မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြံပြုလွှာ

လေ့လာစရာ အကြံပြုလွှာ

“အသစ် တင်ထား​ရာ​များ” အပိုင်းကို ထိထိ​ရောက်ရောက် သုံးပါ

JW Library® နဲ့ jw.org မှာ ရှိတဲ့ “အသစ် တင်ထား​ရာ​များ” အပိုင်း​မှာ နောက်ဆုံးထုတ် ဆောင်းပါး၊ ဗီဒီယိုတွေ ဖော်ပြ​ပေးတယ်။ နောက်ဆုံးထုတ်​တွေ ရှာဖို့ ဒီ​အပိုင်းကို ဘယ်လို သုံးနိုင်သလဲ။

JW Library

  • ဆောင်းပါး​အသစ် ထွက်​တိုင်း သက်ဆိုင်ရာ ဆောင်းပါးတွဲ​ကို အက်ပ်ဒိတ် (update) လုပ်ပေးတယ်။ ဒါကြောင့် “အသစ် တင်ထား​ရာ​များ” အပိုင်း​မှာ ဆောင်းပါးတွဲ​တစ်ခု ပေါ်လာပြီ​ဆိုရင် အဲဒီ​ဆောင်းပါးတွဲ​ရဲ့ နောက်ဆုံး ဗားရှင်းကို ကူးယူ​နိုင်တယ်။ ရက်စွဲ​အလိုက် စီ​ထားတဲ့ စာရင်း​ရဲ့ ထိပ်ဆုံး​မှာ ဆောင်းပါး​အသစ်​ကို ဖတ်နိုင်တယ်။

  • မဂ္ဂဇင်း​လို​မျိုး စာပေတွေ​ဆိုရင် ကျွန်တော်တို့ တစ်ထိုင်တည်း မဖတ်​နိုင်​ကြ​ဘူး။ အပြီးထိ မဖတ်​ရသေးတဲ့ စာပေတွေကို အကြိုက်ဆုံး စာရင်းမှာ ထည့်ထားပြီး ဆက်​ဖတ်နိုင်တယ်။ အပြီးထိ ဖတ်ပြီးသွားရင် အကြိုက်ဆုံး စာရင်း​ကနေ ဖယ်​လိုက်​နိုင်တယ်။

JW.ORG

တချို့ သတင်းတွေ၊ ကြေညာချက်တွေ​က jw.org ဝက်ဘ်ဆိုက်မှာ​ပဲ ပေါ်​ပြီး JW Library မှာ မ​ပေါ်​ဘူး။ ဒါကြောင့် နောက်ဆုံးထုတ် ဆောင်းပါးတွေကို ဝက်ဘ်ဆိုက်မှာ ရှိတဲ့ “အသစ် တင်ထား​ရာ​များ” အပိုင်း​မှာ မှန်မှန် ဝင်ကြည့်ပါ။