မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၁)

ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၁)

ကူးယူပါ–

  1. ၁။ ကမ္ဘာဦး—ပရဒိသု ပျောက်ဆုံးသွားပုံအကြောင်း။

    ထွက်မြောက်ရာ—ဘုရားတန်ခိုးနဲ့ အစ္စရေးကို ကယ်တင်။

    ဝတ်ပြုရာ—သန့်ရှင်းစေတဲ့ ဘုရားပညတ်တော်များ။

    တောလည်ရာ—တချို့ ပြည်တော်ထဲ ဝင်ခွင့်မရခဲ့။

    တရားဟောရာ—နားထောင်နာခံဖို့ အားပေးတဲ့စကားများ။

    ယောရှု—မိသားစုတိုင်း နယ်မြေ အမွေရရှိ။

    တရားသူကြီး—တရားသူကြီးများ အံ့ဖွယ်အမှုတွေလုပ်

    ရုသ—မိသားစု၊ မျိုးနွယ်ဖြစ်ခွင့် ကောင်းချီးရ

    ၁ ရှမွေလ—ဘုရင်အဖြစ် ဒါဝိဒ်ကို မင်းမြှောက်ခဲ့

    ၂ ရှမွေလ—သူ့အပြစ်ကြောင့် ပြဿနာတွေ ပေါ်လာ

    ၁ ဘုရင်များ—တောင်၊ မြောက် နိုင်ငံ နှစ်ခြမ်းကွဲထွက်သွား

    ၂ ဘုရင်များ—ဘုရင်အများစုမကောင်း၊ တချို့ ကောင်းတဲ့အကြောင်း

    ၁ ရာဇဝင်ချုပ်—သမိုင်းကြောင်းကရတဲ့ သင်ခန်းစာများ

    ၂ ရာဇဝင်ချုပ်—မင်းဆိုးတွေကြောင့် နိုင်ငံပျက်စီးသွား

    ဧဇရ—မှန်တဲ့ဝတ်ပြုရေးကို သူ ပြန်တည်ထောင်

    နေဟမိ—မြို့နဲ့မြို့ရိုး ပြန်ဆောက်ဖို့ သူကူညီ

    ဧသတာ—လိုအပ်ချိန်မှာ သတ္တိရှိရှိလုပ်ဆောင်

    ယောဘ—သစ္စာစောင့်ခြင်းကို ဘုရား တန်ဖိုးထား

    ဆာလံ—မေတ္တာတော်နဲ့ တန်ခိုးတော်အကြောင်း ချီးမွမ်းသီချင်း

    ပညာအလိမ္မာ—ပညာရှိတဲ့ ဆုံးမစကား အမြဲမှန်ကန်

    ဒေသနာ—ဘုရားသခင့် အမှုဆောင်ခြင်းက ပျော်ရွှင်စေ

    ရှောလမုန်သီချင်း—မေတ္တာစစ်က အမြဲတည်ပြီး သစ္စာရှိ

    ဟေရှာယ—ယေရှု အုပ်စိုးချိန်မှာ ရမယ့်ကောင်းချီးများ

    (ထပ်ကျော့ပိုဒ်)

    ကျမ်းစာက အထူးမြတ်ဆုံးစာအုပ်ပါ။

    ယေဟောဝါ လက်ဆောင်ဖြစ်ကြောင်း သတိရ။

    နေ့တိုင်း ကျမ်းစာ ဖတ်စို့၊ လိုက်နာကျင့်သုံးကြစို့။

    ကျမ်းစာက အထူးမြတ်ဆုံးစာအုပ်ပါ။