မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၊ ၂၀၁၉
ရဝမ်ဒါ

ယေဟောဝါသက်သေတွေ ရဝမ်ဒါ လက်သင်္ကေတပြစကားနဲ့ ပထမဦးဆုံး ခရိုင်အစည်းအဝေး ကျင်းပ

ယေဟောဝါသက်သေတွေ ရဝမ်ဒါ လက်သင်္ကေတပြစကားနဲ့ ပထမဦးဆုံး ခရိုင်အစည်းအဝေး ကျင်းပ

ရဝမ်ဒါနိုင်ငံ၊ ကီဂါလီမြို့မှာ ယေဟောဝါသက်သေတွေဟာ ၂၀၁၉၊ ဩဂုတ် ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ ရဝမ်ဒါ လက်သင်္ကေတပြစကားနဲ့ ပထမဆုံး ခရိုင်အစည်းအဝေး ကျင်းပခဲ့တယ်။ အများဆုံးတက်ရောက်သူ ၆၂၀ ရှိပြီး နားမကြား ၈ ယောက် နှစ်ခြင်းခံတယ်။

ပရိသတ်တွေ ဘုရားနိုင်ငံတော်သီချင်း သီဆိုနေကြစဉ်

တနင်္ဂနွေနေ့အစီအစဉ်ကို အရာရှိနှစ်ယောက် လာတက်ရောက်တယ်။ ရဝမ်ဒါနိုင်ငံ နားမကြားအသင်း ဒါရိုက်တာ အဖွဲ့ဝင် မစ္စတာ ယွမ် ဒဲမဇိန် ဘီဇီမာနာနဲ့ မသန်စွမ်းသူများ အမျိုးသားကောင်စီ အမှုဆောင် အတွင်းရေးမှူး အမ်မယ်နျူဝယ် အင်ဒေအစ်ဆာဘာ ဖြစ်တယ်။ ဒီ့ပြင် အီကွေးဇီသတင်းစာက တနင်္ဂနွေနေ့ အစည်းအဝေး အစီအစဉ်အကြောင်း အပြုသဘောဆောင်တဲ့ သတင်းတစ်ပုဒ် အွန်လိုင်းမှာ ဖော်ပြခဲ့တယ်။

ညီအစ်မတစ်ယောက်က မျက်မမြင် နားမကြားသူရဲ့ လက်ကိုကိုင်ပြီး တို့ထိသင်္ကေတပြစကားနဲ့ အစည်းအဝေး အစီအစဉ်ကို ဘာသာပြန်ပေးနေစဉ်

မစ္စတာ ဘီဇီမာနာ ဒီလိုပြောတယ်– “တော်တော်လေးကောင်းတဲ့ အစည်းအဝေးပဲ။ နိုင်ငံတစ်ဝန်းက နားမကြားသူတွေကို တစုတဝေးတည်း တွေ့ရလို့ ကျေးဇူးတင်တယ်။ နားမကြားတွေကို ကူညီဆက်သွယ်ပေးနေကြတဲ့အတွက် ယေဟောဝါသက်သေတွေကို ကျေးဇူးအများကြီး တင်ပါတယ်။ အစိုးရ အာဏာပိုင်အဖွဲ့တွေလည်း ဒီလိုအစည်းအဝေးကို လာကြည့်ပြီး အတုယူသင့်တယ်။”

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်အတွင်း ရဝမ်ဒါ လက်သင်္ကေတပြစကား လယ်ကွင်းမှာ နောက်ထပ်သမိုင်း မှတ်တိုင်နှစ်ခု ဖြစ်ခဲ့တယ်။ ရဝမ်ဒါ ဌာနခွဲရုံးက ၂၀၁၇၊ စက်တင်ဘာလမှာ ရဝမ်ဒါ လက်သင်္ကေတပြစကားနဲ့ ပထမဦးဆုံး ရှေ့ဆောင်သင်တန်း ကျင်းပပေးခဲ့တယ်။ တစ်နှစ်ကြာပြီးနောက် ၂၀၁၈၊ စက်တင်ဘာလမှာ စာပေတွေကို ရဝမ်ဒါ လက်သင်္ကေတပြစကားနဲ့ တရားဝင် စတင်ဘာသာပြန်ခဲ့တယ်။

လက်သင်္ကေတပြစကား အစည်းအဝေးကြီးရဲ့ ဌာနခွဲကိုယ်စားလှယ် ညီအစ်ကို ယွမ် ဒမော်ရာ ဟာဘီယော်ရာမီ ဒီလိုပြောတယ်– “မကြာသေးခင်က ကျင်းပခဲ့တဲ့ ခရိုင်အစည်းအဝေးအပါအဝင် ရဝမ်ဒါ လက်သင်္ကေတပြစကားပြော လယ်ကွင်း တိုးတက်မှုကို တွေ့မြင်ရလို့ သိပ်ဝမ်းသာတယ်။ အစည်းအဝေး အဓိကအကြောင်းအရာဖြစ်တဲ့ ‘မေတ္တာဟာ အစဉ်တည်တယ်’ ဆိုတဲ့အတိုင်းပဲ ယေဟောဝါသက်သေတွေဟာ နားမကြားသူတွေအပါအဝင် လူအားလုံးကို လုပ်ရပ်နဲ့ မေတ္တာတင်ပြနေကြတယ်။”

ရဝမ်ဒါ လက်သင်္ကေတပြစကားပြော လယ်ကွင်း တိုးတက်နေမှုက ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးနေတယ်ဆိုတဲ့ အထောက်အထားပါပဲ။—ဆာလံ ၆၇:၁