မာတိကာဆီ ကျော်သွား

တက်ရှကင့်မြို့မှာရှိတဲ့ ဥဇဘက်ကစ္စတန် အထက်တရားရုံး။

နိုဝင်ဘာ ၈၊ ၂၀၁၈
ဥဇဘက်ကစ္စတန်

ယေဟောဝါသက်သေများ ကျမ်းစာပိုင်ဆိုင်ခွင့် ရှိကြောင်း ဥဇဘက်ကစ္စတန် အထက်တရားရုံး စီရင်ဆုံးဖြတ်

ယေဟောဝါသက်သေများ ကျမ်းစာပိုင်ဆိုင်ခွင့် ရှိကြောင်း ဥဇဘက်ကစ္စတန် အထက်တရားရုံး စီရင်ဆုံးဖြတ်

၂၀၁၈၊ မတ်လကစပြီး ခြောက်လကြာ အမှုရင်ဆိုင်ပြီးနောက် ဥဇဘက်ကစ္စတန် တရားရုံးချုပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာရာကယ်ပက်စတန်နယ်မြေ တရားရုံးတို့က ယေဟောဝါသက်သေတွေ လွတ်လပ်စွာ ဝတ်ပြုခွင့်ရှိကြောင်း စီရင်ဆုံးဖြတ်လိုက်ပါတယ်။ တရားရုံးချုပ်က အောက်တရားရုံးရဲ့ စီရင်ချက် လေးခုကို ပယ်ဖျက်ပေးပြီး ကာရာကယ်ပက်စတန်နယ်မြေ တရားရုံးက ငါးခုမြောက် စီရင်ချက်ကို ပယ်ဖျက်ပေးခဲ့တယ်။

အပြစ်မရှိကြောင်း ဥဇဘက်ကစ္စတန် အထက်တရားရုံး ကြေညာတဲ့သူတွေမှာ ညီအစ်ကို တီမူ စက်ဒါနို့ဗ်လည်း ပါဝင်။

အမှုတော်တော်များများဟာ ညီအစ်ကိုတွေရဲ့ ကျမ်းစာအခြေပြုစာစောင်တွေ၊ ကျမ်းစာ ထည့်သွင်းထားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို ရဲတွေ သိမ်းဆည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့အမှုတွေပါ။ အောက်တရားရုံးတွေက ညီအစ်ကိုတွေမှာ အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ပြီး ဘာသာရေးစာစောင်တွေ ဝေငှမှုနဲ့ ဒဏ်တပ်ခဲ့ကြတယ်။ ညီအစ်ကိုတွေမှာ အပြစ်မရှိတဲ့အတွက် ဒဏ်ငွေ ပေးစရာ မလိုဘူးဆိုပြီး မကြာသေးခင်က အထက်တရားရုံး ကြေညာလိုက်တဲ့အတွက် ကျေးဇူးတင်စရာပါပဲ။

ဒါကို ကြားရလို့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေ ဝမ်းသာကြတယ်။ အာဏာပိုင်တွေကို ကျေးဇူးလည်း တင်ကြတယ်။ အထူးသဖြင့် “သတင်းကောင်း ဟောပြောခွင့်ကို ခုခံကာကွယ်ပြီး တရားဥပဒေအရ အတည်ဖြစ်အောင်” လမ်းပြကူညီပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်ကြပါတယ်။—ဖိလိပ္ပိ ၁:၇