မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 ဆီအဲရာလီယွန်နဲ့ ဂီနီ

စိန်ထက် ကောင်းတဲ့အရာ

တမ်ဘာ ဂျိုဇိုင်းယား

စိန်ထက် ကောင်းတဲ့အရာ
  • မွေးဖွားသည့်နှစ် ၁၉၄၈

  • နှစ်ခြင်းခံသည့်နှစ် ၁၉၇၂

  • ကိုယ်ရေးအကျဉ်း အမှန်တရားမရခင် စိန်တွင်းမှာ အလုပ်လုပ်ခဲ့။ အခုတော့ ဆီအဲရာလီယွန်ရဲ့ ဌာနခွဲ ကော်မတီဝင်။

ကန်နမာမြောက်ပိုင်း စိန်အထွက်များတဲ့ တွန်ဂိုစိန်တွင်းမှာရှိတဲ့ ဗြိတိသျှကုမ္ပဏီတစ်ခုမှာ ၁၉၇၀ ပြည့်နှစ်ကစပြီး အလုပ်ဝင်ခဲ့တယ်။ အလုပ်နားရတဲ့အချိန်မှာတောင် မနားဘဲ စိန်ရဖို့ ရှာခဲ့တယ်။ စိန်အရိုင်းတုံးလေးတွေရတဲ့အခါ စမတ်ကျကျဝတ်ပြီး ကန်နမာမှာ သွားရောင်းတယ်။ ပြီးတော့ ကောင်းကောင်း အနားယူတယ်။

၁၉၇၂ ခုနှစ်ရောက်တော့ ယေဟောဝါသက်သေတစ်ယောက်နဲ့ဆုံပြီး ကျမ်းစာ စလေ့လာဖြစ်တယ်။ ငါးလ ကြာပြီးတဲ့နောက် နှစ်ခြင်းခံဖို့ အရည်အချင်းပြည့်မီလာတယ်။ ကျွန်တော့်မှာ ခွင့်မရှိတာနဲ့ ခရိုင်စည်းဝေးတက်ပြီး နှစ်ခြင်းခံနိုင်ဖို့ ကျွန်တော့်အစားအလုပ်ဆင်းပေးပါလို့ အလုပ်ဖော်နဲ့ညှိကြည့်တော့ သူက လက်ခံလိုက်တယ်။ ဒါပေမဲ့ တစ်ပတ်စာလုပ်အားခပေးရမယ်လို့ သူက တောင်းဆိုတယ်။ နှစ်ခြင်းခံတာက ငွေနဲ့နှိုင်းယှဉ်ရင် ဘာမှမဟုတ်တာကြောင့် သဘောတူလိုက်တယ်။ စည်းဝေးကြီးပြီးလို့ ကျွန်တော်ပြန်လာတော့ ဘုရားတရားလုပ်တာက ကောင်းတဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော့်လုပ်အားခကို သူ မယူဘူးလို့ ပြောတယ်။ ခြောက်လကြာပြီးနောက် ကောင်းကင်ဘုံမှာဘဏ္ဍာကို စုဆောင်းဖို့ အတွက် ဝင်ငွေကောင်းတဲ့အလုပ်ကနေ ထွက်လိုက်ပြီး အထူးရှေ့ဆောင်အဖြစ် စအမှုဆောင်ပါတယ်။—မ. ၆:၁၉၊ ၂၀

အထူးရှေ့ဆောင်နဲ့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ၁၈ နှစ်ကြာ အမှုဆောင်ခဲ့တယ်။ သစ္စာရှိပြီး အထောက်အမကောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတီးနားနဲ့ လက်ထပ်ခဲ့ပြီး လင်းနက်ဆိုတဲ့ သမီးတစ်ယောက် ထွန်းကားခဲ့တယ်။

ပကတိ စိန်တွေကို ရှာတွေ့ဖို့ ကျွန်တော် အိပ်မက်မက် ခဲ့တယ်။ ဒါပေမဲ့ အဲဒါထက် ပိုကောင်းတာကို ကျွန်တော် တွေ့ရှိထားပါပြီ

ဆီအဲရာလီယွန်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်အတွင်းမှာ ကျွန်တော်နဲ့ ခရစ္စတီးနားက စိန်တွေအများကြီးထွက်တဲ့ နောက်တစ်နေရာဖြစ်တဲ့ ဘိုမြို့မှာ အမှုဆောင်နေတယ်။ အဲဒီမှာ ခရစ်ယာန်တပည့်စစ်တွေ အများကြီးတွေ့ခဲ့ရတယ်။ လေးနှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့အသင်းတော်က ၆၀ ရာခိုင်နှုန်းကျော် တိုးတက်လာတယ်။ အခု ဘိုမြို့မှာ တိုးတက်တဲ့ အသင်းတော် သုံးခု ရှိနေပြီ။

၂၀၀၂ ခုနှစ်မှာ ဆီအဲရာလီယွန်ရဲ့ ဌာနခွဲကော်မတီဝင်အဖြစ် ဖိတ်ခေါ်ခံခဲ့ရတယ်။ ကျွန်တော်နဲ့ ခရစ္စတီးနားက ဗေသလနားမှာ နေတယ်။ ခရစ္စတီးနားက အထူးရှေ့ဆောင်အဖြစ် ဆက်အမှုဆောင်ပြီး ကျွန်တော်က ဗေသလကို နေ့တိုင်းသွားပြီး အလုပ်လုပ်တယ်။ လင်းနက်ကတော့ ကရီအိုဘာသာပြန်အဖြစ် ဗေသလမှာ အမှုဆောင်နေတယ်။

ပကတိစိန်တွေကို ရှာတွေ့ဖို့ ကျွန်တော် အိပ်မက်မက်ခဲ့တယ်။ ဒါပေမဲ့ အဲဒါထက် ပိုကောင်းတာကို ကျွန်တော် တွေ့ရှိထားပါပြီ။ အဲဒါကတော့ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားနဲ့ ကိုယ်တော့်ကို အမှုထမ်းခြင်းကနေ ရရှိတဲ့ ကောင်းကြီးတွေ ဖြစ်ပါတယ်။ ပုံဆောင် “စိန်” ဖြစ်တဲ့ ခရစ်ယာန်တပည့် ၁၈ ယောက်ကိုလည်း တူးဖော်တွေ့ရှိခဲ့တယ်။ ယေဟောဝါဘုရားသခင်က ကျွန်တော့်ကို ကောင်းကြီးအလျှံပယ် ပေးခဲ့ပါတယ်။