မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ဂီနီ

ရုပ်ရှင်ကို သူတို့ ကြည့်ချင်ကြ

ရုပ်ရှင်ကို သူတို့ ကြည့်ချင်ကြ

၁၉၅၆ ခုနှစ်မှာ ဖရီးတောင်းမြို့က ညီအစ်ကိုတွေဟာ လှုပ်ရှားလျက်ရှိ ကမ္ဘာသစ်အဖွဲ့အစည်း ရုပ်ရှင်ကို ပြသခဲ့ကြတယ်။ သူတို့ ဒီလိုပြောပြခဲ့တယ်-

“ဖရီးတောင်းမြို့မှာရှိတဲ့ အကြီးဆုံးခန်းမကို ကျွန်တော်တို့ ငှားခဲ့ကြပြီး ဖိတ်စာ ၁,၀၀၀ ဝေငှခဲ့တယ်။ ဘယ်နှစ်ယောက်လောက် လာမလဲလို့ ကျွန်တော်တို့ သိချင်ခဲ့တယ်။ ရုပ်ရှင်မစခင် နာရီဝက်အလိုမှာ ၂၅ ယောက်ပဲရှိတယ်။ နောက်ထပ် ၁၅ မိနစ်အကြာမှာ လူ ၁၀၀ ထပ်ရောက်လာတယ်။ မကြာပါဘူး ထိုင်ခုံ ၅၀၀ စလုံးမှာ လူပြည့်သွားတယ်။ လူတစ်ရာက မတ်တတ်ရပ်ပြီး ကြည့်ကြတယ်။ နောက်ထပ် ၅၀၀ က အထဲကို ဝင်လို့မရလို့ အပြင်မှာရပ်နေကြတယ်။ ဒုတိယပွဲကို ကြည့်ဖို့ စောင့်နေတာလား။ ‘ဟုတ်ပါတယ်’ လို့ သူတို့ဖြေကြတယ်။ မိုးရွာနေပေမဲ့ သူတို့ ရပ်စောင့်နေကြတယ်။

နှစ်တွေတစ်လျှောက်မှာ ဆီအဲရာလီယွန်က လူ ၈၀,၀၀၀ ကျော်ဟာ ဒီရုပ်ရှင်နဲ့ အရမ်းကောင်းတဲ့တခြားရုပ်ရှင်တွေကို ကြည့်ခဲ့ကြရတယ်။