မာတိကာဆီ ကျော်သွား

ဩဂုတ် ၅၊ ၂၀၁၉
ဖိလစ်ပိုင်

ဖိလစ်ပိုင်မှာ မြေငလျင် လှုပ်ခတ်သွား

ဖိလစ်ပိုင်မှာ မြေငလျင် လှုပ်ခတ်သွား

၂၀၁၉၊ ဇူလိုင် ၂၇ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ မြောက်ဘက် ကီလိုမီတာ ၆၉၀ (မိုင် ၄၃၀) အကွာလောက်မှာ ရှိတဲ့ အီဘာယပ်ကျွန်းငယ်လေးမှာ ငလျင် ၂ ခု လှုပ်ခတ်ခဲ့တယ်။ ငလျင်တွေက ပြင်းအား ၅.၄ နဲ့ ၆.၄ ရစ်တာစကေး အသီးသီး ရှိတယ်။ လူ ၉ ယောက် သေဆုံးပြီး ၆၄ ယောက် ဒဏ်ရာရတယ်။ အိမ် ၂၆၆ လုံး ပျက်စီးသွားတယ်။ ငလျင်တွေကြောင့် ၂,၉၆၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့တယ်။

ငလျင်ကြောင့် ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှ အသေအပျောက် မရှိဘူး။ ညီအစ်မတစ်ယောက်ကတော့ အနည်းငယ် ထိခိုက်ဒဏ်ရာ ရသွားတယ်။ ညီအစ်ကိုတွေရဲ့ အိမ် ၂ လုံး တော်တော် ပျက်စီးသွားတယ်။

ဌာနခွဲရုံးက သဘာဝဘေးကယ်ဆယ်ရေး ကော်မတီ ဖွဲ့ပြီး ညီအစ်ကို၊ ညီအစ်မတွေအတွက် အခြေခံလိုအပ်ရာတွေ ဖြစ်တဲ့ အစားအသောက်နဲ့ရေ ဖြန့်ဝေပေးခဲ့တယ်။ ငလျင်ဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို အားပေးဖို့၊ လိုအပ်တဲ့ အကူအညီတွေပေးဖို့ ဌာနခွဲရုံးက ကိုယ်စားလှယ်တွေ သွားရောက်လည်ပတ်ပါလိမ့်မယ်။

လတ်တလော လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ “နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့ အရှင်” ယေဟောဝါဘုရားက ညီအစ်ကို၊ ညီအစ်မတွေရဲ့ လိုအပ်ရာတွေကို ဆက်ကြည့်ရှုထောက်ပံ့ပေးမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။—၂ ကောရိန္သု ၁:၃