မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလှူငွေတွေကို အသုံးပြုပုံ

“အမြဲ ဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်ကို ဘာသာပြန်ခြင်း

“အမြဲ ဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး အစီအစဉ်ကို ဘာသာပြန်ခြင်း

ဇူလိုင် ၁၀၊ ၂၀၂၀

 ၂၀၂၀၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ခရိုင်အစည်းအဝေးကို တစ်ချိန်တည်း ကြည့်ရှုကြပါမယ်။ ဒီလိုကြည့်ရှုနိုင်ဖို့ အစီအစဉ်ကို ဘာသာစကား ၅၀၀ ကျော်နဲ့ ဘာသာပြန်၊ အသံသွင်းဖို့ လိုတယ်။ တကယ်တော့ ဒီလိုပရောဂျက်မျိုး ဖြစ်မြောက်ဖို့ဆိုတာ အချိန် တစ်နှစ်နဲ့ အထက် ကြာနိုင်တယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အခြေအနေ ပြောင်းလဲသွားလို့ “အမြဲ ဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေးအတွက် ဘာသာပြန်သူတွေဟာ လေးလအတွင်း လက်စသတ်ဖို့ လိုတယ်။

 ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ ရှိတဲ့ ဘာသာပြန်လုပ်ငန်းဌာနနဲ့ ဝယ်ယူရေးဌာနက ဒီပရောဂျက်ကြီးအတွက် ဝိုင်းဝန်းကူညီခဲ့ကြတယ်။ ဘာသာပြန်အဖွဲ့တွေ အရည်အသွေးမြင့် မိုက်ခရိုဖုန်းလို ကိရိယာမျိုးတွေ လိုအပ်မှန်း ဘာသာပြန်လုပ်ငန်းဌာနက သိတယ်။ ဒါကြောင့် ဝယ်ယူရေးဌာနက မိုက်ခရိုဖုန်း အလုံးပေါင်း ၁,၀၀၀ ကို ဝယ်ပြီး ဒေသ ၂၀၀ ဆီ အရောက် ပို့ဖို့ စီစဉ်ခဲ့ကြတယ်။

 ငွေချွေတာနိုင်ဖို့ မိုက်ခရိုဖုန်းတွေကို လက်ကားစနစ်နဲ့ ဝယ်၊ ဗဟိုတစ်နေရာဆီ သင်္ဘောတွေနဲ့ ပို့၊ အဲဒီကတစ်ဆင့် ပြန်ထုတ်ပိုးပြီး ကမ္ဘာတစ်ဝန်း ဒေသအသီးသီးဆီ ပို့ပေးတယ်။ အဲဒီလို လက်ကားစနစ်နဲ့ ဝယ်တဲ့အတွက် မိုက်ခရိုဖုန်းတစ်လုံးကို တင်ပို့ခ အပါအဝင် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၇၀ လောက် ကုန်ကျတယ်။ ဒါဟာ လက်လီစနစ်နဲ့ ဝယ်တာထက် ၂၀ ရာခိုင်နှုန်း သက်သာတယ်။

 ဝယ်ယူရေးဌာနက ဝယ်ယူပြီး သင်္ဘောနဲ့ တင်ပို့တာတွေကို ၂၀၂၀၊ ဧပြီနဲ့ မေလအတွင်း လုပ်ဆောင်ရမယ်။ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းအများစု ရပ်နားထားရတဲ့ကာလ ဖြစ်နေတယ်။ ဒါပေမဲ့ မေလအကုန်မှာ ဘာသာပြန်ရုံးခွဲ၊ ဌာနခွဲရုံးနဲ့ တခြားဘာသာပြန်တဲ့နေရာ အများစုမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရရှိနေကြပါပြီ။

 “ဒီပရောဂျက်တစ်လျှောက် ဗေသလဌာနတွေနဲ့ အပြင်က ပစ္စည်းပို့သူတွေ အချိတ်အဆက်မိမိ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မရာမှာ မြန်မြန်ဆန်ဆန်၊ ငွေကုန်ရကျိုး နပ်တဲ့နည်းနဲ့ လုပ်ဆောင်နိုင်အောင် ယေဟောဝါရဲ့ စွမ်းအားတော်ကသာ ကူညီပေးနိုင်တယ်” လို့ ဝယ်ယူရေးဌာန ကြီးကြပ်မှူး ဂျေးစွန်းနီ ဆိုတယ်။

 ဘာသာပြန်လုပ်ငန်းဌာနမှာ အမှုဆောင်တဲ့ နီကိုးလတ် အလာဒစ်က အခုလို ပြောတယ်– “လော့ဒေါင်းကာလမှာ ဒီပစ္စည်းတွေ ရလို့ ဘာသာပြန်တွေ သိပ်အားရှိသွားကြတယ်။ ဘာသာပြန်အဖွဲ့သားတွေ တသီးတခြား ဖြစ်နေကြပေမဲ့ ဟောပြောချက်၊ ပြဇာတ်၊ သီချင်းတွေကို ဘာသာစကား ၅၀၀ ကျော်နဲ့ ဘာသာပြန် အသံသွင်းဖို့ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ကြတယ်။”

 ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေအတွက် “အမြဲ ဝမ်းမြောက်ကြပါ” ၂၀၂၀ ခရိုင်အစည်းအဝေး ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်ရတဲ့ နည်းများစွာအနက် ဒီပရောဂျက်လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ donate.pr418.com နဲ့ တခြားနည်းလမ်းတွေကတစ်ဆင့် ညီအစ်ကို/မတို့ ရက်ရက်ရောရော လှူဒါန်းတဲ့အတွက် အခုလို လိုအပ်ရာတွေကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။