မာတိကာဆီ ကျော်သွား

နာတိုနင်တောင်တန်းဒေသမှာ မြေပြိုပြီးနောက် အခြေအနေ

ဩဂုတ် ၁၄၊ ၂၀၁၉
ဖိလစ်ပိုင်

မုတ်သုန်မိုးကြောင့် ဖိလစ်ပိုင် ထိခိုက်ပျက်စီး

မုတ်သုန်မိုးကြောင့် ဖိလစ်ပိုင် ထိခိုက်ပျက်စီး

၂၀၁၉၊ ဩဂုတ်လဆန်းပိုင်းမှာ ဖိလစ်ပိုင်မှာ မုတ်သုန်ရာသီ ဝင်ရောက်လာပြီး မိုးသည်းထန်စွာ ရွာသွန်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်။ ဝမ်းနည်းစရာကတော့ နာတိုနင် တောင်တန်းဒေသမှာ ယာယီအထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေတဲ့ ညီအစ်ကိုတစ်ယောက် မြေပြိုမှုကြောင့် သေဆုံးသွားတယ်။ အဲဒီမြေပြိုမှုကြောင့်ပဲ နောက်ထပ် ယာယီအထူးရှေ့ဆောင် ညီအစ်ကိုတစ်ယောက် ထိခိုက်ဒဏ်ရာ အနည်းငယ် ရသွားတယ်။ နောက်တစ်နေရာမှာ ဆယ်နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပျက်အစီးတွေကြောင့် ထိခိုက်ဒဏ်ရာရလို့ ဆေးကုသမှု ခံယူခဲ့ရတယ်။

ညီအစ်ကို၊ ညီအစ်မတွေရဲ့အိမ် ဆိုးဆိုးဝါးဝါး ပျက်စီးတာတော့ မရှိဘူး။ ဒါပေမဲ့ နယ်ဂရို့စ် အိုစီဒန်တယ်နယ်က ဝတ်ပြုရာခန်းမတစ်လုံး လေပြင်းတိုက်ခတ်မှုကြောင့် မျက်နှာကြက်တချို့ ပြုတ်ကျကုန်တယ်။

ဖိလစ်ပိုင်ဌာနခွဲရုံးနဲ့ ဒေသခံ တိုက်နယ်ကြီးကြပ်မှူးက ဘေးသင့်ဒေသက ညီအစ်ကို၊ ညီအစ်မတွေရဲ့ မိသားစုဝင်တွေကို ကျမ်းစာနဲ့ နှစ်သိမ့်အားပေးနေကြပါတယ်။

ဝမ်းနည်းဖွယ် ဆုံးရှုံးမှုအကြောင်း ကြားရလို့ ကျွန်တော်တို့ စိတ်မကောင်းကြပါဘူး။ ညီအစ်ကို သေဆုံးလို့ ဝမ်းနည်းပူဆွေးနေသူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ နာကျင်ဖွယ် အဖြစ်အပျက်တွေ ဘယ်တော့မှ “စိတ်ထဲ ပေါ်လာတော့မှာမဟုတ်” တဲ့ အချိန်ကို ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။—ဟေရှာယ ၆၅:၁၇