Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 45

Jehovah ii Etsakna Biakinna Biakpiak Theihna Manphasa In

Jehovah ii Etsakna Biakinna Biakpiak Theihna Manphasa In

“Van le lei, tuinak le tuipite a bawlpa hong bia ta un.”—MAANG. 14:7.

LA 93 အစည်းအဝေးတွေကို ကောင်းချီးပေးပါ

အကြို​သုံးသပ်ချက် a

1. Vantungmi in bang gen a hiam? Koi banga i ngaihsut ding kisam a hiam?

 ကောင်းကင်တမန် တစ်ခုခု လာ​ပြောတယ်​ဆိုရင် နားထောင်​မ​လား။ ဒီနေ့၊ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့ လူတွေ၊ လူစုတွေကို” ကောင်းကင်တမန်​တစ်ပါး ပြော​နေတယ်။ ‘ဘုရားသခင်ကို ကြောက်ရွံ့​ရိုသေပြီး ဘုန်းတော်​ကို ချီးမွမ်းကြ​ဖို့၊ ကောင်းကင်၊ မြေကြီး ဖန်ဆင်းတဲ့အရှင်​ကို ကိုးကွယ်​ကြ​ဖို့’ ပါ။ (ဗျာ. ၁၄:၆၊ ၇) ယေဟောဝါဟာ လူတိုင်း ဝတ်ပြု​ကိုးကွယ်​သင့်​တဲ့ တစ်ဆူတည်း​သော ဘုရားစစ် ဘုရားမှန် ဖြစ်တယ်။ ဒီလို​ဘုရား​မျိုးကို ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့် ရတာ ကျေးဇူး​တင်စရာ​ပဲ။

2. Jehovah ii etsakna biakinn cih in bang a hiam? (“ Etsakna Biakinn Cih In Bang Hi Lo A Hiam?” Kiu li bawm zong en in.)

ပုံဆောင် ဗိမာန်တော်​ဆိုတာ ဘာလဲ။ အသေးစိတ် ဘယ်မှာ ရှင်းပြထား​သလဲ။ ပုံဆောင် ဗိမာန်တော်​ဆိုတာ ပကတိ အဆောက်အအုံ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်ပြု​နိုင်အောင် ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ပါ။ ယုဒပြည်​က ပထမရာစု ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု ဒီအကြောင်း ရှင်းပြထားတယ်။ b

3-4. Judea gam a Hebru Khristian-te tawh kisai-in Paul in bang lunghihmawhpih a hiam? Koi bangin huh a hiam?

ယုဒပြည်​က ဟီဘရူး ခရစ်ယာန်တွေ​ဆီ ပေါလု ဘာကြောင့် စာရေး​သလဲ။ အကြောင်းရင်း နှစ်ခု​ကြောင့် ဖြစ်နိုင်တယ်။ ပထမ၊ အားပေးချင်လို့။ ခရစ်ယာန် အများစုဟာ ဂျူး​ဘာသာ​ကနေ ပြောင်း​လာကြတာ။ ခရစ်ယာန် ဖြစ်သွား​လို့​ဆိုပြီး ဂျူးဘာသာရေး ခေါင်းဆောင်တွေ သရော်​နိုင်တယ်။ ဘာကြောင့်လဲ။ ခရစ်ယာန်တွေ​မှာ သွား​ဝတ်ပြု​စ​ရာ ဗိမာန်တော် မရှိဘူး။ ပူဇော်သက္ကာ ဆက်သ​ဖို့ ပလ္လင် မရှိဘူး။ ဆက်သ​ပေးမယ့် ပုရောဟိတ် မရှိဘူး။ ဒါကြောင့် စိတ်အားငယ်​လာနိုင်တယ်။ ယုံကြည်ခြင်း အားနည်း​လာနိုင်တယ်။ (ဟီ. ၂:၁။ ၃:၁၂၊ ၁၄) ဂျူး​ဘာသာ​ထဲ ပြန်ဝင်ဖို့​တောင် တချို့ စဉ်းစားနိုင်တယ်။

ဒုတိယ၊ ‘အစာ​မာ’ နဲ့ တူတဲ့ ကျမ်းစာ သွန်သင်ချက် အသစ်တွေ၊ နက်နဲတဲ့ ကျမ်းစာ သွန်သင်ချက်တွေ နားလည်ဖို့ ဟီဘရူး ခရစ်ယာန်တွေ မကြိုးစား​ကြ​တာကို ထောက်ပြ​ချင်လို့။ (ဟီ. ၅:၁၁-၁၄) တချို့ဆိုရင် မောရှေ​ပညတ် လိုက်နာ​နေကြတုန်း​ပဲ။ ပညတ်တရား တောင်းဆိုတဲ့ ပူဇော်သက္ကာတွေ​က အပြစ်ကို အကုန်အစင် ချေဖျက်​မပေးနိုင်​လို့ ပညတ်တရား “ဖယ်ရှား​ခံခဲ့ရ” တဲ့​အကြောင်း ပေါလု ရှင်းပြတယ်။ အဲဒီနောက် နက်နဲတဲ့ ကျမ်းစာ အမှန်တရား​တချို့ သင်ပေးတယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို အခြေခံတဲ့ “သာလွန်​တဲ့ မျှော်လင့်ချက်” အကြောင်း ပြန်သတိပေးတယ်။ အဲဒီ​ပူဇော်သက္ကာ​က​မှ ဘုရားနဲ့ တကယ် “ရင်းနှီး​လာ” စေ​မှာ။—ဟီ. ၇:၁၈၊ ၁၉

5. Hebru laibu pan bang thu i tel ding kisam a hiam? Bang hang hiam?

ဂျူး​ဝတ်ပြုမှု ပုံစံ​ထက် ခရစ်ယာန် ဝတ်ပြုမှု ပုံစံ ဘာကြောင့် ပိုသာ​ကြောင်း ဟီဘရူး ခရစ်ယာန်တွေကို ပေါလု ဆက်​ရှင်းပြတယ်။ ဂျူး​ဝတ်ပြုမှု ပုံစံ​ဟာ “နောင်လာမယ့် အရာတွေရဲ့ အရိပ်​ပဲ။ ကိုယ်ထည် အစစ်အမှန်​ကတော့ ခရစ်တော် ဖြစ်တယ်။” (ကော. ၂:၁၇) အရိပ်​ဆိုတာ အကောင်အထည် ဘာ​ပုံစံ ရှိသလဲ ရေး​တေး​တေး မြင်နေရတာ။ အကောင်အထည် မဟုတ်ဘူး။ အဲဒီလိုပဲ ဂျူး​ဝတ်ပြုမှု ပုံစံ​ဟာ အရိပ် ဖြစ်တယ်။ ပို​ထင်ရှား​ပီပြင်တဲ့ ဝတ်ပြုမှု ပုံစံ လာ​ဦးမယ်။ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ ယေဟောဝါ ပြင်ဆင်ပေးတဲ့ အစီအစဉ်ကို နားလည်​ရမယ်။ ဒါမှ ဘုရား နှစ်သက်လက်ခံတဲ့ နည်းနဲ့ ဝတ်​ပြုနိုင်မှာ။ “အရိပ်” (ဂျူး​ဝတ်ပြုမှု ပုံစံ) နဲ့ “ကိုယ်ထည် အစစ်အမှန်” (ခရစ်ယာန် ဝတ်ပြုမှု ပုံစံ) အကြောင်း ဟီဘရူး​ကျမ်းမှာ ရှင်းပြ​ထားတာ လေ့လာ​ကြရအောင်။ ပုံဆောင် ဗိမာန်တော်​အကြောင်း၊ ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်ကြောင်း ပိုသိလာမယ်။

BIAKBUK

6. Biakbuk koi bangin zang uh a hiam?

အရိပ်။ ဘီစီ ၁၅၁၂ မှာ မောရှေ ဆောက်တဲ့ တဲတော်​ကို အခြေခံပြီး ပေါလု ရှင်းပြတယ်။ (“အရိပ်—ကိုယ်ထည် အစစ်အမှန်” ဇယားကို ကြည့်ပါ။) “တွေ့ဆုံ​ရာ​တဲတော်” မှာ အစ္စရေးတွေ စုဝေး​ဝတ်ပြုကြတယ်။ ပူဇော်သက္ကာတွေ ဆက်သ​ကြတယ်။ (ထွ. ၂၉:၄၃-၄၆) တောထဲမှာ တစ်နေရာပြီး တစ်နေရာ ပြောင်းတိုင်း တဲတော်​ကို သယ်သွားကြတယ်။ ဂျေရုဆလင်​မြို့မှာ ဗိမာန်တော် အတည်တကျ ရှိ​မလာခင်​အထိ အနှစ် ၅၀၀ နီးပါး သုံးကြတယ်။ (ထွ. ၂၅:၈၊ ၉။ တော. ၉:၂၂) တဲတော်​ဟာ ခရစ်ယာန်တွေ​အတွက် ရှိလာမယ့် ပိုကောင်းတဲ့ အရာကို ကိုယ်စားပြုတယ်။

7. Etsakna biakinn bang hun a kipan hong om a hiam?

ကိုယ်ထည် အစစ်အမှန်။ တဲတော်​ဟာ “ကောင်းကင်နဲ့​ဆိုင်တဲ့ အရာတွေရဲ့ အရိပ်” ဖြစ်တယ်။ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်ကို ကိုယ်စားပြုတယ်။ “အဲဒီ​တဲတော်​ဟာ လက်ရှိ​အချိန်​အတွက် ပုံဥပမာ​ပဲ” လို့ ပေါလု ပြောတယ်။ (ဟီ. ၈:၅။ ၉:၉) ဒါကြောင့် ဟီဘရူး ခရစ်ယာန်တွေ​ဆီ စာရေးတဲ့ အချိန်မှာ ပုံဆောင် ဗိမာန်တော် ရှိနေပြီ။ အေဒီ ၂၉ မှာ စ​ရှိလာတာ။ အဲဒီ​နှစ်မှာ ယေရှု နှစ်ခြင်းခံတယ်။ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ ပုံဆောင် ဗိမာန်တော်မှာ “မ​ဟာ​ပုရောဟိတ်မင်း” အဖြစ် စ​အမှုဆောင်တယ်။ cဟီ. ၄:၁၄။ တ. ၁၀:၃၇၊ ၃၈

SIAMPI LIANPEN

8-9. Hebru 7:23-27-a a gen bangin, siampi lianpen dangte le Siampi Lianpen Jesuh ii kibat lohna bang a hiam?

အရိပ်။ ပုရောဟိတ်မင်းဟာ ဘုရားရှေ့မှာ လူအများ​ကိုယ်စား ဆောင်ရွက်ပေး​ရသူ ဖြစ်တယ်။ တဲတော် ဆက်ကပ်အပ်နှံချိန်မှာ ဦးဆုံး အစ္စရေး ပုရောဟိတ်မင်း​အဖြစ် အာရုန်​ကို ယေဟောဝါ ခန့်​တယ်။ ဒါပေမဲ့ “ပုရောဟိတ်တွေက သေဆုံးသွားတဲ့​အတွက် ပုရောဟိတ်​တာဝန်ကို ဆက်​ထမ်းဆောင်​လို့ မရဘူး။ နောက်တစ်ယောက်က သူ့တာဝန်ကို ဆက်ခံပြီး အမှုဆောင်​ရတယ်” လို့ ပေါလု ပြောတယ်။ d (ဟီဘရူး ၇:၂၃-၂၇ ကို ဖတ်ပါ။) ဒါ့အပြင် မစုံလင်ကြလို့ ကိုယ်တိုင်ရဲ့ အပြစ်အတွက်​လည်း ပူဇော်သက္ကာ ဆက်သ​ကြရတယ်။ အစ္စရေး ပုရောဟိတ်မင်း​တွေ​နဲ့ မ​ဟာ​ပုရောဟိတ်မင်း ယေရှုခရစ် သိသိသာသာ ကွာသွားတာ အဲဒါ​ပဲ။

ကိုယ်ထည် အစစ်အမှန်။ ပုရောဟိတ်မင်း ယေရှုခရစ်ဟာ ‘လူတွေ မဆောက်ဘဲ ယေဟောဝါ တည်ဆောက်တဲ့ စစ်မှန်တဲ့ တဲတော်​မှာ အမှုဆောင်​နေတယ်။’ (ဟီ. ၈:၁၊ ၂) “ထာဝစဉ် အသက်ရှင်​နေတဲ့အတွက် သူ့ရဲ့ ပုရောဟိတ်​တာဝန်ကို ဆက်ခံမယ့်​သူ မလိုဘူး” လို့ ပေါလု ရှင်းပြတယ်။ “အညစ်အကြေး ကင်းစင်​သူ၊ အပြစ်သားတွေနဲ့ လုံးဝ မတူတဲ့သူ” ဖြစ်လို့ အစ္စရေး ပုရောဟိတ်မင်း​တွေ​လို ကိုယ်တိုင်ရဲ့ အပြစ်အတွက် အပြစ်ဖြေရာ ပူဇော်သက္ကာကို နေ့စဉ် ဆက်သ​စ​ရာ မလိုဘူး။ ဂျူး​ဝတ်ပြုမှု ပုံစံနဲ့ ခရစ်ယာန် ဝတ်ပြုမှု ပုံစံမှာ ပါတဲ့ ပူဇော်ရာ​ပလ္လင်၊ ပူဇော်သက္ကာတွေ ဘာကွာသလဲ လေ့လာ​ကြရအောင်။

BIAKNA TAU LE BIAKPIAKNA

10. Sumngo biakna tau-ah biakpiaknate a kipiak denna in bang pen lakkhia a hiam?

၁၀ အရိပ်။ တဲတော်​ဝင်ပေါက် အပြင်ဘက်မှာ တိရစ္ဆာန် ပူဇော်သက္ကာ ဆက်သ​ဖို့ ကြေးနီ ပူဇော်ရာ​ပလ္လင် ရှိတယ်။ (ထွ. ၂၇:၁၊ ၂။ ၄၀:၂၉) ဒါပေမဲ့ အဲဒီ​ပူဇော်သက္ကာတွေ​က အပြစ်ကို အကုန်အစင် ချေဖျက်​မပေးနိုင်ဘူး။ (ဟီ. ၁၀:၁-၄) တဲတော်​မှာ တိရစ္ဆာန် ပူဇော်သက္ကာ မပြတ် ဆက်​သနေ​ရတာက အပြစ်တွေ အကုန်အစင် ချေဖျက်​ပေးနိုင်တဲ့ ပူဇော်သက္ကာ လိုနေမှန်း ပြတယ်။

11. Koi biakna tau-ah Jesuh amah le amah kipiakhia a hiam? (Hebru 10:5-7, 10)

၁၁ ကိုယ်ထည် အစစ်အမှန်။ လူတွေ​အတွက် ရွေးဖိုး ပူဇော်သက္ကာ​အဖြစ် အသက်​စွန့်ဖို့ မြေကြီးပေါ် ယေဟောဝါ စေလွှတ်​လိုက်​မှန်း ယေရှု သိတယ်။ (မ. ၂၀:၂၈) ဒါကြောင့် “အလိုတော်” အတိုင်း လုပ်ပါ့မယ်​ဆိုပြီး နှစ်ခြင်းခံချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဆက်သ​တယ်။ (ယော. ၆:၃၈။ ဂလ. ၁:၄) ပကတိ ပူဇော်ရာ​ပလ္လင်​မှာ မဟုတ်ဘဲ ဘုရား “အလိုတော်” ဆိုတဲ့ ပုံဆောင် ပူဇော်ရာ​ပလ္လင်​မှာ ကိုယ့်​အသက်ကို “တစ်ကြိမ်တည်း​အပြီး” ပူဇော်တယ်။ မိမိကို ယုံကြည်သက်ဝင်သူတိုင်း အပြစ်တွေ အပြီး​တိုင် ချေဖျက်​ခံရဖို့​ပါ။ (ဟီဘရူး ၁၀:၅-၇၊ ၁၀ ကို ဖတ်ပါ။) အခု၊ တဲတော် အတွင်းပိုင်း​မှာ ရှိတဲ့​အရာတွေ ဘာကို ကိုယ်စားပြု​သလဲ လေ့လာ​ကြရအောင်။

SIANGTHO MUN LE SIANGTHO PEN MUN

12. Siangtho Mun sungah kua in lut khuan nei a hiam? Siangtho Pen Mun sungah kua in lut khuan nei a hiam?

၁၂ အရိပ်။ တဲတော်​နဲ့ နောက်ပိုင်း၊ ဂျေရုဆလင်​မြို့မှာ ဆောက်တဲ့ ဗိမာန်တော်တွေ​ဟာ အတွင်းပိုင်း တော်တော် ဆင်တယ်။ “သန့်ရှင်း​ရာ​အခန်း” နဲ့ “အသန့်ရှင်းဆုံး​အခန်း” ဆိုတဲ့ အခန်း​နှစ်ခန်း​ကို ကန့်လန့်ကာ​နဲ့ ခြား​ထားတယ်။ (ဟီ. ၉:၂-၅။ ထွ. ၂၆:၃၁-၃၃) သန့်ရှင်း​ရာ​အခန်း​မှာ ရွှေ​ဆီ​မီးတိုင်၊ နံ့သာပေါင်း မီးရှို့ရာ​ပလ္လင်​နဲ့ ရှေ့တော်​မုန့် စားပွဲ ရှိတယ်။ “ဘိသိက်ခံ ပုရောဟိတ်တွေ” ပဲ “ပုရောဟိတ်​တာဝန် ထမ်းဆောင်” ဖို့ သန့်ရှင်း​ရာ​အခန်းထဲ ဝင်ခွင့် ရှိတယ်။ (တော. ၃:၃၊ ၇၊ ၁၀) အသန့်ရှင်းဆုံး​အခန်း​မှာ ရွှေ​ချထားတဲ့ ပဋိညာဉ်သေတ္တာ ရှိတယ်။ ယေဟောဝါ ရောက်ရှိ​နေခြင်း​ကို ကိုယ်စားပြုတယ်။ (ထွ. ၂၅:၂၁၊ ၂၂) တစ်နှစ် တစ်ကြိမ် အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်း​ပဲ ကန့်လန့်ကာ ဖြတ်ပြီး အသန့်ရှင်းဆုံး​အခန်းထဲ ဝင်ခွင့် ရှိတယ်။ (ဝတ်. ၁၆:၂၊ ၁၇) ကိုယ်တိုင်နဲ့ အစ္စရေး​တစ်မျိုးလုံး​ရဲ့ အပြစ်အတွက် အပြစ်ဖြေဖို့ တိရစ္ဆာန်​သွေးကို ယူပြီး နှစ်တိုင်း ဝင်​ရတယ်။ ဒါတွေ ဘာကို ကိုယ်စားပြုတယ်​ဆိုတာ စွမ်းအားတော် သုံးပြီး ယေဟောဝါ ရှင်းပြတယ်။—ဟီ. ၉:၆-၈

13. Siangtho Mun le Siangtho Pen Mun in bang etsakna hi a hiam?

၁၃ ကိုယ်ထည် အစစ်အမှန်။ အရေအတွက် ၁၄၄,၀၀၀ ကန့်သတ်ထားတဲ့ ခရစ်တော်​နောက်လိုက်တွေ​ဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ယေဟောဝါနဲ့ အထူး​ဆက်ဆံရေး ရှိလာကြတယ်။ ယေရှုနဲ့​အတူ ကောင်းကင်မှာ ပုရောဟိတ်တွေ​အဖြစ် အမှုဆောင်​ကြရမယ်။ (ဗျာ. ၁:၆။ ၁၄:၁) မြေကြီးပေါ်မှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဘုရား​သားတွေ​အဖြစ် မွေးစား​ခံရတဲ့ အခြေအနေကို တဲတော်​ရဲ့ သန့်ရှင်း​ရာ​အခန်း​က ကိုယ်စားပြုတယ်။ (ရော. ၈:၁၅-၁၇) ယေဟောဝါ စံမြန်းတဲ့ ကောင်းကင်ကို အသန့်ရှင်းဆုံး​အခန်း​က ကိုယ်စားပြုတယ်။ သန့်ရှင်း​ရာ​အခန်းနဲ့ အသန့်ရှင်းဆုံး​အခန်းကို “ကန့်လန့်ကာ” ကာ​ထား​သလိုပဲ ကောင်းကင် သွား​လို့ မရအောင် ယေရှုရဲ့ သွေးသား ကိုယ်ခန္ဓာ​က ကာဆီးထားတယ်။ လူတွေ​အတွက် ပူဇော်သက္ကာ​အဖြစ် သွေးသား ကိုယ်ခန္ဓာ စွန့်​လိုက်တော့​မှ​ပဲ ပုံဆောင် ဗိမာန်တော်ရဲ့ မ​ဟာ​ပုရောဟိတ်မင်း​အဖြစ် ကောင်းကင် သွား​လို့ ရသွားတယ်။ ဘိသိက်ခံ ခရစ်ယာန်​အားလုံး ကောင်းကင် တက်ဖို့ လမ်းပွင့်သွားတယ်။ ဘိသိက်ခံတွေ​လည်း ကောင်းကင် ဆုကျေးဇူး ရဖို့ သွေးသား ကိုယ်ခန္ဓာ စွန့်​ရမယ်။ (ဟီ. ၁၀:၁၉၊ ၂၀။ ၁ ကော. ၁၅:၅၀) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပုံဆောင် ဗိမာန်တော်ရဲ့ အသန့်ရှင်းဆုံး​အခန်းထဲ ဝင်သွားတယ်။ အဲဒီမှာ ဘိသိက်ခံ​အားလုံး ယေရှုနဲ့ သွား​ဆုံ​ကြ​မယ်။

14. Hebru 9:12, 24-26-a a gen bangin, etsakna biakinn biakpiakna pen tanglai Israel biakpiakna sangin bang hangin hoihzaw a hiam?

၁၄ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ ပုရောဟိတ်မင်း​အဖြစ် တာဝန် ထမ်းဆောင်​နေ​မှု​ဟာ စင်ကြယ်တဲ့ ဝတ်ပြုရေး​အတွက် အခြေခံ​ပဲ။ ဒီ​အစီအစဉ် ဘာကြောင့် ပိုသာ​ကြောင်း ရှင်းရှင်းလင်းလင်း တွေ့နိုင်တယ်။ အစ္စရေး ပုရောဟိတ်မင်းဟာ တိရစ္ဆာန်​သွေးကို ယူပြီး လူတွေ ဆောက်တဲ့ အသန့်ရှင်းဆုံး​အခန်းထဲ ဝင်တယ်။ ယေရှုကတော့ အသန့်ရှင်းတကာ့ အသန့်ရှင်းဆုံး နေရာ ဖြစ်တဲ့ “ကောင်းကင်” ကို ဝင်တယ်။ ယေဟောဝါ​ရှေ့ ရောက်တော့ စုံလင်တဲ့ လူသား​အသက် တန်ဖိုးကို ဆက်သ​တယ်။ စုံလင်တဲ့ လူသား​အသက် တန်ဖိုး​ဆိုတာ မြေကြီးပေါ်မှာ စုံလင်တဲ့ လူသား​တစ်ယောက်အနေနဲ့ နေထိုင်ခွင့်​ကို ဆိုလိုတယ်။ ကျွန်တော်တို့ရဲ့ “အပြစ်တွေကို ဖယ်ရှား” ဖို့ အဲဒီ​အခွင့်ကို ယေရှု စွန့်လွှတ်​လိုက်တယ်။ (ဟီဘရူး ၉:၁၂၊ ၂၄-၂၆ ကို ဖတ်ပါ။) ယေရှုရဲ့ ရွေးဖိုး​ကြောင့် ကျွန်တော်တို့ အပြစ်တွေ အပြီး​တိုင် ခွင့်လွှတ်​ခံရတယ်။ ကောင်းကင် မျှော်လင့်ချက် ရှိသူ ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ ဖြစ်စေ ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြု​နိုင်တယ်။ ဒီအကြောင်း ဆက်​လေ့လာ​ရအောင်။

INNTUALTE

15. Biakbuk inntualah kua te’n nasem uh a hiam?

၁၅ အရိပ်။ တဲတော်​မှာ ဝင်းခတ်​ထားတဲ့ ရင်ပြင်​တစ်ခု ရှိတယ်။ အဲဒီမှာ ပုရောဟိတ်တွေ တာဝန် ထမ်းဆောင်​ကြတယ်။ မီးရှို့​ပူဇော်ရာ​တွေ ဆက်သ​ဖို့ ကြေးနီ​ပလ္လင်​ကြီး ရှိတယ်။ မြင့်မြတ်တဲ့ ပုရောဟိတ်​တာဝန် မထမ်းဆောင်ခင် ခြေလက်ဆေးဖို့ ကြေးနီ​အင်တုံ ရှိတယ်။ (ထွ. ၃၀:၁၇-၂၀။ ၄၀:၆-၈) နောက်ပိုင်း ဆောက်တဲ့ ဗိမာန်တော်တွေ​မှာတော့ အပြင်ရင်ပြင် ပါလာတယ်။ အဲဒီမှာ ပုရောဟိတ် မဟုတ်​သူ​တွေ ယေဟောဝါကို လာ​ဝတ်ပြု​နိုင်​ကြတယ်။

16. Etsakna biakinn tual khat ciatah kua te’n nasem uh a hiam?

၁၆ ကိုယ်ထည် အစစ်အမှန်။ တဲတော်​နဲ့ ဗိမာန်တော်တွေ​မှာ သုံးတဲ့ ကြေးနီ​အင်တုံ​ဟာ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းနေဖို့ ခရစ်ယာန် ယောက်တိုင်း​အတွက် အရေးကြီး သတိပေးချက်​ပါပဲ။ ဘိသိက်ခံ ခရစ်ယာန်တွေဟာ ယေရှုနဲ့​အတူ ကောင်းကင်မှာ ပုရောဟိတ်​အဖြစ် သွား​အမှု​မဆောင်ခင် မြေကြီးပေါ်မှာ သစ္စာရှိရှိ အမှုဆောင်ကြတယ်။ ပုံဆောင် ဗိမာန်တော် အတွင်းရင်ပြင်​မှာ အမှုဆောင်​ကြ​တာ။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို သစ္စာရှိရှိ ထောက်မ​နေတဲ့ “လူအုပ်ကြီး” လည်း ‘ရာဇပလ္လင်​ရှေ့မှာ ရပ်​နေပြီး’ “ဗိမာန်တော်မှာ ဘုရားသခင်​အတွက် နေ့​ည​မပြတ် အမှုဆောင်နေကြ” တယ်လို့ တမန်တော် ယောဟန် ပြောတယ်။ ဗိမာန်တော်ရဲ့ ဘယ်နေရာမှာ​လဲ။ အပြင်ရင်ပြင်​မှာ​ပါ။ (ဗျာ. ၇:၉၊ ၁၃-၁၅) ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုခွင့် ရတာ ကျေးဇူးတင်စရာပါပဲ။

JEHOVAH BIAK THEIHNA

17. Jehovah tungah bang biakpiaknate kipia thei a hiam?

၁၇ ခရစ်ယာန်​ယောက်တိုင်း ကိုယ့်​အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ သုံးပြီး အမှုဆောင်ခြင်းအားဖြင့် ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သ​ခွင့် ရထားကြတယ်။ ‘ဘုရားသခင်ရဲ့ နာမည်ကို လူအများ သိအောင် နှုတ်နဲ့ [အမြဲ] ချီးမွမ်း’ နိုင်​ကြတယ်။ “အဲဒီလို​ချီးမွမ်း​တာက ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သ​တာ​နဲ့ တူတယ်” လို့ ဟီဘရူး ခရစ်ယာန်တွေကို တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၃:၁၅) ကိုယ့်ရဲ့ အကောင်းဆုံးကို ပေးခြင်းအားဖြင့် ယေဟောဝါကို ဝတ်ပြု​ရတဲ့ အခွင့်ထူး​ကို တန်ဖိုးထားကြောင်း ပြနိုင်တယ်။

18. Hebru 10:22-25-a a gen, i pelh loh ding thu le i mangngilh loh ding thu in bangteng a hiam?

၁၈ ဟီဘရူး ၁၀:၂၂-၂၅ ကို ဖတ်ပါ။ ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာ​အဆုံးမှာ ကျွန်တော်တို့ လျစ်လျူမရှု​သင့်​တဲ့ ဝတ်ပြုမှု ကဏ္ဍ​အမျိုးမျိုးကို ပေါလု ဖော်ပြထားတယ်။ ဘုရားဆီ ဆုတောင်းတာ၊ ကိုယ့်​မျှော်လင့်ချက်​အကြောင်း တခြားသူတွေကို ပြောပြတာ၊ အစည်းအဝေးမှာ အတူတူ စုဝေး​တာ၊ “ဘုရားသခင်ရဲ့ နေ့ရက် နီး​လာ” လို့ အချင်းချင်း အားပေးတာ​တွေ ပါတယ်။ ဗျာဒိတ်​ကျမ်း အဆုံးမှာ “ဘုရားသခင်ကို​သာ ကိုးကွယ်​ပါ” လို့ ကောင်းကင်တမန် ပြောတယ်။ လေးနက်စေချင်လို့ နှစ်ကြိမ်​တောင် ပြော​ထားတာ။ (ဗျာ. ၁၉:၁၀။ ၂၂:၉) ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်​အကြောင်း၊ ဒီ​ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြု​ရတဲ့ အခွင့်ထူး​အကြောင်း လေ့လာခဲ့​တာ​တွေ​ကို ဘယ်တော့မှ မမေ့ပါနဲ့။

LA 88 ကိုယ်တော့်လမ်းစဉ်တွေအကြောင်း သိနားလည်စေပါ

a ကျမ်းစာမှာ ပါတဲ့ နက်နဲတဲ့ သွန်သင်ချက်​တစ်ခုကတော့ ယေဟောဝါရဲ့ ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်​အကြောင်းပါ။ အဲဒီ​ဗိမာန်တော်​နဲ့ပတ်သက်ပြီး ဟီဘရူး​ကျမ်းမှာ ပါတဲ့ အသေးစိတ် အချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးထားတယ်။ ဒီဆောင်းပါးကို လေ့လာတဲ့အခါ ယေဟောဝါကို ဝတ်ပြုခွင့်​အတွက် ပို​ကျေးဇူးတင်​လေးမြတ်​လာ​ပါလိမ့်မယ်။

b ဟီဘရူး​ကျမ်း​အကြောင်း အကျဉ်းချုပ် သိနိုင်ဖို့ ဟီဘရူး​ကျမ်း နိဒါန်း ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

c ခရစ်ယာန် ဂရိ ကျမ်းစောင်တွေထဲက ဟီဘရူး​ကျမ်းမှာပဲ ယေရှုကို ပုရောဟိတ်မင်း​အဖြစ် ရည်ညွှန်း​ထားတယ်။

d ဂျေရုဆလင်​မြို့ ဗိမာန်တော် ဖျက်ဆီး​ခံရတဲ့ အေဒီ ၇၀၊ အစ္စရေး​ပြည်မှာ ပုရောဟိတ်မင်း ၈၄ ယောက်​အထိ ရှိနိုင်တယ်လို့ အကိုးအကား စာအုပ်​တစ်အုပ်​က ဖော်ပြတယ်။