Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 48

Haksat Hun Nangawnah Lungmuanna Kinei Thei

Haksat Hun Nangawnah Lungmuanna Kinei Thei

“Tu-in note kuamah lungkia kei un. Note tawh hong omkhawm ka hih manin nasep kipan un.”—HAG. 2:4.

LA 118 ‘ယုံကြည်ခြင်း တိုးများစေပါ’

အကြို​သုံးသပ်ချက် a

1-2. Jerusalem a ciahkik Jew mite le i dinmun a kibatna bang a hiam? (“ Haggai, Zekhariah, Ezra hun” cih kiu li bawm en in.)

 တစ်ခါတလေ ရှေ့ရေး တွေးပူ​မိ​သ​လား။ အလုပ်ပြုတ်​သွား​လို့ မိသားစုကို ဘယ်လို ရှာကျွေး​ရမလဲ စိုးရိမ်​နေနိုင်တယ်။ နိုင်ငံရေး မတည်ငြိမ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရ​မှု​ကြောင့် မိသားစု ဘေးကင်းရေး စိတ်ပူ​နေနိုင်တယ်။ ဒီလို​အခက်အခဲတွေ ရှေးခေတ် အစ္စရေးလူမျိုး ကြုံရချိန်မှာ ယေဟောဝါ​ဘုရား ဘယ်လို ကူညီပေးကြောင်း သုံးသပ်တဲ့အခါ အားရှိ​လာမယ်။

တစ်သက်လုံး ဗာဗုလုန်​ပြည်မှာ​ပဲ နေ​လာတဲ့ ဂျူး​အများစုဟာ ဂျေရုဆလင်​မြို့​အထာ မသိကြဘူး။ အိုးအိမ်​စည်းစိမ် ထားခဲ့ပြီး အထာ မသိတဲ့ ဒေသ ပြောင်း​လာဖို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ ရောက်လာတော့ အလုပ်အကိုင် အခြေ​မကျတာ၊ နိုင်ငံရေး မတည်ငြိမ်​တာ၊ အတိုက်အခံ လုပ်ခံရတာနဲ့ တော်တော် ဒုက္ခရောက်ကြတယ်။ ယေဟောဝါရဲ့ ဗိမာန်တော် ပြန်​ဆောက်တဲ့ လုပ်ငန်းမှာ အာရုံစိုက်ဖို့ တချို့အတွက် ခက်တယ်။ ဒါကြောင့် သူတို့ကို အားသစ်လောင်း​ပေးဖို့ ဘီစီ ၅၂၀ လောက်​မှာ ပရောဖက် ဟဂ္ဂဲနဲ့ ဇာခရိ​ကို ယေဟောဝါ တာဝန်ပေးတယ်။ (ဟဂ္ဂဲ ၁:၁။ ဇာ. ၁:၁) ပရောဖက်တွေ အားပေးတာ တော်တော်လေး အလုပ်​ဖြစ်တယ်။ ဒါပေမဲ့ နောက်​အနှစ် ၅၀ နီးပါး​အကြာမှာ ပြည်တော်ပြန် ဂျူးတွေ အားလျော့​လာကြ​ပြန်​တယ်။ ဒါနဲ့ စစ်မှန်တဲ့ ဝတ်ပြုရေးကို ဦးစားထား​ကြ​ဖို့ ပညတ်​ကျမ်းကူးသူ ဧဇရ ဗာဗုလုန်​ကနေ ဂျေရုဆလင်​ကို ပြန်လာပြီး အားပေးတယ်။—ဧဇ. ၇:၁၊

3. Bang dotnate kikum ding i hiam? (Paunak 22:19)

ဟဂ္ဂဲနဲ့ ဇာခရိ​ရဲ့ ကြိုဟောချက်​တွေ​က ခက်ခဲချိန်မှာ ယေဟောဝါကို ဆက်ယုံကြည်​ကိုးစားဖို့ ရှေးခေတ် ဘုရား​လူမျိုးကို ကူညီ​ပေးသလို ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၂၂:၁၉ ကို ဖတ်ပါ။) ဟဂ္ဂဲနဲ့ ဇာခရိ ပြောတဲ့ ဘုရားရဲ့ သတင်းစကား၊ ဧဇရ​ရဲ့ စံနမူနာကို လေ့လာရင်း ဒီ​မေးခွန်းတွေ ဆွေးနွေး​ကြရအောင်– ထင်မထားတာတွေ ကြုံရလို့ ပြည်တော်ပြန် ဂျူးတွေ ဘယ်လို ဒုက္ခရောက်​ကြ​သလဲ။ ခက်ခဲချိန်မှာတောင် ဘုရား​အ​လို ဆောင်တာကို ကျွန်တော်တို့ ဘာကြောင့် ဆက်​အာရုံစိုက်သင့်​သလဲ။ အကျဉ်း​ထဲ အကျပ်​ထဲ ရောက်ချိန်​မှာ ယေဟောဝါကို ယုံကြည်​ကိုးစား​နေဖို့ ဘယ်လို လုပ်ရမလဲ။

LAMET LOH THUTE HANGIN A HONG CIAHKIK JEW MI TE’N HAKSATNA THUAK

4-5. Biakinn lamkikna-ah Jew mite bang hangin a thalawpna uh kiam hi ding a hiam?

ပြည်တော်ပြန် ဂျူးတွေ ဂျေရုဆလင် ရောက်တော့ လုပ်စရာတွေ​မှ တစ်ပုံကြီး​ပဲ။ မြန်မြန်ဆန်ဆန်​ပဲ ပူဇော်ရာ ပလ္လင် တည်​ကြတယ်။ ဗိမာန်တော် အုတ်မြစ် ချကြတယ်။ (ဧဇ. ၃:၁-၃၊ ၁၀) ဒါပေမဲ့ ခဏလေး​အတွင်းမှာ ဇွဲလျော့​သွားကြတယ်။ ဘာကြောင့်လဲ။ လုပ်စရာ​ဆို​လို့ ဗိမာန်တော် ဆောက်စရာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ နေ​မယ့် အိမ် ဆောက်ရတယ်။ စိုက်ပျိုး​ရတယ်။ မိသားစုကို ရှာကျွေး​ရတယ်။ (ဧဇ. ၂:၆၈၊ ၇၀) ဒီ​ကြားထဲ ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ရန်သူတွေ က​ဖျက်​ယ​ဖျက် လုပ်ကြတယ်။—ဧဇ. ၄:၁-၅

ငွေကြေး ကျပ်တည်း​လို့၊ နိုင်ငံရေး မတည်ငြိမ်​လို့လည်း ပြည်တော်ပြန် ဂျူးတွေ ဒုက္ခရောက်ကြတယ်။ အဲဒီအချိန်မှာ ဂျေရုဆလင်​ဟာ ပါးရှား အင်ပါယာ​အပိုင်။ ဘီစီ ၅၃၀ မှာ ပါးရှား ဘုရင် ဆိုင်းရပ် ကွယ်လွန်​တော့ နောက်​တက်တဲ့ ဘုရင် ကဲမ်ဘိုင်းဆစ္စက အီဂျစ်​ကို သိမ်းချင်​နေတယ်။ အီဂျစ်​ကို ချီတက်​တဲ့ လမ်းမှာ အစ္စရေး​နယ်မြေ​ကို စစ်သားတွေ ဖြတ်သွား​ကြတယ်။ စစ်သားတွေ အစာရေစာ၊ နေစရာ တောင်း​လို့ ဂျူးတွေ တစ်ပူပေါ် နှစ်ပူ ဆင့်သွား​နိုင်တယ်။ နောက်​တက်တဲ့ ဒါရိ​မင်း ၁ နန်းသက် အစပိုင်းမှာ​လည်း ဆူပူ​အုံကြွမှုတွေ အပြည့်​ပဲ။ ဒီ​အခြေအနေတွေ​ကြားမှာ မိသားစုကို ဘယ်လို ရှာကျွေး​ရမလဲ​ဆိုပြီး ပြည်တော်ပြန် ဂျူးတွေ စိုးရိမ်​မိ​ကြ​မှာ​ပဲ။ ဗိမာန်တော် ပြန်​ဆောက်ဖို့ အချိန်အခါကောင်း မဟုတ်ဘူးလို့ တချို့ ခံစားကြရတယ်။—ဟဂ္ဂဲ ၁:၂

6. Jew mi te’n adang bang haksatna tuak uh a hiam? Zekhariah in koi bangin tha pia a hiam? (Zekhariah 4:6, 7)

ဇာခရိ ၄:၆၊ ၇ ကို ဖတ်ပါ။ ငွေကြေး အခက်အခဲ၊ နိုင်ငံရေး မတည်ငြိမ်မှု​အပြင် ဆန့်ကျင်မှု​လည်း ဂျူးတွေ ကြုံကြရတယ်။ ဘီစီ ၅၂၂ မှာ ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ပိတ်ပင်​ဖို့ အစိုးရ​ကို ရန်သူတွေ သွေးထိုး​တာ အောင်မြင်​သွားတယ်။ ဒါပေမဲ့ တန်ခိုးကြီး စွမ်းအားတော် သုံးပြီး အခက်အခဲ​မှန်သမျှ ယေဟောဝါ ဖယ်ရှား​မယ်​လို့ ဂျူးတွေကို ဇာခရိ အားပေးတယ်။ တကယ်လည်း ဗိမာန်တော် ပြန်​ဆောက်တဲ့ လုပ်ငန်း ပိတ်ပင်​ထားတာကို ဘီစီ ၅၂၀ မှာ ဒါရိ​မင်း ရုပ်သိမ်းလိုက်တယ်။ ငွေကြေး ထောက်ပံ့​ပေးတယ်။ ဝိုင်းဝန်း​ထောက်မပေးဖို့ ဒေသခံ အာဏာပိုင်တွေကို အမိန့်ပေးတယ်။—ဧဇ. ၆:၁၊ ၆-၁၀

7. Jerusalem a ciahkik Jew mite in Pasian nasep a masa penin koih uh ahih manin bang thupha ngah uh a hiam?

  ဗိမာန်တော် ပြန်​ဆောက်တဲ့ အလုပ်ကို ဦးစားထားရင် ထောက်မ​ပေးမယ်​လို့ ဟဂ္ဂဲနဲ့ ဇာခရိ​ကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၁:၈၊ ၁၃၊ ၁၄။ ဇာ. ၁:၃၊ ၁၆) ပရောဖက်တွေရဲ့ အားပေးမှုကြောင့် ဘီစီ ၅၂၀ မှာ ပြည်တော်ပြန် ဂျူးတွေ ဗိမာန်တော် ဆောက်တဲ့ အလုပ် ပြန်စကြတယ်။ ငါးနှစ် မပြည့်ခင်​မှာ​ပဲ ဆောက်ပြီး​သွားတယ်။ အခက်အခဲတွေ ရှိပေမဲ့ ဘုရားရဲ့ လုပ်ငန်းကို ဦးစားထား​တဲ့အတွက် စားဝတ်နေရေး ပြေလည်​ဖို့ ယေဟောဝါ ကူညီပေးတယ်။ ဝတ်ပြုရေးမှာ ထောက်မ​ပေးတယ်။ ဒါကြောင့် ယေဟောဝါကို ရွှင်ရွှင်လန်းလန်း ဝတ်ပြု​လာနိုင်​ကြတယ်။—ဧဇ. ၆:၁၄-၁၆၊ ၂၂

PASIAN’ DEIHNA SEP DING MITSUAN IN

8. Pasian’ deihna a masa pena i sep nadingin Haggai 2:4 in koi bangin hong huh thei a hiam? (A nuai-a ciaptehna zong en in.)

ကြီးစွာသောဒုက္ခ နီးလာတာနဲ့အမျှ ဟောပြောခြင်း​လုပ်ငန်း ပိုအရေးကြီးလာမှန်း ကျွန်တော်တို့ သိကြတယ်။ (မာ. ၁၃:၁၀) ဒါပေမဲ့ ငွေကြေး ကျပ်တည်းတဲ့အခါ၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရတဲ့အခါ အမှုဆောင်​လုပ်ငန်းကို အာရုံစိုက်ဖို့ ခက်​လာနိုင်တယ်။ အာရုံစိုက်ဖို့ ဘာက ကူညီပေးမလဲ။ “ဗိုလ်ခြေ​တို့​ရဲ့​အရှင် ယေဟောဝါ” b ကိုယ့်ဘက်မှာ ရှိတယ်ဆိုတာ စိတ်ချ​နေခြင်း​ပါ။ ကိုယ့်​အရေး​ထက် ဘုရား​အ​လို ဆောင်တာကို ဆက်​ဦးစားထားရင် ယေဟောဝါ ထောက်မ​ပေးမယ်။ ဘာမှ ကြောက်စရာ မလိုဘူး။—ဟဂ္ဂဲ ၂:၄ ကို ဖတ်ပါ။

9-10. Matthai 6:33-a Jesuh’ thugente a manlam nupa kop khat in a tuahkhakna uh pan koici theih uh a hiam?

ရှေ့ဆောင် မောင်နှံ အို​လက်နဲ့ အီရီနာ c ဟာ တခြား​ဒေသက အသင်းတော်ကို ကူညီပေးဖို့ ပြောင်းသွားတယ်။ နိုင်ငံတွင်း စီးပွားရေး ကျဆင်းလာလို့ သူတို့ အလုပ်အကိုင် အဆင်မပြေ​တော့​ဘူး။ တစ်နှစ်လောက် ကျပန်း​အလုပ်တွေ လုပ်ရတယ်။ ဒါပေမဲ့ ယေဟောဝါ ထောက်မ​ပေးတယ်လို့ အမြဲ ခံစားရတယ်။ တစ်ခါတလေ ညီအစ်ကို/မတွေ​ဆီ​က အကူအညီ ရတယ်။ ဒီလို ခက်ခဲ​ချိန်​ကို ဘယ်လို ကျော်ဖြတ်​သလဲ။ အစပိုင်းမှာ စိတ်ဓာတ်ကျ​မိ​ပေမဲ့ “အမှုဆောင်မှာ အချိန်များများ ပါဝင်တာက ဘဝမှာ အရေးကြီးဆုံး​အရာကို ဦးစားထားဖို့ ကူညီပေးတယ်” လို့ အို​လက် ပြောတယ်။ အို​လက်​တို့ ဇနီးမောင်နှံ တောက်လျှောက် အလုပ်​ရှာတယ်။ တစ်ဖက်​မှာ​လည်း အမှုဆောင်မှာ အချိန်များများ ပါဝင်တယ်။

၁၀ တစ်ရက် အမှုဆောင်​ကနေ ပြန်လာတော့ မိတ်ဆွေ​တစ်ယောက် လာ​သွားတယ်လို့ အိမ်နီးချင်း ပြောပြတယ်။ မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀) လောက် ဝေးတဲ့ နေရာမှာ နေတဲ့ သိပ်ခင်ရတဲ့ မိတ်ဆွေ။ သူတို့အတွက် ရိက္ခာ​အိတ် နှစ်​အိတ် လာ​ပေး​သွားတာ။ “ကျွန်တော်တို့ကို ယေဟောဝါနဲ့ အသင်းတော် ဘယ်လောက် ဂရုစိုက်​မှန်း အဲဒီနေ့မှာ ထပ်​ခံစားလိုက်ရတယ်။ ဘယ်လောက်ပဲ မျှော်လင့်ချက် မဲ့​နေ​ပုံ ပေါက်ပါစေ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး​ဆိုတာ စိတ်ချသွားတယ်” လို့ အိုလက် ပြောတယ်။—မ. ၆:၃၃

11. Pasian’ deihna a masa penin sem leng bang pen muang thei i hiam?

၁၁ တပည့် ဖြစ်စေခြင်း​ဆိုတဲ့ အသက်ကယ်​လုပ်ငန်းမှာ ကျွန်တော်တို့ကို ယေဟောဝါ အာရုံစိုက်​နေ​စေချင်တယ်။  စာပိုဒ် ၇ မှာ ဖော်ပြခဲ့တဲ့​အတိုင်း ဗိမာန်တော် ဆောက်တဲ့ အလုပ်ကို စိတ်​သစ်​လူသစ်​နဲ့ ပြန်စ​ကြ​ဖို့ ဘုရား​လူမျိုးကို ဟဂ္ဂဲ တိုက်တွန်းတယ်။ ပြန်စတာနဲ့ “ကောင်းချီးပေးမယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (ဟဂ္ဂဲ ၂:၁၈၊ ၁၉) ကျွန်တော်တို့လည်း ပေးထားတဲ့ တာဝန်ကို ဦးစားထား​မယ်​ဆိုရင် ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။

JEHOVAH I MUAN SEMSEM THEIH DAN

12. Ezra le Jerusalem a ciahkik mite adingin upna bang hangin kisam mahmah a hiam?

၁၂ ဘီစီ ၄၆၈ မှာ ဗာဗုလုန်​ကနေ ဂျေရုဆလင် ပြန်လာတဲ့ ဂျူး​ဒုတိယ​တစ်သုတ်နဲ့ ဧဇရ လိုက်လာတယ်။ ဒီလို ပြန်လာဖို့ သူတို့ ယုံကြည်ခြင်း တော်တော် လိုတယ်။ လမ်းမှာ အန္တရာယ် များ​က များ​နဲ့။ ဗိမာန်တော်​အတွက် လှူလိုက်တဲ့ ရွှေ​ငွေ အများကြီး သယ်လာကြလို့ သူခိုး​ဓားပြ မျက်စိကျ​စ​ရာ ဖြစ်​နေ​မှာ။ (ဧဇ. ၇:၁၂-၁၆။ ၈:၃၁) ဂျေရုဆလင် ရောက်တော့​လည်း လုံခြုံရေး စိတ်ချ​ရတာ မဟုတ်ဘူး။ မြို့​အနှံ့ ဟိုတစ်စု ဒီ​တစ်စု ကျိုးတိုးကျဲတဲ နေ​နေကြတာ။ မြို့ရိုး​တွေ၊ မြို့တံခါး​တွေ ပြင်​ရဦးမယ်။ ယေဟောဝါကို ယုံကြည်​ကိုးစားခြင်း​နဲ့ပတ်သက်ပြီး ဧဇရ​ဆီကနေ ဘာသင်ယူနိုင်သလဲ။

13. Ezra in bang hangin Jehovah muang semsem a hiam? (A nuai-a ciaptehna zong en in.)

၁၃ လူမျိုးတော် အခက်ကြုံချိန်မှာ ယေဟောဝါ ထောက်မ​ပေးတာ ဧဇရ တွေ့ဖူး​တယ်။ ဘီစီ ၄၈၄ မှာ ပါးရှား အင်ပါယာ​တစ်ခွင်​က ဂျူး​အားလုံးကို သုတ်သင်​ပယ်ရှင်း​ဖို့ အာရွှေရု​မင်း အမိန့်​ထုတ်​တုန်းက ဗာဗုလုန်​ပြည်မှာ ဧဇရ ရှိနေနိုင်တယ်။ (ဧသ. ၃:၇၊ ၁၃-၁၅) အသက်​အန္တရာယ် ကြုံ​နေကြပြီ။ ဒါနဲ့ “ခရိုင်​အားလုံး” က ဂျူးတွေ အကြီးအကျယ် ငိုကြွေး​မြည်တမ်း​ပြီး အစာရှောင်​ကြတယ်။ ယေဟောဝါဆီ အကူအညီ တောင်း​ကြတယ်။ (ဧသ. ၄:၃) မကောင်းကြံသူတွေ ကိုယ့်ရှူး​ကိုယ် ပတ်​သွားတာ မြင်တော့ ဧဇရ​နဲ့ ဂျူးတွေ ဘယ်လို ခံစားရမလဲ မြင်ယောင်​ကြည့်ပါ။ (ဧသ. ၉:၁၊ ၂) အဲဒီလို ဘေးကျပ်နံကျပ် ကာလမှာ ကြုံခဲ့ရတာတွေကြောင့် အနာဂတ် စမ်းသပ်မှု​အတွက် ဧဇရ အသင့်​ဖြစ်နေတယ်။ ယေဟောဝါရဲ့ ကာကွယ်​နိုင်စွမ်း​ကို ပိုယုံကြည်စိတ်ချလာတယ်။ d

14. Haksat hun sungin Jehovah in huh ahih manin unaunu khat in bang pen muang a hiam?

၁၄ အကျပ်အတည်း​ကာလအတွင်း ယေဟောဝါ​ဘုရား ဂရုစိုက်​ပေးတာ ခံရတဲ့အခါ ဘုရားကို ပိုယုံကြည်စိတ်ချလာတယ်။ အရှေ့ ဥရောပ​မှာ နေတဲ့ ညီအစ်မ အနာစတာစီယာ​အကြောင်း စဉ်းစားကြည့်ပါ။ နိုင်ငံရေး​မှာ ပါ​ဖို့ အလုပ်ဖော်​တွေ ဖိအားပေး​လွန်းလို့ အလုပ်​ထွက်​လိုက်တယ်။ “ဒီလို လက်ထဲ ငွေ​ပြတ်သွားတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ဒါနဲ့ ဆုတောင်းတယ်။ ဘုရား မေတ္တာပါပါ ဂရုစိုက်​တာ မြင်ရတယ်။ နောက်တစ်ခေါက် အလုပ်ပြုတ်​လည်း လုံးဝ မ​မှု​ဘူး။ ကောင်းကင်ဘုံစံ အဖ ဒီနေ့ ဂရုစိုက်ရင် မနက်ဖြန်​လည်း ဂရုစိုက်​မှာ​ပဲ” လို့ ညီအစ်မ ပြောတယ်။

15. Ezra in Jehovah a muansuak nadingin bang in huh a hiam? (Ezra 7:27, 28)

၁၅ ယေဟောဝါ ထောက်မ​ပေးတာ ဧဇရ ကိုယ်တွေ့ ကြုံဖူး​တယ်။ ကိုယ့်ကို ယေဟောဝါ​ဘုရား ထောက်မ​ပေး​ချိန်​တွေ ပြန်စဉ်းစားလိုက်တော့ ဘုရားကို ဧဇရ ပိုယုံကြည်​ကိုးစား​လာတယ်။ “ယေဟောဝါ​ဘုရား ထောက်မနေ” ဆိုတဲ့ အသုံးအနှုန်း​ကို သတိပြုပါ။ (ဧဇရ ၇:၂၇၊ ၂၈ ကို ဖတ်ပါ။) အဓိပ္ပာယ် ဆင်​တဲ့ အသုံးအနှုန်း ဧဇရ​ကျမ်းမှာ နောက်ထပ် ငါးကြိမ် သုံးထားတယ်။—ဧဇ. ၇:၆၊ ၉။ ၈:၁၈၊ ၂၂၊ ၃၁

ဘုရား ထောက်မ​ပေးတာကို ဘယ်လို အခြေအနေမှာ မျက်ဝါးထင်ထင် မြင်​ရနိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ) e

16. Jehovah in hong huhlam koi bang dinmunah kician takin mu thei i hiam? (Lim zong en in.)

၁၆ အခက်အခဲ ကြုံရချိန်မှာ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မ​ပေးနိုင်တယ်။ ဥပမာ၊ အစည်းအဝေးကြီး တက်နိုင်အောင် အလုပ်ရှင်​ဆီ ခွင့်​တောင်းတဲ့အခါ၊ အသင်းတော် အစည်းအဝေး​အားလုံး တက်နိုင်အောင် အလုပ်ချိန် ညှိ​ပေးဖို့ တောင်းဆိုတဲ့အခါ ယေဟောဝါ ဘယ်လို ထောက်မ​ပေးမယ်​ဆိုတာ မြင်ရနိုင်တယ်။ အံ့ဩ​ရ​လောက်အောင် အခြေအနေတွေ အဆင်ပြေ​သွားနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါကို ပိုယုံကြည်​ကိုးစား​လာမယ်။

လူတွေ အပြစ် များလွန်းလို့ ဧဇရ သောကရောက်ပြီး ဗိမာန်တော်မှာ ငိုကြွေး၊ ဆုတောင်း။ လူအုပ်​လည်း ငို။ “အစ္စရေးတွေ​အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ . . . ကျွန်တော်တို့လည်း ခင်ဗျား​နဲ့​အတူ ရှိနေပါတယ်” ဆိုပြီး ဧဇရ​ကို ရှေခနိ နှစ်သိမ့်။—ဧဇရ ၁၀:၂၊ ၄ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

17. Ezra in a haksat hunah kiniamkhiatna bangci lak a hiam? (Laibu mai-a lim en in.)

၁၇ ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတယ်။ တာဝန်ကြီးတယ်လို့ ခံစားရချိန်တိုင်း ယေဟောဝါဆီ ဧဇရ နှိမ့်ချမှုရှိရှိ ဆုတောင်းတယ်။ (ဧဇ. ၈:၂၁-၂၃။ ၉:၃-၅) ယေဟောဝါကို ဧဇရ အားကိုး​တာ ကြည့်ပြီး တခြားသူတွေ ကူညီပေးချင်လာတယ်။ အတုယူချင်​လာတယ်။ (ဧဇ. ၁၀:၁-၄) ကျွန်တော်တို့လည်း စားဝတ်နေရေး၊ မိသားစု ဘေးကင်းရေး​အတွက် ခေါင်း​နား​ပန်း ကြီးလာတဲ့အခါ ယေဟောဝါဆီ စိတ်ချလက်ချ အကူအညီ တောင်းရမယ်။

18. Jehovah i muanna a khan semsem nadingin bang in hong huh thei a hiam?

၁၈ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းတဲ့အခါ၊ ညီအစ်ကို/မတွေရဲ့ အကူအညီ လက်ခံတဲ့အခါ ဘုရားကို ယုံကြည်​ကိုးစား​စိတ် တိုးလာမယ်။ သားသမီး သုံးယောက် မိခင် အဲရစ်ကာ အကြောင်း စဉ်းစားကြည့်ပါ။ ကိုယ်ဝန် ပျက်​ကျသွားတယ်။ သိပ်မကြာခင်​မှာ ခင်ပွန်း ဆုံးသွား​တယ်။ အဖြစ်ဆိုးတွေ ကြုံရချိန်မှာ ယေဟောဝါကို ယုံကြည်​ကိုးစား​မြဲ ကိုးစားတယ်။ “ယေဟောဝါ ဘယ်လို ထောက်မ​ပေး​မလဲ ကြို​မသိနိုင်ဘူး။ အံ့ဩစရာ​ကောင်း​လောက်အောင် နည်းအမျိုးမျိုးနဲ့ ထောက်မတာ။ ညီအစ်ကို/မတွေ​ကတစ်ဆင့် ကျွန်မ ဆုတောင်းချက် တော်တော်​များများ ဖြေပေးတယ်။ ညီအစ်ကို/မတွေ ကူညီပေး​ရ ပို​လွယ်အောင်​တော့ ကိုယ့်ဘက်က ရင်ဖွင့်​ရတာပေါ့” လို့ ပြောတယ်။

A TAWP DONGIN JEHOVAH MUANG IN

19-20. Jerusalem a ciahkik zo lo Jew mite tung pan bang sin thei i hiam?

၁၉ ဂျေရုဆလင် မပြန်​နိုင်​တဲ့ ဂျူးတွေ​ဆီ​ကလည်း သင်ခန်းစာ ယူနိုင်တယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ မိသားစု တာဝန်​ကြောင့် တချို့ မပြန်​နိုင်​ကြ​ဘူး။ ဒါပေမဲ့ ဗိမာန်တော် ဆောက်ဖို့ ပြန်​မယ့်​သူ​တွေ​နဲ့ အလှူ​ပစ္စည်းတွေ ရက်ရက်ရောရော ထည့်​ပေး​လိုက်ကြတယ်။ (ဧဇ. ၁:၅၊ ၆) ပြည်တော်ပြန် ပထမ​တစ်သုတ် ရောက်ပြီးနောက် ၁၉ နှစ်လောက် ကြာတဲ့​အထိ အလှူ​ပစ္စည်းတွေ ပို့​နေကြတုန်းပဲ။—ဇာ. ၆:၁၀

၂၀ ဘုရားအမှုတော်မှာ လုပ်နိုင်တာ သိပ်မရှိဘူးလို့ ခံစားနေရရင်​တောင် စိတ်ရင်းမှန်နဲ့ ကျွန်တော်တို့ လုပ်သမျှ ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သိရတယ်။ ဘယ်လို သိရသလဲ။ ဇာခရိ​ခေတ်​တုန်းက ဗာဗုလုန်​က ပြည်နှင်ခံ​တွေ ပို့လိုက်တဲ့ ရွှေ​ငွေတွေ ယူပြီး ယေဟောဝါ သရဖူ လုပ်​ခိုင်းတယ်။ (ဇာ. ၆:၁၁) အဲဒီ “သရဖူ” ဟာ ပြည်နှင်ခံ​တွေ​ရဲ့ ရက်ရောတဲ့ အလှူ​ကို “ပြန်​အောက်မေ့​စေ​တဲ့​အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) ခက်ခဲချိန်မှာ ဘုရား​အမှု ဆောင်ဖို့ တတ်နိုင်တဲ့​ဘက်​က ကြိုးစားတာ ယေဟောဝါ ဘယ်တော့မှ မမေ့ဘူး။—ဟီ. ၆:၁၀

21. Mailam hun lungmuang taka nawkzawh nadingin bang in hong huh ding a hiam?

၂၁ နောက်ဆုံး​ကာလမှာ အခက်အခဲတွေ ကြုံနေ​ရဦးမယ်။ အနာဂတ်မှာ အခြေအနေတွေ ပို​တောင် ဆိုးလာ​နိုင်တယ်။ (၂ တိ. ၃:၁၊ ၁၃) ဒါပေမဲ့ အစိုးရိမ်လွန်​ဖို့ မလိုပါဘူး။ “မင်းတို့နဲ့​အတူ ငါ ရှိနေတယ်။ . . . မကြောက်​ကြ​နဲ့” ဆိုပြီး ဟဂ္ဂဲ​ခေတ်​တုန်းက မိမိလူမျိုးကို ယေဟောဝါ ပြောတဲ့ စကားတွေ သတိရပါ။ (ဟဂ္ဂဲ ၂:၄၊ ၅) အတတ်နိုင်ဆုံး ဘုရား​အ​လို ဆောင်​နေသရွေ့ ယေဟောဝါ အတူ ရှိမယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဟဂ္ဂဲနဲ့ ဇာခရိ​ရဲ့ ကြိုဟောချက်၊ ဧဇရ​ရဲ့ စံနမူနာကနေ ရလာတဲ့ သင်ခန်းစာ​တွေ​အတိုင်း လက်တွေ့​ကျင့်​ကြရအောင်။ ဒါဆိုရင် အနာဂတ်မှာ ဘာအခက်အခဲ​ပဲ ကြုံရပါစေ ယေဟောဝါကို ဆက်ယုံကြည်​ကိုးစား​နိုင်​ပါလိမ့်မယ်။

LA 122 မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်​နေ​ကြ

a ငွေကြေး ကျပ်တည်းတဲ့အခါ၊ နိုင်ငံရေး မတည်ငြိမ်​တဲ့အခါ၊ ဟောပြောခြင်း​လုပ်ငန်း ဆန့်ကျင်​ခံရတဲ့အခါ ယေဟောဝါကို ယုံကြည်​ကိုးစား​စိတ် တိုးများ​နေ​စေဖို့ ဒီဆောင်းပါး​က ရည်ရွယ်ပါတယ်။

b “ဗိုလ်ခြေ​တို့​ရဲ့ အရှင် ယေဟောဝါ” ဆိုတဲ့ အသုံးအနှုန်း ဟဂ္ဂဲ​ကျမ်းမှာ ၁၄ ကြိမ် ပါတယ်။ ယေဟောဝါဟာ တန်ခိုး အကန့်အသတ် မရှိကြောင်း၊ ကောင်းကင်တမန်​တပ်​ကြီး​ကို ထိန်းချုပ်ထား​ကြောင်း ဂျူးတွေ​အတွက်​ကော ကျွန်တော်တို့အတွက်ပါ သတိပေးချက်​ပါပဲ။—ဆာ. ၁၀၃:၂၀၊ ၂၁

c အမည်လွှဲများ။

d ဧဇရ​ဟာ ပညတ်​ကျမ်းကူးသူ ဖြစ်လို့ ယေဟောဝါရဲ့ ပရောဖက်ပြု​စကားတွေကို ဂျေရုဆလင်​မြို့ မသွားခင်​ကတည်းက အခိုင်အမာ ယုံကြည်တယ်။—၂ ရာ. ၃၆:၂၂၊ ၂၃။ ဧဇ. ၇:၆၊ ၉၊ ၁၀။ ယေ. ၂၉:၁၄

e ပုံအညွှန်း– အစည်းအဝေးကြီး တက်ဖို့ ညီအစ်ကို ခွင့်​တောင်းတာကို အလုပ်ရှင် မ​ပေး။ ဘုရားဆီ​က အကူအညီ၊ လမ်းညွှန်မှု တောင်းပြီး အလုပ်ရှင်​ဆီ ခွင့်​ထပ်​တောင်းဖို့ ပြင်။ အလုပ်ရှင်ကို အစည်းအဝေးကြီး ဖိတ်စာ ပြပြီး ကျမ်းစာ သွန်သင်ချက်တွေ​ရဲ့ တန်ဖိုးကို ပြောပြ။ အလုပ်ရှင် လေးစားပြီး စိတ်ပြောင်းသွား။