မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြံပြုလွှာ

လေ့လာစရာ အကြံပြုလွှာ

လေ့လာစရာ အကြံပြုလွှာ

အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီးတွေမှာ ယေဟောဝါကို ကျွန်တော်တို့ အုပ်စုလိုက် ဝတ်ပြုသလို တစ်ယောက်ချင်းအလိုက်၊ မိသားစုလိုက်လည်း ဝတ်ပြုကြတယ်။ တစ်ယောက်ချင်းအလိုက်၊ မိသားစုလိုက် ဝတ်ပြုတဲ့အခါ ဘာတွေ လေ့လာနိုင်သလဲ။ ဒီအကြံပြုချက်တွေ သုံးသပ်ကြည့်ပါ–

  • အသင်းတော် အစည်းအဝေးအတွက် ပြင်ဆင်ပါ။ သီချင်းတွေ လေ့ကျင့်ပါ။ မှတ်ချက် ပြင်ဖို့ မိသားစုဝင်တိုင်းကို ကူညီပေးပါ။

  • ကျမ်းမှတ်တမ်းတစ်ခု ဖတ်ပါ။ မှတ်တမ်းထဲက ဖြစ်ရပ်တစ်ခုကို ပုံဆွဲပါ။ ဒါမှမဟုတ် သိလာတာ တစ်ခုခု ချရေးပါ။

  • ကျမ်းစာမှာ ပါတဲ့ ဆုတောင်းချက်တစ်ချက် ဖတ်ပါ။ အဲဒီဆုတောင်းချက်ကို နမူနာ ယူပြီး ကိုယ့်ဆုတောင်းချက် တိုးတက်လာအောင် ဘယ်လို လုပ်နိုင်သလဲ စဉ်းစားပါ။

  • အဖွဲ့အစည်း ဗီဒီယို ကြည့်ပါ။ တခြားသူတွေနဲ့ ဆွေးနွေးပါ။ သဘောကျတဲ့ အချက်တွေ ချရေးပါ။

  • အမှုဆောင်အတွက် ပြင်ဆင်ပါ။ အစမ်း လေ့ကျင့်ပါ။

  • ဖန်ဆင်းရာတွေအကြောင်း လေ့လာပါ။ ယေဟောဝါအကြောင်း ဘာသင်ပေးသလဲ စဉ်းစားပါ။ ဆွေးနွေးပါ။ a

a ၂၀၂၃၊ မတ်လ ကင်းမျှော်စင် မှာ ပါတဲ့ “ဖန်ဆင်းရာတွေကတစ်ဆင့် ယေဟောဝါအကြောင်း ထပ်လေ့လာပါ” ဆောင်းပါးကို ကြည့်ပါ။