မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၃)

ကျမ်းစောင်နာမည်တွေကို အလွတ်ကျက်ကြစို့ (အပိုင်း ၃)

ကူးယူပါ-

  1. ၁။မဿဲ—ယေရှု ကမ္ဘာကိုလာပြီး သွန်သင်ပေးခဲ့တာ။

    မာကု—ယေရှုဟာ ဘုရားသားဖြစ်ကြောင်း အံ့ဖွယ်အမှုတွေက ဖော်ပြ။

    လုကာ—ယေရှုပြောတဲ့ ပုံဥပမာ တို့တစ်တွေ သင်ယူကြရမှာ။

    ယောဟန်—သေလွန်သူတွေ ပြန်ရှင်မှာ၊ လာဇရုကဲ့သို့ပါ။

    တမန်တော်—ကမ္ဘာမြေအနှံ့မှာ သတင်းကောင်းပျံ့ခဲ့တာ။

    ရောမ—လူအားလုံးကို ဘုရား ကရုဏာပြတဲ့အကြောင်း။

    ၁ ကောရိန္သု —မေတ္တာစစ်အကြောင်း တို့ကိုသွန်သင်ပေး။

    ၂ ကောရိန္သု —တခြားသူကို ခွင့်လွှတ်ရင် ဘုရားသခင် ချစ်မြတ်နိုး။

    ဂလာတိ—လူတိုင်းကို ကောင်းမှုပြုပါ၊ လက်မလျှော့ပါနဲ့ကွာ။

    ဧဖက်—မိသားစုဘဝ စံပြဖြစ်ဖို့ တို့ကို သွန်သင်ပေး။

    ဖိလိပ္ပိ—မှန်တဲ့အရာ၊ ကောင်းတဲ့အရာကို အမြဲအာရုံစိုက်။

    ကောလောသဲ—နာခံမှုက တို့ကို၊ ပျော်ရွှင်စေမှာပါ။

    ၁ သက်သာလောနိတ်—အချိန်တိုင်း၊ နေရာတိုင်း ဆုတောင်းနိုင်။

    ၂ သက်သာလောနိတ်—ဘာပဲဖြစ်ဖြစ် မိတ်ဆွေတွေကို ယေဟောဝါ ကူညီပေး။

    ၁ တိမောသေ—သမ္မာကျမ်းစာကို ငယ်ငယ်ကတည်းက သူသိရှိခဲ့တာ။

    ၂ တိမောသေ—အသင်းတော် တိုးတက်အောင် ရဲရဲရင့်ရင့် သူလုပ်ဆောင်။

    တိတု—တို့တစ်တွေ ဂရုစိုက်တာ အကြီးအကဲတွေ သိစေပါ။

    ဖိလေမုန်—သူ့ရဲ့ကျွန်က ခရစ်ယာန်ညီအစ်ကို ဖြစ်လာတာ။

    ဟေဗြဲ—ပတ်စဉ်စည်းဝေးတွေ အမြဲတက်ရောက်ကြပါလေ။

    ယာကုပ်—ကောင်းမြတ်တဲ့ ဆုကျေးဇူးအားလုံးဟာ ဘုရားသခင်ဆီကလာ။

    ၁ ပေတရု—အတုယူစရာ စံနမူနာ ခရစ်တော် ပြခဲ့တာ။

    ၂ ပေတရု—ယေဟောဝါက တို့တစ်တွေကို သန့်ရှင်းနေစေလို။

    ၁ ယောဟန်—နာခံတာဟာ ဘုရားကို ချစ်ကြောင်း တင်ပြတာ။

    ၂ ယောဟန်—မှန်တဲ့လမ်းမှာ သစ္စာရှိရှိ လျှောက်လှမ်းပါ။

    ၃ ယောဟန်—ခရစ်ယာန်ပီပီ ဧည့်ဝတ်ပြုကြပါ။

    ယုဒ—စာတန်ကို အရှုံးမပေးနဲ့။ မှန်ရာလုပ်ဖို့ တိုက်လှန်နေကြစို့။

    ဗျာဒိတ်—ပရဒိသု ဘယ်လိုဖြစ်လာမှာ ဖော်ပြပေးထားတာ။

    (ထပ်ကျော့ပိုဒ်)

    ကျမ်းစာဟာ အထူးမြတ်ဆုံးစာအုပ်ပါ။

    ယေဟောဝါ လက်ဆောင်ဖြစ်ကြောင်း သတိရ။

    နေ့တိုင်း ကျမ်းစာဖတ်စို့၊ လိုက်နာကျင့်သုံးကြစို့။

    ကျမ်းစာဟာ အထူးမြတ်ဆုံးစာအုပ်ပါ။