မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ကို လူတိုင်း လိုချင်​ကြ

လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ကို လူတိုင်း လိုချင်​ကြ

ဘယ်လို အနာဂတ်​မျိုးကို သင် လိုချင်​သလဲ။ လူအများစု​လို​ပဲ ကိုယ်​နဲ့ ကိုယ့်​မိသားစု ကျန်းမာ​ပျော်ရွှင်​ပြီး အဆင်ပြေ​တဲ့ ဘဝမျိုး လိုချင်​မှာ သေချာ​ပါ​တယ်။

ဒါပေမဲ့ ကိုယ်​လိုချင်​တဲ့ အနာဂတ်​မျိုး ရနိုင်​ပါ့​မလားလို့ လူတွေ သံသယ ဝင်​ကြတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ​လို​မျိုး မျှော်လင့်​မထားတဲ့ အဖြစ်အပျက်​တွေ ရုတ်တရက် ဖြစ်လာတဲ့​အခါ လူတွေရဲ့ ဘဝ​တွေ၊ စီးပွားရေး​တွေ ကမောက်ကမ ဖြစ်​ကုန်တယ်။ အသက်​တွေ​လည်း ဆုံးရှုံး​ကြရတယ်။ ဒါ​ကြောင့် လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် မရနိုင်​တော့​ဘူးလို့ လူတွေ ခံစား​ကြရတယ်။

ဘဝဟာ မသေချာ မရေရာတဲ့​အတွက် လူတွေဟာ ပို​ကောင်း​တဲ့ အနာဂတ်​ကို ရစေမယ့် အရာ​တစ်ခုခု​ကို အသည်းအသန် ရှာဖွေ​နေကြတယ်။ တချို့က ကံကြမ္မာ​ကို ယုံကြည်​ကြတယ်။ တချို့​ကျ​တော့ ပညာရေး လိုက်စား​ကြတယ်။ စည်းစိမ်​ဥစ္စာ ရှာဖွေ စုဆောင်းကြတယ်။ ဒါတွေ​က သူတို့ လိုချင်​တဲ့​ဘဝမျိုး ရရှိစေ​မယ်လို့ ယူဆကြတယ်။ တချို့​ကျ​တော့​လည်း လူကောင်း​ဖြစ်​ရင် ရပြီ လို့ ယူဆကြတယ်။

ဘယ်အရာ​က ကိုယ်​လိုချင်​တဲ့ အနာဂတ်​မျိုး ရရှိစေ​မလဲ။ အဖြေ သိရ​ဖို့ အောက်ပါ​မေးခွန်းတွေကို သုံးသပ်ပါ။

  • ကိုယ့်ရဲ့ အနာဂတ်​ကို တကယ်တမ်း သတ်မှတ်​ပေးတာက ဘာလဲ။

  • ပညာရေး​နဲ့ ငွေ​က ပို​ကောင်း​တဲ့ အသက်တာ ရစေ​နိုင်​မလား။

  • လူကောင်း​ဖြစ်​ရင် လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ် ပိုင်ဆိုင်​နိုင်​မလား။

  • လုံခြုံ​စိတ်ချ​ရတဲ့ အနာဂတ်​ရဖို့ ယုံကြည်​ရတဲ့ လမ်းညွှန်​ကို ဘယ်မှာ ရှာတွေ့နိုင်​သလဲ။

အဖြေ​ရဖို့ ဒီ​ကင်းမျှော်စင် စာစောင်​က ကူညီ​ပေး​နိုင်​ပါ​တယ်။