်ပြုကိုးကွယ်ရတဲ့ အခွင့်ထူး ကို ပြန်စဉ်းစားလိုက်တိုင်း ကျွန်တော် မျက်ရည်ဝဲလာတယ်။ ကိုယ်တော့်ရဲ့ အမှုတော်ကို ဦးစားပေးလုပ်ဆောင်ဖို့ လမ်းပြပေးခဲ့တဲ့အတွက်လည်း ကိုယ်တော့်ကို ကျေးဇူးတင်တယ်” လို့ ဘေလ် ပြောတယ်။ သင်ကော အချိန်ပြည့် အမှုဆောင်လုပ်ငန်းကို တစ်သက်တာလုပ်ငန်းအဖြစ် ရွေးချယ်နိုင်မလား။
၁၄-၁၅။ ညီအစ်ကိုနဲ့ ညီအစ်မ အာပေါ့တိုလီဒီစ်ရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၁၄ ဒုက္ခကင်းတဲ့ ဘဝမျိုး မမျှော်လင့်ပါနဲ့။ ယေဟောဝါအတွက် အမှုဆောင်ဖို့ တစ်ဘဝလုံး မြှုပ်နှံထားသူတွေတောင် ပြဿနာတွေ ရင်ဆိုင်ရမှန်း အာဗြဟံဆီကနေ သိရတယ်။ (ယာ. ၁:၂။ ၁ ပေ. ၅:၉) အရစ္စတိုတယ်လီစ် အာပေါ့တိုလီဒီစ် အဲဒီလို ကြုံခဲ့ရတယ်။ * ၁၉၄၆၊ ဂရိနိုင်ငံမှာ နှစ်ခြင်းခံတယ်။ သူနဲ့ ပန်းတိုင်တူတဲ့ ညီအစ်မ အယ်လနီနဲ့ ၁၉၅၂ မှာ စေ့စပ်တယ်။ ဒါပေမဲ့ အယ်လနီ နေမကောင်းဖြစ်ပြီး ဦးနှောက်မှာ အကျိတ် ရှိမှန်း သိလိုက်ရတယ်။ အကျိတ်ကို ခွဲထုတ်လိုက်ပေမဲ့ လက်ထပ်ပြီး နှစ်အနည်းငယ်မှာ အကျိတ်နောက်တစ်လုံး ပြန်ထွက်လာတယ်။ ဆရာဝန်တွေ ထပ်ခွဲစိတ်ပေမဲ့ ကိုယ်တစ်ပိုင်း လေဖြတ်ပြီး စကားပြောနိုင်စွမ်း အတော်ထိခိုက်သွားတယ်။ ဒါတောင် ကျန်းမာရေး ပြဿနာ၊ အစိုးရ နှိပ်စက်ညှဉ်းပန်းမှုတွေကြား အမှုဆောင်လုပ်ငန်းမှာ အယ်လနီ ဇွဲထက်သန်နေခဲ့တယ်။
၁၅ အရစ္စတိုတယ်လီစ်ဟာ ဇနီးကို နှစ်ပေါင်း ၃၀ ပြုစုစောင့်ရှောက်ခဲ့တယ်။ အဲဒီအတောအတွင်း အကြီးအကဲအဖြစ် အမှုဆောင်တယ်။ အစည်းအဝေးကြီး ကော်မတီတွေမှာလည်း အမှုဆောင်ပြီး အစည်းအဝေးပွဲ ခန်းမတစ်လုံး ဆောက်လုပ်ရေးမှာ ကူညီခဲ့တယ်။ ၁၉၈၇ တုန်းက ဟောပြောခြင်းလုပ်ငန်းမှာ အယ်လနီ ပါဝင်နေတုန်း မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာရသွားတယ်။ သုံးနှစ်လုံးလုံး မေ့မြောနေပြီးနောက် သေဆုံးသွားတယ်။ “နှစ်တွေတစ်လျှောက်မှာ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေနဲ့ ကြိုတင်မသိနိုင်တဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရလို့ အားကြိုးမာန်တက် ဇွဲရှိရှိ လုပ်ဆောင်ဖို့ အတော် လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို ယေဟောဝါ အမြဲတမ်း ပေးတယ်” လို့ အရစ္စတိုတယ်လီစ် ပြောတယ်။ (ဆာ. ၉၄:၁၈၊ ၁၉) အခက်အခဲတွေကြား အတတ်နိုင်ဆုံး အမှုဆောင်နေသူတွေကို ယေဟောဝါ သိပ်ချစ်တယ်။
၁၆။ ဇနီးကို ညီအစ်ကို နောရ် ဘယ်လို အကြံပေးခဲ့သလဲ။
* ညီအစ်ကို နောရ် မသေဆုံးခင် အပတ်အနည်းငယ်မှာ ပြောသွားတဲ့စကားက အကူအညီ ဖြစ်စေတယ်လို့ အော်ဒရေး ပြောတယ်။ “‘ကျွန်မတို့ရဲ့ မျှော်လင့်ချက်ဟာ သေချာတယ်။ သေပြီးတဲ့နောက်မှာ နောက်ထပ် ဘယ်တော့မှ ဝေဒနာ ခံစရာအကြောင်း ရှိမှာ မဟုတ်ဘူး’ လို့ ကျွန်မကို နေသန် ပြောခဲ့တယ်။ အဲဒီနောက် ကျွန်မကို သူဒီလို တိုက်တွန်းအားပေးသွားတယ်– ‘မင်းရဲ့ ဆုကျေးဇူးက အနာဂတ်မှာ ရှိတဲ့အတွက် ရှေ့ကိုပဲ ကြည့်ပါ။’ . . . ဒီလိုလည်း သူ ထပ်ပြောသွားခဲ့သေးတယ်– ‘အလုပ်များနေပါ၊ မင်းရဲ့ ဘဝအသက်တာကို တခြားသူတွေအတွက် တစ်ခုခု လုပ်ဆောင်ပေးသွားဖို့ ကြိုးစားပါ။ အဲဒါက အသက်ရှင်ရတာဟာ ပျော်စရာကြီးပါလားဆိုတာ တွေ့ရလိမ့်မယ်’” လို့ အော်ဒရေး ပြောတယ်။ တခြားသူတွေအတွက် ကောင်းမှုပြုရင်း “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေ” ပါဆိုတဲ့ အကြံဉာဏ်ဟာ တကယ် လက်တွေ့ကျတယ်။—ရော. ၁၂:၁၂။
၁၆ အနာဂတ်ကို အာရုံစိုက်ပါ။ အာဗြဟံဟာ ယေဟောဝါ ပေးမယ့် အနာဂတ် ဆုလာဘ်တွေကို အာရုံစိုက်တဲ့အတွက် အခက်အခဲတွေကို ခံရပ်နိုင်ခဲ့တယ်။ ညီအစ်မ အော်ဒရေး ဟိုက်ဒ်လည်း အနာဂတ် မျှော်လင့်ချက်ကို အာရုံစိုက်တယ်။ ပထမခင်ပွန်း နေသန် အိပ်ခ်ျ နောရ်က ကင်ဆာရောဂါနဲ့ ဆုံးသွားပြီး ဒုတိယခင်ပွန်း ဂလဲန်း ဟိုက်ဒ်က အယ်လ်ဇိုင်းမားရောဂါ ခံစားခဲ့ရတယ်။၁၇။ (က) အနာဂတ်ကို အာရုံစိုက်ဖို့ ဘာကြောင့် အကြောင်းကောင်း ရှိသလဲ။ (ခ) မိက္ခာ ၇:၇ မှာပါတဲ့ ပုံသက်သေကို လိုက်နာခြင်းက အနာဂတ်ကောင်းချီးတွေ ရဖို့ ဘယ်လို ကူညီပေးမလဲ။
၁၇ ဒီနေ့အချိန်မှာ အနာဂတ်ကို အာရုံစိုက်ဖို့ အကြောင်းကောင်း ပိုရှိတယ်။ ဒီလောကစနစ် နောက်ဆုံးကာလရဲ့ အဆုံးပိုင်းမှာ ကျွန်တော်တို့ ရောက်နေကြောင်း ကမ္ဘာ့ဖြစ်ရပ်တွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေတယ်။ ကမ္ဘာကို စစ်မှန်တဲ့ အုတ်မြစ်တွေ ရှိတဲ့မြို့ အပြည့်အဝ အုပ်စိုးမယ့် အချိန်ကို မကြာခင် စောင့်ဖို့ လိုတော့မှာ မဟုတ်ဘူး။ ရရှိမယ့် ကောင်းချီးတွေထဲမှာ တစ်ခုကတော့ ချစ်ရတဲ့ သေဆုံးသွားသူတွေ ပြန်ရှင်လာမှာကို မြင်ရခြင်းပဲ။ အဲဒီအချိန်မှာ အာဗြဟံနဲ့ မိသားစုကို ကမ္ဘာပေါ် အသက်ပြန်ရှင်လာစေခြင်းအားဖြင့် သူ့ရဲ့ ယုံကြည်ခြင်းနဲ့ စိတ်ရှည်မှုကို ယေဟောဝါ ဆုချပါမယ်။ သူတို့ကို ကြိုဆိုဖို့ သင် အဲဒီမှာ ရှိနေမလား။ အာဗြဟံလိုပဲ ဘုရားနိုင်ငံတော်အတွက် လိုလိုလားလား စွန့်လွှတ်အနစ်နာခံမယ်၊ အခက်အခဲတွေကြား ယုံကြည်ခြင်း ဆက်ရှိနေမယ်၊ ယေဟောဝါကို စိတ်ရှည်ရှည် စောင့်ဆိုင်းတတ်မယ်ဆိုရင် သင် အဲဒီမှာ ရှိနေပါလိမ့်မယ်။—မိက္ခာ ၇:၇ ကိုဖတ်ပါ။
သီချင်း ၇၄ နိုင်ငံတော်တေး ပါဝင်သီဆိုကြ
^ အပိုဒ်၊ 5 ကတိတစ်ခု ပြည့်စုံလာဖို့ စောင့်ရတာ စိတ်ရှည်ခြင်းအတွက် စမ်းသပ်မှု ဖြစ်နိုင်တယ်။ တစ်ခါတလေ ယုံကြည်ခြင်း စမ်းသပ်မှုတောင် ဖြစ်နိုင်တယ်။ အာဗြဟံရဲ့ ပုံသက်သေက ယေဟောဝါရဲ့ ကတိတွေ ပြည့်စုံလာဖို့ စိတ်ရှည်စွာ စောင့်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေနိုင်တယ်။ သူ့ဆီကနေ ဘာတွေ သင်ယူနိုင်သလဲ။ ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တချို့ ဘယ်လို ပုံသက်သေကောင်း ပြခဲ့သလဲ။
^ အပိုဒ်၊ 13 ၂၀၁၃၊ ဒီဇင်ဘာ ၁ ကင်းမျှော်စင် စာ. ၈-၁၀ မှာ ညီအစ်ကို ဝေါလ်ဒဲန်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။
^ အပိုဒ်၊ 14 ၂၀၀၂၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် စာ. ၂၄-၂၈ မှာ ညီအစ်ကို အာပေါ့တိုလီဒီစ်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။
^ အပိုဒ်၊ 16 ၂၀၀၄၊ ဇူလိုင် ၁ ကင်းမျှော်စင် စာ. ၂၃-၂၉ မှာ ညီအစ်မ ဟိုက်ဒ်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။
^ အပိုဒ်၊ 56 ပုံအညွှန်း– သက်ကြီးမောင်နှံဟာ အခက်အခဲတွေကြား ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနေ။ ယေဟောဝါ ပေးထားတဲ့ အနာဂတ်ကတိတွေကို အာရုံစိုက်ခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်မာနေစေကြ။