Thukihel-ah kanto

Thu kihelte-ah kanto

SIN DING THU 5

LA 27 ဘုရား​သားများ ပေါ်ထွန်းခြင်း

‘Note Ka Hong Nusia Ngei Kei Ding Hi’!

‘Note Ka Hong Nusia Ngei Kei Ding Hi’!

‘Note ka hong nusia ngei kei ding a, ka hong tamasak ngei kei ding hi,’ hong ci hi.”HEB. 13:5b.

အာရုံစိုက်​ရာ

ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်​အားလုံး ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရား​ကျေးကျွန်တွေ ပစ်ထား​ခံရမှာ မဟုတ်ဘူး။

1. Sathau nilh khempeuh bang hunin vantungah tung khin ding uh a hiam?

 ‘ဘိသိက်ခံ​အားလုံး ဘယ်အချိန် ကောင်းကင် ရောက်နေ​မလဲ’ ဆိုပြီး လွန်ခဲ့တဲ့ နှစ်များစွာ​က ဘုရား​ကျေးကျွန်တွေ တွေးမိ​ကြတယ်။ အာမဂေဒုန်​စစ်ပွဲ​အပြီး အချိန်အတန်​ကြာ​အထိ မြေကြီး ပရဒိသုမှာ ဘိသိက်ခံ​တချို့ ဆက်​ရှိနိုင်တယ်လို့ ထင်​ခဲ့ကြတယ်။ ဒါပေမဲ့ မြေကြီးပေါ် ရှိနေဆဲ ဘိသိက်ခံ​အားလုံး အာမဂေဒုန် မစခင် ကောင်းကင်ကို စုသိမ်းခံရမယ်​ဆိုတာ ၂၀၁၃၊ ဇူလိုင် ၁၅ ကင်းမျှော်စင် မှာ သိခဲ့​ကြရတယ်။—မ. ၂၄:၃၁

2. Bang thudotna hong om a hiam? Hih thulu-ah bang thu kikum ding i hiam?

မြေကြီးပေါ်မှာ ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်​နေတဲ့ ခရစ်တော်ရဲ့ “တခြား​သိုးတွေ” “ကြီးစွာသောဒုက္ခ” အတွင်း ဘာဖြစ်မလဲ​ဆိုတဲ့ မေးခွန်း ပေါ်လာတယ်။ (ယော. ၁၀:၁၆။ မ. ၂၄:၂၁) ချစ်ရတဲ့ ဘိသိက်ခံ ညီအစ်ကို/မတွေ ကောင်းကင် ရောက်သွား​ရင် တခြား​သိုးတွေ ဘာလုပ်လို့ လုပ်ရ​မှန်း မသိ ကျန်နေခဲ့မှာ​ကို တချို့ စိတ်ပူ​မိ​နိုင်တယ်။ ကျမ်းမှတ်တမ်း​နှစ်ခုကြောင့် စိတ်ပူ​ကြ​တာ။ ဘယ်​ကျမ်းမှတ်တမ်းတွေ​လဲ၊ ဘာကြောင့် စိတ်ပူ​စ​ရာ မလိုသလဲ ဆွေးနွေး​ကြ​မယ်။

HONG PIANG LO DING THUTE

3-4. Mi pawlkhat in bang pen lunghimawh khathei uh a hiam? Bang hang hiam?

ဦးဆောင်​လမ်းပြ​မယ့် အုပ်ချုပ်ရေး အဖွဲ့ဝင် ဘိသိက်ခံ ညီအစ်ကိုတွေ မရှိတော့​ရင် တခြား​သိုးတွေ အမှန်တရားကနေ လမ်းလွဲ​သွားမှာ တချို့ စိတ်ပူ​မိ​နိုင်တယ်။ ကျမ်းမှတ်တမ်း​တချို့ကြောင့် အဲဒီလို စိတ်ပူ​ကြ​တာ။ မှတ်တမ်း​နှစ်ခု စဉ်းစားကြည့်ပါ။ ပထမ၊ ယောရှ​ဆိုတဲ့ ကလေးလေး​ကို သစ္စာရှိ ပုရောဟိတ်မင်း ယောယဒ​နဲ့ ဇနီး ယောရှေဘ ကာကွယ်ပေးခဲ့တယ်။ သစ္စာရှိ မင်းကောင်း​တစ်ပါး ဖြစ်လာဖို့ ပျိုးထောင်​ပေးခဲ့တယ်။ သက်ကြီး ယောယဒ အသက်ရှင်​နေချိန် တစ်လျှောက်လုံး ယောရှ မှန်ရာ လုပ်တယ်။ ယောယဒ ကွယ်လွန်ပြီးနောက်​မှာတော့ ယောရှ ဆိုးလာ​တယ်။ မှူးမတ်​ဆိုး​တွေ​စကား နားယောင်​ပြီး ယေဟောဝါကို ကျောခိုင်း​သွားတယ်။—၂ ရာ. ၂၄:၂၊ ၁၅-၁၉

နောက်​မှတ်တမ်းကတော့ အေဒီ ဒုတိယ​ရာစု ခရစ်ယာန်တွေ​အကြောင်းပါ။ ယောဟန်ဟာ တမန်တော်တွေ​ထဲ​မှာ နောက်ဆုံး အသက်ရှင်​ကျန်ရစ်သူ ဖြစ်တယ်။ ယေဟောဝါအပေါ် ဆက်သစ္စာရှိဖို့ ခရစ်ယာန်​များစွာ​ကို ကူညီပေးတယ်။ (၃ ယော. ၄) သွန်သင်ချက်​အမှားတွေ၊ အကျင့်​အကြံ​အမှားတွေ အသင်းတော်​ထဲ စိမ့်ဝင်​မ​လာဖို့ သစ္စာရှိ တခြား​တမန်တော်တွေ​လိုပဲ ကြိုးစား​တိုက်ထုတ်​တယ်။ (၁ ယော. ၂:၁၈။ ၂ သက်. ၂:၇) ယောဟန် ဆုံးပြီးနောက်​မှာတော့ တော်တော်​များများ အယူဖောက်ပြန်​လာတယ်။ နှစ်​အနည်းငယ်​အတွင်းမှာပဲ အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတယ်။

5. Lai Siangtho sunga thu nih hangin koi banga ngaihsut ding hi lo a hiam?

ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ခရစ်တော်ရဲ့ တခြား​သိုးတွေ​လည်း ယောရှ​လို အမှန်တရားကနေ လမ်းလွဲ​သွားမယ်၊ အေဒီ ဒုတိယ​ရာစု ခရစ်ယာန်​များစွာ​လို အယူဖောက်ပြန်​သွားမယ်​ဆိုပြီး ဒီကျမ်း​မှတ်တမ်း​နှစ်ခုကြောင့် ကောက်ချက် ချ​သင့်​သ​လား။ လုံးဝ မချသင့်ဘူး။ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွား​ရင်တောင် ဘုရားကို တခြား​သိုးတွေ နည်းမှန်လမ်းကျ ဆက်​ဝတ်ပြု​ကြ​မယ်၊ ဘုရား ဆက်​ဂရုစိုက်​မယ်​ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။

A SIANGTHO BIAKNA BEIMANG LO DING

6. I kikup ding hun thum in bangteng a hiam?

စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်​ကော​သွားမှာ မဟုတ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲ။ ကျွန်တော်တို့​ခေတ်​ဟာ ရှေးအစ္စရေး​ခေတ်​နဲ့​ကော အေဒီ ဒုတိယ​ရာစု​ခေတ်​နဲ့​ပါ ကွာတယ်​လို့ ကျမ်းစာမှာ ဖော်ပြထားလို့​ပါ။ ဒါကြောင့် ခေတ်သုံး​ခေတ်​အကြောင်း အသေးစိတ် သုံးသပ်ကြရအောင်။ (၁) ရှေးအစ္စရေး​ခေတ်၊ (၂) တမန်တော်တွေ သေဆုံးပြီးနောက်​ခေတ်၊ (၃) “အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တဲ့ ကျွန်တော်တို့​ခေတ်။—တ. ၃:၂၁

7. Israel mite le kumpite in lampi man lo a zuih uh ciangin a citak mite bang hangin lungkia lo uh a hiam?

ရှေးအစ္စရေး​ခေတ်။ “ကျွန်တော် သေဆုံးပြီး​နောက်မှာ ခင်ဗျားတို့က မိုက်မိုက်မဲမဲ ပြုမူ​ပြီး မှာထားတဲ့ လမ်းစဉ်​ကနေ လွဲသွား​မယ်​ဆိုတာ ကျွန်တော် ကောင်းကောင်း သိတယ်” လို့ မောရှေ မသေဆုံးခင်လေးမှာ အစ္စရေးတွေ​ကို ပြောတယ်။ (တရား. ၃၁:၂၉) ပုန်ကန်​ရင် ပြည်နှင်ခံ​ရမယ်လို့လည်း သတိပေးတယ်။ (တရား. ၂၈:၃၅၊ ၃၆) အဲဒီစကားတွေ​အတိုင်း တကယ် ဖြစ်လာတယ်။ ရာစုနှစ်တွေ​တစ်လျှောက် ဘုရင်​များစွာ လမ်းမှား လိုက်ကြတယ်။ ဘုရား​လူမျိုးကို လမ်းလွဲစေ​ကြတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ အစ္စရေးတွေ​ကို ယေဟောဝါ အပြစ်ပေး​လိုက်တယ်။ အစ္စရေး​မင်းဆက် ဖြတ်လိုက်တယ်။ (ယေဇ. ၂၁:၂၅-၂၇) သစ္စာရှိ အစ္စရေးတွေ​ကတော့ ဘုရား ပြောတဲ့​အတိုင်း တကယ် ဖြစ်လာလို့ အားတက်လာကြတယ်။—ဟေရှာ. ၅၅:၁၀၊ ၁၁

8. C.E kum zalom nihna-in Khristian pawlpi sunga a langpang mite hong om pen a lamdang hiam? Hilhcian in.

တမန်တော်တွေ သေဆုံးပြီးနောက်​ခေတ်။ အေဒီ ဒုတိယ​ရာစုမှာ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတာ အံ့ဩ​သင့်​သ​လား။ မ​အံ့ဩ​သင့်​ဘူး။ ယေရှု ကြိုပြော​ပြီး​သား​ပဲ။ (မ. ၇:၂၁-၂၃။ ၁၃:၂၄-၃၀၊ ၃၆-၄၃) မိမိတို့​ခေတ် အေဒီ ပထမရာစုမှာ ယေရှု ပြောသလို အယူဖောက်ပြန်သူတွေ စ​ပေါ်​နေပြီ​လို့ တမန်တော် ပေါလု၊ ပေတရု၊ ယောဟန်တို့ ပြောကြတယ်။ (၂ သက်. ၂:၃၊ ၇။ ၂ ပေ. ၂:၁-၃၊ ၁၇-၁၉။ ၁ ယော. ၂:၁၈) အေဒီ ဒုတိယ​ရာစု​မှာတော့ ခရစ်ယာန် အသင်းတော်ကို အယူဖောက်ပြန်မှု လှိုက်စား​လာတယ်။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်လာတယ်။ ယေရှု ကြိုပြော​သလို တကယ် ဖြစ်လာတာ​ပဲ။

9. Ei hun pen tanglai Israel hun le C.E kum zalom nihna hun tawh koi bangin kilamdang a hiam?

“အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်။” ကျွန်တော်တို့​ခေတ်​ဟာ ရှေးအစ္စရေး​ခေတ်​နဲ့​ကော အယူဖောက်ပြန်မှု ခြေကုပ်​ရသွားတဲ့ အေဒီ ဒုတိယ​ရာစု​ခေတ်​နဲ့​ပါ ကွာတယ်။ ကျွန်တော်တို့​ခေတ်​ကာလကို ဘယ်လို ခေါ်​သလဲ။ “နောက်ဆုံး​ကာလ” လို့ ချက်ချင်း စဉ်းစားမိ​မယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ နောက်ဆုံး​ကာလ​နဲ့ တစ်ချိန်တည်းမှာ စပြီး နောက်ဆုံး​ကာလ​ထက် ပို​ရှည်ကြာ​မယ့် အချိန်ကာလ​အကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ “အရာအားလုံးကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးမယ့် အချိန်” လို့ ခေါ်တယ်။ (တ. ၃:၂၁) ၁၉၁၄ မှာ စတယ်။ လူတွေ စုံလင်​လာအောင်၊ ကမ္ဘာမြေ ပရဒိသု ဖြစ်လာအောင် မေရှိယ နိုင်ငံတော် လုပ်​ပေးပြီး​ချိန်​မှာ ဆုံးမယ်။ ဘာတွေကို နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးခဲ့​ပြီ​လဲ။ ကောင်းကင်မှာ ယေရှုကို နန်းထိုင်​စေ​ခြင်း​အားဖြင့် သစ္စာရှိ ဘုရင် ဒါဝိဒ်ရဲ့ မင်းဆက်​ကို ယေဟောဝါ ပြန်​ပေါ်လာ​စေ​တယ်။ အုပ်ချုပ်ရေး​ပိုင်း​ကို​ပဲ နဂို​အတိုင်း ဖြစ်အောင် လုပ်ပေးတာ မဟုတ်ဘူး။ သိပ်မကြာခင်​မှာ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်​ထွန်းကား​လာတယ်။ (ဟေရှာ. ၂:၂-၄။ ယေဇ. ၁၁:၁၇-၂၀) ပြန်​ထွန်းကား​ပြီး​သား စင်ကြယ်တဲ့ ဝတ်ပြုရေး တိမ်​ကော​သွား​ဦး​မ​လား။

10. (a) Ei huna a siangtho biakna tawh kisai-in Lai Siangtho in bang gen khol a hiam? (Isaiah 54:17) (b) Tua genkholhnate in bang hangin hehnepna hong ngahsak a hiam?

၁၀ ဟေရှာယ ၅၄:၁၇ ကို ဖတ်ပါ။ “မင်းကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်​တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး” ဆိုတဲ့ ကြိုဟောချက် ဒီနေ့ ပြည့်စုံ​နေတယ်။ “မင်းရဲ့ သားသမီး​အားလုံး ယေဟောဝါ သွန်သင်​ပေးတာကို ခံရလိမ့်မယ်။ ငြိမ်သက်ခြင်း​ကောင်းချီးကို သူတို့ အလျှံပယ် ခံစားရလိမ့်မယ်။ မင်းဟာ ဖြောင့်မတ်ခြင်း​တရား​မှာ တည်မြဲ​နေ​လိမ့်မယ်။ . . . ဘာကိုမှ ကြောက်ရမှာ မဟုတ်ဘူး။ ကြောက်စရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။ ကြောက်လန့်စရာ​တွေ မင်း​အနား ရောက်လာမှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်း​စကား​လည်း ပြည့်စုံ​နေတယ်။ (ဟေရှာ. ၅၄:၁၃၊ ၁၄) ယေဟောဝါ​လူမျိုးရဲ့ ပညာပေး​လုပ်ငန်းကို “ဒီလောကစနစ်ရဲ့ ဘုရား” စာတန်​တောင် မတား​နိုင်​ဘူး။ (၂ ကော. ၄:၄) စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကား​နေပြီ။ နောက်တစ်ခါ တိမ်​ကော​သွားမှာ မဟုတ်ဘူး။ ထာဝစဉ် အညွန့် တလူလူ ဖြစ်​နေ​မှာ။ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ လုပ်တဲ့ လက်နက်​တစ်ခုမှ အောင်မြင်မှာ မဟုတ်ဘူး။

HONG PIANG DING THUTE

11. Sathau nilhte vantung a tun uh ciangin mihonpi te’n nusiat thuak lo ding uh ahihlam bang in hong muangsak a hiam?

၁၁ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွားတဲ့အခါ ဘာဖြစ်မလဲ။ ယေရှုဟာ ကျွန်တော်တို့ရဲ့ သိုးထိန်း၊ ခရစ်ယာန် အသင်းတော်ရဲ့ ဦး​ခေါင်း​ဆိုတာ သတိရပါ။ “ခင်ဗျားတို့မှာ ခရစ်တော်​ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ (မ. ၂၃:၁၀) နန်းထိုင် ဘုရင် တာဝန်ကျေ​ပါ​လိမ့်မယ်။ ခရစ်တော်​ကိုယ်တိုင် ဦးဆောင်​လမ်းပြ​နေတာမို့ မြေကြီးပေါ်က နောက်လိုက်တွေ ကြောက်စရာအကြောင်း လုံးဝ မရှိဘူး။ အဲဒီအချိန် ခရစ်တော် ဘယ်လို ဦးဆောင်​လမ်းပြ​မလဲ အသေးစိတ်​တော့ မသိဘူး။ ဒါပေမဲ့ နှစ်သိမ့်မှု ဖြစ်စေနိုင်တဲ့ ကျမ်းမှတ်တမ်း​တချို့ သုံးသပ်ကြည့်​ရအောင်။

12. (a) Moses a sih khit ciangin Jehovah in a mite koi bangin don a hiam? (b) Elijah ii tavuan a kilaih khit ciangin Jehovah in a mite koi bangin don a hiam? (Lim zong en in.)

၁၂ အစ္စရေးလူမျိုး ကတိထားရာပြည် မဝင်​ခင်လေး​မှာ မောရှေ ဆုံးသွား​တယ်။ အစ္စရေးတွေ ဘာဖြစ်သွားသလဲ။ သစ္စာရှိ မောရှေ မရှိတော့တာ​နဲ့​ပဲ ပစ်ထား​ခံ​လိုက်ရ​သ​လား။ မခံရဘူး။ သူတို့ သစ္စာရှိ​နေသရွေ့ ယေဟောဝါ ထောက်မ​တယ်။ သူတို့ကို ဦးဆောင်​မယ့် တာဝန် ယောရှု​ကို လွှဲပေး​ဖို့ မောရှေ မသေဆုံးခင် ယေဟောဝါ ညွှန်ကြားတယ်။ အဲဒီအချိန်မှာ ယောရှု​ကို မောရှေ လေ့ကျင့်​ပေးထားတာ နှစ်ဆယ်ချီ​နေပြီ။ (ထွ. ၃၃:၁၁။ တရား. ၃၄:၉) ဒါ့အပြင် လူ​တစ်ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါးဆယ်​အုပ်၊ တစ်ဆယ်​အုပ် စသဖြင့် အရည်အချင်း​ရှိ ခေါင်းဆောင် အများကြီး ရှိတယ်။ (တရား. ၁:၁၅) ဘုရား​လူမျိုး ပစ်ထား​မခံရဘူး။ ဧလိယ​အကြောင်းလည်း စဉ်းစားကြည့်ပါ။ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ဘုရား​လူမျိုးကို နှစ်ဆယ်ချီ ရှေ့​ကနေ ဦးဆောင်တယ်။ ဒါပေမဲ့ ယုဒပြည် တောင်ပိုင်း​မှာ ယေဟောဝါ ပြောင်း​အမှုဆောင်​ခိုင်းတယ်။ (၂ ဘု. ၂:၁။ ၂ ရာ. ၂၁:၁၂) အစ္စရေး ဆယ်နွယ်​နိုင်ငံက သစ္စာရှိသူတွေ ပစ်ထား​ခံ​လိုက်ရ​သ​လား။ မခံရဘူး။ ဧလိရှဲ​ကို ဧလိယ နှစ်နဲ့ချီ လေ့ကျင့်ပေး​ထားတယ်။ နောက်ကနေ လိုက်ပြီး ပညာ​သင်​ထားတဲ့ “ပရောဖက်” တွေ​လည်း ရှိတယ်။ (၂ ဘု. ၂:၇) ဘုရား​လူမျိုးကို ဒီသစ္စာရှိ အမျိုးသားတွေ ဆက်ကူညီပေးကြတယ်။ မိမိ​ရည်ရွယ်ချက်ကို ယေဟောဝါ ဆက်​ပြည့်စုံစေ​တယ်။ သစ္စာရှိ ဝတ်ပြု​သူတွေကို ဆက်​ဂရုစိုက်​တယ်။

တာဝန် ဆက်ခံမယ့်​သူ အသီးသီးကို မောရှေ (ဘယ်ဘက် ရုပ်ပုံ) နဲ့ ဧလိယ (ညာဘက် ရုပ်ပုံ) လေ့ကျင့်ပေးနေ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


13. Hebru 13:5 ah Jehovah in bang hong kamciam a hiam? (Lim zong en in.)

၁၃ နောက်ဆုံး​ဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ​ကော ဘာဖြစ်​လာမယ်​လို့ ထင်သလဲ။ မြေကြီးပေါ်က ကျေးကျွန်တွေကို ယေဟောဝါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး​လို့ ကျမ်းစာမှာ အာမခံထားတယ်။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) မောရှေ၊ ဧလိယတို့​လိုပဲ ဒီနေ့​အချိန်မှာ ဘုရား​လူမျိုးကို ဦးဆောင်နေတဲ့ ဘိသိက်ခံ ခရစ်ယာန် အုပ်စု​လေး​ဟာ လေ့ကျင့်ပေးခြင်း​ရဲ့ အရေးကြီးမှုကို သဘောပေါက်တယ်။ ဒါကြောင့် တခြား​သိုး​ထဲက အမျိုးသားတွေကို လေ့ကျင့်​ပေးနေတာ နှစ်ချီ​နေပြီ။ အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေ၊ တခြားသူတွေကို လေ့ကျင့်​ဖို့ သင်တန်း အများကြီး စီစဉ်ပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အသီးသီးရဲ့ အကူ​တွေ​ကို လက်ထပ် သင်ကြား​ပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အကူ​တွေ​ဟာ တာဝန်ကြီးတွေ သစ္စာရှိရှိ ထမ်းဆောင်နေကြတယ်။ ခရစ်တော်ရဲ့ သိုးတွေကို ဆက်​စောင့်ရှောက်​ပေးဖို့ ကောင်းကောင်း လေ့ကျင့်​ခံ​ထား​ကြ​ရတာပဲ။

အကူ​တွေ​ကို အုပ်ချုပ်ရေးအဖွဲ့ လေ့ကျင့်ပေးနေ။ ကမ္ဘာတစ်ဝန်းက အကြီးအကဲ၊ နယ်လှည့်ကြီးကြပ်မှူး၊ ဌာနခွဲ ကော်မတီဝင်၊ ဗေသလ ကြီးကြပ်မှူး၊ သာသနာပြုတွေကို လေ့ကျင့်ဖို့ သင်တန်းတွေ စီစဉ်​ပေးနေ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


14. Kikupkhitsate a tomin gen in?

၁၄ ဆွေးနွေး​ခဲ့​သမျှ အနှစ်ချုပ်​က ဘာလဲ။ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး​ဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရား​ကျေးကျွန်တွေ ဘုရားကို သစ္စာရှိရှိ ဆက်​ဝတ်ပြု​နေ​ကြ​မယ်။ ယေရှုခရစ် ဦးဆောင်နေတဲ့​အတွက် အိုးနင်းခွက်နင်း ဖြစ်နေကြ​မှာ မဟုတ်ဘူး။ မာဂေါဂပြည်က ဂေါဂ​မင်း​လို့ ခေါ်တဲ့ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်တာတော့ ခံရမှာ​ပေါ့။ (ယေဇ. ၃၈:၁၈-၂၀) ဒါပေမဲ့ အဲဒီ​တိုက်ခိုက်မှု တို​မယ်၊ အရေး​နိမ့်​မယ်။ ယေဟောဝါကို လူမျိုးတော် ဆက်ဝတ်မပြုအောင် နှောင့်ယှက်​နိုင်​မှာ မဟုတ်ဘူး။ မိမိလူမျိုးကို ဘုရား သေချာပေါက် ကယ်​မယ်။ တခြားသိုးအဝင် “လူအုပ်ကြီး” “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်​လာ” တာကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ (ဗျာ. ၇:၉၊ ၁၄) ဘေးကင်း​ကြ​မယ်​ဆိုတဲ့ သဘောပါပဲ။

15-16. Maangmuhna 17:14-a a gen bangin, Armageddon galdona-ah Khrih ii sathau nilhte in bang sem ding uh a hiam? Bang hangin thangah huai a hiam?

၁၅ ဘိသိက်ခံတွေ ကောင်းကင် ရောက်သွား​ပြီးနောက် ဘာလုပ်ကြမလဲ​လို့ တချို့ စဉ်းစားမိ​မယ်။ ကျမ်းစာမှာ တိုက်ရိုက် အဖြေပေးထားတယ်။ လောက​အစိုးရတွေ “သိုးသငယ်​နဲ့ စစ်တိုက်​လိမ့်မယ်။” ဒါပေမဲ့ “သိုးသငယ်ဟာ . . . သူတို့ကို အောင်မြင်လိမ့်မယ်။” သိုးသငယ်​ကို ဘယ်သူတွေ ကူညီ​မလဲ။ “ခေါ်ယူ​ရွေးချယ်ခံရတဲ့ သစ္စာရှိသူတွေ” ပါ။ (ဗျာဒိတ် ၁၇:၁၄ ကို ဖတ်ပါ။) အဲဒါ ဘယ်သူတွေလဲ။ ရှင်ပြန်​ထမြောက်​သွားတဲ့ ဘိသိက်ခံတွေ။ ဒီတော့ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံး ဘိသိက်ခံ ကောင်းကင်ကို စုသိမ်း​ခံရပြီးနောက် ဘိသိက်ခံတွေ ဦးဆုံး ရမယ့် တာဝန်က စစ်တိုက်ဖို့​ပါ။ သိပ်​ထူးခြားတဲ့ တာဝန်​ပဲ။ ဘိသိက်ခံ​တချို့ဟာ ယေဟောဝါ​သက်သေ ဖြစ်​မလာခင်​က ထိုး​မယ် ကြိတ်မယ်​ဆို​သူ​တွေ။ တချို့ဆိုရင် စစ်သားတွေ။ ခရစ်ယာန်​စစ် ဖြစ်​လာတော့ ငြိမ်သက်ခြင်း​လမ်းမှာ လျှောက်​ကြတယ်။ (ဂလ. ၅:၂၂။ ၂ သက်. ၃:၁၆) တိုက်ချင်ခိုက်ချင်​စိတ် ဖျောက်​လိုက်ကြတယ်။ ကောင်းကင်ကို ရှင်ပြန်ထမြောက်ပြီးနောက်​မှာတော့ ဘုရား​ရန်သူတွေကို အပြီးသတ် တိုက်မယ့် စစ်ပွဲ​မှာ ခရစ်တော်၊ ကောင်းကင်တမန်တွေနဲ့​အတူ တိုက်ပွဲဝင်​ကြရမယ်။

၁၆ စဉ်းစားကြည့်ပါ–မြေကြီးပေါ်မှာ​တုန်းက ဘိသိက်ခံ ခရစ်ယာန်​တချို့ဆိုရင် အသက်ကြီးကြီး၊ တုန်ချည့်​တုန်ချည့်​တွေ။ ဒါပေမဲ့ ကောင်းကင်ကို ရှင်ပြန်​ထမြောက်​ပြီးတာနဲ့ မသေနိုင်တဲ့ တန်ခိုးကြီး နာမ်ဝိညာဉ်​သားတွေ ဖြစ်လာကြ​မယ်။ ဘုရင် ယေရှုခရစ်နဲ့​အတူ တိုက်ပွဲဝင်​ကြ​မယ်။ အာမဂေဒုန်​စစ်ပွဲ ပြီးသွား​ရင် လူတွေ စုံလင်​လာအောင် ကူညီပေးကြ​မယ်။ ချစ်ရတဲ့ ညီအစ်ကို/မတွေကို မြေကြီးပေါ်မှာ​တုန်းက မစုံလင်တဲ့ လူသားတွေ​အဖြစ် ကူညီပေးနိုင်​ခဲ့​တာ​ထက် အများကြီး ပိုကူညီ​ပေးနိုင်​ကြ​မယ်။

17. Armageddon galdo hun sungin Pasian nasemte khempeuh adingin lauhuaina om lo ding ahihlam koici theih i hiam?

၁၇ သင်​ဟာ တခြားသိုးအဝင်​ဆိုရင် အာမဂေဒုန်​စစ်ပွဲ စတဲ့အခါ ဘာလုပ်ရမလဲ။ ယေဟောဝါကို ယုံကြည်​ကိုးစားပါ။ ညွှန်ကြားချက် လိုက်နာပါ။ ညွှန်ကြားချက်​ထဲ​မှာ ဘာ​ပါ​နိုင်​သလဲ။ “အတွင်းခန်း​တွေ​ထဲ ဝင်​သွားပြီး တံခါးပိတ်​ထား​ကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်​နေကြပါ” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဟေရှာ. ၂၆:၂၀) ကောင်းကင်၊ မြေကြီးပေါ်က သစ္စာရှိ ဘုရား​ကျေးကျွန်​အားလုံး အဲဒီအချိန်မှာ ဘေးကင်း​ကြ​မယ်။ “အစိုးရ​အာဏာ​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်လာမယ့်​အရာ​ဖြစ်စေ . . . ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာက​မှ မတားဆီးနိုင်မှန်း” တမန်တော် ပေါလု ယုံသလို တထစ်ချ ယုံ​နိုင်တယ်။ (ရော. ၈:၃၈၊ ၃၉) သင့်ကို ယေဟောဝါ ချစ်တယ်၊ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူးဆိုတာ အမြဲ သတိရပါ။

NANGH BANGCI DAWNG DING?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun bang thu hong piang lo ding a hiam?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun a siangtho biakna beimang lo ding ahihlam bang hanign muang thei i hiam?

  • A nunungpen sathau nilh Khristiante vantung a tun khit ciangun Jehovah in a mite don ding ahihlam bang hangin muang thei i hiam?

LA 8 တို့​ခိုလှုံရာ ယေဟောဝါ