ဘုရားသခင်မှာ နာမည်ဘယ်နှမျိုးရှိသလဲ
သမ္မာကျမ်းစာဖြေဆိုရာ
ဘုရားသခင်မှာ ကိုယ်ပိုင်နာမည် တစ်ခုပဲရှိပါတယ်။ အဲဒါကို ဟီဘရူးလို יהוה လို့ရေးသားပြီး မြန်မာလို ယေဟောဝါ လို့ ခေါ်ဆိုလေ့ရှိတယ်။ a ကြိုဟောသူ ပရောဖက် ဟေရှာယကတစ်ဆင့် ဘုရားက “ငါဟာ ယေဟောဝါပဲ။ ဒါဟာ ငါ့နာမည်ပဲ” လို့မိန့်ဆိုခဲ့တယ်။ (ဟေရှာယ ၄၂:၈၊ ကဘ) ဒီနာမည်ကို ရှေးကျမ်းစာလက်ရေးစာမူတွေမှာ အကြိမ်ပေါင်း ၇၀၀၀ ခန့်တွေ့ရတယ်။ ဘုရားသခင်ကို ရည်စူးပြီးခေါ်တဲ့ ဘယ်ဘွဲ့အမည်ထက်မဆို အကြိမ်ပိုများတယ်။ တခြားဘယ်သူ့နာမည်ထက်မဆိုလည်း ပိုများတယ်။ b
ယေဟောဝါကို တခြားနာမည်တွေနဲ့ ခေါ်သေးလား
ဘုရားကို ကိုယ်ပိုင်နာမည်တစ်ခုတည်းနဲ့ပဲ ကျမ်းစာက ခေါ်ဆိုထားပေမဲ့ ကိုယ်တော့်မှာ ဘွဲ့နာမည်၊ တင်စားပြီး ခေါ်တဲ့နာမည် အမျိုးမျိုးရှိတယ်။ အောက်မှာဖော်ပြထားတဲ့ ဘွဲ့နာမည်နဲ့ တင်စားပြီးခေါ်တဲ့နာမည်တချို့ဟာ ယေဟောဝါရဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုခုကို ပေါ်လွင်စေတယ်။
ဘွဲ့နာမည် |
အထောက်အထား |
အဓိပ္ပာယ် |
---|---|---|
အလ္လာ |
(မရှိ) |
“အလ္လာ” ဆိုတဲ့စကားလုံးက ကိုယ်ပိုင်နာမည်မဟုတ်ဘဲ အာရပ်ဘာသာစကားကနေ ဆင်းသက်လာတဲ့ “ဘုရား” ဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ ဘွဲ့နာမည်သာ ဖြစ်တယ်။ အာရပ်စကားအပြင် တချို့ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ကျမ်းစာတွေမှာ “အလ္လာ” ကို “ဘုရား” အစား အသုံးပြုလေ့ ရှိတယ်။ |
အနန္တတန်ခိုးရှင် |
ပြိုင်ဘက်ကင်းတဲ့တန်ခိုး ရှိတယ်။ ဟီဘရူးလို ʼEl Shad·daiʹ၊ “အနန္တတန်းခိုးရှင် ဘုရားသခင်” ဆိုတဲ့ အသုံးအနှုန်း ကျမ်းစာထဲမှာ ခုနစ်ကြိမ်ပါတယ်။ |
|
အာလဖနဲ့ ဩမေဃ |
“အစနဲ့ အဆုံး” ဒါမှမဟုတ် “အဦးဆုံးနဲ့ နောက်ဆုံး” ဆိုတဲ့အဓိပ္ပာယ်ရှိပြီး ယေဟောဝါရဲ့ ရှေ့မှာရော နောက်မှာပါ အနန္တတန်ခိုးရှိတဲ့ ဘယ်ဘုရားမှ မရှိဘူးလို့ ဆိုလိုတယ်။ (ဟေရှာယ ၄၃:၁၀) အာလဖနဲ့ ဩမေဃ ဆိုတာက ဂရိအက္ခရာမှာ အစနဲ့ အဆုံး စကားလုံးတွေဖြစ်တယ်။ |
|
အသက်အကြီးဆုံးအရှင် |
အစမရှိဘူး။ ဘယ်သူ၊ ဘယ်အရာမှ မတည်ရှိခင်ကတည်းက ကိုယ်တော်တည်ရှိနှင့်ပြီး ဖြစ်တယ်။—ဆာလံ ၉၀:၂။ |
|
ဖန်ဆင်းရှင် |
အရာအားလုံးကို ဖြစ်ပေါ်စေတယ်။ |
|
ဖခင် |
အသက်ပေးသူဖြစ်တယ်။ |
|
ဘုရားသခင် |
ကိုးကွယ်ထိုက်တဲ့အရာ၊ ခွန်အားကြီးမားသူ ဖြစ်တယ်။ ဟီဘရူးစကားလုံး ’Elo.him’ ဟာ အများကိန်းဖြစ်တဲ့အတွက် ယေဟောဝါရဲ့ မြင့်မြတ်မှု၊ ဂုဏ်ကြီးမားမှု ဒါမှမဟုတ် သာလွန်ကောင်းမြတ်မှုကို တင်စားတယ်။ |
|
ဘုရားတို့ရဲ့ ဘုရား |
တချို့ကိုးကွယ်တဲ့ “အသုံးမဝင်တဲ့ ဘုရားတွေ” နဲ့ မတူဘဲ အကြီးမြတ်ဆုံးဘုရား ဖြစ်တယ်။—ဟေရှာယ ၂:၈။ |
|
မဟာသွန်သင်ရှင် |
အကျိုးပြုတဲ့ သွန်သင်ချက်နဲ့ လမ်းညွှန်ချက်တွေ ပေးတယ်။—ဟေရှာယ ၄၈:၁၇၊ ၁၈။ |
|
မဟာဖန်ဆင်းရှင် |
အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။—ဗျာဒိတ် ၄:၁၁။ |
|
ပျော်ရွှင်တဲ့ ဘုရား |
ဝမ်းမြောက်ရွှင်လန်းတဲ့ဘုရား ဖြစ်တယ်။—ဆာလံ ၁၀၄:၃၁။ |
|
ဆုတောင်းသံကို နားထောင်တဲ့အရှင် |
ယုံကြည်ခြင်းနဲ့ ဆုတောင်းသူတွေရဲ့အသံကို ကိုယ်တိုင်နားထောင်တယ်။ |
|
ငါဖြစ်သည်အတိုင်းငါဖြစ်၏ |
ထွက်မြောက်ရာ ၃:၁၄၊ ယုဒသန်ကျမ်း |
ကိုယ်တော့်ရည်ရွယ်ချက်ပြည့်စုံစေဖို့ လိုအပ်တာမှန်သမျှ ဖြစ်လာနိုင်တယ်။ ဒီအသုံးအနှုန်းကို ‘ငါဖြစ်ချင်တာမှန်သမျှ ငါဖြစ်လာမယ်’ ဒါမှမဟုတ် “ငါသည် ငါဖြစ်၏” လို့လည်း ဘာသာပြန်ဆိုကြတယ်။ ဒါက နောက်အခန်းငယ်မှာပါတဲ့ ဘုရားသခင့် ကိုယ်ပိုင်နာမည် ယေဟောဝါရဲ့ အဓိပ္ပာယ်ဖြစ်တယ်။—ထွက်မြောက်ရာ ၃:၁၅။ |
စိတ်ထက်သန်အားကြီးတဲ့ဘုရား |
ထွက်မြောက်ရာ ၃၄:၁၄၊ သမ္မာကျမ်းစာတော်။ |
ဝတ်ပြုရေးနဲ့ပတ်သက်ရင် “ပြိုင်ဖက်မထားတဲ့ဘုရား” ဖြစ်ပြီး ကိုယ်တော်တစ်ပါးတည်းကိုသာ ကိုးကွယ်ဖို့ တောင်းဆိုတဲ့ဘုရား ဖြစ်တယ်။—God’s Word Bible; ကမ္ဘာသစ်ဘာသာပြန်ကျမ်း။ |
ထာဝရဘုရင် |
ကိုယ်တော်ရဲ့အုပ်ချုပ်မှုက အစမရှိ အဆုံးမရှိပါ။ |
|
သခင် |
ပိုင်ရှင် ဒါမှမဟုတ် အုပ်ချုပ်သူ ဖြစ်တယ်။ ဟီဘရူးစကားလုံးက ʼA·dhohnʹ နဲ့ ʼAdho·nimʹ ဖြစ်တယ်။ |
|
ကောင်းကင်ဗိုလ်ခြေအရှင် |
ဟေရှာယ ၁:၉။ ရောမ ၉:၂၉၊ ယုဒသန်။ |
ကောင်းကင်တမန်တပ်မဟာကြီးရဲ့ စစ်သေနာပတိဖြစ်တယ်။ “ကောင်းကင်ဗိုလ်ခြေအရှင်” ဆိုတဲ့ ဘွဲ့အမည်ကို “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ” နဲ့ “ဗိုလ်ခြေတို့အရှင်” လို့လည်း ခေါ်ဆိုနိုင်တယ်။—ရောမ ၉:၂၉၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။ သမ္မာကျမ်းစာတော်။ |
အမြင့်ဆုံးအရှင် |
အမြင့်မြတ်ဆုံး ရာထူး ရှိထားတယ်။ |
|
အသန့်ရှင်းဆုံးအရှင် |
တခြားမည်သူထက်မဆို (ကျင့်ဝတ်တရား စင်ကြယ်ပြီး ဖြူစင်တဲ့) ပိုသန့်ရှင်းသူ ဖြစ်တယ်။ |
|
အိုးထိန်းသမား |
အိုးထိန်းသမားက ရွှံ့ကို ပုံသွင်းနိုင်သလို လူတစ်ဦးချင်းစီနဲ့ လူမျိုးတွေအပေါ် အခွင့်အာဏာရှိသူဖြစ်တယ်။—ရောမ ၉:၂၀၊ ၂၁။ |
|
ပြန်ဝယ်ယူတဲ့အရှင်၊ ရွေးနုတ်ရှင် |
ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုးပူဇော်သကာနဲ့ လူတွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ် ဒါမှမဟုတ် ပြန်ဝယ်ယူခဲ့တယ်။—ယောဟန် ၃:၁၆။ |
|
ကျောက်ဆောင် |
လုံခြုံတဲ့ခိုလှုံရာဖြစ်ပြီး ကယ်တင်ပေးတယ်။ |
|
ကယ်တင်ရှင် |
အန္တရာယ် ဒါမှမဟုတ် ပျက်စီးခြင်းဘေးကနေ ကယ်နုတ်ပေးတယ်။ |
|
သိုးထိန်း |
ကိုယ်တော့်အား ကိုးကွယ်သူတွေကို ဂရုစိုက်တယ်။ |
|
အချုပ်အခြာအာဏာပိုင်ရှင် |
အမြင့်မြတ်ဆုံး အာဏာပိုင်ရှင် ဖြစ်တယ်။ ဟီဘရူးစကားလုံးʼAdho·naiʹ ဖြစ်တယ်။ |
|
အမြင့်မြတ်ဆုံးအရှင် |
အမြင့်မြတ်ဆုံး အာဏာပိုင်ရှင် ဖြစ်တယ်။ |
ဟေဗြဲကျမ်းစောင်တွေမှာပါတဲ့ နေရာဒေသအမည်တွေ
ကျမ်းစာထဲက နေရာတချို့ရဲ့ အမည်တွေမှာ ဘုရားသခင်ရဲ့ နာမည် ပါတယ်။ ဒါတွေက ဘုရားကို နောက်တစ်မျိုးခေါ်နိုင်တဲ့ နာမည်တွေ မဟုတ်ပါဘူး။
နေရာဒေသအမည် |
ကိုးကားချက် |
အဓိပ္ပာယ် |
---|---|---|
ယေဟောဝါယိရေ |
“ယေဟောဝါ ပြင်ဆင်ပေးမယ်။” |
|
ယေဟောဝါနိသိ |
“ယေဟောဝါဟာ ငါ့ခိုလှုံရာ” ဒါမှမဟုတ် “ယေဟောဝါဟာ ငါ့ရဲ့အောင်လံ” ဖြစ်တယ်။ ဘုရားရဲ့လူတွေ အကာအကွယ်နဲ့ အကူအညီရဖို့ ယေဟောဝါဆီ စုရုံးလာနိုင်တယ်။—ထွက်မြောက်ရာ ၁၇:၁၃-၁၆။ |
|
ယေဟောဝါရှာလုံ |
“ယေဟောဝါဟာ ငြိမ်သက်ခြင်း။” |
|
ယေဟောဝါရှမ္မ |
“ယေဟောဝါ စံမြန်းရာမြို့။” |
ဘုရားနာမည်ကိုသိဖို့၊ အသုံးပြုဖို့ အကြောင်းရင်း
ဘုရားသခင်က သူ့ရဲ့ကိုယ်ပိုင်နာမည်ဟာ အရေးပါတယ်လို့ ယူမှတ်တဲ့အတွက် ကျမ်းစာထဲမှာ အကြိမ်ပေါင်းထောင်ချီ ထည့်ထားတာဖြစ်တယ်။—မာလခိ ၁:၁၁။
ယေရှုက ဘုရားနာမည်ကို အကြိမ်ကြိမ် အလေးပေးဖော်ပြခဲ့တယ်။ ဥပမာ၊ “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” လို့ ယေဟောဝါဆီ သူဆုတောင်းခဲ့တယ်။—မဿဲ ၆:၉။ ယောဟန် ၁၇:၆။
ယေဟောဝါရဲ့မိတ်ဆွေဖြစ်ဖို့ ဘုရားနာမည်ကိုသိလာပြီး နာမည်ကို အသုံးပြုကြတယ်။ (ဆာလံ ၉:၁၀။ မာလခိ ၃:၁၆) ဒီလို ဆက်ဆံရေးကောင်းရှိကြလို့ “ငါ့ကို ချစ်မြတ်နိုးတဲ့အတွက် သူ့ကိုကယ်တင်မယ်။ ငါ့နာမည်ကို သိတဲ့အတွက် သူ့ကိုကာကွယ်မယ်” ဆိုတဲ့ကတိအတိုင်း အကျိုးခံစားရတယ်။—ဆာလံ ၉၁:၁၄။
“‘ဘုရားတွေ၊’ ‘သခင်တွေ’ အများကြီးရှိတယ်လို့ လူတွေပြောတဲ့အတိုင်းပဲ ကောင်းကင်မှာရော ကမ္ဘာမြေပေါ်မှာပါ ဘုရားလို့ အခေါ်ခံရသူတွေ အများကြီးရှိတယ်” လို့ သမ္မာကျမ်းစာမှာ အသိအမှတ်ပြုထားတယ်။ (၁ ကောရိန္သု ၈:၅၊ ၆) တစ်ဆူတည်းသော ဘုရားမှန်ကိုတော့ ယေဟောဝါအမည်နဲ့ သဲသဲကွဲကွဲ ခွဲခြားဖော်ပြထားတယ်။—ဆာလံ ၈၃:၁၈။
a ဟီဘရူးပညာရှင်တချို့က ဘုရားသခင်ရဲ့နာမည်ကို “ယာဝေး” လို့ ခေါ်တာကို ပိုကြိုက်တယ်။
b ဘုရားနာမည် အတိုကောက် “ယ” ကို မူရင်းဟီဘရူးကျမ်းစောင်တွေထဲမှာ အကြိမ် ၅၀ လောက်ပါတယ်။ “ဟာလေလုယ” လို့လည်း သုံးကြတယ်။ အဓိပ္ပာယ်ကတော့ “ယကိုချီးမွမ်းကြ၊” “ယေဟောဝါကို ချီးမွမ်းကြ” ဖြစ်တယ်။—ဗျာဒိတ် ၁၉:၁၊ ယုဒသန်။ သမ္မာကျမ်းစာတော်။