မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝက်ဘ်ဆိုက်​အတွက် အကြံပြုချက်

ဝက်ဘ်ဆိုက်​အတွက် အကြံပြုချက်

ပင်မ​စာမျက်နှာ ဆောင်းပါးတွေကို ရှာဖွေပါ

jw.org ပင်မ​စာမျက်နှာ ဆောင်းပါးတွေကို အမှုဆောင်လုပ်ငန်းမှာ ညီအစ်ကို/မများစွာ သုံးကြတယ်။ အီလက်ထရောနစ်​နည်းနဲ့ အလွယ်တကူ ပို့နိုင်တယ်။ လက်ရှိ ဖြစ်ရပ်တွေက ကျမ်းစာ ပရောဖက်ပြုချက်ကို ဘယ်လို ပြည့်စုံ​နေ​စေ​ကြောင်း အဲဒီဆောင်းပါးတွေ​မှာ ရှင်းပြလေ့ရှိတယ်။ ပင်မ​စာမျက်နှာ ဆောင်းပါးတွေ​ဟာ “လက်ရှိ အမှုဆောင်​လုပ်ငန်း အသွင်အပြင်​နဲ့ ကွက်တိ​ပဲ” လို့ ညီအစ်ကို​တစ်ယောက် ပြောတယ်။

ဒါပေမဲ့ ပင်မ​စာမျက်နှာ​မှာ ဆောင်းပါးတွေ မကြာမကြာ ပြောင်း​တတ်​လို့ တင်ပြီး​သား ဆောင်းပါးတွေကို ဘယ်လို ရှာ​မလဲ။

  • jw.org ပင်မ​စာမျက်နှာ​မှာ ရှိတဲ့ “နောက်ထပ် ကြည့်ပါ” လင့်ခ်ကို နှိပ်ပါ။ “ပင်မ​စာမျက်နှာ​ပေါ် တင်ထား​ရာ​များ” ဆိုတဲ့ စာမျက်နှာ ပေါ်လာမယ်။ မကြာသေးခင်​က တင်ခဲ့တဲ့ ဆောင်းပါးတွေကို အဲဒီမှာ ရှာတွေ့နိုင်တယ်။

  • jw.org ဒါမှမဟုတ် JW Library® မှာ “စာကြည့်တိုက်” ကို နှိပ်ပါ။ ပြီးနောက် “ဆောင်းပါးတွဲများ” ထဲက “ထပ်ဆင့် အကြောင်းအရာများ” ကို နှိပ်ပါ။ ပင်မ​စာမျက်နှာ​မှာ တင်ခဲ့တဲ့ ဆောင်းပါး​အတော်များများ အဲဒီမှာ ရှိတယ်။