Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 35

Lungduai Takin Omsuak Un

Lungduai Takin Omsuak Un

“Lungduai takin om un.”—JAMES. 5:7.

LA 114 “စိတ်ရှည်​ကြ​ပါ”

အကြို​သုံးသပ်ချက် a

1. A lungduai mite bang hangin hoihsa na hiam?

 စိတ်ရှည်​သူတွေကို ကျွန်တော်တို့​အားလုံး သဘောကျတယ်။ တစ်ခုခု ရဖို့ ပျာယာခတ်​မနေ​ဘဲ စောင့်နိုင်တဲ့​သူကို လေးစားတယ်။ ကိုယ် အမှား လုပ်မိ​ပေမဲ့ သည်းခံ​ပေးတယ်​ဆိုရင် ကျေးဇူးတင်တယ်။ ကျမ်းစာ သွန်သင်ချက်​တစ်ခု သဘောပေါက်ဖို့၊ လက်ခံဖို့၊ လက်တွေ့​ကျင့်​ဖို့ ခက်​နေတုန်းက ကျမ်းစာ သင်ပေးသူ စိတ်ရှည်​ပေးခဲ့​လို့ ကျေးဇူးတင်တယ်။ ကျွန်တော်တို့ကို စိတ်ရှည်တဲ့ ယေဟောဝါ​ဘုရားကတော့ ကျေးဇူး​တင်စရာ အကောင်းဆုံးပါပဲ။—ရော. ၂:၄

2. Koi bang dinmunah lungduai ding haksa thei a hiam?

တခြားသူတွေ စိတ်ရှည်​တာ သဘော​ကျပေမဲ့ ကိုယ်တိုင် စိတ်ရှည်ဖို့​ကျတော့ အမြဲ မလွယ်ဘူး။ ဥပမာ၊ နောက်ကျ​နေ​ရတဲ့​အထဲ ကား​လမ်း ပိတ်​နေ​ရင် စိတ်ရှည်ဖို့ ခက်နိုင်တယ်။ ဒေါသ ဆွခံရတဲ့​အခါ ပေါက်ကွဲပစ်မိ​နိုင်တယ်။ တစ်ခါတလေ ကမ္ဘာသစ် စောင့်​ရတာ​တောင် စိတ်မရှည် ဖြစ်လာနိုင်တယ်။ သင် ပို​စိတ်ရှည်​တတ်ချင်သလား။ စိတ်ရှည်တယ်ဆိုတာ ဘာလဲ၊ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လိုနည်းနဲ့ ပို​စိတ်ရှည်​တတ်လာမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

LUNGDUAI CIH IN BANG A CIHNOPNA HIAM?

3. Midangte in a hehsak ciangin a lungduai mite’n bangci thukkik a hiam?

စိတ်ရှည်မှု ပြနိုင်တဲ့ အခြေအနေ လေးခု သုံးသပ်​ကြည့်ရအောင်။ ပထမ၊ စိတ်ရှည်​သူဟာ အမျက်ထွက် နှေးတယ်။ ဒေါသ ဆွခံရတဲ့​အခါ၊ ဖိစီးမှု များတဲ့အခါ စိတ်​အေး​အေး ထားဖို့၊ ရှူးရှူးရှဲရှဲ မတုံ့ပြန်​မိ​ဖို့ ကြိုးစားတယ်။ ကျမ်းစာမှာ “အမျက်ထွက် နှေး” ဆိုတဲ့ စကားလုံးကို ထွက်မြောက်ရာ ၃၄:၆ မှာ ဦးဆုံး တွေ့ရတယ်။ အဲဒီမှာ “ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တဲ့ ဘုရား၊ ယေဟောဝါဟာ အမျက်ထွက် နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား” ဖြစ်တယ်လို့ ဖော်ပြထားတယ်။

4. Ngak ding a kisap ciangin a lungduai mite’n bangci thukkik a hiam?

ဒုတိယ၊ စိတ်ရှည်​သူဟာ စိတ်​အေး​အေး ထားပြီး စောင့်​တတ်တယ်။ တစ်ခုခုကို မှန်း​ထားတာ​ထက် အချိန် ပို​ကြာ​ကြာ စောင့်​ရတဲ့အခါ ဂနာမငြိမ်၊ တကြွကြွ တရွရွ မဖြစ်ဖို့ ကြိုးစားတယ်။ (မ. ၁၈:၂၆၊ ၂၇) စိတ်​အေး​အေး ထားပြီး စောင့်ဖို့ လိုတဲ့ အခြေအနေ အများကြီး ရှိတယ်။ ဥပမာ၊ တစ်ယောက်ယောက် စကားပြောရင် ဖြတ်​မပြောဘဲ စိတ်ရှည်ရှည် နားထောင်​ရမယ်။ (ယောဘ ၃၆:၂) ကျမ်းစာ သွန်သင်ချက်​တစ်ခု သဘောပေါက်ဖို့၊ အကျင့်​ဆိုး​တစ်ခု ဖြတ်ဖို့ ကျမ်းစာ သင်သားကို ကူညီပေးတဲ့အခါ စိတ်ရှည်​ရမယ်။

5. Lungduaina lah theih dan adang lampi khat in bang a hiam?

တတိယ၊ စိတ်ရှည်​သူဟာ မလောဘူး။ မြန်မြန်ဆန်ဆန် လုပ်​မှ ရမယ့် အခြေအနေတွေ ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စိတ်ရှည်​သူဟာ အရေးကြီး တာဝန်ကို ကတိုက်ကရိုက် မလုပ်ဘူး။ ကတိုက်ကရိုက် မ​ပြီး​လိုက်​ဘူး။ အချိန်ယူပြီး စီစဉ်တယ်။ အချိန်ယူပြီး လုပ်တယ်။

6. Haksatna a tuak uh ciangin a lungduai mite in bangci thukkik a hiam?

စတုတ္ထ၊ စိတ်ရှည်​သူဟာ အခက်အခဲတွေကို မညည်းမညူ ခံရပ်ဖို့ ကြိုးစားတယ်။ ဒါကြောင့် စိတ်ရှည်ခြင်းနဲ့ ခံနိုင်ရည် ဆက်စပ်​နေတယ်လို့ ပြော​ကြ​တာ။ အခက်အခဲ ကြုံတဲ့အခါ မိတ်ဆွေ​တစ်ယောက်ကို ကိုယ့်​ခံစားချက် ရင်ဖွင့်​တာ မမှားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့သာ စိတ်ရှည်​မယ်​ဆိုရင် အကောင်းမြင်စိတ် ဆက်​ရှိမှာ၊ အတတ်နိုင်ဆုံး ဆက်ခံရပ်​မှာ ဖြစ်တယ်။ (ကော. ၁:၁၁) ဒီ​အခြေအနေ လေးခု​စ​လုံး​မှာ ခရစ်ယာန်တွေ စိတ်ရှည်​ကြရမယ်။ ဘာကြောင့်လဲ။ အကြောင်းရင်း​တချို့ ကြည့်ရအောင်။

LUNGDUAI DING BANG HANGIN THUPI A HIAM?

လယ်သမား​ဟာ အချိန်တန်ရင် ရိတ်သိမ်း​ရမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်။ ကျွန်တော်တို့လည်း ကတိ​အားလုံးကို အချိန်တန်ရင် ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့် (စာပိုဒ် ၇ ကို ကြည့်ပါ)

7. James 5:7, 8-a a gen bangin, lungduai ding bang hangin thupi a hiam? (Lim zong en in.)

ကယ်တင်ခြင်း ရချင်ရင် စိတ်ရှည်​မှ ရမယ်။ ရှေးခေတ် သစ္စာရှိ ကျေးကျွန်တွေ​လိုပဲ ဘုရား​ကတိတွေ ပြည့်စုံ​လာဖို့ စိတ်ရှည်ရှည် စောင့်​ကြရမယ်။ (ဟီ. ၆:၁၁၊ ၁၂) ကျမ်းစာမှာ ကျွန်တော်တို့ကို လယ်သမား​နဲ့ ခိုင်းနှိုင်းထားတယ်။ (ယာကုပ် ၅:၇၊ ၈ ကို ဖတ်ပါ။) လယ်သမား​က မျိုးကြဲ​တယ်။ ရေလောင်းတယ်။ ဘယ်အချိန် အပင်ပေါက်မယ်​ဆိုတာတော့ အတိအကျ မသိဘူး။ အချိန်တန်ရင် ရိတ်သိမ်း​ရမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်​တယ်။ ကျွန်တော်တို့လည်း ဝတ်ပြုရေး လုပ်ငန်းဆောင်တာတွေ​နဲ့ အလုပ်များ​နေကြတယ်။ ‘သခင် ဘယ်​နေ့ လာမယ်​ဆိုတာတော့ မသိ’ ကြ​ဘူး။ (မ. ၂၄:၄၂) အချိန်တန်တဲ့အခါ ကတိ​ပေးထားသမျှ ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချပြီး စိတ်ရှည်ရှည် စောင့်​ကြတယ်။ စိတ်မရှည် ဖြစ်လာရင် စောင့်​ရတာ စိတ်​မောလာမယ်။ အမှန်တရားကနေ တဖြည်းဖြည်း ဝေးသွားမယ်။ အခု လုပ်၊ အခု ရမယ့်​အရာတွေ​နောက် ပါ​သွားမယ်။ စိတ်ရှည်ရင်တော့ အဆုံးထိ ခံရပ်နိုင်မယ်။ ကယ်တင်​ခံရမယ်။—မိ. ၇:၇။ မ. ၂၄:၁၃

8. Lungduaina in koi bang danin midangte tawh kizop a siam mi hisak a hiam? (Kolose 3:12, 13)

စိတ်ရှည်တာက ဆက်ဆံရေး ကောင်းသူ ဖြစ်လာစေတယ်။ တခြားသူတွေ စကားပြောတဲ့အခါ အာရုံစိုက် နားထောင်ဖို့ ကူညီပေးတယ်။ (ယာ. ၁:၁၉) စိတ်ဖိစီး​နေ​လို့​ဆိုပြီး ကမူးရှူးထိုး မလုပ်မိဖို့၊ လွှတ်ခနဲ မပြောမိဖို့၊ တစ်ယောက်ယောက် စိတ်ထိခိုက်အောင် ပြောတဲ့အခါ လွယ်လွယ် ဒေါသ မ​ထွက်​ဖို့၊ သင့်သင့်မြတ်မြတ် နေဖို့၊ “ဆက်ပြီး သည်းခံ” ဖို့၊ “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” ဖို့ ကူညီပေးတယ်။—ကောလောသဲ ၃:၁၂၊ ၁၃ ကို ဖတ်ပါ။

9. Thukhensat ding a kisap ciangin lungduaina in koi bangin hong huh a hiam? (Paunak 21:5)

ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့လည်း စိတ်ရှည်မှု​က ကူညီပေးတယ်။ စိတ်ရှည်​မယ်​ဆိုရင် ကျွန်တော်တို့ အလျင်စလို၊ စိတ်မြန်လက်မြန် ဆုံးဖြတ်မှာ မဟုတ်ဘူး။ မဆုံးဖြတ်ခင် အချိန်ယူ လေ့လာ​မှာ၊ ချင့်ချိန်​မှာ ဖြစ်တယ်။ (ပညာအလိမ္မာ ၂၁:၅ ကို ဖတ်ပါ။) ဥပမာ၊ အလုပ် ရှာ​နေတယ် ဆိုပါစို့။ အစည်းအဝေး၊ အမှုဆောင် ပျက်​မယ်​ဆိုရင်တောင် ဦးဆုံး ခေါ်တဲ့ အလုပ် လုပ်ချင်​တတ်တယ်။ ဒါပေမဲ့ စိတ်ရှည်​သူ​ဆိုရင် အိမ်နဲ့ အလုပ် ဘယ်လောက် ဝေးသလဲ၊ ဘယ်​နှနာရီ လုပ်ရမလဲ၊ မိသားစုနဲ့ ဝတ်ပြုရေးကို ဘယ်လို ထိခိုက်မလဲ​ဆိုတာ ထည့်စဉ်းစား​မှာ​ပဲ။ စိတ်ရှည်မှု​က ဆုံးဖြတ်ချက် အမှား မ​ချ​မိ​ဖို့ တကယ် ကူညီပေးတယ်။

LUNGDUAI SEMSEM THEIH DAN

10. Khristiante koi bang danin lungduai semsem thei ding uh a hiam?

၁၀ ပို​စိတ်ရှည်​တတ်လာဖို့ ဆုတောင်းပါ။ စိတ်ရှည်ခြင်း​ဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် စိတ်ရှည်​တတ်လာဖို့ ယေဟောဝါဆီကနေ စွမ်းအားတော် တောင်းပါ။ စိတ်ရှည်ဖို့ ခက်တဲ့ အခြေအနေ ကြုံရတဲ့အခါ ဆက်​စိတ်ရှည်​နိုင်ဖို့ စွမ်းအားတော် “တောင်းမြဲ တောင်းပါ။” (လု. ၁၁:၉၊ ၁၃) ဒါ့အပြင် ကိစ္စရပ်တွေကို ဘုရား မြင်သလို မြင်တတ်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကိုယ့်ဘက်ကလည်း စိတ်ရှည်ဖို့ နေ့တိုင်း ကြိုးစားပါ။ ဆုတောင်း​မယ်၊ ကြိုးစားမယ်ဆိုရင် ပင်ကို စိတ်ရှည်​သူ မဟုတ်ရင်တောင် စိတ်ရှည်​တတ်လာမယ်။

11-12. Jehovah in lungduaina koici lakkhia a hiam?

၁၁ ကျမ်းစာ စံနမူနာရှင်တွေ​အကြောင်း စဉ်းစားပါ။ ကျမ်းစာမှာ စိတ်ရှည်​သူ​များစွာ​ရဲ့ စံနမူနာတွေ ပါတယ်။ စိတ်ရှည်မှု ပြနိုင်တဲ့ နည်း​တွေ သူတို့ဆီကနေ သင်ယူနိုင်တယ်။ စိတ်ရှည်တဲ့​နေရာမှာ အကောင်းဆုံး စံနမူနာရှင် ဖြစ်တဲ့ ယေဟောဝါအကြောင်း အရင်ဆုံး သုံးသပ်​ကြည့်ရအောင်။

၁၂ ဧဒင်ဥယျာဉ်မှာ​တုန်းက ယေဟောဝါကို စာတန် နာမည် ဖျက်​တယ်။ ဘုရားဟာ တရားမျှတတဲ့၊ မေတ္တာ ပြည့်ဝ​တဲ့ အုပ်စိုးရှင် ဟုတ်မဟုတ် ဧဝ သံသယ ဝင်​အောင် လုပ်တယ်။ နာမည်​ဖျက်​သူ စာတန်ကို ယေဟောဝါ ချက်ချင်း မဖျက်ဆီး​ဘူး။ စိတ်ရှည်တယ်၊ စိတ်​ထိန်းတယ်။ မိမိ​အုပ်ချုပ်မှု အကောင်းဆုံး ဖြစ်တယ်ဆိုတာ သက်သေထူ​ဖို့ အချိန်​လိုမှန်း သိတယ်။ ဒီအတောအတွင်း နာမည်​ဖျက်​တာကို သည်းခံနေ​ရတယ်။ ဒါ့အပြင် လူများနိုင်သမျှ များများ ထာဝရ အသက်ရှင်​ခွင့် ရဖို့ ယေဟောဝါ စိတ်ရှည်ရှည် စောင့်ပေး​နေတယ်။ (၂ ပေ. ၃:၉၊ ၁၅) ဒါကြောင့်​လည်း လူ​သန်းချီ ဘုရားအကြောင်း သိလာကြတာ။ ယေဟောဝါ စိတ်ရှည်​လို့ ရလာတဲ့ အကျိုးကျေးဇူးတွေကို အာရုံစိုက်​ရင် အဆုံး​ရောက်​မယ့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဖို့ လွယ်​မယ်။

ဒေါသ ဆွခံရတဲ့​အခါ လွယ်လွယ် ဒေါသမထွက်ဖို့ စိတ်ရှည်မှု​က ကူညီပေး (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. Jesuh in a Pa ettehin lungduaina koici lakkhia a hiam? (Lim zong en in.)

၁၃ ယေရှု မြေကြီးပေါ် ရှိစဉ် ဖခင်ကို အပြည့်အဝ အတုယူပြီး စိတ်ရှည်မှု ပြတယ်။ စိတ်ရှည်ဖို့ အမြဲ လွယ်​မှာတော့ မဟုတ်ဘူး။ အထူးသဖြင့် အရေခြုံ ကျမ်းတတ်တွေ၊ ဖာရိရှဲတွေ​ကို စိတ်ရှည်ဖို့ တော်တော် ခက်​မှာ​ပဲ။ (ယော. ၈:၂၅-၂၇) ဒါပေမဲ့ ဖခင်​လိုပဲ ယေရှု အမျက်ထွက် နှေးတယ်။ စော်ကား​ခံရတဲ့အခါ၊ ဒေါသ ဆွခံရတဲ့​အခါ လက်တုံ့မပြန်​ဘူး။ (၁ ပေ. ၂:၂၃) အခက်အခဲတွေကို မညည်းမညူ စိတ်ရှည်ရှည် ခံရပ်​တယ်။ ဒါကြောင့်​လည်း ‘ရန်လို​စကားတွေ ပြောတဲ့ အပြစ်ကျူးလွန်သူ​တွေ​ရဲ့ စကားကို သည်းခံခဲ့သူအကြောင်း အသေအချာ စဉ်းစားကြည့်ပါ’ လို့ ကျမ်းစာမှာ ပြောတာ။ (ဟီ. ၁၂:၂၊ ၃) ကျွန်တော်တို့လည်း ယေဟောဝါရဲ့ အကူအညီနဲ့သာ​ဆိုရင် ဘယ်အခက်အခဲ​မ​ဆို စိတ်ရှည်ရှည် ခံရပ်နိုင်ပါတယ်။

အာဗြဟံ​လို စိတ်ရှည်​မယ်​ဆိုရင် အခု​အချိန်မှာ ယေဟောဝါဆီက ဆု​ကျေးဇူးတွေ ခံစားရမယ်၊ ကတိထားရာ ကမ္ဘာသစ်​မှာ ပိုလို့တောင် ခံစား​ရဦးမယ်​ဆိုတာ စိတ်ချနိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ)

14. Abraham’ lungduai dan pan bang sin thei i hiam? (Hebru 6:15) (Lim zong en in.)

၁၄ အဆုံး ရောက်လာဖို့ ညီအစ်ကို/မတချို့ မျှော်နေ​တာ ကြာပြီ။ ကိုယ်​မသေခင် အဆုံး ရောက်​မ​လာမှာ​ကို တွေးပူ​မိ​နိုင်တယ်။ စိတ်ရှည်ရှည် စောင့်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ အာဗြဟံ​အကြောင်း စဉ်းစားကြည့်ပါ။ ‘မင်းကို လူမျိုး​ကြီး ဖြစ်စေမယ်’ လို့ ယေဟောဝါ ကတိ​ပေး​ချိန်​မှာ အာဗြဟံ အသက် ၇၅ နှစ် ရှိပြီ။ သားသမီး မရှိဘူး။ (က. ၁၂:၁-၄) အဲဒီကတိ ပြည့်စုံ​လာတာ အာဗြဟံ မြင်​လိုက်ရ​သ​လား။ အကုန်အစင် မမြင်လိုက်ရဘူး။ ယူဖရေးတီး​မြစ်ကို ဖြတ်၊ ၂၅ နှစ် စောင့်​ပြီးနောက် သား​အိဇက် မွေးတာ မြင်ရတယ်။ နောက်​အနှစ် ၆၀ အကြာမှာ မြေး ဧသော​နဲ့ ယာကုပ် မွေးတာ မြင်ရတယ်။ (ဟီဘရူး ၆:၁၅ ကို ဖတ်ပါ။) မိမိ​မျိုးနွယ် လူမျိုး​ကြီး ဖြစ်လာတာ၊ ကတိထားရာပြည် အမွေ​ရတာတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်​နဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ (ယာ. ၂:၂၃) ပြန်ထမြောက်လာတဲ့အခါ မိမိရဲ့ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း​ကြောင့် လူမျိုး​အားလုံး ကောင်းချီး ရတာ သိရင် ဝမ်းသာ​သွားမှာပဲ။ (က. ၂၂:၁၈) ဘာ​သင်ခန်းစာ ရသလဲ။ ယေဟောဝါရဲ့ ကတိ​အားလုံး ပြည့်စုံ​လာတာ ကျွန်တော်တို့ ချက်ချင်း​လက်ငင်း မြင်ချင်​မှ မြင်ရမယ်။ ဒါပေမဲ့ အာဗြဟံ​လို စိတ်ရှည်​ရင် အခု​အချိန်မှာ ယေဟောဝါဆီက ဆု​ကျေးဇူးတွေ ခံစားရမယ်။ ကမ္ဘာသစ်ကျရင် ပိုလို့တောင် ခံစား​ရဦးမယ်။—မာ. ၁၀:၂၉၊ ၃၀

15. Mimala Lai Siangtho sinna-ah bang thu sin thei i hiam?

၁၅ စိတ်ရှည်​သူ​တွေ​အကြောင်း ကျမ်းစာ စံနမူနာတွေ အများကြီး ရှိသေးတယ်။ (ယာ. ၅:၁၀) ကိုယ်ပိုင် လေ့လာမှုမှာ သူတို့​အကြောင်း လေ့လာကြည့်ပါ။ b ဥပမာ၊ ဒါဝိဒ်ဟာ အစ္စရေး မင်းလောင်း​အဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘိသိက်ပေး​ခံရပေမဲ့ နန်းတက်​ရဖို့ နှစ်တွေ အကြာကြီး စောင့်​ခဲ့​ရတယ်။ ရှိမောင်​နဲ့ အန္န​ဟာ ကတိထားရာ မေရှိယကို စောင့်မျှော်ရင်း ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်။ (လု. ၂:၂၅၊ ၃၆-၃၈) အဲဒီ​မှတ်တမ်းတွေ လေ့လာတဲ့အခါ ‘သူ ဘာကြောင့် စိတ်ရှည်​နိုင်​ခဲ့​တာ ဖြစ်မလဲ။ စိတ်ရှည်​လို့ သူ ဘာအကျိုး ရသလဲ။ ငါ ဘယ်လို အတုယူ​နိုင်​မလဲ’ လို့ စဉ်းစားပါ။ စိတ်မရှည်​သူတွေဆီကနေလည်း သင်ခန်းစာ ယူနိုင်တယ်။ (၁ ရှ. ၁၃:၈-၁၄) ‘သူ ဘာကြောင့် စိတ်မရှည်​နိုင်​ခဲ့​တာ ဖြစ်မလဲ။ စိတ်မရှည်​လို့ ဘာ​ဆိုးကျိုးတွေ ကြုံရသလဲ’ လို့ စဉ်းစားပါ။

16. Lungduaina hanga i ngah ding hamphatna pawlkhat in bangteng a hiam?

၁၆ စိတ်ရှည်​ရင် ရမယ့် အကျိုးကျေးဇူးတွေ စဉ်းစားပါ။ စိတ်ရှည်​ရင် ပိုပျော်မယ်။ စိတ်​ပို​အေးချမ်း​မယ်။ ကိုယ်ရော စိတ်​ပါ ကျန်းမာ​မယ်။ တခြားသူတွေ​နဲ့ ဆက်ဆံရေး ပိုကောင်းမယ်။ အသင်းတော်မှာ ပိုစည်းလုံး​မယ်။ ဒေါသ ဆွခံရရင်လည်း လွယ်လွယ် ဒေါသ မထွက်တဲ့အတွက် ပြဿနာ ပိုမကြီးတော့ဘူး။ (ဆာ. ၃၇:၈၊ အောက်ခြေမှတ်ချက်။ ပညာ. ၁၄:၂၉) ကောင်းကင်ဘုံစံ ဖခင်ကို အတုယူ​ရာ ရောက်မယ်။ ဘုရားနဲ့ ပိုရင်းနှီး​လာမယ်။

17. Bang thu i khensat ding kisam a hiam?

၁၇ စိတ်ရှည်မှု​ဟာ တကယ့်ကို အကျိုးရှိတဲ့ အရည်အသွေးကောင်း​ပါပဲ။ စိတ်ရှည်ဖို့ အမြဲ လွယ်မှာ မဟုတ်ပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ဆက်ပြီး စိတ်ရှည်​နိုင်ပါတယ်။ ‘မိမိကို ကြောက်ရွံ့​သူ​တွေ၊ ခိုင်မြဲတဲ့ မေတ္တာတော် စောင့်မျှော်နေသူတွေကို ယေဟောဝါ ကြည့်ရှု​နေတယ်’ ဆိုတာ စိတ်ချရင်း ကမ္ဘာသစ်​ကို စိတ်ရှည်ရှည် စောင့်​နိုင်မယ်။ (ဆာ. ၃၃:၁၈) ဒါကြောင့် ကျွန်တော်တို့​အားလုံး ဆက်ပြီး စိတ်ရှည်ဖို့ ဆုံးဖြတ်​ထား​ကြရအောင်။

LA 41 ဆုတောင်းသံ​ကို နားထောင်​ပေးပါ

a ဒီနေ့ခေတ် လူ​တော်တော်​များများ စိတ်မရှည်​ကြ​ဘူး။ ဒါပေမဲ့ စိတ်ရှည်ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ စိတ်ရှည်ဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ဘယ်လိုနည်းနဲ့ ပို​စိတ်ရှည်​တတ်လာမလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

b စိတ်ရှည်ခြင်း​အကြောင်း ကျမ်းမှတ်တမ်းတွေ ရှာ​ချင်ရင် ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စာအုပ် “စိတ်​ခံစားမှု၊ အရည်အသွေးနဲ့ အမူအကျင့်​များ” ခေါင်းစဉ်​အောက်​က “စိတ်ရှည်ခြင်း” ဆိုတဲ့ ခေါင်းစဉ်ခွဲ​မှာ ကြည့်ပါ။