မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး 

“တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ

“တန်ဖိုးကြီးတဲ့ ပုလဲ” ကို ရှာတွေ့ခဲ့ကြ

 ဘုရားသခင့်နိုင်ငံတော်က လူ့ပြဿနာအားလုံးကို ဖြေရှင်းပေးမယ်လို့ ယေရှု သွန်သင်ခဲ့တယ်။ (မဿဲ ၆:၁၀) မဿဲ ၁၃:၄၄-၄၆ မှာ ဘုရားနိုင်ငံတော် အမှန်တရားရဲ့ တန်ဖိုးကို သဘောပေါက်အောင် အောက်ပါ ပုံဥပမာနှစ်ခု ယေရှု ပြောခဲ့တယ်။

  •   လူတစ်ယောက်က လယ်ကွင်းမှာ အလုပ်လုပ်နေရင်း မမျှော်လင့်ဘဲ ဝှက်ထားတဲ့ ဘဏ္ဍာကို တွေ့သွားတယ်။

  •   ကုန်သည်တစ်ယောက်က နယ်တကာလှည့်ပြီး ပုလဲကောင်းကို ရှာနေတာ နောက်ဆုံး တွေ့သွားတယ်။

 နှစ်ယောက်စလုံးက တွေ့ရှိတဲ့ ဘဏ္ဍာကို တန်ဖိုးထားလွန်းလို့ မိမိတို့ရဲ့ ပိုင်ဆိုင်သမျှကို ရောင်းပြီး ဝယ်လိုက်ကြတယ်။ ဘုရားနိုင်ငံတော်ကြောင့် ခံစားရမယ့် ကောင်းချီးတွေကို တန်ဖိုးထားလွန်းလို့ ကြီးကြီးမားမား စွန့်လွှတ် အနစ်နာခံကြသူတွေကို သူတို့နှစ်ယောက်က ပုံတင်ပြတယ်။ (လုကာ ၁၈:၂၉၊ ၃၀) ယေရှုရဲ့ ပုံနမူနာထဲက အမျိုးသားတွေနဲ့တူတဲ့ ညီအစ်မတစ်ယောက်နဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ တွေ့ကြုံမှုကို ဗီဒီယိုမှာ ကြည့်ပါ။