မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြံပြုလွှာ

လေ့လာစရာ အကြံပြုလွှာ

နားလည်မှု ပြုပြင်ထားတာတွေကို နောက်ဆုံး ရှင်းပြချက်နဲ့အညီ သိအောင် လုပ်ပါ

ကျမ်းစာကို နားလည်သည်ထက် နားလည်အောင် ယေဟောဝါ ဖော်ပြတဲ့ အချိန်မှာ အသက်ရှင်နေရတာ စိတ်လှုပ်ရှားစရာပါပဲ။ (ဒံ. ၁၂:၄) ဒါပေမဲ့ နောက်ဆုံး ရှင်းပြချက်နဲ့အညီ နားလည်ဖို့ ခက်နိုင်တယ်။ နားလည်မှု ပြောင်းထားတာတွေ၊ ရှင်းပြထားတာတွေကို ဘယ်မှာ တွေ့နိုင်မလဲ။

ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ်မှာ ခေါင်းစဉ်အလိုက် စီထားတဲ့ စာရင်းတို ရှိတယ်။ “ယေဟောဝါသက်သေများ” ခေါင်းစဉ်၊ “ယူဆချက်များနဲ့ ယုံကြည်ချက်များ” အောက်က “ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်နဲ့ပတ်သက်တဲ့ ရှင်းပြချက်” မှာ ကြည့်ပါ။ ကင်းမျှော်စင် စာကြည့်တိုက် ဒါမှမဟုတ် ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက် ရဲ့ ရှာဖွေရန် အကွက်မှာ (မျက်တောင် အဖွင့်အပိတ် အပါအဝင်) “ပိုရှင်းလင်းလာတဲ့ ယုံကြည်ချက်များ” လို့ ရိုက်ထည့်ပါ။

မကြာသေးခင်ကမှ ပြုပြင်လိုက်တဲ့ နားလည်မှုအကြောင်း ကိုယ်ပိုင်လေ့လာမှုမှာ လေ့လာပါ။ လက်ရှိ ဘယ်လို နားလည်သလဲ၊ နားလည်မှု ဘာကြောင့် ပြောင်းလိုက်သလဲ ရှာဖွေကြည့်ပါ။