မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၄၊ ၂၀၂၀
လက်ဘနွန်

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုကြီး ဖြစ်ပွား

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုကြီး ဖြစ်ပွား

၂၀၂၀၊ ဩဂုတ် ၄ ရက်နေ့က လက်ဘနွန်နိုင်ငံ၊ မြို့တော် ဘေရွတ် ဆိပ်ကမ်းတစ်ခုမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူရာနဲ့ချီ အသက်ဆုံးရှုံးပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရတယ်၊ တစ်မြို့လုံး အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်။ ညီအစ်ကို/မတွေရဲ့ နေအိမ်တွေလည်း ပါတယ်။ ပေါက်ကွဲမှုကြောင့် ညီအစ်ကို/မတချို့ ဒဏ်ရာ အပြင်းအထန် ရခဲ့ပေမဲ့ သေဆုံးသူတော့ မရှိပါဘူး။

ရက်ရောတဲ့ဘုရားသခင်က မိမိကိုဝတ်ပြုသူတွေကို လိုအပ်သလို ကူညီထောက်မပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—၂ ရှမွေလ ၂၂:၃