မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂၀၁၄ နှစ်ချုပ်ကျမ်းချက်

“နိုင်ငံတော် လာပါစေ။” မဿဲ ၆:၁၀

၂၀၁၄ နှစ်ချုပ်ကျမ်းချက်

လွန်ခဲ့တဲ့ အနှစ်တစ်ရာတုန်းက ယေဟောဝါဟာ ယေရှုကို ကောင်းကင်မှာ ဘုရင်အဖြစ် ခန့်အပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘုရားသခင့်ကျေးကျွန်တွေဟာ ခရစ်တော်ရဲ့နိုင်ငံတော်အုပ်ချုပ်မှုအောက်မှာ ရရှိမယ့်ကောင်းချီးတွေအကြောင်း ထက်ထက်သန်သန် ကြေညာခဲ့ကြတယ်။ မြင်ယောင်ကြည့်ပါဦး။ ယေရှုရဲ့ မေတ္တာပါအုပ်ချုပ်မှုအောက်မှာ ကမ္ဘာမြေကြီးဟာ ပရဒိသုဖြစ်လာမယ်၊ တစ်ကမ္ဘာလုံးမှာ တစ်ယောက်ကိုတစ်ယောက် အမှန်တကယ်ချစ်တဲ့လူတွေနဲ့ ပြည့်နေမယ်။ အကြမ်းဖက်မှု၊ တိုက်ခိုက်မှု၊ ဖျားနာမှု၊ ဆင်းရဲဒုက္ခနဲ့ သေခြင်းဆိုတာ ရှိတော့မှာမဟုတ်ဘူး။

မကြာခင်မှာ အဲဒီကောင်းချီးတွေကို အမှန်တကယ် ခံစားရတော့မယ်။ ဘုရားသခင့်နိုင်ငံတော်က အမှန်တကယ်ရှိတယ်၊ နိုင်ငံတော်ရောက်လာပြီး ယေဟောဝါရဲ့ရည်ရွယ်ချက်အားလုံးကို ပြည့်စုံစေမယ်။ နိုင်ငံတော်လာဖို့ ဆုတောင်းကြပါ၊ တခြားသူတွေကို နိုင်ငံတော်အကြောင်း ပြောပြပါ၊ နိုင်ငံတော်က လုပ်ဆောင်ပေးမယ့်အရာအားလုံးကို တန်ဖိုးထားလေးမြတ်ပါ။