Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 44

Lai Siangtho Pen Dinmun Khempeuh Panin Tel Sawm In

Lai Siangtho Pen Dinmun Khempeuh Panin Tel Sawm In

‘Thuman a sauna, a zaina, a sanna le a thuknate theihtel un.’—EFE. 3:18, NWT.

LA 95 လင်း​သည်ထက် လင်းလာ

အကြို​သုံးသပ်ချက် a

1-2. Lai Siangtho sunga kihel a thu khempeuh i theihtel nadingin koi banga i sep ding kisam hiam? Gentehna pia in.

 အိမ်​ဝယ်ဖို့ စဉ်းစား​နေတယ် ဆိုပါစို့။ ဝယ်ဖို့ မဆုံးဖြတ်ခင် ဘာတွေ ကြည့်ချင်​သလဲ။ အိမ်ရှေ့ မျက်နှာစာကို ရိုက်ထားတဲ့ ပုံ​လောက်​ပဲ​လား။ အဲဒီလောက်​နဲ့ ကျေနပ်​မှာ မဟုတ်ဘူး။ ကိုယ်တိုင် သွားပြီး တစ်အိမ်​လုံး အပြင်ကနေ ပတ်​ကြည့်​မှာ၊ တစ်ခန်း​ဝင် တစ်ခန်း​ထွက် ထောင့်စေ့အောင် လိုက်​ကြည့်​မှာ​ပဲ။ ကိုယ့်ရဲ့ အနာဂတ် အိမ်​လေး​ကို အသေးစိတ်​က​အစ ကြည့်ချင်​မှာ သေချာတယ်။

ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါလည်း အဲဒီလို လုပ်နိုင်တယ်။ ကျမ်းစာဟာ “အုတ်မြစ် နက်နက် ချပြီး ဆောက်ထားတဲ့ အထပ်မြင့် တိုက်ကြီး​နဲ့ တူတယ်” လို့ ကျမ်းပညာရှင် တစ်ယောက် ပြောတယ်။ ဒါဆိုရင် ကျမ်းစာမှာ ပါသမျှ ဂဃနဏ သိအောင် ဘယ်လို လုပ်ရမလဲ။ အပေါ်ယံ လျှပ်ဖတ်သွားရင် “ဘုရားသခင်ရဲ့ ဗျာဒိတ်တော်​နဲ့ ဆိုင်တဲ့ အခြေခံ အကြောင်းတွေ” လောက်​ပဲ သိမယ်။ (ဟီ. ၅:၁၂) ဝယ်မယ့် အိမ်ထဲ ဝင်လေ့လာသလို ကျမ်းစာကို အပြည့်အဝ နားလည်အောင် ထဲထဲဝင်ဝင် လေ့လာရမယ်။ လေ့လာ​နိုင်​တဲ့ နည်းလမ်းကောင်း​တစ်ခုကတော့ ကျမ်းစာ​အပိုင်း တစ်ပိုင်း​နဲ့ တစ်ပိုင်း ဘယ်လို ဆက်စပ်သလဲ သိအောင် လုပ်တာ​ပဲ။ ကိုယ် ဘာ​ယုံသလဲ​ဆိုတာ​လောက် မဟုတ်ဘဲ ဘာကြောင့် ယုံသလဲ​ဆိုတာ နားလည်အောင် လုပ်ပါ။

3. Sawltak Paul in bang sep ding hanthawn a hiam? Bang hang hiam? (Efesa 3:14-19)

အမှန်တရားရဲ့ ‘အလျား၊ အနံ၊ အမြင့်၊ အနက်​တွေ​ကို အပြည့်အဝ နားလည်’ နိုင်အောင် ကျမ်းစာကို ဝီရိယရှိရှိ လေ့လာ​ကြ​ဖို့ ခရစ်ယာန် ညီအစ်ကို/မတွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ ဒါမှ ယုံကြည်ခြင်း​မှာ “အမြစ်စွဲ​ပြီး အခြေခိုင်” လာကြ​မှာ။ (ဧဖက် ၃:၁၄-၁၉ ကို ဖတ်ပါ။) ကျွန်တော်တို့လည်း ကျမ်းစာကို ထောင့်​ပေါင်းစုံ​ကနေ အပြည့်အဝ နားလည်ဖို့​ဆိုရင် နက်နဲတဲ့ ကျမ်းစာ အမှန်တရားတွေ လေ့လာရမယ်။ ဘယ်လို လေ့လာ​ရမလဲ သုံးသပ်​ကြည့်ကြစို့။

LAI SIANGTHO THUTHUK THUMANTE ZONG IN

4. Jehovah tawh kinai nadingin bang sem thei i hiam? Gentehna pia in.

ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ကျမ်းစာကို အပေါ်ယံ နားလည်ရုံ​လောက်​နဲ့ မကျေနပ်​ကြ​ဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီ​အားဖြင့် “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်​တွေ​ကို​တောင်” လေ့လာချင်​ကြတယ်။ (၁ ကော. ၂:၉၊ ၁၀) ယေဟောဝါ​ဘုရားနဲ့ ပိုရင်းနှီး​ချင်ကြလို့ပါ။ ဒါဆိုရင် ဘယ်​အကြောင်းအရာတွေ​ကနေ စ​လေ့လာ​လို့ ရသလဲ။ ရှေးခေတ် ကျေးကျွန်တွေကို ဘုရား မေတ္တာ ဘယ်လို ပြသလဲ၊ အဲဒီအချက်က သင့်ကို ဘုရား ချစ်တယ်ဆိုတာ ဘယ်လို သက်သေထူသလဲ လေ့လာ​ပါ။ ရှေးခေတ် အစ္စရေးတွေ​ရဲ့ ဝတ်ပြုမှု အစီအစဉ်နဲ့ ဒီနေ့ခေတ် ခရစ်ယာန် ဝတ်ပြုမှု အစီအစဉ်ကို နှိုင်းယှဉ်​ကြည့်ပါ။ ယေရှုရဲ့ မြေကြီး​အသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ပြည့်စုံခဲ့တဲ့ ကြိုဟောချက်​တွေ အသေးစိတ် ဆန်းစစ်ပါ။

5. A tuam vilvel a na kan nop Lai Siangtho thuthuk a om hiam?

ကျမ်းစာမှာ သတ်သတ်မှတ်မှတ် လေ့လာ​ကြည့်ချင်​တဲ့ နက်နဲတဲ့ အကြောင်းအရာတွေ ရှိသလား​လို့ ကျမ်းစာ​ကျောင်းသား​တချို့ကို မေးကြည့်တယ်။ သူတို့ လေ့လာချင်​တယ်လို့ ပြောတဲ့ အကြောင်းအရာ​တချို့ကို “ ကိုယ်ပိုင် လေ့လာမှု​အတွက် အကြောင်းအရာများ” လေးထောင့်ကွက်​မှာ ဖော်ပြထားတယ်။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စာအုပ် သုံးပြီး အဲဒီ​အကြောင်းအရာတွေ လေ့လာတဲ့အခါ ပျော်စရာ​ကောင်းတယ်။ ယုံကြည်ခြင်း ခိုင်မြဲလာမယ်။ “ဘုရားနဲ့​ပတ်သက်တဲ့ အသိပညာကို ရလာမယ်။” (ပညာ. ၂:၄၊ ၅) တူးဖော်​နိုင်​တဲ့ နက်နဲတဲ့ ကျမ်းစာ အမှန်တရား​တချို့ ဆွေးနွေး​ကြရအောင်။

PASIAN’ NGIMNA LIMTAKIN NGAIHSUN IN

6. (a) Geelna le ngimna a kibat lohna bang a hiam? (b) Mihingte le leitung tawh kisai-a Jehovah’ ngimna pen bang hangin ‘a tawntunga ngimna’ hi a hiam? (Efesa 3:11)

အစီအစဉ် ရှိတာနဲ့ ရည်ရွယ်ချက် ရှိတာ တော်တော် ကွာတယ်။ အစီအစဉ်​ဆိုတာ သွားချင်တဲ့ နေရာ ရောက်အောင် ဘယ်​လမ်း​ကနေ သွားမယ်​ဆိုပြီး ရွေးချယ်​သတ်မှတ်တာ​နဲ့ တူတယ်။ လမ်းမှာ အတားအဆီး​တစ်ခုခု ရှိရင် အစီအစဉ် ပျက်​ပြီ။ ရည်ရွယ်ချက်​ကျတော့ သွား​မယ့် နေရာ ကိုယ်နှိုက်နဲ့ တူတယ်။ သွား​မယ့် နေရာ အတိအကျ သတ်မှတ်ထားတယ်။ ဘယ်​လမ်း​ကနေ​ပဲ သွားမယ်လို့​တော့ သတ်မှတ်​မထားဘူး။ လိုအပ်သလို လမ်းကြောင်း ပြောင်းလို့ ရတယ်။ အဲဒီလိုပဲ၊ ဘုရား တစ်ခုခု ရည်ရွယ်​ပြီ​ဆိုရင် “ပြည့်စုံ​လာဖို့ အရာရာကို စီစဉ်ထား” တဲ့အတွက်၊ ပြည့်စုံစေမယ့် နည်းလမ်း အမျိုးမျိုး ရှိတဲ့အတွက် အမြဲ အထမြောက်​တယ်။ (ပညာ. ၁၆:၄) ဘုရား​ရည်ရွယ်ချက်ကို ကျမ်းစာမှာ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်ထားတယ်။ (ဧ. ၃:၁၁) အချိန် တော်တော်​ကြာပြီးမှ ရည်ရွယ်ချက် အထမြောက်​လာမှာ ဖြစ်လို့၊ အထမြောက်​လာတဲ့အခါ ရလာမယ့် ရလဒ်​တွေ ထာဝစဉ် တည်​မှာ ဖြစ်လို့ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်တာ။ ဒါဆိုရင် အဲဒီ​ရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက် အထမြောက်​ဖို့ ဘာ​အပြောင်းအလဲတွေ လုပ်သလဲ။ ကျမ်းစာမှာ အဆင့်ဆင့် ဖော်ပြထားတာ ကျေးဇူးတင်စရာပါပဲ။

7. Nupa masa te’n a langpan uh hang, Jehovah in ama ngimna a tangtun nadingin, a sep dan koi bangin khel a hiam? (Matthai 25:34)

“သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်​စေ​ပြီး အုပ်ထိန်း​ကြ။ . . . သတ္တဝါတွေ​ကို အုပ်စိုး​ကြ” ဆိုပြီး မိမိ​ရည်ရွယ်ချက်​အကြောင်း ပထမ​လူသား မောင်နှံ​ကို ဘုရား ပြောတယ်။ (က. ၁:၂၈) သူတို့ ပုန်ကန်​လို့ လူ့​မိသားစု​ထဲ အပြစ်​တရား ဝင်လာပေမဲ့ ယေဟောဝါ ရည်ရွယ်ချက် အပျက်မခံဘူး။ ရည်ရွယ်ချက် ပြည့်စုံစေမယ့် နည်းလမ်းကို ပြောင်း​တယ်။ လူတွေနဲ့ ကမ္ဘာမြေ​အတွက် မူလ​ရည်ရွယ်ချက် အထမြောက်​စေ​မယ့် နိုင်ငံ​တစ်ခု ကောင်းကင်မှာ တည်ထောင်​ဖို့ ချက်ချင်း ဆုံးဖြတ်​လိုက်တယ်။ (မဿဲ ၂၅:၃၄ ကို ဖတ်ပါ။) နိုင်ငံတော်​အကြောင်း လူတွေကို ပြောပြဖို့၊ အပြစ်နဲ့ သေခြင်းကနေ ရွေးနုတ်​ဖို့ သတ်မှတ်ထားချိန်​မှာ သား​ဦးကို မြေကြီးပေါ် မေတ္တာပါပါ စေလွှတ်တယ်။ အဲဒီနောက် အသက်​ပြန်ရှင်စေပြီး ကောင်းကင်မှာ ဘုရားနိုင်ငံတော် ဘုရင်အဖြစ် အုပ်စိုး​စေ​တယ်။ ဒါပေမဲ့ ဘုရား ရည်ရွယ်​ထားတာ ဒီလောက်ပဲ မဟုတ်ဘူး။

ကောင်းကင်နဲ့ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါ​အားလုံး ယေဟောဝါကို တစ်စည်း​တစ်လုံး သစ္စာခံ​ကြ​မယ့်​အချိန်ကို မြင်ယောင်​ကြည့်ပါ (စာပိုဒ် ၈ ကို ကြည့်ပါ)

8. (a) Lai Siangtho thupaipi in bang a hiam? (b) Efesa 1:8-11-a hilhcianna mah bangin, Jehovah’ ngimna lianpen in bang a hiam? (Laibu mai-a lim en in.)

ခရစ်တော် အုပ်ချုပ်မှုအောက် နိုင်ငံတော်​အားဖြင့် ကမ္ဘာမြေ​အတွက် ရည်ရွယ်ချက်ကို ပြည့်စုံစေ​ချိန်​မှာ နာမတော်ကို ဘုရား သန့်ရှင်း​မြင့်မြတ်​စေမယ်။ ဒါ ကျမ်းစာရဲ့ အဓိက အကြောင်းအရာ​ပဲ။ ယေဟောဝါရဲ့ ရည်ရွယ်ချက်​ဟာ မပြောင်းလဲ​နိုင်​ဘူး။ ကျိန်းသေ အကောင်အထည် ဖော်မယ်​လို့ အာမခံထားတယ်။ (ဟေရှာ. ၄၆:၁၀၊ ၁၁။ ဟီ. ၆:၁၇၊ ၁၈) အချိန်တန်တဲ့အခါ ကမ္ဘာမြေဟာ လှပတဲ့ ပရဒိသု ဖြစ်လာမယ်။ အာဒံ၊ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ စုံလင်​ဖြောင့်မတ်​လာကြ​မယ်။ “ဘဝကို ထာဝစဉ် ပျော်မွေ့” နိုင်​ကြ​မယ်။ (ဆာ. ၂၂:၂၆) ဒါပေမဲ့ ယေဟောဝါ​မှာ ရည်ရွယ်ချက် အကြီးကြီး ရှိသေးတယ်။ ကောင်းကင်၊ မြေကြီးပေါ်က အသိဉာဏ်ရှိ သတ္တဝါ​အားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာဖို့​ပဲ။ အဲဒီအချိန် အသက်ရှင်နေ​သူ​အားလုံး ယေဟောဝါကို အချုပ်အခြာအာဏာရှင်​အဖြစ် သစ္စာခံ​ကြ​မယ်။ (ဧဖက် ၁:၈-၁၁ ကို ဖတ်ပါ။) ရည်ရွယ်ချက် ပြည့်စုံဖို့ ယေဟောဝါ သုံးတဲ့ နည်းကို သင် မ​အံ့ဩ​မိ​ဘူး​လား။

NA MAILAM HUN LIMTAKIN NGAIHSUN IN

9. Lai Siangtho i kanna tawh kizui-in mailam thu bangzah ciangdong kitheithei a hiam?

နှစ်ပေါင်း​ထောင်ချီ အကြာမှာ ဖြစ်လာမယ့် ဖြစ်ရပ်တွေအကြောင်း ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ကြိုဟောတယ်။ (က. ၃:၁၅) b ဘုရား​ရည်ရွယ်ချက် ပြည့်စုံ​လာ​စေ​မယ့် ဖြစ်ရပ်တွေ ဖြစ်တယ်။ ဥပမာ၊ အာဗြဟံရဲ့ မျိုးနွယ်ကနေ ခရစ်တော် ပေါ်ထွန်း​လာမယ်။ (က. ၂၂:၁၅-၁၈) မျိုးနွယ်ရဲ့ ဖနောင့်ကို မြွေ​ပေါက်မယ်။ အေဒီ ၃၃ မှာ ကြိုဟောချက်​ရဲ့ အဲဒီအပိုင်း ပြည့်စုံခဲ့တယ်။ (တ. ၃:၁၃-၁၅) စာတန့်​ခေါင်းကို “မျိုးနွယ်” ကြိတ်မယ်ဆိုတဲ့ ပရောဖက်ပြုချက်​ရဲ့ နောက်ဆုံး​အပိုင်းကတော့ နောက်နှစ် ၁,၀၀၀ ကျော် ကြာမှ ပြည့်စုံ​လာမယ်။ (ဗျာ. ၂၀:၇-၁၀) စာတန့်​စနစ်​နဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်း​ကြားမှာ ရှိတဲ့ ရန်ငြိုး အထွတ်အထိပ် ရောက်လာချိန်​မှာ ဘာဖြစ်မယ်ဆိုတာ​လည်း ကျမ်းစာမှာ ဖော်ပြထားတယ်။

10. (a) Mailamah bangteng hong piang ding a hiam? (b) Koi bang danin kigingkhol thei i hiam? (A nuai-a ciaptehna en in.)

၁၀ ကျမ်းစာမှာ ကြိုဟောထားတဲ့ တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ စဉ်းစားကြည့်ပါ။ ပထမ၊ “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံ​တွေ ကြေညာ​ကြ​မယ်။ (၁ သက်. ၅:၂၊ ၃) မှားယွင်းတဲ့ ဘာသာရေး​ကို တိုင်းနိုင်ငံ​တွေ တိုက်ခိုက်တဲ့အခါ ကြီးစွာသောဒုက္ခ “ရုတ်တရက်” စ​မယ်။ (ဗျာ. ၁၇:၁၆) ‘လူသား မိုးတိမ် ခြံရံ​ပြီး မ​ဟာ​ဘုန်းတန်ခိုး​နဲ့ လာတာကို’ ဖော်ပြတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ တွေ့ရ​နိုင်တယ်။ (မ. ၂၄:၃၀) လူတွေကို ယေရှု သိုးနဲ့ ဆိတ် ခွဲမယ်။ (မ. ၂၅:၃၁-၃၃၊ ၄၆) စာတန် အသာတကြည် အညံ့ခံ​မှာ မဟုတ်ဘူး။ ယေဟောဝါရဲ့ လူမျိုးကို မုန်းလွန်းလို့ နိုင်ငံပေါင်းစုံ မဟာမိတ်​ကို သွေးထိုး​ပြီး တိုက်​ခိုင်း​မယ်။ အဲဒီ​မဟာမိတ်​ကို မာဂေါဂပြည်က ဂေါဂ​မင်း​လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀၊ ၁၁) အဲဒီ​အတောအတွင်း တစ်ချိန်ချိန်မှာ မြေကြီးပေါ်က ဘိသိက်ခံ အကြွင်းအကျန်​တွေ​ဟာ ကောင်းကင်ကို စုသိမ်း​ခံကြရမယ်။ ကြီးစွာသောဒုက္ခရဲ့ အထွတ်အထိပ် ဖြစ်တဲ့ အာမဂေဒုန် စစ်ပွဲ​မှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့​အတူ ပါဝင်​တိုက်ခိုက်​ကြ​မယ်။ c (မ. ၂၄:၃၁။ ဗျာ. ၁၆:၁၄၊ ၁၆) အဲဒီနောက် မြေကြီးပေါ် ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှု စ​မယ်။—ဗျာ. ၂၀:၆

ယေဟောဝါ​ဘုရားအကြောင်း နှစ်​သန်းပေါင်း​များစွာ လေ့လာပြီးနောက် ဘုရားနဲ့ ဘယ်လောက်တောင် ရင်းနှီး​လာမလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

11. Tawntung nuntakna pen nang adingin bang a khiatna om a hiam? (Lim zong en in.)

၁၁ နောက်​အနှစ် ၁,၀၀၀ လောက်​အထိ အနာဂတ်ကို ကြိုတွေး​ကြည့်ပါ။ ဖန်ဆင်းရှင်​က “[ကျွန်တော်တို့] ရဲ့ စိတ်ထဲမှာ ထာဝရ​ကာလကို ထည့်​ပေးထားတယ်။” (ဒေ. ၃:၁၁) ဒါ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ် စာမျက်နှာ ၃၁၉ မှာ ဒီလို ဖော်ပြထားတယ်– “နှစ်ပေါင်း ရာချီ၊ ထောင်ချီ၊ သန်းနှင့်ချီ​မ​က ရာ​ကုဋေချီ၍ အသက်ရှင်​ပြီးနောက် ယေဟောဝါ​ဘုရားသခင်​အကြောင်း ယခု ကျွန်ုပ်တို့ သိရှိ​ထား​သည်ထက် သာ​၍ များစွာ သိရှိ​လာကြဦးမည်။ သို့တိုင် မရေမတွက်​နိုင်အောင်​ပင် သင်ယူစရာ အံ့ဖွယ်ရာ​များစွာ ကျန်​ရှိသေး​သည်​ဟု ကျွန်ုပ်တို့ ခံစားနေရဆဲ​ပင် ဖြစ်ပေလိမ့်မည်။ . . . ထာဝရ​အသက်သည် စဉ်းစား၍ မကုန်နိုင်အောင် အဓိပ္ပာယ် ပြည့်ဝ​၍ အတွေ့အကြုံ အမျိုးမျိုး​အဖုံဖုံ ရှိပေလိမ့်မည်။ ယေဟောဝါထံ ချဉ်းကပ်​ခြင်း​သည်လည်း အမြဲတစေ​ပင် ဆုကျေးဇူး အပြည့်ဝဆုံး ဖြစ်ပေလိမ့်မည်။” ဝမ်းသာစရာ​ပါပဲ။ ယေဟောဝါအကြောင်း ဒီထက် ပိုသိလာရ​ဦးမယ်။ လောလောဆယ်​ကော ဘာတွေ သိနိုင်​သေးသလဲ။

A SANNA MUN EN IN

12. A sanna mun thu Lai Siangtho-ah bangteng kigelh a hiam? Gentehna pia in.

၁၂ ယေဟောဝါ စံမြန်းရာ “အထက်​အရပ်” အကြောင်း ကျမ်းစာမှာ အရိပ်အမြွက် ဖော်ပြထားတယ်။ (ဟေရှာ. ၃၃:၅) ယေဟောဝါအကြောင်း၊ ဘုရား​အဖွဲ့အစည်းရဲ့ ကောင်းကင်ဆိုင်ရာ အပိုင်း​အကြောင်း အံ့ဩစရာ​အချက်တွေ​လည်း ပါတယ်။ (ဟေရှာ. ၆:၁-၄။ ဒံ. ၇:၉၊ ၁၀။ ဗျာ. ၄:၁-၆) ဥပမာ၊ “ကောင်းကင် ပွင့်ပြီး ဘုရားသခင်ဆီ​က စိတ်အာရုံတွေကို မြင်ရ” ချိန်​မှာ ယေဇကျေလ တွေ့ရတဲ့ အံ့ဩ​မှင်သက်​စ​ရာ​တွေ​အကြောင်း ကျမ်းစာမှာ ဖတ်နိုင်တယ်။—ယေဇ. ၁:၁

13. Hebru 4:14-16-a a gen bangin, vantunga Jesuh’ nasepte tawh kisai-in na lungsim bangci om a hiam?

၁၃ နန်းစံ​ဘုရင်၊ သနား​ကြင်နာတတ်တဲ့ ပုရောဟိတ်မင်း​အဖြစ် ကောင်းကင်မှာ ယေရှု ဘာတွေ လုပ်​နေသလဲဆိုတာ​လည်း စဉ်းစားကြည့်ပါ။ “မဟာကရုဏာ ပြတဲ့ ဘုရားသခင်ရဲ့ ပလ္လင်” အနား သွားပြီး ယေရှုကတစ်ဆင့် ဆုတောင်းနိုင်တယ်။ “လိုအပ်ချိန်​မှာ” သနား​ကြင်နာမှုနဲ့ မဟာကရုဏာ တောင်းခံ​နိုင်တယ်။ (ဟီဘရူး ၄:၁၄-၁၆ ကို ဖတ်ပါ။) ယေဟောဝါနဲ့ ယေရှု ကောင်းကင်ကနေ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ မစဉ်းစားဘဲ တစ်ရက် ကုန်​မ​သွားပါစေ​နဲ့။ သူတို့ရဲ့ မေတ္တာ​အကြောင်း စဉ်းစားတဲ့အခါ သင် စိတ်ထိမိ​လာမယ်။ ထက်ထက်သန်သန် အမှုဆောင်ဖို့ တွန်းအား ရလာမယ်။—၂ ကော. ၅:၁၄၊ ၁၅

ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကျွန်တော်တို့ ကူညီ​ပေးခဲ့​လို့ ကမ္ဘာသစ်​မှာ ပျော်​နေ​မယ့်​အကြောင်း မြင်ယောင်​ကြည့်ပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

14. Jehovah le Jesuh tungah lungdamna i lah theih dan a hoihpen lampi khat in bang a hiam? (Lim zong en in.)

၁၄ ဘုရားနဲ့ သားတော်ကို ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံး တစ်နည်းကတော့ ဘုရားရဲ့ သက်သေ၊ ယေရှုရဲ့ တပည့် ဖြစ်လာအောင် တခြားသူတွေကို ကူညီပေးခြင်း​ပါပဲ။ (မ. ၂၈:၁၉၊ ၂၀) ဘုရားနဲ့ ခရစ်တော်ကို ကျေးဇူးတင်​လို့ အမှုဆောင်လုပ်ငန်းမှာ တမန်တော် ပေါလု ကြိုးစားပမ်းစား ပါဝင်တယ်။ “လူ​တချို့ကို အတတ်နိုင်ဆုံး ကယ်တင်​နိုင်ဖို့” ကြိုးစားတယ်။ (၁ ကော. ၉:၂၂၊ ၂၃) ယေဟောဝါရဲ့ အလိုတော်​ဟာ “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရား​အကြောင်း တိကျမှန်ကန်စွာ သိရှိစေဖို့” ဖြစ်တယ်ဆိုတာ သိလို့ပဲ။—၁ တိ. ၂:၃၊ ၄

LAI SIANGTHO THUMANTE ZONNA-AH NUAMSA IN

15. Late 1:2-a a gen bangin, bang in lungnopna hong ngahsak a hiam?

၁၅ “ယေဟောဝါရဲ့ ပညတ်မှာ ပျော်မွေ့” သူ၊ “နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်ခြင်” သူဟာ ပျော်ရွှင်အောင်​မြင်တယ်လို့ ဆာလံ ကျမ်း​ရေးသူ ပြောတယ်။ (ဆာ. ၁:၁-၃) လူတစ်ယောက်ဟာ “ရှာဖွေ​လိုက်၊ လေ့လာ​လိုက်၊ တစိမ့်စိမ့် စဉ်းစား​လိုက်​နဲ့ ဘုရား​လမ်းညွှန်ချက် ရဖို့ ခုံခုံမင်မင် ဖြစ်​နေ​သင့်​တယ်” လို့ ဒီကျမ်း​ပိုဒ်​နဲ့ပတ်သက်ပြီး စာအုပ်​တစ်အုပ် (Studies in the Psalms) မှာ ကျမ်းစာ ဘာသာပြန်သူ ဂျိုးဇက် ရော့သဟမ် ပြောတယ်။ “ကျမ်းစာ မဖတ်​ဘဲ တစ်ရက် ကုန်သွားရင် အဲဒီ​တစ်ရက် ပုပ်​သွားတာ​ပဲ” လို့လည်း ဆက်ပြောတယ်။ ကျမ်းစာမှာ ပါတဲ့ စိတ်ဝင်စားစရာ အသေးစိတ်​အချက်တွေကို လေ့လာ​နိုင်သမျှ လေ့လာတဲ့အခါ၊ တစ်ချက်​နဲ့ တစ်ချက် ဘယ်လို ဆက်စပ်နေသလဲ သဘောပေါက်လာတဲ့အခါ ထောင့်​ပေါင်းစုံ​ကနေ နားလည်လာလို့ ပျော်မွေ့​လာမယ်။

16. A zom thulu-ah bang thu kikum ding i hiam?

၁၆ ကျမ်းစာကတစ်ဆင့် ယေဟောဝါ သင်ပေးတဲ့ အမှန်တရားတွေဟာ နားမလည်​နိုင်​လောက်အောင် မ​ခက်​ပါ​ဘူး။ နောက်ဆောင်းပါးမှာ နက်နဲတဲ့ ကျမ်းစာ အမှန်တရား​တစ်ခု သုံးသပ်​သွားမယ်။ ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာမှာ ပေါလု ဖော်ပြတဲ့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်​အကြောင်းပါ။ အဲဒီ​အကြောင်း လေ့လာရင်း ပျော်မွေ့နိုင်​ကြ​ပါ​စေ။

LA 94 နှုတ်မြွက်တော် ကျမ်းစာ​အတွက် ကျေးဇူးတင်

a ကျမ်းစာ လေ့လာတာက ကျွန်တော်တို့ကို တစ်သက်လုံး ပျော်ရွှင်စေတယ်၊ အကျိုး​ရှိစေတယ်၊ ကောင်းကင်ဘုံစံ ဖခင်နဲ့ ရင်းနှီးစေတယ်။ ဘုရားသခင့် စကားတော်​ရဲ့ “အလျား၊ အနံ၊ အမြင့်၊ အနက်တွေကို” ဘယ်လို လေ့လာ​နိုင်တယ်​ဆိုတာ ဒီဆောင်းပါးမှာ သိရပါမယ်။

b ၂၀၂၂၊ ဇူလိုင် ကင်းမျှော်စင်သင့်​အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်​ပြုချက်” ဆောင်းပါးကို ကြည့်ပါ။

c မဝေးတော့​တဲ့ အနာဂတ်မှာ ကြုံရမယ့် တုန်လှုပ်ဖွယ် ဖြစ်ရပ်တွေ​အတွက် ကြိုတင်​ပြင်ဆင်နိုင်ပုံ​အကြောင်း ဘုရားသခင့်​နိုင်ငံတော် စိုးစံပြီ စာအုပ် စာ. ၂၃၀ မှာ ကြည့်ပါ။