မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ဂီနီ

“တစ်နှစ်အတွင်းမှာ ခင်ဗျားသေလိမ့်မယ်”

ဇက်ခရက်စ် မာတင်

“တစ်နှစ်အတွင်းမှာ ခင်ဗျားသေလိမ့်မယ်”
  • မွေးဖွားတဲ့နှစ် ၁၈၈၀

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၄၂

  • ကိုယ်ရေးရာဇဝင်အကျဉ်း အသက် ၇၂ နှစ်မှာ ရှေ့ဆောင်စလုပ်

ဇက်ခရက်စ်နဲ့ ကျမ်းစာဖတ်ပေးတဲ့သူ တစ်ယောက်မှ မရှိဘူး။ ကယ်တင်ခြင်းနဲ့ ဘုရားသခင့်စောင်းတော်ဆိုတဲ့ စာအုပ်နှစ်အုပ်ကို သူ့ဘာသာသူ ဖတ်ပြီးတဲ့နောက်မှာ အမှန်တရားရခဲ့တယ်။

၁၉၄၁ ခုနှစ် တနင်္ဂနွေနေ့တစ်နေ့ မနက်အစောကြီးမှာ ဇက်ခရက်စ်ဟာ ငါးမိုင်ဝေးတဲ့ သက်သေခံတွေရဲ့အစည်းအဝေးကို ပထမဆုံးအကြိမ်တက်ဖို့ တောင်အောက်ကိုဆင်းလာတယ်။ စည်းဝေးဘယ်အချိန်စတယ်ဆိုတာ မသိလို့ အဲဒီကို နာရီနဲ့ချီစောပြီး ကြိုရောက်နေတယ်။ ညီအစ်ကိုတွေရောက်တဲ့အထိ ထိုင်စောင့်ခဲ့တယ်။ နိုင်ငံတော်ခန်းမမှာ တနင်္ဂနွေစည်းဝေး သုံးခါတက်ပြီးနောက်မှာ သူက ဒေသခံ အင်္ဂလီကန်ချာ့ချ်ကိုသွားပြီး နာမည်စာရင်းထဲကနေ သူ့ရဲ့နာမည်ကို ဖျက်ခိုင်းလိုက်တယ်။

သူနဲ့ရင်းနှီးတဲ့ ချာ့ချ်အသင်းသားတစ်ယောက်က “ဟေ့လူကြီး၊ ခင်ဗျားက ငါးမိုင်ဝေးတဲ့တောင်အောက်ကို အတက်အဆင်းလုပ်ပြီး အဲဒီလူတွေရဲ့ ခန်းမကို ဆက်သွားနေမယ်ဆိုရင် တစ်နှစ်အတွင်းမှာ ခင်ဗျားသေလိမ့်မယ်” လို့ပြောတယ်။ ဇက်ခရက်စ် တစ်ပတ်နှစ်ခါ တောင်တက်တောင်ဆင်းလုပ်နေတာကို အဲဒီလူ ငါးနှစ်လုံးလုံး မြင်တွေ့ခဲ့ရတယ်။ အဲဒီနောက် ဇက်ခရက်စ်ရဲ့မိတ်ဆွေ သေသွားပါလေရော။ ဇက်ခရက်စ်ကျတော့ နောက်ထပ်နှစ်ဆယ့်ငါးနှစ်အထိ ကျန်းကျန်းမာမာ အသက်ရှင်ခဲ့တယ်။

ဇက်ခရက်စ်ဟာ အသက် ၉၇ နှစ်အထိ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ပြီး သေဆုံးသွားတယ်။