မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် မှတ်မိသလား

သင် မှတ်မိသလား

ဒီ​နှစ်မှာ ထုတ်ဝေ​ခဲ့​တဲ့ ကင်းမျှော်စင် တွေ​ကို သင် သေသေချာချာ ဖတ်ရှု​သလား။ အောက်ပါ​မေးခွန်းတွေကို ဖြေ​နိုင်​သလား​ဆိုတာ စမ်း​ကြည့်​ပါ–

ယေဟောဝါ​ဟာ “အလွန် ချစ်ခင်​စာနာ” တယ်၊ “ကရုဏာ” ရှိတယ် ဆို​တဲ့ ယာကုပ် ၅:၁၁ က ဘယ်​အချက်​ကို အာမခံ​သလဲ။

ယေဟောဝါ​ဟာ ကရုဏာ ရှိလို့ ကျွန်တော်​တို့​ရဲ့ အမှားတွေကို ခွင့်လွှတ်​ပေးတယ်။ မေတ္တာပါပါ ကူညီ​ပေးတယ်။ ဘုရား​ကို ကျွန်တော်​တို့ တုပ​သင့်တယ်။—w21.01 စာ. ၂၁

ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြု​ခဲ့​သလဲ။

မေတ္တာ​ရှိလို့ပါ။ ဒီ​အစီအစဉ်​ကြောင့် ယေဟောဝါရဲ့ မိသားစုဟာ ငြိမ်သက်​ပြီး စည်းစနစ်တကျ ရှိနေတယ်။ ဒီ​အစီအစဉ်ကို လိုက်နာ​တဲ့ မိသားစု​တိုင်း အပြီးသတ် ဆုံးဖြတ်ချက် ဘယ်သူ ချ​မလဲ၊ အဲဒီ​ဆုံးဖြတ်ချက်​အတိုင်း ဘယ်သူ ဦးဆောင်​လုပ်မလဲ​ဆိုတာ သိကြတယ်။—w21.02 စာ. ၃

မက်​ဆေ့ခ်ျ ပို့​တဲ့ အ​ပ​လီ​ကေး​ရှင်း​တွေ သုံးတဲ့​အခါ ခရစ်ယာန်တွေ ဘာကြောင့် သတိထား​သင့်သလဲ။

အဲဒီလို အ​ပ​လီ​ကေး​ရှင်း​တွေ သုံးတဲ့​အခါ အပေါင်းအသင်း​ကို သတိထား ရွေးချယ်​ရမယ်။ အုပ်စုကြီး​လေ သတိထားဖို့ ခက်​လေ​ပဲ။ (၁ တိ. ၅:၁၃) မခိုင်လုံ​တဲ့ သတင်းတွေ ဖြန့်​မိ​နိုင်​တဲ့၊ ညီအစ်ကို/မ အဆက်အသွယ်​တွေ​ကို စီးပွားရေး အကျိုးအမြတ်​အတွက် သုံး​မိ​နိုင်​တဲ့ အန္တရာယ်​တွေ​လည်း ရှိတယ်။—w21.03 စာ. ၃၁

ယေရှု ဝေဒနာ ခံ​ပြီး​မှ သေဆုံး​ဖို့ ယေဟောဝါ ခွင့်ပြု​ခဲ့​တဲ့ အကြောင်းရင်း​တချို့က ဘာလဲ။

အကြောင်းရင်း တစ်ခု​က​တော့ ယေရှု သစ်တိုင်ပေါ် သေဆုံး​မှ ဂျူးတွေ ကျိန်ခြင်း​တစ်မျိုး​ကနေ လွတ်မြောက်​နိုင်​မယ်။ (ဂလ. ၃:၁၀၊ ၁၃) ဒုတိယ အကြောင်းရင်း​က ယေရှုကို ပုရောဟိတ်​မင်း ဖြစ်​နိုင်​ဖို့ ယေဟောဝါ လေ့ကျင့်ပေး​နေတာ။ တတိယ အကြောင်းရင်း​က​တော့ ယေရှု သစ္စာရှိ​ရှိ သေဆုံး​တာ​က လူတွေဟာ အပြင်းအထန် စမ်းသပ်​ခံရ​ချိန်မှာ ယေဟောဝါ​အပေါ် ဆက်​သစ္စာရှိ​နိုင်တယ်​ဆိုတာ​ကို သက်သေထူ​ပေး​လို့​ပဲ။ (ယောဘ ၁:၉-၁၁)—w21.04 စာ. ၁၆-၁၇

အမှုဆောင်မှာ လူတွေနဲ့ တွေ့​ဖို့ ခက်​ရင် ဘာလုပ်​နိုင်​သလဲ။

အိမ်မှာ လူ​ရှိ​မယ့်​အချိန် သွားဖို့ ကြိုးစား​နိုင်တယ်။ ဟောပြောတဲ့ နေရာ ပြောင်း​ကြည့်​နိုင်တယ်။ စာရေး​တာ​လို​မျိုး ချဉ်းကပ်​နည်း ပြောင်း​ကြည့်​နိုင်တယ်။—w21.05 စာ. ၁၅-၁၆

“ပညတ်တရား​မှာ သေဆုံး​သွားပြီ” လို့ တမန်တော် ပေါလု ပြော​တာ ဘာကို ဆိုလို​သလဲ။ (ဂလ. ၂:၁၉)

ပညတ်တရား​က လူ့​မစုံလင်မှုကို ပေါ်လွင်​စေပြီး အစ္စရေး​တွေ​ကို ခရစ်တော်​ဆီ လမ်းညွှန်​ပေးတယ်။ (ဂလ. ၃:၁၉၊ ၂၄) ပညတ်တရား​ကြောင့်​သာ ခရစ်တော်​ကို ပေါလု ယုံကြည်​လက်ခံ​လာတာ။ ဒီ​နည်း​အားဖြင့် ပေါလု​ဟာ “ပညတ်တရား​မှာ သေဆုံး​သွား” တယ်။ ပညတ်တရား​ရဲ့ အချုပ်အနှောင်​အောက် မရှိတော့ဘူး။—w21.06 စာ. ၃၁

ခံနိုင်ရည် တင်ပြ​ရာ​မှာ ယေဟောဝါ ဘယ်လို ပုံသက်သေ ပြသ​လဲ။

နာမတော် ကဲ့ရဲ့​ရှုတ်ချ ခံရတာ၊ အချုပ်အခြာ အာဏာ ဆန့်ကျင်​ခံရတာ၊ သားသမီး​တချို့ ပုန်ကန်​ကြ​တာ၊ မာရ်နတ်ရဲ့ အလိမ်အညာ​တွေ၊ ကျေးကျွန်​တွေ ဆင်းရဲ​ဒုက္ခ ခံစားနေရတာ၊ သေဆုံး​သွားတဲ့ မိတ်ဆွေတွေနဲ့ ခွဲခွာ​ရတာ၊ လူ​လူ​ချင်း ဖိနှိပ်​နေတာ၊ ဖန်ဆင်း​ရာတွေ ဖျက်ဆီး​ခံ​နေရ​တာတွေကို ယေဟောဝါ ခံရပ်​နေတယ်။—w21.07 စာ. ၉-၁၂

စိတ်ရှည်မှု​နဲ့​ပတ်သက်ပြီး ယောသပ် ဘယ်​ပုံသက်သေ​ကောင်း ချမှတ်​ခဲ့​သလဲ။

ယောသပ်ဟာ အစ်ကို​တွေ မတရား ဆက်ဆံ​တာ​ကို ခံရတယ်။ မတရား စွပ်စွဲ​ခံရ​ပြီး အီဂျစ်​ပြည်​မှာ နှစ်ပေါင်း​များစွာ ထောင်ကျ​ခဲ့တယ်။—w21.08 စာ. ၁၂

ဟဂ္ဂဲ ၂:၆-၉၊ ၂၀-၂၂ မှာ ဘယ်​ပုံဆောင် လှုပ်ခါ​ခြင်း​အကြောင်း ကြို​ဟောထား​သလဲ။

နိုင်ငံတော်​သတင်း ဟောပြောခြင်းကို လူတွေ ငြင်းပယ်​ကြတယ်။ လူများစွာက​တော့ လက်ခံ​တုံ့ပြန်​ကြတယ်။ မကြာခင် လူမျိုး​တွေ ဖျက်ဆီး​ခံရ​ချိန်မှာ နောက်ဆုံး​အကြိမ် လှုပ်ခါ​ခံ​ကြ​ရမှာ ဖြစ်တယ်။—w21.09 စာ. ၁၅-၁၉

အမှုဆောင်​လုပ်ငန်းမှာ ဘာကြောင့် လက်မလျှော့​သင့်သလဲ။

ကျွန်တော်​တို့​ရဲ့ ကြိုးစား​အားထုတ်မှုကို ယေဟောဝါ မြင်ပြီး နှစ်သက်တယ်။ ကျွန်တော်​တို့ လက်မလျှော့​ဘူးဆို​ရင် ထာဝရ​အသက် ရပါလိမ့်မယ်။—w21.10 စာ. ၂၅-၂၆

“ပြုမူ​ကျင့်ကြံ​လေ​သမျှ​မှာ သန့်ရှင်း​ကြ​ပါ” ဆို​တဲ့ အကြံဉာဏ်​ကို လိုက်လျှောက်ဖို့ ဝတ်ပြုရာ အခန်းကြီး ၁၉ က ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။ (၁ ပေ. ၁:၁၅)

အဲဒီ​အခန်းငယ်​ဟာ ဝတ်ပြုရာ ၁၉:၂ ကို ကိုးကား​ထား​တာ ဖြစ်​နိုင်တယ်။ နေ့စဉ်​ဘဝမှာ ၁ ပေတရု ၁:၁၅ ကို လိုက်လျှောက်​နိုင်​တဲ့ နမူနာ​များစွာ​ကို အခန်းကြီး ၁၉ မှာ ဖော်ပြ​ထား​တယ်။—w21.12 စာ. ၃-၄