Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 1

LA 38 ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

Jehovah Na Muanna Tawh Launa Lungsim Gualzo In

Jehovah Na Muanna Tawh Launa Lungsim Gualzo In

KUM 2024 ADING KUM LAI SIANGTHO: “Kei ka lau ciangin nangmah ka hong muang hi.”LA. 56:3.

အာရုံစိုက်​ရာ

ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်​ကိုးစားမှု တိုး​စေ​ခြင်း​အားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူ​နိုင်​မလဲ လေ့လာ​ပါ။

1. Khat veivei ciang bang hangin launa lungsim hong lut thei a hiam?

 လူတိုင်း တစ်ချိန် မဟုတ် တစ်ချိန် ကြောက်စိတ် ဝင်​တတ်​ကြတယ်။ ကျမ်းစာ အမှန်တရား သိလာလို့ သေခြင်း၊ နတ်ဆိုး၊ အနာဂတ်ကို ကျွန်တော်တို့ မကြောက်ကြဘူး။ ဒါပေမဲ့ စစ်၊ ရာဇဝတ်မှု၊ ရောဂါ စတဲ့ “ကြောက်လန့်စရာ မြင်ကွင်း​တွေ” ပြည့်နေတဲ့ ခေတ်မှာ အသက်ရှင်နေကြရတယ်။ (လု. ၂၁:၁၁) စစ်မှန်တဲ့ ဝတ်ပြုရေးကို ဆန့်ကျင်တဲ့ အာဏာပိုင်တွေ၊ မိသားစုဝင်တွေကို ကြောက်​နေ​ရနိုင်တယ်။ လက်ရှိ အခက်အခဲ ဒါမှမဟုတ် အနာဂတ်မှာ ကြုံလာ​ရနိုင်တဲ့ အခက်အခဲ​ကို မခံရပ်နိုင်မှာ တချို့ ကြောက်ကြတယ်။

2. Gath khua-a a tung Davi ii dinmun gen in.

ဒါဝိဒ်​လည်း ကြောက်စိတ် ဝင်ချိန်​တွေ ရှိတယ်။ ဥပမာ၊ ဘုရင် ရှောလု လိုက်သတ်လို့ ဖိလိတိ​ပြည် ဂါသ​မြို့ကို ထွက်ပြေး​လာတယ်။ ဖိလိတိ​လူ “အသောင်းသောင်း” ကို သတ်ပစ်​နိုင်​လို့ လူတွေ သီဆို​ကခုန်​ပြီး ချီးမြှောက်​တာ ဒါဝိဒ် ဖြစ်မှန်း ဂါသ​မင်း အာခိတ် သိသွားတယ်။ ဒါနဲ့ အာခိတ် ဘာများ လုပ်မလဲ​ဆိုပြီး ဒါဝိဒ် တွေးလေ​လေ “ကြောက်​လေ​လေ ဖြစ်လာတယ်။” (၁ ရှ. ၂၁:၁၀-၁၂) ကြောက်စိတ်ကို ဘယ်လို အနိုင်ယူ​သလဲ။

3. Late 56:​1-3, 11-a a gen bangin, David in launa lungsim koi bangin gualzo a hiam?

ဂါသ​မြို့မှာ ရှိနေချိန် ကြောက်စိတ် ဝင်လာ​မိ​ကြောင်း ဆာလံ ၅၆ မှာ ဒါဝိဒ် ဖော်ပြတယ်။ ကြောက်စိတ်ကို ဘယ်လို အနိုင်ယူ​ခဲ့​ကြောင်း​လည်း ဖော်ပြတယ်။ ဘယ်လို အနိုင်ယူ​သလဲ။ ကြောက်စိတ် ဝင်လာချိန်မှာ ယေဟောဝါကို ယုံကြည်​ကိုးစားခြင်းအားဖြင့်​ပါ။ (ဆာလံ ၅၆:၁-၃၊ ၁၁ ကို ဖတ်ပါ။) ဒါဝိဒ် အားကိုး​မမှားဘူး။ ယေဟောဝါ ကူညီပေးလို့ အကြံ ရသွားတယ်။ စိတ်မနှံ့​သူ​လို ရူးချင်​ဟန်ဆောင်​ဖို့​ပါ။ အကြံ​က ကြောင်​တောင်​တောင် နိုင်ပေမဲ့ အလုပ်​ဖြစ်တယ်။ ဒါဝိဒ်​ကို ကြည့်ပြီး အာခိတ် သတ်ချင်​စိတ်​ပါ ပျောက်သွားတယ်။ အရူး​ဆိုပြီး နန်းတော်​ထဲက မောင်းထုတ်​လိုက်လို့ ဒါဝိဒ် လွတ်သွား​တယ်။—၁ ရှ. ၂၁:၁၃–၂၂:၁

4. Jehovah i muanna koi bangin khangsak thei i hiam? Gentehna pia in.

ကျွန်တော်တို့လည်း ယေဟောဝါကို ယုံကြည်​ကိုးစားခြင်းအားဖြင့် ကြောက်စိတ်ကို အနိုင်ယူ​နိုင်တယ်။ ဒါဆိုရင် ကြောက်စိတ် ဝင်​နေချိန်မှာ ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်​ကိုးစားမှု ဘယ်လို တိုး​စေနိုင်​မလဲ။ ကိုယ့်​မှာ ရောဂါ ရှိနေမှန်း သိလိုက်ရတယ် ဆိုပါစို့။ သိ​သိ​ချင်း ကြောက်မိနိုင်တယ်။ ဒါနဲ့ ဆရာဝန် သွား​ပြတယ်။ ဒီလိုမျိုး ရောဂါ ရှိတဲ့ လူနာ အများကြီး အဲဒီ​ဆရာဝန် ကုပေးဖူးတယ်။ ဘာကို စိတ်ပူ​မိ​တဲ့​အကြောင်း ကိုယ် ပြောတာ ဂရုတစိုက် နားထောင်ပေးတယ်။ တခြားသူတွေကို ကုပေး​တုန်းက အောင်မြင်ခဲ့တဲ့ နည်းနဲ့ ကုပေးမယ်​လို့ ပြောတယ်။ တော်တော် ဂရုစိုက်​ပေးတဲ့ ဆရာဝန်​လို့ ခံစားလိုက်ရတယ်။ ဆရာဝန်ကို ယုံလို့ ကြောက်စိတ် လျော့​လာတယ်။ အဲဒီလိုပဲ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ၊ လုပ်ပေးမှာ​တွေ​ကို စဉ်းစား​လိုက်ရင် ယုံကြည်​ကိုးစားမှု တိုးလာမယ်။ ဒါဝိဒ် အဲဒီလိုပဲ စဉ်းစားတယ်။ အခု၊ ဆာလံ ၅၆ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကား​တချို့ သုံးသပ်ကြ​မယ်။ ကိုယ်တိုင်လည်း ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်​ကိုးစားမှု တိုး​စေ​ခြင်း​အားဖြင့် ကြောက်စိတ်ကို ဘယ်လို အနိုင်ယူ​နိုင်​ကြောင်း စဉ်းစားကြည့်ပါ။

JEHOVAH’ HONG SEPSAKSATE

5. David in launa lungsim a gualzawh nadingin bangteng ngaihsun a hiam? (Late 56:12, 13)

အသက် အန္တရာယ် ကြုံ​ချိန်​မှာ အရင်က ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ ဒါဝိဒ် စဉ်းစားတယ်။ (ဆာလံ ၅၆:၁၂၊ ၁၃ ကို ဖတ်ပါ။) ဒါဝိဒ် အဲဒီလို စဉ်းစား​နေ​ကျ​ပဲ။ ဥပမာ၊ ဖန်ဆင်းခြင်း လက်ရာတွေ​အကြောင်း စဉ်းစားတယ်။ ဒီလိုနဲ့ ယေဟောဝါ တန်ခိုး​ကြီးတယ်၊ လူတွေကို ဂရုစိုက်တယ်ဆိုတာ ပြန်သတိရ​လာတယ်။ (ဆာ. ၆၅:၆-၉) ဒါ့အပြင် တခြားသူတွေ​အတွက် ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ စဉ်းစားတယ်။ (ဆာ. ၃၁:၁၉။ ၃၇:၂၅၊ ၂၆) အထူးသဖြင့်၊ မိမိ​အတွက် လုပ်ပေးခဲ့တာ​တွေ စဉ်းစားတယ်။ မွေးကတည်းက ဂရုစိုက်​ခဲ့​တာ၊ ဘေးကင်း​လုံခြုံ​စေခဲ့တာ။ (ဆာ. ၂၂:၉၊ ၁၀) အဲဒီလို စဉ်းစား​လို့ ယေဟောဝါကို ဒါဝိဒ် ပိုယုံကြည်​ကိုးစား​လာတယ်။

ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ၊ လုပ်ပေးမှာ​တွေ​ကို အာရုံစိုက်ခြင်း​အားဖြင့် ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်​ကိုးစားမှုကို ဒါဝိဒ် တိုးများစေ (စာပိုဒ် ၅၊ ၈၊ ၁၂ ကို ကြည့်ပါ) d


6. Launa lungsim hong lut ciangin Jehovah i muan nadingin bang in hong huh ding a hiam?

ကြောက်စိတ် ဝင်လာပြီ​ဆိုရင် ‘ယေဟောဝါ ဘာတွေ လုပ်ပေးခဲ့​သလဲ’ စဉ်းစားပါ။ ဖန်ဆင်းရာတွေ​အကြောင်း တွေးပါ။ ဥပမာ၊ ငှက်တွေ၊ ပန်းတွေ​ကို “အာရုံစိုက်​ကြည့်လိုက်ပါ။” ဘုရား​ပုံသဏ္ဌာန်​အတိုင်း ဖန်ဆင်း​မခံ​ရကြ​ဘူး။ ဘုရားကို ဝတ်မပြု​နိုင်​ကြ​ဘူး။ ဒါပေမဲ့ ဘုရား ဂရုစိုက်​တယ်။ ဒါဆိုရင် ကျွန်တော်တို့ကို ဒီထက်မက ဂရုစိုက်​မှာ​ပဲ။ အဲဒီလို စဉ်းစားလိုက်တဲ့အခါ ဘုရားကို ပိုယုံကြည်​ကိုးစား​လာမယ်။ (မ. ၆:၂၅-၃၂) ဝတ်ပြုသူ​တွေ​အတွက် ယေဟောဝါ လုပ်ပေးတာ​တွေ​လည်း စဉ်းစားကြည့်ပါ။ ကျမ်းစာမှာ ပါတဲ့ ယုံကြည်ခြင်း စံနမူနာရှင်​တစ်ယောက်​အကြောင်း လေ့လာ​နိုင်တယ်။ ခေတ်သစ် ဘုရား​ကျေးကျွန်​တစ်ယောက်ရဲ့ တွေ့ကြုံမှု ဖတ်နိုင်တယ်။ a သင့်ကို​ကော ယေဟောဝါ ဘယ်လို ဂရုစိုက်​ခဲ့​သလဲ။ အမှန်တရားထဲ ဘယ်လို ဆွဲဆောင်ခဲ့သလဲ။ (ယော. ၆:၄၄) ဆုတောင်းချက်တွေ ဘယ်လို ဖြေ​ပေးခဲ့သလဲ။ (၁ ယော. ၅:၁၄) ချစ်​သားရဲ့ ပူဇော်သက္ကာ​ကြောင့် နေ့တိုင်း သင် ဘယ်လို အကျိုးရနေသလဲ။—ဧ. ၁:၇။ ဟီ. ၄:၁၄-၁၆

ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ၊ လုပ်ပေးမှာ​တွေ​ကို အာရုံစိုက်ခြင်း​အားဖြင့် ယေဟောဝါအပေါ် ထားတဲ့ ယုံကြည်​ကိုးစားမှုကို ကျွန်တော်တို့ တိုးများစေ (စာပိုဒ် ၆၊ ၉-၁၀၊ ၁၃-၁၄ ကို ကြည့်ပါ) e


7. Launa lungsim a gualzawh nadingin kamsang Daniel’ tuahkhakna in Vanessa koi bangin huh a hiam?

ဟေတီ​နိုင်ငံက ညီအစ်မ ဗနက်ဆာ b ထိတ်လန့်စရာ အခြေအနေ ကြုံရတယ်။ အတူ​အိပ်​ဖို့ လူတစ်ယောက် အတင်း ဆွယ်​တယ်။ နေ့တိုင်း ဖုန်းဆက်​တယ်။ စာပို့တယ်။ အပြတ် ငြင်းပေမဲ့ အဲဒီ​လူ ပိုဆိုးလာတယ်။ ခြိမ်းတောင် ခြိမ်းခြောက်​လာတယ်။ “ကျွန်မ ကြောက်တယ်” လို့ ဗနက်ဆာ ပြောတယ်။ ကြောက်စိတ်ကို ဘယ်လို အနိုင်ယူ​သလဲ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုပ်နိုင်တာ​တွေ လုပ်တယ်။ အကြီးအကဲ​တစ်ယောက်ရဲ့ အကူအညီနဲ့ ရဲ​တိုင်​လိုက်တယ်။ အတိတ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ကာကွယ်​သလဲ အာရုံစိုက်တယ်။ “ဦးဆုံး အတွေး​ထဲ ရောက်လာတာ ပရောဖက် ဒံယေလ​အကြောင်းပါ။ အပြစ် မရှိပေမဲ့ ခြင်္သေ့​တွင်း​ထဲ ပစ်ချ​ခံရတယ်။ ဒါပေမဲ့ ခြင်္သေ့​တွေ​ရဲ့ ပါးစပ်​ကို ယေဟောဝါ ပိတ်​ထားပေးတယ်။ ‘အခုလည်း ကျွန်မ​အကြောင်း အဲဒီ​လူ မတွေးမိအောင် သူ့​အတွေး​တံခါး​ကို ပိတ်​ထား​ပေးပါ။ ကျွန်မ​ဘက်​က လုပ်နိုင်တာ ဘာမှ မရှိတော့လို့​ပါ’ လို့ ဆုတောင်းတယ်။ ဆု​လည်း တောင်း​ပြီးသွား​ကော လုံးဝ မကြောက်​တော့​ဘူး” လို့ ပြောတယ်။—ဒံ. ၆:၁၂-၂၂

TUHUNA JEHOVAH’ HONG SEPSAKTE

8. David in bang pen muang a hiam? (Late 56:8)

ဂါသ​မြို့မှာ ဒါဝိဒ် အသက် အန္တရာယ် ကြုံ​ပေမဲ့ ကြောက်စိတ် မွှန်ပြီး ပျာမသွားဘူး။ အဲဒီအချိန်မှာ ယေဟောဝါ ဘာ​လုပ်ပေး​နေသလဲ စဉ်းစား​လိုက်တယ်။ ယေဟောဝါ လမ်းပြ၊ ကာကွယ်​နေမှန်း၊ ကိုယ့်​ခံစားချက်တွေကို နားလည်​ပေး​မှန်း ခံစားလိုက်ရတယ်။ (ဆာလံ ၅၆:၈ ကို ဖတ်ပါ။) ဒါ့အပြင် မိတ်ဆွေ ယောနသန်၊ ပုရောဟိတ်မင်း အဟိမလက်​တို့ သစ္စာရှိရှိ ထောက်မကြတယ်။ လက်တွေ့ကျကျ ကူညီပေးကြတယ်။ (၁ ရှ. ၂၀:၄၁၊ ၄၂။ ၂၁:၆၊ ၈၊ ၉) ဘုရင် ရှောလုရဲ့ ပစ်မှတ် ဖြစ်​နေပေမဲ့ ဒါဝိဒ် အသက်ဘေး လွတ်သွား​တယ်။ မိမိ ဘာတွေ ကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်​ဆိုတာ ယေဟောဝါ ကောင်းကောင်း သိမှန်း စိတ်ချသွားတယ်။

9. Ei mimal khatciat tawh kisai-in Jehovah in bang thei a hiam?

အီဂျစ်​ပြည်မှာ အစ္စရေးတွေ မတရား ခိုင်းစေ​ခံရတာကို သာမက “သူတို့ ခံစားရတဲ့ ဝေဒနာတွေကို [ယေဟောဝါ] ကောင်းကောင်း သိတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (ထွ. ၃:၇) မိမိ “ဒုက္ခရောက်​နေတာကို” ရော “အကြီးအကျယ် သောကရောက်​နေတာကို” ပါ ယေဟောဝါ မြင်တယ်လို့ ဒါဝိဒ် သီချင်း စပ်ဆို​တယ်။ (ဆာ. ၃၁:၇) မိမိလူမျိုး ကိုယ့်​မိုက်ပြစ်​နဲ့​ကိုယ် ဒုက္ခရောက်တာ​တောင် ဘုရား “နာကျင်​ခံစား” ရတယ်။ (ဟေရှာ. ၆၃:၉) သင် ထိတ်လန့်စရာ အခြေအနေ ကြုံတဲ့အခါ​လည်း ဘာ​ကြုံနေရတယ်၊ ဘယ်လို ခံစားနေရတယ်​ဆိုတာ ယေဟောဝါ သိကြောင်း၊ ကြောက်စိတ်ကို အနိုင်ယူ​နိုင်ဖို့ သိပ်​ကူညီပေးချင်ကြောင်း သတိရပါ။

10. Jehovah in hong don ahihlam le koi bang haksatna ahi zongin thaukzawh nadingin hong huh ding cih bang hangin muang na hiam?

၁၀ ထိတ်လန့်စရာ အခြေအနေ ကြုံနေချိန်​မှာ ကိုယ့်ကို ဘုရား ဘယ်လို ကူညီ​နေသလဲ မြင်ဖို့ ခက်တယ်။ ဒါကြောင့် ဘုရား ဘယ်လို ကူညီ​နေသလဲ မြင်ဖို့ ဆုတောင်းပါ။ (၂ ဘု. ၆:၁၅-၁၇) အဲဒီနောက် ‘အသင်းတော် အစည်းအဝေးမှာ ကြားရတဲ့ ဟောပြောချက်၊ မှတ်ချက်​ကြောင့် ငါ အားရှိ​သွား​သ​လား။ စာစောင်တစ်စောင်၊ ဗီဒီယို၊ မူရင်း​သီချင်း​တစ်ပုဒ်​ကြောင့် အားရှိ​သွား​သ​လား။ အားရှိစရာ စကား၊ ကျမ်းပိုဒ်​တစ်ပိုဒ် တစ်ယောက်ယောက် ပြောပြသလား’ လို့ စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ ပြတဲ့ မေတ္တာ၊ ကျမ်းစာကနေ ရတဲ့ အားပေးမှုကို တစ်ခါတလေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေနိုင်တယ်။ တကယ်တော့ ဒါတွေဟာ ယေဟောဝါဆီက ထူးခြားတဲ့ လက်ဆောင်မွန်​တွေ​ပါ။ (ဟေရှာ. ၆၅:၁၃။ မာ. ၁၀:၂၉၊ ၃၀) ကိုယ့်ကို ဘုရား ဂရုစိုက်​တယ်၊ ဘုရားကို ယုံကြည်​ကိုးစားနိုင်တယ်​ဆိုတဲ့ အထောက်အထားတွေ​ပါ။—ဟေရှာ. ၄၉:၁၄-၁၆

11. Aida in launa lungsim a gualzawh nadingin bang in huh a hiam?

၁၁ ခက်ခဲချိန်မှာ ယေဟောဝါ ဘယ်လို ထောက်မ​ပေးသလဲ​ဆိုတာ ဆီနီဂေါ​နိုင်ငံက ညီအစ်မ အိုင်ဒါ သတိထားမိတယ်။ သမီးကြီး ဖြစ်လို့ မိသားစုကို ထောက်ပံ့ဖို့ မိဘတွေ မျှော်လင့်တယ်။ ဒါပေမဲ့ အိုင်ဒါ ရှေ့ဆောင် လုပ်တော့ ဝင်ငွေ နည်းလာတယ်။ မိသားစုဝင်တွေ စိတ်ဆိုးပြီး ဝိုင်း​အပြစ်တင်ကြတယ်။ “မိဘတွေကို မ​ထောက်နိုင်မှာ၊ မိသားစုဝင်တွေ ငြိုငြင်​မှာ ကြောက်မိတယ်။ ဒီလို​အခြေအနေ ဆိုက်​တဲ့​အထိ ခွင့်ပြု​ရ​သ​လား​ဆိုပြီး ယေဟောဝါကို​တောင် ကျွန်မ အပြစ်တင်​မိတယ်” လို့ အိုင်ဒါ ပြောတယ်။ အဲဒီနောက် အစည်းအဝေးမှာ ဟောပြောချက်​တစ်ခု ကြားရတယ်။ “ကျွန်မတို့​ရဲ့ ဘယ်​ပူပင်​သောက​ကို​မ​ဆို ယေဟောဝါ သိတယ်လို့ ဟောပြောသူ သတိပေးတယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ အကြီးအကဲတွေ၊ တခြားသူတွေရဲ့ အကြံ​ပေး​စကားကြောင့် တဖြည်းဖြည်း ပြန်​စိတ်ချလာတယ်။ ဘုရား ကူညီပေးမယ်​ဆိုတဲ့ ယုံကြည်စိတ်ချမှု အပြည့်​နဲ့ ဆု​ပြန်တောင်းတယ်။ ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတာ မြင်ရလို့ စိတ်အေးသွားတယ်” လို့ ပြောတယ်။ နောက်တော့ အလုပ်သစ် ရသွားလို့ ရှေ့ဆောင် ဆက်လုပ်​နိုင်တယ်။ မိဘတွေကို ထောက်ပံ့​နိုင်တယ်။ “ယေဟောဝါကို ကျွန်မ အပြည့်အဝ ယုံကြည်​ကိုးစား​တတ်​လာပြီ။ အခုဆိုရင် ဆုတောင်း​လိုက်တာနဲ့ ကြောက်စိတ်တွေ ပျောက်​ကုန်ပြီ” လို့ ပြောတယ်။

JEHOVAH’ HONG SEPSAK LAI DING THUTE

12. Late 56:9-a a gen bangin, David in bang pen muang a hiam?

၁၂ ဆာလံ ၅၆:၉ ကို ဖတ်ပါ။ ကြောက်စိတ်ကို ဒါဝိဒ် အနိုင်ယူ​တဲ့ နောက်တစ်နည်းကို ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတယ်။ အသက် အန္တရာယ် ကြုံနေရပေမဲ့ ယေဟောဝါ လုပ်ပေးမှာ​တွေ စဉ်းစားတာ​ပါ။ အချိန်ကိုက် ယေဟောဝါ ကယ်တင်မယ်​ဆိုတာ ဒါဝိဒ် သိတယ်။ မိမိဟာ နောက်​တက်မယ့် အစ္စရေး ဘုရင်​လို့ ပြော​ထားပြီး​သား​ပဲ။ (၁ ရှ. ၁၆:၁၊ ၁၃) ယေဟောဝါ ဘာကတိ ပေး​ပေး ပြည့်စုံလာမယ်ဆိုတာ ဒါဝိဒ် စိတ်ချတယ်။

13. Jehovah tawh kisai-in bang pen muang thei i hiam?

၁၃ သင့်ကို​ကော ဘာတွေ လုပ်ပေးမယ်လို့ ယေဟောဝါ ကတိ​ပေးထားသလဲ။ အခက်အခဲ မှန်သမျှ​ကနေ​တော့ ကယ်တင်​မပေးဘူး။ c ဒါပေမဲ့ ဒီလောကစနစ်​မှာ ဘာအခက်အခဲ​ပဲ ကြုံကြုံ ကမ္ဘာသစ်​မှာ မ​ကြုံစေ​ရ​ဘူး။ အခက်အခဲ မှန်သမျှ ဖယ်ရှား​ပေးမှာ ဖြစ်လို့ပဲ။ (ဟေရှာ. ၂၅:၇-၉) ဖန်ဆင်းရှင် ဖြစ်လို့ တန်ခိုး​ကြီးတယ်။ သေလွန်သူတွေကို ပြန်ထမြောက်ပေးနိုင်တယ်။ ရောဂါ​ဝေဒနာ​တွေ ကုပေး​နိုင်တယ်။ ဆန့်ကျင်သူ​အားလုံးကို ဖယ်ရှားပစ်​နိုင်တယ်။—၁ ယော. ၄:၄

14. Bangteng i ngaihsut ding kul a hiam?

၁၄ ကြောက်စိတ် ဝင်လာပြီ​ဆိုရင် အနာဂတ်မှာ ယေဟောဝါ လုပ်ပေးမှာ​တွေ​ကို တွေး​လိုက်ပါ။ စာတန် မရှိတော့မယ့်​အချိန်၊ လူဆိုးတွေ ဖျက်ဆီးခံရလို့ လူကောင်းတွေ​ပဲ ကျန်​တော့​မယ့်​အချိန်၊ တစ်နေ့​ထက် တစ်နေ့ ပို​စုံလင်​လာမယ့်​အချိန်​အကြောင်း စဉ်းစားကြည့်ပါ။ အနာဂတ်အကြောင်း ဘယ်လို တွေး​ကြည့်​နိုင်တယ်​ဆိုတာ ၂၀၁၄ ခုနှစ် ခရိုင်​အစည်းအဝေး သရုပ်ပြ တင်ဆက်မှု​တစ်ခုမှာ ပါတယ်။ ၂ တိမောသေ ၃:၁-၅ သာ ပရဒိသု​အကြောင်း ကြိုဟောထားတာ​ဆိုရင် အခု ကျမ်းစာမှာ ဖတ်ရတာနဲ့ ဘယ်လို ကွာသွားမလဲ​ဆိုပြီး တင်ဆက်မှု​မှာ ပါတဲ့ မိသားစု​လို တွေးနိုင်တယ်။ “ကမ္ဘာသစ် အသက်တာ​ဟာ အလွန် ပျော်စရာ​ကောင်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ တခြားသူတွေကို ချစ်တဲ့သူ၊ ဘုရားရေးရာကို တန်ဖိုးထား​သူ၊ ကျိုးနွံ​သူ၊ နှိမ့်ချသူ၊ ဘုရားကို ချီးမွမ်းသူ၊ မိဘကို နာခံ​သူ၊ ကျေးဇူး​သိတတ်​သူ၊ သစ္စာရှိသူ၊ မိသားစုကို ချစ်ခင်​တွယ်တာ​သူ၊ ညှိနှိုင်း​ရလွယ်​သူ၊ တခြားသူ​အကြောင်း အကောင်းချည်း ပြောတတ်​သူ၊ ချုပ်တည်း​သူ၊ နူးညံ့သူ၊ ကောင်းမြတ်​ရာ​ကို နှစ်သက်သူ၊ ယုံကြည်​စိတ်ချထိုက်သူ၊ အလျှော့ပေး​လိုက်လျော​တတ်​သူ၊ အောက်ကျို့​တတ်​သူ၊ အပျော်အပါး​ကို မနှစ်သက်​ဘဲ ဘုရားသခင်ကို ချစ်သူ၊ ဘုရားတရား ကြည်ညို​သူ ဖြစ်ကြလိမ့်မယ်။ အဲဒီလူတွေ​နဲ့ ရင်းရင်းနှီးနှီး ပေါင်းပါ” လို့ ဖတ်​ရမှာ။ ကမ္ဘာသစ် အသက်တာ​အကြောင်း မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေနဲ့ သင် ပြော​ဖြစ်သလား။

15. Tanja in a lauh hang, launa lungsim a gualzawh nadingin bang in huh a hiam?

၁၅ မြောက်​မက်ဆီဒိုးနီးယား​နိုင်ငံက ညီအစ်မ တန်ညာ​ဟာ အနာဂတ် ကောင်းချီးတွေ တွေး​ခြင်း​အားဖြင့် ကြောက်စိတ်ကို အနိုင်ယူ​ခဲ့တယ်။ ကျမ်းစာ လေ့လာ​လို့​ဆိုပြီး မိဘတွေ အကြီးအကျယ် ဆန့်ကျင်ကြတယ်။ “ကျွန်မ တွေး​ကြောက်နေတာ​တချို့ တကယ် ကြုံရတယ်။ အစည်းအဝေး တက်​တိုင်း အမေ ရိုက်တယ်။ ယေဟောဝါ​သက်သေ လုပ်ရင် သတ်ပစ်​မယ်​လို့ မိဘတွေ ကြိမ်းတယ်” လို့ ပြောတယ်။ နောက်တော့ အိမ်ကနေ နှင်ချ​ခံရတယ်။ တန်ညာ ဘာလုပ်သလဲ။ “သမာဓိ စောင့်ထိန်း​ရင် တစ်သက်လုံး ပျော်​ရမှာ​ကို အာရုံစိုက်​လိုက်တယ်။ ဒီလောကစနစ်မှာ ဆုံးရှုံး​ရသမျှ​အတွက် ကမ္ဘာသစ်​မှာ ယေဟောဝါ ဆုချ​မှာ၊ ကြုံခဲ့ရ​သမျှ အဆိုး​တွေ မေ့ပျောက်​သွားမှာကို​လည်း စဉ်းစားတယ်” လို့ ပြောတယ်။ တန်ညာ တကယ် သမာဓိ စောင့်ထိန်းတယ်။ ယေဟောဝါ ကူညီပေးလို့ နေစရာ ရသွားတယ်။ အခုဆိုရင် သစ္စာရှိ ညီအစ်ကို​တစ်ယောက်နဲ့ အိမ်ထောင်ကျပြီး အချိန်ပြည့်လုပ်ငန်းမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေတယ်။

JEHOVAH NA MUANNA A KHAN NADINGIN TU’N SEM IN

16. Luka 21:26-28-a genkholhnate i muh ciang hangsanna neih nadingin bang in hong huh ding a hiam?

၁၆ ကြီးစွာသောဒုက္ခအတွင်း လူတွေ “ကြောက်လွန်းလို့ မေ့မြော​သွား​ကြလိမ့်မယ်။” ဘုရားလူမျိုးကတော့ သတ္တိရှိရှိ မားမားမတ်မတ် ရပ်တည်​နေမယ်။ (လုကာ ၂၁:၂၆-၂၈ ကို ဖတ်ပါ။) ဘာကြောင့်လဲ။ ယေဟောဝါကို ယုံကြည်​ကိုးစားတတ်နေပြီမို့လို့ပါ။ ကြုံခဲ့ရတဲ့ အခက်အခဲတွေ​က ကြုံလာရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကူညီပေးတယ်လို့ အစောပိုင်းမှာ ဖော်ပြတဲ့ တန်ညာ ပြောတယ်။ “ယေဟောဝါ ကယ်ထုတ်​မပေးနိုင်တဲ့ အခက်အခဲ​ဆိုတာ မရှိဘူး။ တစ်ခါတလေ ကိစ္စရပ်တွေကို တခြားသူတွေ ထိန်းချုပ်ထား​ပုံ ရတယ်။ ဒါပေမဲ့ ယေဟောဝါ တန်ခိုး​ပို​ကြီးတယ်။ ဘယ်လောက် ခက်တဲ့ အခက်အခဲ ဖြစ်ဖြစ် တစ်ချိန်ချိန်မှာ အဆုံးတိုင်​သွား​လိမ့်မယ်” လို့ ပြောတယ်။

17. Kum 2024 ading kum Lai Siangtho in koi bangin hong huh ding a hiam? (Laibu mai-a lim en in.)

၁၇ ဒီနေ့ခေတ်မှာ ကြောက်​နေ၊ လန့်​နေ​ရတာ ထမင်းစား၊ ရေ​သောက်​လို ဖြစ်နေပြီ။ ဒါပေမဲ့ ကြောက်စိတ် မွှန်​မ​သွားပါစေ​နဲ့။ “ကြောက်စိတ် ဝင်လာ​တိုင်း ကိုယ်တော့်ကို ယုံကြည်​ကိုးစားတယ်” ဆိုတဲ့ ဒါဝိဒ်ရဲ့ ဆုတောင်း​စကားဟာ ၂၀၂၄ ခုနှစ်အတွက် နှစ်ချုပ်​ကျမ်းချက် ဖြစ်တယ်။ (ဆာ. ၅၆:၃) ဒါဝိဒ်ဟာ “ကြောက်စိတ် မများ​များ​အောင် ကြောက်စရာ​တွေ၊ ပြဿနာတွေကို အာရုံမစိုက်​ဘူး။ ကယ်နုတ်ရှင်​ကို အာရုံစိုက်တယ်” လို့ ဒီကျမ်းပိုဒ်နဲ့​ပတ်သက်ပြီး အကိုးအကား​စာအုပ်​တစ်အုပ်​က ဆိုတယ်။ လာမယ့် လတွေ၊ အထူးသဖြင့်၊ ထိတ်လန့်စရာ အခြေအနေတွေ ကြုံရချိန်မှာ ဒီ​နှစ် နှစ်ချုပ်​ကျမ်းချက်ကို စဉ်းစားပါ။ ယေဟောဝါ လုပ်ပေးခဲ့တာ​တွေ၊ လုပ်ပေး​နေတာ​တွေ၊ လုပ်ပေးမှာ​တွေ​ကို အချိန်ယူ တွေးပါ။ ဒါဆိုရင် “ဘုရားသခင်ကို ယုံကြည်​ကိုးစားတဲ့အတွက် ဘာကိုမှ မကြောက်ဘူး” ဆိုပြီး ဒါဝိဒ်လို ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၅၆:၄

သဘာဝဘေး ကြုံ​ချိန်​မှာ နှစ်ချုပ်​ကျမ်းချက်ကို ညီအစ်မ​တစ်ယောက် တွေးတော​ဆင်ခြင်​နေ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

NANGH BANGCI DAWNG DING?

  • Jehovah’ hong sepsaksate na ngaihsutna tawh launa lungsim koi bangin gualzo thei na hiam?

  • Tuhuna Jehovah’ hong sepsakte na ngaihsutna tawh launa lungsim koi bangin gualzo thei na hiam?

  • Jehovah’ hong sepsak ding thute na ngaihsutna tawh launa lungsim koi bangin gualzo thei na hiam?

LA 33 သင့်ရဲ့ ဝန်ကို ယေဟောဝါဆီ ပုံအပ်​ပါ

a jw.org ရှာဖွေရန် အကွက်မှာ “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ” ဒါမှမဟုတ် “တွေ့ကြုံမှုများ” လို့ ရိုက်​ရင် ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဆောင်းပါးတွေ ထွက်လာမယ်။ JW Library® app မှာ​ဆိုရင် “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ” ဒါမှမဟုတ် “ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ” စတဲ့ ဆောင်းပါးတွဲ​တွေ​မှာ ရှာကြည့်ပါ။

b အမည်လွှဲများ။

d ပုံအညွှန်း– ဝက်ဝံ​တစ်ကောင် သတ်ပစ်ဖို့ မိမိကို ယေဟောဝါ ခွန်အား ပေးခဲ့တာ၊ အဟိမလက်​ကတစ်ဆင့် လက်တွေ့ကျကျ ကူညီပေးနေတာ၊ ဘုရင် မြှောက်​မှာ​ကို ဒါဝိဒ် စဉ်းစား​နေ။

e ပုံအညွှန်း– ဆေးလိပ် ဖြတ်နိုင်ဖို့ မိမိကို ယေဟောဝါ ကူညီ​ပေးခဲ့တာ၊ ချစ်ရသူတွေ ပို့တဲ့ စာတွေ​ကတစ်ဆင့် အားပေးနေတာ၊ ပရဒိသုမှာ ထာဝရ​အသက် ပေးမှာ​ကို ယုံကြည်ချက်ကြောင့် ထောင်ကျ​နေတဲ့ ညီအစ်ကို စဉ်းစား​နေ။