မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ

ယေဟောဝါသက်သေတွေရဲ့ အကြီးမားဆုံးစုဝေးမှု

ယေဟောဝါသက်သေတွေရဲ့ အကြီးမားဆုံးစုဝေးမှု

၂၀၁၃၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက ပရိသတ် ၂၅၇,၂၉၄ ယောက်ဟာ ပဲင်စီလ်ဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ဝေစာအသင်းရဲ့ ၁၂၉ ကြိမ်မြောက် နှစ်ပတ်လည်စည်းဝေးကို လူကိုယ်တိုင်တက်ရောက်ခဲ့ကြတယ် ဒါမှမဟုတ် အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ကြည့်ရှုခဲ့ကြတယ်။ အဲဒီနေ့နောက်ပိုင်းမှာ အစီအစဉ်ကိုပြန်ပြပေးခဲ့လို့ တခြားညီအစ်ကိုညီအစ်မတွေလည်း ကြည့်ရှုခဲ့တယ်။ နိုင်ငံ ၃၁ နိုင်ငံမှာ စုစုပေါင်းတက်ရောက်သူ ၁,၄၁၃,၆၇၆ ယောက်ရှိခဲ့လို့ ယေဟောဝါသက်သေတွေရဲ့ အကြီးမားဆုံးစုဝေးမှုပါပဲ။

၁၉၂၀ ပြည့်လွန်နှစ်တွေကတည်းက ယေဟောဝါသက်သေတွေဟာ ရေဒီယိုလိုင်းနဲ့ တယ်လီဖုန်းလိုင်းတွေကိုသုံးပြီး ကမ္ဘာတစ်ဝန်းကလူတွေဆီ စည်းဝေးကြီးအစီအစဉ်တွေကို အသံလွှင့်ခဲ့ကြတယ်။ အခုဆိုရင် အင်တာနက်နည်းပညာကြောင့် ဝေးလံတဲ့ဒေသကလူတွေတောင် အဖြစ်အပျက်တွေ ဖြစ်နေတုန်းမှာ ဒါမှမဟုတ် ဖြစ်ပြီးနောက်မှာ ကြည့်ရှုနားထောင်နိုင်ကြပြီ။

ဌာနခွဲရုံးတချို့က ညီအစ်ကိုညီအစ်မတွေဟာ အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်အတွက် တစ်နှစ်ကျော်ကြာ ပြင်ဆင်ခဲ့ကြတယ်။ အင်တာနက်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့နေ့မှာ နည်းပညာရှင်တွေက နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ဗဟိုထိန်းချုပ်ရေးဌာနကနေ အစီအစဉ်ကို ဖမ်းယူပြသတယ်။ စံတော်ချိန်မတူတဲ့ ကမ္ဘာ့ဒေသ ၁၅ ခု မှာပြသနေချိန်တစ်လျှောက်လုံး တာ၀န်ကျသူတွေဟာ အဲဒီဌာနမှာ အမြဲရှိနေခဲ့တယ်။