လေ့လာရန် ဆောင်းပါး ၄၃
လက်မလျှော့နဲ့
“မွန်မြတ်တဲ့အရာတွေကို လက်မလျှော့ဘဲ ဆက်လုပ်ကြစို့။”—ဂလ. ၆:၉။
သီချင်း ၆၈ နိုင်ငံတော် မျိုးစေ့ကြဲခြင်း
အကြိုသုံးသပ်ချက် *
၁။ ဘယ်လို ပျော်ရွှင်စရာ အခွင့်ထူး ကျွန်တော်တို့ ရထားသလဲ။
ယေဟောဝါသက်သေ ဖြစ်ရတာ တကယ့်ကို ပျော်ရွှင်စရာ အခွင့်ထူးပါပဲ။ ကျွန်တော်တို့ ဘုရားနာမည်ကို ခံယူထားကြတယ်။ ဟောပြောသွန်သင်ခြင်း လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် အဲဒီနာမည်နဲ့အညီ နေထိုင်ကြတယ်။ “ထာဝရအသက် ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ကို ယုံကြည်သူတွေ ဖြစ်လာအောင် ကူညီနိုင်တဲ့အခါ ကျွန်တော်တို့ ပျော်ကြတယ်။ (တ. ၁၃:၄၈) တပည့်တွေ ဟောပြောခြင်း လုပ်ငန်းကနေ အောင်မြင်စွာ ပြန်လာတဲ့အခါ “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းသာအားရ” ဖြစ်ခဲ့တဲ့ ယေရှုလိုပဲ ကျွန်တော်တို့လည်း ခံစားရတယ်။—လု. ၁၀:၁၊ ၁၇၊ ၂၁။
၂။ အမှုဆောင် လုပ်ငန်းကို အလေးထားကြောင်း ဘယ်လို ပြနိုင်သလဲ။
၂ ဟောပြောခြင်း လုပ်ငန်းကို ကျွန်တော်တို့ သိပ်အလေးထားတယ်။ “ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ . . . အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်” ဆိုပြီး တိမောသေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ (၁ တိ. ၄:၁၆) ဒါကြောင့် ဟောပြောခြင်း လုပ်ငန်းဟာ အသက်ကယ်လုပ်ငန်း ဖြစ်တယ်။ ကျွန်တော်တို့က ဘုရားနိုင်ငံတော် လက်အောက်ခံသူတွေ ဖြစ်တဲ့အတွက် ကိုယ့်အသက်ရှင်နေထိုင်ပုံကို ဂရုစိုက်ကြတယ်။ ကိုယ့်လုပ်ရပ်တွေအားဖြင့် ယေဟောဝါကို ဂုဏ်တင်ဖို့၊ ကိုယ်ဟောပြောတဲ့ သတင်းကောင်းနဲ့အညီ အသက်ရှင်ဖို့ အမြဲ ကြိုးစားကြတယ်။ (ဖိ. ၁:၂၇) အမှုဆောင်အတွက် သေသေချာချာ ပြင်ဆင်ခြင်း၊ တခြားသူတွေကို မဟောပြောခင် ယေဟောဝါဆီ ဆုတောင်းခြင်းအားဖြင့် ‘ကိုယ့်ရဲ့ သွန်သင်ချက်ကို ဂရုစိုက်’ ကြတယ်။
၃။ နိုင်ငံတော်သတင်းကို လူတွေ ဘယ်လို တုံ့ပြန်နိုင်သလဲ။ ဥပမာ ပေးပါ။
၃ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေမဲ့ ကိုယ့်ဒေသမှာ နိုင်ငံတော်သတင်းကို စိတ်ဝင်စားမှု မပြကြတာ ဖြစ်နိုင်တယ်။ အိုက်စလန်မှာ ၁၉၂၉ ကနေ *
၁၉၄၇ အထိ ဟောပြောခဲ့တဲ့ ညီအစ်ကို ဂျော့ဂ်ျ လင်ဒါလ်အကြောင်း သုံးသပ်ကြည့်ပါ။ စာပေတွေ ထောင်နဲ့ချီ ဝေငှခဲ့ပေမဲ့ အမှန်တရားကို တစ်ယောက်မှ စိတ်မဝင်စားကြဘူး။ “အမှန်တရားကို တချို့ ဆန့်ကျင်ပုံရပေမဲ့ အများစုကတော့ လုံးဝ စိတ်မဝင်စားကြဘူး” လို့ ညီအစ်ကို ရေးတယ်။ ဂိလဒ်ကျောင်းဆင်း သာသနာပြုတွေ ရောက်လာပြီးနောက်မှာတောင် ကိုးနှစ်လောက် ကြာမှ အိုက်စလန်လူမျိုးတချို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံကြတယ်။၄။ သတင်းကောင်းကို လူတွေ ကောင်းကောင်း မတုံ့ပြန်တဲ့အခါ ဘယ်လို ခံစားရနိုင်သလဲ။
၄ လူတွေ ကောင်းကောင်း မတုံ့ပြန်တဲ့အခါ ကျွန်တော်တို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ဂျူးအများစု ယေရှုကို ကတိထားရာ မေရှိယအဖြစ် လက်မခံတဲ့အခါ ‘ရင်ထဲမှာ တနုံ့နုံ့ နာကျင်ခံစား’ ခဲ့ရတဲ့ ပေါလုလိုပဲ ကျွန်တော်တို့လည်း ခံစားရနိုင်တယ်။ (ရော. ၉:၁-၃) ကိုယ့်ကျမ်းစာသင်သားအတွက် ဆုတောင်းပေးပြီး ကြိုးစားသင်ပေးပေမဲ့ မတိုးတက်လို့ သင်အံမှုကို ရပ်လိုက်ဖို့ လိုလာရင်ကော။ ဒါမှမဟုတ် နှစ်ခြင်းခံတဲ့အထိ ဘယ်သူ့ကိုမှ မကူညီပေးဖူးဘူး ဆိုရင်ကော။ အပြစ်ရှိတယ်၊ ကိုယ့်အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးမပေးဘူးလို့ ယူဆသင့်သလား။ ဒီဆောင်းပါးမှာ (၁) အမှုဆောင်လုပ်ငန်း အောင်မြင်တာကို ဘာနဲ့ တိုင်းတာမလဲ၊ (၂) ဘာကို မျှော်လင့်ထားသင့်သလဲ ဆိုတဲ့ မေးခွန်းနှစ်ခုကို ဆွေးနွေးပါမယ်။
အမှုဆောင်လုပ်ငန်း အောင်မြင်တာကို ဘာနဲ့ တိုင်းတာမလဲ
၅။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကိုယ်မျှော်လင့်တဲ့အတိုင်း တစ်ခါတလေ ဘာကြောင့် မဖြစ်လာတာလဲ။
၅ ဘုရားအလိုတော်နဲ့အညီ လုပ်ဆောင်သူဟာ “လုပ်သမျှ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဆာ. ၁:၃) ဒါပေမဲ့ ယေဟောဝါအတွက် လုပ်ဆောင်သမျှ ကိုယ်ဆန္ဒရှိတဲ့အတိုင်း ဖြစ်လာမယ်လို့ မဆိုလိုဘူး။ ကိုယ်တိုင်ကော တခြားသူတွေပါ မစုံလင်ကြတဲ့အတွက် လူ့ဘဝဟာ “ဒုက္ခတွေ ပြည့်နှက်နေတယ်။” (ယောဘ ၁၄:၁) ဒါ့အပြင် ဆန့်ကျင်သူတွေကလည်း အမှုဆောင်လုပ်ငန်း ရပ်တန့်သွားအောင် ကြိုးစားနေတယ်။ (၁ ကော. ၁၆:၉။ ၁ သက်. ၂:၁၈) ဒါဆိုရင် ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို ယေဟောဝါ ဘာနဲ့ တိုင်းတာသလဲ။ အဖြေကို သိနိုင်ဖို့ ကျမ်းစာမူတချို့ကို သုံးသပ်ကြည့်ရအောင်။
လူချင်းတွေ့ပြီး၊ စာရေးပြီး၊ ဖုန်းဆက်ပြီး သက်သေခံဖို့ ကျွန်တော်တို့ ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထား (စာပိုဒ် ၆ ကို ကြည့်ပါ)
၆။ ကျွန်တော်တို့ရဲ့ အမှုဆောင် လုပ်ငန်း အောင်မြင်မှုကို ယေဟောဝါ ဘယ်လို တိုင်းတာသလဲ။
၆ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ကို ယေဟောဝါ ကြည့်တယ်။ လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ဝီရိယရှိရှိ၊ မေတ္တာပါပါ လုပ်ဆောင်နေတယ်ဆိုရင် အောင်မြင်တယ်လို့ ယေဟောဝါ ရှုမြင်တယ်။ “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြုခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြုနေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့ပါဘူး” လို့ တမန်တော် ပေါလု ရေးတယ်။ ဟီ. ၆:၁၀) ရလဒ်ကောင်းတွေ မရရင်တောင် ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ ကြိုးစားမှုကို ယေဟောဝါ မမေ့ဘူး။ ဒါကြောင့် ဘယ်လို ရလဒ်ပဲ ရပါစေ ‘သခင့်အတွက် ခင်ဗျားတို့ ကြိုးစားအားထုတ်နေတာတွေ အချည်းနှီး မဖြစ်မှန်း သိထားပါ’ ဆိုတဲ့ ကောရိန္သု အသင်းတော်ကို ပေါလု ပြောခဲ့တဲ့ စကားကို အမှတ်ရသင့်တယ်။—၁ ကော. ၁၅:၅၈။
(၇။ အမှုဆောင် လုပ်ငန်းနဲ့ပတ်သက်ပြီး တမန်တော် ပေါလုရဲ့ စကားကနေ ဘာသိရသလဲ။
၇ တမန်တော် ပေါလုဟာ ထူးချွန်တဲ့ သာသနာပြု ဖြစ်တယ်။ မြို့များစွာမှာ အသင်းတော်သစ်တွေ တည်ထောင်ခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ အမှုဆောင်အဖြစ် အရည်အချင်း ပြည့်မီကြောင်း ခုခံပြောဆိုချိန်မှာ လူဘယ်နှယောက်ကို ယုံကြည်သူ ဖြစ်အောင် ကူညီပေးခဲ့တယ်ဆိုတာ အလေးပေးမပြောဘူး။ “ကျွန်တော်က . . . သူတို့ထက် အလုပ်ကြိုးစားတယ်” လို့ပဲ ပြောခဲ့တယ်။ (၂ ကော. ၁၁:၂၃) ဒါကြောင့် ယေဟောဝါ တန်ဖိုးအထားဆုံးက ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ဆိုတာကို ပေါလုလိုပဲ သတိရပါ။
၈။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သတိရသင့်သလဲ။
၈ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းကို ယေဟောဝါ နှစ်သက်တယ်။ ယေရှုက တပည့် ၇၀ ကို နိုင်ငံတော်သတင်း ဟောဖို့ စေလွှတ်တယ်။ အမှုဆောင်ပြီးနောက် သူတို့ ‘ဝမ်းသာအားရ ပြန်လာ’ ကြတယ်။ ဘာကြောင့် ဝမ်းသာကြတာလဲ။ “သခင့်နာမည်ကို သုံးပြီး နတ်ဆိုးတွေကိုတောင် ကျွန်တော်တို့ အနိုင်ရခဲ့ပြီ” လို့ သူတို့ ပြောတယ်။ ဒါပေမဲ့ ယေရှုက “နတ်ဆိုးတွေကို အနိုင်ရလို့ ဝမ်းမသာပါနဲ့။ ကောင်းကင်မှာ နာမည်စာရင်းဝင်လို့ ဝမ်းသာကြပါ” လို့ ပြောပြီး သူတို့ရဲ့ စဉ်းစားပုံကို တည့်မတ်ပေးတယ်။ (လု. ၁၀:၁၇-၂၀) အမှုဆောင် လုပ်ငန်းမှာ အဲဒီလို ရလဒ်ကောင်းတွေ အမြဲ ရမှာ မဟုတ်မှန်း ယေရှု သိတယ်။ တပည့်တွေ ဟောတာကို နားထောင်ခဲ့သူတွေထဲက ဘယ်နှယောက် ယုံကြည်သူ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ကိုယ့်ရဲ့ အောင်မြင်ပြီးမြောက်မှုတွေကြောင့်သာ မဟုတ်ဘဲ ကိုယ့်ကြိုးစားလုပ်ဆောင်မှုကို ယေဟောဝါ နှစ်သက်တယ်ဆိုတဲ့ အသိကြောင့် တပည့်တွေ ပျော်ရွှင်သင့်တယ်။
၉။ ဂလာတိ ၆:၇-၉ အရ အမှုဆောင် လုပ်ငန်းမှာ ခံနိုင်ရည် ရှိမယ်ဆိုရင် ဘာရလဒ် ရမလဲ။
၉ အမှုဆောင် လုပ်ငန်းမှာ ခံနိုင်ရည်ရှိမှ ထာဝရ အသက် ရမယ်။ နိုင်ငံတော် အမှန်တရားအကြောင်း အတတ်နိုင်ဆုံး ဟောပြောသွန်သင်နေတာဟာ “စွမ်းအားတော် လမ်းပြတဲ့အတိုင်း မျိုးစေ့ကြဲ” နေတာ၊ ကိုယ့်အသက်တာမှာ သန့်ရှင်းသော စွမ်းအားတော် လမ်းပြမှုကို ခံယူနေတာ ဖြစ်တယ်။ တစ်ယောက်ယောက်ကို နှစ်ခြင်းခံတဲ့အထိ မကူညီပေးနိုင်ရင်တောင် ကျွန်တော်တို့သာ “လက်မလျှော့ဘူး” ဆိုရင် အချိန်တန်တဲ့အခါ ထာဝရ အသက် ရမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ဂလာတိ ၆:၇-၉ ကို ဖတ်ပါ။
ဘာကို မျှော်လင့်ထားသင့်သလဲ
၁၀။ ကျွန်တော်တို့ ဟောပြောတာကို တချို့ နားထောင်ပြီး တချို့ နားမထောင်တာ ဘာကြောင့်လဲ။
၁၀ လူတွေ သတင်းကောင်းကို လက်ခံ၊ မခံဆိုတာ သူတို့ရဲ့ စိတ်နှလုံး အခြေအနေပေါ်ပဲ မူတည်တယ်။ အဲဒီအချက်ကို မျိုးကြဲသူ ပုံဥပမာမှာ ယေရှု ရှင်းပြတယ်။ မျိုးကြဲသူဟာ မြေအမျိုးမျိုးပေါ် မျိုးစေ့ကြဲပေမဲ့ မြေတစ်မျိုးမှာပဲ သီးပွင့်ဖြစ်ထွန်းတယ်။ (လု. ၈:၅-၈) မြေအမျိုးမျိုးဆိုတာ စိတ်နှလုံး အခြေအနေပေါ် မူတည်ပြီး “ဘုရားသခင်ရဲ့ တရားစကား” ကို နည်းအမျိုးမျိုးနဲ့ တုံ့ပြန်တဲ့ လူတွေကို ဆိုလိုတယ်လို့ ယေရှု ပြောတယ်။ (လု. ၈:၁၁-၁၅) မျိုးကြဲသူလိုပဲ ကျွန်တော်တို့လည်း ဟောပြောခြင်းလုပ်ငန်းရဲ့ အကျိုးရလဒ်ကို မထိန်းချုပ်နိုင်ဘူး။ ဒါဟာ နားထောင်သူတွေရဲ့ စိတ်နှလုံး အခြေအနေနဲ့ပဲ သက်ဆိုင်တယ်။ ကျွန်တော်တို့ရဲ့ တာဝန်က နိုင်ငံတော် သတင်းတရား မျိုးစေ့ကို ဆက်ကြဲနေဖို့ပဲ။ တမန်တော် ပေါလု ပြောသလို တစ်ယောက်စီဟာ ကိုယ့်လုပ်ဆောင်မှုရဲ့ ရလဒ်ကြောင့် မဟုတ်ဘဲ “ကိုယ့်ရဲ့ အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်။”—၁ ကော. ၃:၈။
နောဧ နှစ်ပေါင်းများစွာ သစ္စာရှိရှိ ဟောပေမဲ့ မိသားစု အရင်းအချာကလွဲလို့ ဘယ်သူမှ သင်္ဘောထဲ မဝင်ကြဘူး။ ဒါတောင် ဘုရားကို နောဧ နာခံပြီး တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ (စာပိုဒ် ၁၁ ကို ကြည့်ပါ)
၁၁။ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ရာမှာ နောဧ အောင်မြင်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၂ ပေ. ၂:၅) တခြားသူတွေ နားထောင်မယ်လို့ သူ မျှော်လင့်မှာပဲ။ ဒါပေမဲ့ အဲဒီလို ဖြစ်မယ်လို့ ယေဟောဝါ မပြောဘူး။ အဲဒီအစား နောဧကို သင်္ဘောဆောက်ခိုင်းချိန်မှာ “မင်းက သားမယား၊ ချွေးမတွေနဲ့အတူ သင်္ဘောထဲ ဝင်ပါ” လို့ ပြောတယ်။ (က. ၆:၁၈) အဲဒီအပြင် မိမိ ဟောတာကို လူအများစု နားထောင်မှာ မဟုတ်မှန်း ဘုရား ဆောက်ခိုင်းတဲ့ သင်္ဘော အရွယ်အစားကို ကြည့်ပြီး နောဧ ရိပ်မိမှာပဲ။ (က. ၆:၁၅) တကယ်လည်း နောဧ ဟောတာကို တစ်ယောက်မှ နားမထောင်ကြဘူး။ (က. ၇:၇) နောဧ မအောင်မြင်ဘူးလို့ ယေဟောဝါ ရှုမြင်သလား။ မမြင်ပါဘူး။ မိမိ မိန့်မှာတဲ့အတိုင်း သစ္စာရှိရှိ လုပ်ဆောင်ခဲ့လို့ အောင်မြင်တဲ့ ဟောပြောသူအဖြစ် နောဧကို ယေဟောဝါ ရှုမြင်တယ်။—က. ၆:၂၂။
၁၁ ယေဟောဝါရဲ့ အစောပိုင်း သက်သေတွေ ဟောပြောတာကို လူတွေ နားမထောင်ချင်ကြဘူး။ ဥပမာ၊ နောဧဟာ ဆယ်စုနှစ်များစွာ “ဖြောင့်မတ်ခြင်းတရား ဟောပြော” ခဲ့တယ်။ (၁၂။ စိတ်ဝင်စားမှု မရှိသူတွေ၊ ဆန့်ကျင်သူတွေကြား ပရောဖက် ယေရမိ ဘယ်လို ပျော်ရွှင်နိုင်ခဲ့သလဲ။
၁၂ ပရောဖက် ယေရမိလည်း စိတ်ဝင်စားမှု မရှိသူတွေ၊ ဆန့်ကျင်သူတွေကို နှစ် ၄၀ ကျော် ဟောပြောခဲ့တယ်။ ‘စော်ကားခံရ၊ သရော်ခံရ’ လို့ စိတ်ဓာတ်ကျပြီး တာဝန်ကို လက်လျှော့လိုက်ဖို့ စဉ်းစားမိတယ်။ (ယေ. ၂၀:၈၊ ၉) ဒါပေမဲ့ လက်မလျှော့ခဲ့ဘူး။ အပျက်သဘောထားတွေကို ကျော်လွှားဖို့၊ အမှုဆောင် လုပ်ငန်းမှာ ဆက်ပျော်ရွှင်နေဖို့ ယေရမိကို ဘာက ကူညီပေးသလဲ။ အရေးကြီး အချက် နှစ်ချက်ကို အာရုံစိုက်လို့ပဲ။ ပထမ၊ မိမိ ဟောတဲ့ သတင်းတရားဟာ လူတွေကို ‘အနာဂတ် မျှော်လင့်ချက်’ ပေးတယ်။ (ယေ. ၂၉:၁၁) ဒုတိယ၊ ယေဟောဝါကိုယ်စား ပြောဆိုဖို့ မိမိကို ရွေးချယ်ထားတယ်။ (ယေ. ၁၅:၁၆) ကျွန်တော်တို့လည်း လူတွေအတွက် မျှော်လင့်ချက်သတင်း ဟောနေကြတယ်။ ယေဟောဝါသက်သေအဖြစ် ဘုရားနာမည်ကို ခံယူထားကြတယ်။ အဲဒီအရေးကြီးတဲ့ အချက် နှစ်ချက်ကို အာရုံစိုက်နေမယ်ဆိုရင် လူတွေ ဘယ်လိုပဲ တုံ့ပြန်ပါစေ ပျော်ရွှင်နိုင်ပါလိမ့်မယ်။
၁၃။ မာကု ၄:၂၆-၂၉ မှာ ပါတဲ့ ယေရှုရဲ့ ပုံဥပမာကနေ ဘာသိရသလဲ။
၁၃ ဘုရားရေးရာဘက် တိုးတက်လာဖို့ အချိန် လိုတယ်။ ဒီအချက်ကို ယေရှုရဲ့ မျိုးကြဲသူ ပုံဥပမာ နောက်တစ်ခုမှာ တွေ့နိုင်တယ်။ (မာကု ၄:၂၆-၂၉ ကို ဖတ်ပါ။) မျိုးကြဲပြီးနောက် မျိုးစေ့တွေ တဖြည်းဖြည်း အပင်ပေါက်ပြီး ကြီးထွားလာတယ်။ အပင် မြန်မြန် ကြီးထွားအောင် မျိုးကြဲသူ ဘာမှ လုပ်လို့ရ မရဘူး။ အဲဒီလိုပဲ သင်လည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းမှာ တစ်ခါတလေ အချိန်အတော်ကြာမှ ရလဒ်တွေကို မြင်ရတယ်။ တိုးတက်မှုက တဖြည်းဖြည်း တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်လို့ပဲ။ လယ်သမားက ကိုယ့်ဆန္ဒအတိုင်း အပင် ကြီးထွားလာအောင် အတင်း လုပ်လို့ မရသလို ကျမ်းစာသင်သားကိုလည်း ကျွန်တော်တို့ ဖြစ်စေချင်တဲ့ နှုန်းအတိုင်း ဘုရားရေးရာဘက် တိုးတက်လာအောင် အတင်း ဖိအားပေးလို့ မရဘူး။ ဒါကြောင့် ကိုယ်မျှော်လင့်ထားသလောက် မတိုးတက်တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ လက်မလျှော့ပါနဲ့။ လယ်လုပ်ငန်းလိုပဲ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာလည်း စိတ်ရှည်ဖို့ လိုတယ်။—ယာ. ၅:၇၊ ၈။
၁၄။ အမှုဆောင် လုပ်ငန်းမှာ ရလဒ်ကောင်း ရဖို့ အချိန် လိုကြောင်း ဘယ်တွေ့ကြုံမှုက ဖော်ပြသလဲ။
၁၄ တချို့ဒေသမှာ နှစ်ချီကြာတဲ့အထိ အမှုဆောင် လုပ်ငန်းမှာ ရလဒ်ကောင်း မရတာမျိုး ဖြစ်နိုင်တယ်။ ညီအစ်မအရင်းတွေ ဖြစ်တဲ့ ဂလက်ဒီစ်နဲ့ ရူဘီ အယ်လင်တို့ရဲ့ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ * ၁၉၅၉၊ ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ် မြို့တစ်မြို့မှာ မှန်မှန်ရှေ့ဆောင်တွေအဖြစ် တာဝန်ကျတယ်။ လူမှုအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ ကက်သလစ်ချာ့ခ်ျရဲ့ လွှမ်းမိုးမှုတွေကြောင့် နိုင်ငံတော်သတင်းကို လူတွေ နားမထောင်ချင်ကြဘူး။ “နှစ်နှစ်တိတိ တစ်နေ့ ရှစ်နာရီ တစ်အိမ်တက်ဆင်း သွားပေမဲ့ ဘယ်သူမှ တံခါး မဖွင့်ပေးဘူး။ လူတွေက တံခါးနားကိုတော့ လာတယ်။ ပြီးတော့ ကန့်လန့်ကာကို ဆွဲပိတ်သွားတယ်။ ဒါပေမဲ့ ကျွန်မတို့ လက်မလျှော့ဘူး” လို့ ဂလက်ဒီစ် ပြောတယ်။ တဖြည်းဖြည်း လူတွေရဲ့ သဘောထား ပျော့ပျောင်းပြီး သတင်းကောင်း နားထောင်လာကြတယ်။ အခု အဲဒီမြို့မှာ အသင်းတော် သုံးခု ရှိနေပြီ။—ဟေရှာ. ၆၀:၂၂။
၁၅။ တပည့်ဖြစ်စေခြင်း လုပ်ငန်းနဲ့ပတ်သက်ပြီး ၁ ကောရိန္သု ၃:၆၊ ၇ က ဘာသင်ပေးသလဲ။
၁၅ တပည့်ဖြစ်စေခြင်းဟာ ပူးပေါင်းလုပ်ဆောင်ရတဲ့ အလုပ် ဖြစ်တယ်။ တစ်ယောက်ယောက် နှစ်ခြင်းခံတဲ့အဆင့်ထိ ရောက်ဖို့ အသင်းတော်တစ်ခုလုံးက ဝိုင်းဝန်းကူညီပေးရတယ်။ (၁ ကောရိန္သု ၃:၆၊ ၇ ကို ဖတ်ပါ။) ကြေညာသူ တစ်ယောက်က စိတ်ဝင်စားသူကို မဂ္ဂဇင်း ဒါမှမဟုတ် ဝေစာတစ်စောင် ပေးခဲ့တယ်။ သူ့ဆီ ပြန်လည်ပတ်ဖို့ အဆင်မပြေတဲ့အတွက် နောက်ကြေညာသူ တစ်ယောက်ဆီ အကူအညီ တောင်းတယ်။ အဲဒီကြေညာသူက သင်အံမှု စနိုင်ခဲ့တယ်။ တခြား ညီအစ်ကို/မတွေကို သင်အံမှု ခေါ်သွားတယ်။ သူတို့က သင်သားကို နည်းအမျိုးမျိုးနဲ့ အားပေးကြတယ်။ သင်သားနဲ့ တွေ့ဆုံတဲ့ ညီအစ်ကို/မတိုင်းဟာ အမှန်တရား မျိုးစေ့ကို ဝိုင်းဝန်း ရေလောင်းပေးနေကြတာပဲ။ ဒီနည်းနဲ့ ယေရှု ပြောသလို ရိတ်သိမ်းချိန်မှာ မျိုးကြဲသူကော၊ ရိတ်သိမ်းသူပါ အတူပျော်ရွှင်နိုင်ကြပါတယ်။—ယော. ၄:၃၅-၃၈။
၁၆။ အမှုဆောင် လုပ်ငန်းမှာ အကန့်အသတ်နဲ့ပဲ ပါဝင်နိုင်တယ်ဆိုရင်တောင် ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။
၁၆ ကျန်းမာရေး မကောင်းလို့၊ ခွန်အား သိပ်မရှိလို့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းမှာ အကန့်အသတ်နဲ့ပဲ ပါဝင်နိုင်တယ် ဆိုရင်ကော။ ကိုယ်လုပ်နိုင်သလောက်နဲ့ပဲ ပျော်ရွှင်နိုင်ပါတယ်။ ပစ္စည်းဥစ္စာတွေ၊ မိသားစုဝင်တွေကို အာမလက်လူတွေရဲ့ လက်ကနေ ပြန်ကယ်တင်ခဲ့တဲ့ ဘုရင်ဒါဝိဒ်နဲ့ သူ့လူတွေအကြောင်း သုံးသပ်ကြည့်ပါ။ လူအယောက် ၂၀၀ က မောပန်းလွန်းလို့ ဆက်မတိုက်နိုင်တော့ဘဲ ပစ္စည်းတွေကို စောင့်ကျန်ခဲ့တယ်။ တိုက်ပွဲ အနိုင်ရတဲ့အခါ ရလာတဲ့ ပစ္စည်းတွေကို အားလုံး ညီတူညီမျှ ခွဲယူဖို့ ဒါဝိဒ် အမိန့်ပေးတယ်။ (၁ ရှ. ၃၀:၂၁-၂၅) ကမ္ဘာချီ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာလည်း အဲဒီလိုပဲ။ လူသစ်တစ်ယောက် အသက်လမ်းပေါ် စလျှောက်လာတဲ့အခါ အတတ်နိုင်ဆုံး ပါဝင်ကူညီပေးခဲ့သူ အားလုံး အတူတူ ပျော်ရွှင်နိုင်ပါတယ်။
၁၇။ ယေဟောဝါကို ဘာအတွက် ကျေးဇူးတင်သင့်သလဲ။
၁၇ ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းကို မေတ္တာပါပါ ရှုမြင်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်ကြတယ်။ ကိုယ့်ကြိုးစားလုပ်ဆောင်မှုရဲ့ ရလဒ်ကို ကျွန်တော်တို့ မထိန်းချုပ်နိုင်မှန်း ဘုရား သိတယ်။ ဒါတောင် ကျွန်တော်တို့ရဲ့ ဝီရိယနဲ့ စိတ်ရင်းကို သိပြီး ဆုချတယ်။ ရိတ်သိမ်းခြင်း လုပ်ငန်းမှာ ကိုယ်တတ်နိုင်သလောက် ပါဝင်ရင်း ဘယ်လို ဆက်ပျော်ရွှင်နိုင်ကြောင်းကိုလည်း သင်ပေးတယ်။ (ယော. ၁၄:၁၂) ကျွန်တော်တို့ လက်မလျှော့ဘူးဆိုရင် ဘုရားရဲ့ နှစ်သက်မှု ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
သီချင်း ၆၇ “တရားစကားကို ဟောပြောပါ”
^ အပိုဒ်၊ 5 သတင်းကောင်းကို လူတွေ ကောင်းကောင်း တုံ့ပြန်တဲ့အခါ ကျွန်တော်တို့ ပျော်ရွှင်ကြတယ်။ ကောင်းကောင်း မတုံ့ပြန်တဲ့အခါမှာတော့ စိတ်ဓာတ်ကျတယ်။ ကိုယ့်ကျမ်းစာသင်သား မတိုးတက်ဘူး ဒါမှမဟုတ် တစ်ယောက်ယောက်ကို နှစ်ခြင်းခံတဲ့အထိ အကူအညီ မပေးခဲ့ဖူးဘူးဆိုရင် တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ကျွန်တော်တို့ မအောင်မြင်ဘူးလို့ ပြောလို့ရမလား။ ဘယ်လို တုံ့ပြန်မှုပဲ ရှိပါစေ အမှုဆောင် လုပ်ငန်းမှာ အောင်မြင်မှု၊ ရွှင်လန်းမှု ဘာကြောင့် ရနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 3 ၂၀၀၅ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ် စာမျက်နှာ ၂၀၅-၂၁၁ ကို ကြည့်ပါ။
^ အပိုဒ်၊ 14 ဂလက်ဒီစ် အယ်လင်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၂၀၀၂၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် “ကျွန်မ ဘာကိုမှ ပြောင်းလဲမှာ မဟုတ်ဘူး!” ဆောင်းပါးမှာ ကြည့်ပါ။