မာတိကာဆီ ကျော်သွား

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း တောင်ကိုရီးယား တရားရုံးချုပ် စီရင်ဆုံးဖြတ်ပြီးနောက် ထောင်ဒဏ်အပြည့် ကျခံစရာမလိုဘဲ လွတ်လာကြတဲ့ ညီအစ်ကို ၆၅ ဦးထဲကတချို့။

မတ် ၇၊ ၂၀၁၉
တောင်ကိုရီးယား

ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းလို့ ထောင်ကျနေတဲ့ တောင်ကိုရီးယား ယေဟောဝါသက်သေအားလုံး လွတ်လာပါပြီ

ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းလို့ ထောင်ကျနေတဲ့ တောင်ကိုရီးယား ယေဟောဝါသက်သေအားလုံး လွတ်လာပါပြီ

ကြားနေမှုကြောင့် ထောင်ကျနေတဲ့ တောင်ကိုရီးယားက ယေဟောဝါသက်သေ နောက်ဆုံးတစ်ယောက် ၂၀၁၉၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ လွတ်လာပါပြီ။ လွတ်မြောက်လာသူအားလုံးက မိမိတို့ရဲ့ လွတ်မြောက်မှုအတွက်၊ ယေဟောဝါဘုရားအပေါ် သစ္စာစောင့်သိကြောင်း ပြသခွင့် ရတဲ့အတွက် ကျေးဇူးတင်နေကြတယ်။

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ခြင်းဟာ ရာဇဝတ်မှု မဟုတ်ကြောင်း ၂၀၁၈၊ နိုဝင်ဘာ ၁ ရက်နေ့၊ တရားရုံးချုပ်က သမိုင်းဝင် ဆုံးဖြတ်ချက် ချလိုက်ချိန်ကစပြီး ညီအစ်ကို ၆၅ ဦးစလုံး လွတ်လာပါပြီ။ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းသူတွေကို ထောင်ဒဏ်ချတဲ့ ၆၅ နှစ်ကြာ ပေါ်လစီဟာ အဲဒီဆုံးဖြတ်ချက်ကြောင့် အဆုံးတိုင်သွားပါပြီ။

ကျွန်တော်တို့ရဲ့ ဘုရင်နဲ့ နိုင်ငံတော်အပေါ် သစ္စာရှိရှိ အမှုထမ်းရာမှာ ‘သတ္တိ ပိုရှိ’ လာစေဖို့ ကိုရီးယား ညီအစ်ကိုတွေရဲ့ သစ္စာသမာဓိစောင့်သိမှုက လှုံ့ဆော်ပေးပါတယ်။ (ဖိလိပ္ပိ ၁:၁၄) အီရီထရီးယား၊ ရုရှား၊ စင်ကာပူ၊ တာ့ခ်မင်နစ္စတန်နိုင်ငံတို့မှာ ထောင်ကျနေသေးတဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းနေကြပါတယ်။—ဟီဘရူး ၁၀:၃၄