မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုအပ်

ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုအပ်

“ပြဿနာတွေ ရှုပ်ထွေးနေတဲ့ လောကမှာ အသက်ရှင်နေရတယ်” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရတ်စ် ပြောခဲ့တယ်။ သူပြောတာ မှန်တယ် မဟုတ်လား။

သတင်းတွေမှာ စိတ်ပျက်စရာကောင်းတဲ့

  • ရောဂါတွေ၊ ကပ်ရောဂါတွေ

  • သဘာဝ ဘေးအန္တရာယ်တွေ

  • ဆင်းရဲမွဲတေမှု၊ ငတ်မွတ်မှု

  • ညစ်ညမ်းမှု၊ ကမ္ဘာချီ ပူနွေးမှု

  • ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ အကျင့်ပျက် ခြစားမှု

  • စစ်ပွဲတွေ အကြောင်းနဲ့ ပြည့်နေတယ်။

ပိုကောင်းတဲ့ ကမ္ဘာတစ်ခု လိုတာ သိပ်ထင်ရှား နေပါပြီ။ ကျွန်တော်တို့ လိုအပ်နေတာက

  • ဒေါင်ဒေါင်မြည် ကျန်းမာရေး

  • လူတိုင်းအတွက် ဘေးကင်းလုံခြုံမှု

  • စားစရာ အလျှံပယ်

  • သန့်ရှင်းတဲ့ သဘာဝဝန်းကျင်

  • လူတိုင်းအတွက် တရားမျှတမှု

  • ကမ္ဘာချီ ငြိမ်းချမ်းရေး ရှိတဲ့ နေရာမျိုးပါ။

ပိုကောင်းတဲ့ ကမ္ဘာလို့ ပြောတဲ့အခါ ဘာကို ဆိုလိုသလဲ။

ကျွန်တော်တို့ နေတဲ့ ကမ္ဘာ ဘာဖြစ်သွားမလဲ။

ပိုကောင်းတဲ့ ကမ္ဘာမှာ နေရဖို့ ဘာလုပ်နိုင်သလဲ။

အဲဒီမေးခွန်းတွေရဲ့ ကျမ်းစာအဖြေကို ဒီကင်းမျှော်စင်မှာ ဖော်ပြထားပါတယ်။