Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 2

LA 19 သခင့်​ညစာ​စားပွဲ

Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?

Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?

“Kei nong phawk nadingun hih bangin na bawl un.”LK 22:19, Zokam Standard Version.

အာရုံစိုက်​ရာ

အောက်မေ့ရာပွဲ ဘာကြောင့် အရေးကြီးသလဲ၊ အဲဒီ​ပွဲ​အတွက် ဘယ်လို ပြင်ဆင်​နိုင်​သလဲ၊ တခြားသူတွေ လာ​တက်နိုင်ဖို့ ဘယ်လို ကူညီနိုင်သလဲ သုံးသပ်ကြည့်ပါ။

1. Sih Phawkna pen bang hangin kum khat sung ii a thupipen ni hi a hiam? (Luka 22:19, 20)

 ယေဟောဝါ​လူမျိုး​အတွက် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​ဟာ တစ်နှစ်တာ​မှာ အရေးကြီးဆုံး ပွဲ​ပါ။ နောက်လိုက်တွေ ကျင်းပဖို့ ယေရှု သတ်သတ်မှတ်မှတ် မှာ​ခဲ့​တဲ့ တစ်ခုတည်းသော ပွဲ ဖြစ်တယ်။ (လုကာ ၂၂:၁၉၊ ၂၀ ကို ဖတ်ပါ။) အောက်မေ့ရာပွဲကို စောင့်မျှော်​ရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ တချို့ သုံးသပ်ကြည့်​ရအောင်။

2. Sih Phawkna i lametna a hang thu pawlkhat in bang a hiam?

ရွေးဖိုး ဘယ်လောက် တန်ဖိုးကြီး​ကြောင်း၊ ရွေးဖိုး​ကြောင့် ဘာကောင်းချီးတွေ ရ​ကြောင်း၊ ကျေးဇူးတင်​လေးမြတ်တယ်ဆိုတာ ဘယ်လို ပြနိုင်​ကြောင်း အောက်မေ့ရာပွဲ​က စဉ်းစားမိ​စေ​တယ်။ (၂ ကော. ၅:၁၄၊ ၁၅) ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေး​ခွင့်” ရစေတယ်။ (ရော. ၁:၁၂) နှစ်တိုင်း၊ မလှုပ်မရှား ဖြစ်​နေ​သူ တော်တော်​များများ အောက်မေ့ရာပွဲ လာ​တက်ကြတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရလို့ တချို့ ယေဟောဝါဆီ ပြန်လှည့်​လာကြတယ်။ စိတ်ဝင်စားသူ​တွေ​လည်း လာ​တက်ကြတယ်။ အဲဒီနေ့မှာ မြင်ရ၊ ကြားရတာတွေကြောင့် အသက်​လမ်းမှာ စ​လျှောက်​ချင်လာ​ကြတယ်။ ဒါကြောင့်​လည်း တစ်နှစ် တစ်နှစ် အောက်မေ့ရာပွဲကို ကျွန်တော်တို့ မျှော်ကြတာ။

3. Sih Phawkna in leituang bupa unaute koi bangin kipumkhatsak a hiam? (Lim zong en in.)

အောက်မေ့ရာပွဲ​ဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေတယ်။ ကမ္ဘာ့ဒေသ တစ်ခု​ပြီး တစ်ခုမှာ နေဝင်ပြီ​ဆိုတာနဲ့ အောက်မေ့ရာပွဲ တက်ဖို့ စုဆုံ​ကြတယ်။ ရွေးဖိုး အရေးပါပုံ​အကြောင်း အလေးပေးတဲ့ ဟောပြောချက် နားထောင်ကြတယ်။ ချီးမွမ်း​သီချင်း နှစ်​ပုဒ် ဆိုကြတယ်။ အောက်မေ့​ရာ အထိမ်းအမှတ်တွေ လက်ဆင့်ကမ်းကြတယ်။ ဆုတောင်းချက် လေးချက်​စ​လုံး​ကို “အာမင်” လို့ ခံစားချက်​အပြည့် ပြောကြတယ်။ အသင်းတော်​အားလုံး ၂၄ နာရီ​အတွင်း တစ်ပုံစံတည်း ကျင်းပ​ကြ​တာ။ ကျွန်တော်တို့​အားလုံး ဒီလို​တစ်စည်း​တစ်လုံးတည်း ဂုဏ်တင်​နေတာ မြင်တဲ့အခါ ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ဝမ်းသာ​မလဲ စဉ်းစားကြည့်ပါ။

အောက်မေ့ရာပွဲ​ဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေ (စာပိုဒ် ၃ ကို ကြည့်ပါ) f


4. Hih thulu-ah bang thu kikum ding i hiam?

အောက်မေ့ရာပွဲအတွက် စိတ်ကို ဘယ်လို ပြင်ဆင်​နိုင်​မလဲ။ တခြားသူတွေ​ပါ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ မလှုပ်မရှား ဖြစ်နေသူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွား​ကြ​မယ်။ အထူး အခါသမယ​အတွက် အသင့်ဖြစ်နေဖို့ ဒီမေးခွန်းတွေရဲ့ အဖြေ​က ကူညီပေးပါလိမ့်မယ်။

SIH PHAWKNA ADINGIN NA LUNGSIM KIGINGKHOL IN

5. (a) Tatkhiatna a manphat mahmahna thu bang hang ngaihsut ding kisam a hiam? (Late 49:7, 8) (b) Jesuh Ba’hang Si A Hiam? video pan bang theikhia i hiam?

အောက်မေ့ရာပွဲအတွက် စိတ်ကို ပြင်ဆင်​နိုင်​တဲ့ အရေးကြီးဆုံး တစ်နည်းကတော့ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ ဘယ်လောက် တန်ဖိုးကြီး​ကြောင်း စဉ်းစားခြင်း​ပါ။ အပြစ်နဲ့ သေခြင်းကနေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မရွေး​နိုင်​ဘူး။ (ဆာလံ ၄၉:၇၊ ၈ ကို ဖတ်ပါ။ ယေရှု ဘာဖြစ်လို့ အသေခံ​ရတာလဲ ဗီဒီယိုကိုလည်း ကြည့်ပါ။) a ဒါကြောင့် ကျွန်တော်တို့အတွက် ယေရှု အသေခံဖို့ ယေဟောဝါ စီစဉ်တယ်။ ယေဟောဝါနဲ့ ယေရှု တကယ် စွန့်လွှတ်​အနစ်နာခံ​ခဲ့​ကြ​တာ​ပဲ။ (ရော. ၆:၂၃) ယေဟောဝါနဲ့ ယေရှု စွန့်လွှတ်​အနစ်နာခံ​ခဲ့​တာ​တွေ တွေးလေ ရွေးဖိုး​ကို ပို​တန်ဖိုးထား​တတ်​လေ ဖြစ်လာမယ်။ ဘာတွေ စွန့်လွှတ်​အနစ်နာခံ​ခဲ့ကြသလဲ။ ဦးဆုံး၊ ရွေးဖိုး​ဆိုတာ ဘာလဲ လေ့လာ​ကြရအောင်။

6. Tatkhiatna cih in bang a hiam?

ရွေးဖိုး​ဆိုတာ တစ်ခုခုကို ပြန်​ရွေးဖို့ ပေး​ရတဲ့ အခ ဖြစ်တယ်။ ပထမ လူသား အာဒံဟာ စုံလင်သူ​အဖြစ် ဖန်ဆင်း​ခံရတယ်။ ဒါပေမဲ့ အပြစ် လုပ်လို့ ကိုယ်တိုင်​ကော သားစဉ်မြေးဆက်​အားလုံး​ပါ ထာဝစဉ် အသက်ရှင်​ခွင့် ဆုံးရှုံး​သွားတယ်။ အာဒံကြောင့် ဆုံးရှုံး​သွားတာကို ပြန်​ရွေးဖို့ မိမိရဲ့ ပြည့်ဝစုံလင်တဲ့ အသက်ကို ယေရှု ပေးဆက်​တယ်။ မြေကြီး​အသက်တာ တစ်လျှောက်လုံး “အပြစ် မကျူးလွန်​ခဲ့ဘူး။ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။” (၁ ပေ. ၂:၂၂) သေဆုံးချိန်မှာ စုံလင်​နေတုန်းပဲ။ အာဒံ အပြစ်​မလုပ်ခင်​က အခြေအနေ​အတိုင်းပဲ။ ဒါကြောင့် ယေရှု ပေးတဲ့ အသက်ဟာ အာဒံ ဆုံးရှုံး​ခဲ့​တဲ့ အသက်နဲ့ ညီမျှ​တယ်။—၁ ကော. ၁၅:၄၅။ ၁ တိ. ၂:၆

7. Leitunga Jesuh’ tuahkhak ze-etna pawlkhat in bang a hiam?

မြေကြီးပေါ်မှာ စမ်းသပ်မှု အများကြီး ကြုံရပေမဲ့ ကောင်းကင်ဘုံစံ ဖခင်ကို ယေရှု အပြည့်အဝ နာခံ​တယ်။ စမ်းသပ်မှု​တချို့က ဘာလဲ။ စုံလင်သူ​အဖြစ် မွေးလာ​ပေမဲ့ မစုံလင်သူ မိဘတွေကို လက်အောက်​ခံရတယ်။ (လု. ၂:၅၁) မိဘ​စကား နားမထောင်​ဖို့၊ ဘုရားကို သစ္စာဖောက်​ဖို့ ဖိအား​တွေ ဆယ်ကျော်သက်​အရွယ်မှာ တွန်းလှန်​ရတယ်။ အရွယ်​ရောက်လာ​ပြန်​တော့ စာတန် မာရ်နတ်ရဲ့ သွေးဆောင်မှုတွေ တွန်းလှန်​ရတယ်။ တစ်ခေါက်​ဆိုရင် ဘုရားကို သစ္စာဖောက်​ဖို့ စာတန် တဲ့​ကို ပြောတာ။ (မ. ၄:၁-၁၁) ယေရှု အပြစ် လုပ်မိအောင် သွေးဆောင်ဖို့ စာတန် ဆုံးဖြတ်ထားတယ်။ ဒါမှ ရွေးဖိုး မပေးနိုင်​မှာ​ကိုး။

8. Jesuh in adang bang ze-etnate tuak lai a hiam?

မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်းမှာ​လည်း နောက်ထပ် စမ်းသပ်မှုတွေ ယေရှု ကြုံရတယ်။ လိုက်​နှောင့်ယှက် ခံရတယ်။ အသက် အန္တရာယ် ခြိမ်းခြောက်​ခံရတယ်။ (လု. ၄:၂၈၊ ၂၉။ ၁၃:၃၁) နောက်လိုက်တွေ​ရဲ့ မစုံလင်မှုကို သည်းခံ​ရတယ်။ (မာ. ၉:၃၃၊ ၃၄) မြေကြီး​အသက်တာ နောက်ဆုံး စမ်းသပ်မှု​မှာ ညှဉ်းဆဲခံရ​တယ်။ အလှောင်​ခံရတယ်။ နာနာကျင်ကျင် အရှက်တကွဲ အသတ်ခံရတယ်။ (ဟီ. ၁၂:၁-၃) ယေဟောဝါ ကာကွယ်​မ​ပေးလို့ နောက်ဆုံး စမ်းသပ်မှုတွေ​ကို တစ်ယောက်တည်း ခါးစည်း​ခံခဲ့ရတယ်။ bမ. ၂၇:၄၆

9. Jesuh’ sihna tawh kisai-in na lungsim bangci om a hiam? (1 Peter 1:8)

ရွေးဖိုး ပေးနိုင်ဖို့ ယေရှု အကြီးအကျယ် အနစ်နာခံ​ခဲ့​တာ ရှင်းနေပါတယ်။ ကိုယ့်အတွက် ယေရှု ဘယ်လောက် လိုလိုလားလား အနစ်နာခံ​ခဲ့တယ်​ဆိုတာ စဉ်းစား​လိုက်တော့ ပိုချစ်လာတယ် မဟုတ်လား။—၁ ပေတရု ၁:၈ ကို ဖတ်ပါ။

10. Tatkhiatna a piakzawh nadingin Jehovah in bangteng suplawh a hiam?

၁၀ ယေဟောဝါ​ကော ဘာတွေ လိုလိုလားလား အနစ်နာခံ​သလဲ။ ယေဟောဝါနဲ့ ယေရှုရဲ့ သားအဖ နှောင်ကြိုး​လောက် ခိုင်မြဲတဲ့ နှောင်ကြိုး မရှိဘူး။ (ပညာ. ၈:၃၀) မြေကြီးပေါ် ယေရှု ဝေဒနာ အလူးအလဲ ခံစားရ​ချိန် ယေဟောဝါ ဘယ်လို ဖြစ်နေမလဲ။ သားတော် မတရား ဆက်ဆံ​ခံရတာ၊ ငြင်းပယ်​ခံရတာ၊ ဝေဒနာ တမြည့်မြည့် ခံစားရတာ ကြည့်ပြီး ရင်​ကွဲ​နေ​မှာ​ပဲ။

11. Jesuh a kithah lai-in Jehovah in bangzah taka nasa ding cih gentehna pia in.

၁၁ သားသမီး ဆုံးရှုံးဖူးတဲ့ မိဘ​ဆိုရင် ကိုယ်ချင်းစာ​တတ်​မှာ​ပါ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံပေမဲ့ ချစ်ရသူ သေဆုံး​လို့ မ​နာကျင်​တဲ့သူ မရှိဘူး။ ဒါဆိုရင် အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ချစ်သား ဝေဒနာ ခံစားပြီး သေသွား​တာကို ကြည့်နေ​ရတဲ့ ယေဟောဝါ ဘယ်လို ခံစားရမလဲ နားလည်မှာ​ပါ။ cမ. ၃:၁၇

12. Sih Phawkna ni hong tun ma-in bangteng sem thei i hiam?

၁၂ အခု​က​စပြီး အောက်မေ့ရာပွဲ မတိုင်ခင် ကိုယ်ပိုင်​လေ့လာမှုမှာ၊ မိသားစု ဝတ်ပြုမှု​မှာ ရွေးဖိုး​အကြောင်း လေ့လာ​ပါ။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် ဒါမှမဟုတ် တခြား လေ့လာမှု အထောက်အကူပြု ကိရိယာတွေ သုံးပြီး အသေးစိတ် လေ့လာ​ပါ။ d ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း—လေ့ကျင့်ခန်း စာစောင် မှာ ပါတဲ့ အောက်မေ့ရာပွဲ ကျမ်းစာ ဖတ်ရှုခြင်း ဇယားအတိုင်း ဖတ်ပါ။ အောက်မေ့​ရာ​နေ့မှာ နံနက်​ဝတ်ပြုမှု အထူး အစီအစဉ် ကြည့်ဖို့​လည်း မမေ့ပါနဲ့။ အောက်မေ့​ရာ​နေ့​အတွက် စိတ်ကို ပြင်ဆင်ထား​ရင် ကိုယ်တိုင် အကျိုးရမယ်။ တခြားသူတွေ အကျိုးရဖို့လည်း ကူညီပေးနိုင်မယ်။—ဧဇ. ၇:၁၀

MIDANGTE HAMPHAT NADINGIN HUH IN

13. Sih Phawkna hun thupi pan midang te’n hamphatna a ngah nadingun a masa penin bang sem thei na hiam?

၁၃ အောက်မေ့​ရာ​နေ့ အစီအစဉ်ကနေ တခြားသူတွေ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ ဦးဆုံး လုပ်နိုင်တာ​ကတော့ ဖိတ်စာ ပေးတာ​ပါ။ အမှုဆောင်မှာ ဖိတ်စာ ဝေ​တဲ့​အပြင် ဆွေမျိုး၊ အလုပ်ဖော်၊ အတန်းဖော်၊ အသိ​တွေ​ကို ဖိတ်ဖို့ စာရင်း လုပ်ပါ။ ပုံနှိပ် ဖိတ်စာ မလောက်​ရင် လင့်ခ် ပို့ပေး​နိုင်တယ်။ ဘယ်​နှယောက် လာ​တက်​မလဲ မပြောနိုင်ဘူး။ —ဒေ. ၁၁:၆

14. Sapna ngahna in lungsim a sukkhak dan i neu muh loh ding bang hang kisam a hiam?

၁၄ အ​ဖိတ်​ခံရတဲ့ ခံစားချက်ကို လျှော့မတွက်​ပါ​နဲ့။ အောက်မေ့ရာပွဲ လိုက်​တက်မယ်​ဆိုပြီး မယုံကြည်သူ ခင်ပွန်း ပြော​လာလို့ ညီအစ်မ​တစ်ယောက် အံ့ဩသွားတယ်။ ဘာကြောင့် အံ့ဩ​သွား​သလဲ။ အရင်က အကြိမ်ကြိမ် ဖိတ်​ပေမဲ့ တစ်ခါမှ လိုက်​မတက်ဘူး။ ဒီ​နှစ်​မှ ဘာကြောင့် လိုက်​တက်ချင်​သလဲ။ “ဖိတ်စာ ရထားတယ်” လို့ ခင်ပွန်း ပြောတယ်။ သူနဲ့ ခင်တဲ့ အကြီးအကဲ ပေး​သွားတာ။ အဲဒီ​နှစ်က စပြီး နှစ်တိုင်း အောက်မေ့ရာပွဲ လိုက်​တက်တယ်။

15. Sih Phawkna ading i sap ciangin bang thu i phawk ding kisam a hiam?

၁၅ အစည်းအဝေး တစ်ခါမှ မတက်ဖူးသူတွေ​မှာ မေးစရာ အများကြီး ရှိနိုင်တယ်ဆိုတာ သတိရပါ။ ဘာတွေ မေး​လာနိုင်သလဲ၊ ဘယ်လို ပြန်ဖြေမလဲ ကြိုစဉ်းစားထားပါ။ (ကော. ၄:၆) ‘ဘာတွေ လုပ်ကြ​မလဲ။ ဘယ်လောက် ကြာ​မလဲ။ ဘယ်လို ဝတ်​လာ​ရမလဲ။ ဝင်​ကြေး ကောက်​မ​လား။ အလှူငွေ ထည့်​ရမလား’ စသဖြင့် တချို့ တွေးမိနိုင်တယ်။ ဖိတ်စာ ပေးတဲ့အခါ “သိချင်​တာ ရှိသလား” လို့ ရိုးရိုးလေး မေးကြည့်ပါ။ သူတို့ သိချင်​တာ ဖြေပေးပါ။ လူအားလုံးနဲ့​ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း နိုင်ငံတော်​ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုတွေ သုံးပြီး အစည်းအဝေး ကျင်းပ​ပုံ ရှင်းပြပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၂၈ ထဲက အချက်​တချို့ ပြောပြပါ။

16. Sih Phawkna-a hong kikhawm mi te’n bang dotnate dong thei uh a hiam?

၁၆ အောက်မေ့ရာပွဲ တက်ပြီးနောက် စိတ်ဝင်စားသူ လူသစ်တွေ​မှာ မေးစရာတွေ ထပ်​ရှိနိုင်တယ်။ ဥပမာ၊ ‘ဘာကြောင့် မုန့်နဲ့ ဝိုင်ကို လူ​နည်းနည်းပဲ သုံးဆောင်​သလဲ၊ ဘယ်သူမှ မသုံးဆောင်​သလဲ။ တစ်နှစ် ဘယ်နှကြိမ် ကျင်းပ​သလဲ။ အစည်းအဝေး​အားလုံး ဒီအတိုင်း ကျင်းပ​သ​လား’ ဆိုပြီး မေး​လာနိုင်တယ်။ အောက်မေ့ရာပွဲ ဟောပြောချက်မှာ ဒီအချက်တွေ ပြော​သွား​ရင်တောင် လူသစ်တွေကို ထပ်​ရှင်းပြ​ရနိုင်တယ်။ jw.org မှာ တင်ထားတဲ့ “ယေဟောဝါ​သက်သေတွေ သခင့်​ညစာ​စားပွဲ ကျင်းပ​ပုံ​က တခြား​ဘာသာရေး​အဖွဲ့တွေ ကျင်းပ​ပုံ​နဲ့ ဘာကြောင့် မတူတာ​လဲ” ဆောင်းပါး​ကနေ အဖြေ ရှာနိုင်တယ်။ ‘စိတ်ရင်းမှန်သူ​တွေ’ အကျိုးရဖို့ အောက်မေ့ရာပွဲ မကျင်းပခင်​ကော၊ ကျင်းပ​နေစဉ်​ကော၊ ကျင်းပပြီး​နောက်မှာ​ပါ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးချင်​ကြတယ်။—တ. ၁၃:၄၈

PASIAN THU LAMA A GAMTANG NAWN LO MITE HUH IN

17. Pawlpi upa te’n Pasian thu lama a gamtang nawn lo mite koi bangin huh thei uh a hiam? (Ezekiel 34:12, 16)

၁၇ မလှုပ်မရှား ဖြစ်နေသူတွေကို အောက်မေ့ရာပွဲ ကာလအတွင်း အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဂရုစိုက်ကြောင်း ပြပါ။ (ယေဇကျေလ ၃၄:၁၂၊ ၁၆ ကို ဖတ်ပါ။) အောက်မေ့​ရာ​နေ့ မတိုင်ခင် များနိုင်သမျှ များများ​ကို ဆက်သွယ်ပါ။ သူတို့ကို ဂရုစိုက်ကြောင်း၊ တတ်နိုင်တဲ့​ဘက်​က ကူညီပေးချင်ကြောင်း ပြောပါ။ အောက်မေ့ရာပွဲ လာ​တက်ဖို့ ဖိတ်ပါ။ လာတက်တဲ့အခါ နွေးနွေးထွေးထွေး ကြိုဆိုပါ။ အောက်မေ့​ရာ​နေ့ ပြီးနောက်မှာ​လည်း သူတို့နဲ့ အဆက်အသွယ် မပြတ် ရှိပါ။ ယေဟောဝါဆီ ပြန်လှည့်လာဖို့ ကူညီပေးနိုင်​သမျှ ကူညီပေးပါ။—၁ ပေ. ၂:၂၅

18. Pasian thu lama a gamtang nawn lo mite koi bangin huhna pia thei i hiam? (Rom 12:10)

၁၈ အောက်မေ့ရာပွဲ လာတက်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေကို အသင်းတော်​တစ်ခုလုံး ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံခြင်း​အားဖြင့်​ပါ။ (ရောမ ၁၂:၁၀ ကို ဖတ်ပါ။) မလှုပ်မရှား ဖြစ်​နေ​သူ​တွေ​ဟာ အစည်းအဝေး ပြန်​တက်ဖို့ ရှိန်နေ​နိုင်တယ်။ ညီအစ်ကို/မတွေ ဟက်ဟက်ပက်ပက် မရှိကြ​မှာ စိုးရိမ်​နိုင်တယ်။ e ဒါကြောင့် စိတ်​ကသိကအောက် ဖြစ်စေမယ့် မေးခွန်းတွေ မ​မေးပါ​နဲ့။ အရှိုက်​ထိ​စေ​မယ့် စကားတွေ မပြောပါနဲ့။ (၁ သက်. ၅:၁၁) မလှုပ်မရှား ဖြစ်​နေ​သူ​တွေ​လည်း ညီအစ်ကို/မတွေ​ပါပဲ။ သူတို့နဲ့အတူ ပြန်​ဝတ်ပြု​ရလို့ ကျွန်တော်တို့ ပျော်ကြတယ်။—ဆာ. ၁၁၉:၁၇၆။ တ. ၂၀:၃၅

19. Jesuh’ sihna i phawkna pan bang hamphatnate kingah a hiam?

၁၉ အောက်မေ့ရာပွဲ ဘယ်လောက် အရေးကြီးကြောင်း သိခဲ့ကြပြီ။ အောက်မေ့ရာပွဲ တက်တဲ့အခါ ကိုယ်တိုင်​ကော တခြားသူတွေ​ပါ အကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ်။ သူတို့ လုပ်ပေးတာ​တွေ​အတွက် ဘယ်လောက် ကျေးဇူးတင်ကြောင်း ပြ​ခွင့် ရတယ်။ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီး​လာတယ်။ ရွေးဖိုး​ကနေ တခြားသူတွေ အကျိုးရဖို့ ကူညီပေး​ခွင့် ရတယ်။ နှစ်တိုင်း မိမိ​သေခြင်းကို သတိရဖို့ ယေရှု မှာ​ခဲ့​တာ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့် တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့ ဖြစ်တဲ့ အောက်မေ့​ရာ​နေ့​အတွက် အခုကတည်းက ပြင်ဆင်ထား​ကြရအောင်။

NANGH BANGCI DAWNG DING?

  • Sih Phawkna ni adingin lungsim koi bangin kigingkhol thei i hiam?

  • Midangte hamphat nadingin koi bangin huh thei i hiam?

  • Pasian thu lama a gamtang nawn lo mite koi bangin huh thei i hiam?

LA 18 Tatkhiatna Hangin Lungdam Ung

a ဒီဆောင်းပါးမှာ ညွှန်းထားတဲ့ ဆောင်းပါး၊ ဗီဒီယိုတွေကို jw.org ရှာဖွေမှု အသွင်အပြင် သုံးပြီး ရှာပါ။

b ၂၀၂၁၊ ဧပြီလ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးကို ကြည့်ပါ။

d ရှာဖွေ​လေ့လာစရာ​များ” လေးထောင့်ကွက်ကို ကြည့်ပါ။

e ရုပ်ပုံနဲ့ “ ညီအစ်ကို/မတွေ ဘယ်လို ဆက်ဆံ​ကြ​သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။ နိုင်ငံတော်​ခန်းမ​ထဲ ဝင်ဖို့ မလှုပ်မရှား ညီအစ်ကို ရှိန်နေပေမဲ့ ဝင်လာ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရ။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်း​ရလို့ ပျော်​သွား။

f ပုံအညွှန်း– ကမ္ဘာ့ဒေသ​တစ်ခုမှာ ယေဟောဝါရဲ့ လူမျိုး အောက်မေ့ရာပွဲ ကျင်းပ​နေချိန် တခြား​ဒေသ​တွေ​မှာ အောက်မေ့ရာပွဲ ကျင်းပဖို့ ညီအစ်ကို/မတွေ ပြင်ဆင်​နေ။