မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Comstock Images/Stockbyte via Getty Images

သတိနဲ့ စောင့်နေကြပါ 

ဘယ်ခေါင်းဆောင်ကို သင် ရွေးချယ်မလဲ—ကျမ်းစာအဆိုက ဘာလဲ

ဘယ်ခေါင်းဆောင်ကို သင် ရွေးချယ်မလဲ—ကျမ်းစာအဆိုက ဘာလဲ

 လူများစွာက ဘယ်ခေါင်းဆောင်ကို ရွေးချယ်မလဲဆိုတဲ့ အရေးကြီးဆုံးဖြတ်ချက်ချဖို့ လုပ်နေကြတယ်။

 ကျမ်းစာအဆိုက ဘာလဲ

လူ့ခေါင်းဆောင်တွေမှာ လုပ်နိုင်စွမ်း အကန့်အသတ်ပဲ ရှိတယ်

 လူသားခေါင်းဆောင်အားလုံးမှာ ဘာကြောင့် လုပ်နိုင်စွမ်းအကန့်အသတ်ပဲ ရှိတယ်ဆိုတာကို ကျမ်းစာမှာ ဖော်ပြထားတယ်။

  •   ”မကယ်တင်နိုင်တဲ့ အုပ်စိုးရှင်၊မကယ်တင်နိုင်တဲ့လူကို မကိုးစားကြနဲ့။ သူဟာ အသက်ထွက်ပြီး မြေကြီးထဲ ပြန်သွားတတ်တယ်။အဲဒီနေ့မှာပဲ သူ့အကြံအစည်တွေ ပျက်စီးသွားတယ်။”—ဆာလံ ၁၄၆:၃၊ ၄

 အတော်ဆုံးဆိုတဲ့ ခေါင်းဆောင်တွေတောင် နောက်ဆုံးတော့ သေကြရတာပဲ။ ဒါ့အပြင် နောက်တက်လာမယ့်ခေါင်းဆောင်တွေကလည်း သူတို့လုပ်ခဲ့သလို ကောင်းကောင်းမွန်မွန် ဆက်လုပ်ပေးသွားမလားဆိုတာ တပ်အပ်မပြောနိုင်ကြဘူး။—ဒေ ၂:၁၈၊ ၁၉

 တကယ်တော့ လူဆိုတဲ့အမျိုးဟာ လူလူချင်းကို အုပ်ချုပ်နိုင်စွမ်းရှိတဲ့သူတွေ မဟုတ်ဘူးလို့ ကျမ်းစာဆိုတယ်။

  •   “လူဟာ . . . ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး။”—ယေရမိ ၁၀:၂၃

 ဒါဆို ခေါင်းဆောင်ကောင်း ပီသတဲ့သူများ ရှိသလား။

ဘုရားသခင်ကိုယ်တိုင် ခန့်ထားတဲ့ ခေါင်းဆောင်

 စွမ်းဆောင်ရည် အပြည့်ဝဆုံး၊ ယုံကြည်စိတ်ချရဆုံး ခေါင်းဆောင်ဖြစ်သူ ယေရှုကို ဘုရားသခင် ခန့်အပ်ထားတယ်လို့ ကျမ်းစာဆိုတယ်။ (ဆာလံ ၂:၆) ယေရှုဟာ ကောင်းကင်မှာတည်ရှိတဲ့ ဘုရားသခင့်နိုင်ငံတော်အစိုးရရဲ့ ဘုရင် ဖြစ်တယ်။—မဿဲ ၆:၁၀

 ယေရှုရဲ့ဦးစီးဦးဆောင်မှုကို သင် လက်ခံမလား။ အဲဒီမေးခွန်းကို စဉ်းစားဖို့ အရေးကြီးတယ်လို့ ကျမ်းစာ ဆိုတယ်။

  •   “သားတော်ကို ဂုဏ်တင်ကြ။ ဂုဏ်မတင်ရင် ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ချက်ချင်း အမျက်ထွက်ပြီးဖြောင့်မတ်တဲ့လမ်းစဉ်ကနေ မင်းတို့ကို ပယ်ရှင်းလိမ့်မယ်။ ဘုရားဆီမှာ ခိုလှုံသူတွေကတော့ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။”—ဆာလံ ၂:၁၂

 အခုအချိန်က ဆုံးဖြတ်ချက်ချရမယ့် အချိန်ဖြစ်တယ်။ ၁၉၁၄ ခုနှစ်ကစပြီး ယေရှု စတင်အုပ်ချုပ်နေပြီ၊ မကြာခင် လူ့အစိုးရအားလုံးရဲ့နေရာမှာ ဘုရားသခင်ရဲ့နိုင်ငံတော် အစားထိုးတော့မယ်ဆိုတာ ကျမ်းစာကြိုဟောချက်တွေအရ သိရတယ်။—ဒံယေလ ၂:၄၄

 ယေရှုရဲ့ဦးဆောင်မှုကို ဘယ်လို ထောက်ခံနိုင်သလဲဆိုတာ ပိုသိနိုင်ဖို့ “ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပါ။