မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၃၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

၂၀၂၀ အစည်းအဝေးကြီး အစီအစဉ်ကို ပထမဆုံးအကြိမ် ကမ္ဘာချီ ရုပ်သံထုတ်လွှင့်ခြင်း

၂၀၂၀ အစည်းအဝေးကြီး အစီအစဉ်ကို ပထမဆုံးအကြိမ် ကမ္ဘာချီ ရုပ်သံထုတ်လွှင့်ခြင်း

၂၀၂၀၊ ဇူလိုင်နဲ့ သြဂုတ်အတွင်း ညီအစ်ကို/မတွေနဲ့ စိတ်ဝင်စားသူ သန်းပေါင်းများစွာဟာ ၂၀၂၀ အစည်းအဝေးကြီး အစီအစဉ်ကို တစ်ပြိုင်နက် ကြည့်ရှုခဲ့ကြတယ်။

နိုင်ငံပေါင်း ၂၄၀ မှာရှိတဲ့ စည်းဝေးပွဲခန်းမ၊ ကွန်ဗန်းရှင်းစင်တာ၊ အားကစားကွင်းတို့မှာ ကျင်းပမယ့် “အမြဲ ဝမ်းမြောက်ကြပါ” အစည်းအဝေးကြီးကို တက်ဖို့ ယေဟောဝါသက်သေတွေ အလွန် စိတ်စောခဲ့ကြတယ်။ ဒါပေမဲ့ တက်ရောက်ဖို့ စီစဉ်ထားသူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ဒီခရိုင်အစည်းအဝေးတွေကို ကမ္ဘာချီ ရုပ်သံထုတ်လွှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဖွဲ့အစည်းမှာ ၁၈၉၇ ခုနှစ်ကစပြီး တိုက်ရိုက် ထုတ်လွှင့်ပေးတာ ဒါ ပထမဆုံးအကြိမ်ပါ။

အုပ်ချုပ်ရေး အဖွဲ့ဝင် ကဲနက်ကွတ်က “ခရိုင်အစည်းအဝေးတွေကို ဖျက်သိမ်းလိုက်ချိန်မှာ လူအားလုံး တစ်ပြိုင်နက် တက်ရောက်နိုင်မယ့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးတစ်ခုကို ကျွန်တော်တို့ စီစဉ်ခဲ့ကြတယ်။ အစီအစဉ်ကို လေးလအတွင်း ဘာသာစကားများစွာနဲ့ ရနိုင်အောင် ပြင်ဆင်ရမယ်။ ဒီပရောဂျက် ပြီးစီးဖို့ဆိုတာ ပုံမှန်အားဖြင့် တစ်နှစ်နဲ့အထက် အချိန်လိုတယ်။ ဒါပေမဲ့ အစီအစဉ် ပထမအပိုင်းကို ၂၀၂၀၊ ဇူလိုင် ၆ ရက်မှာ ဘာသာစကား ၄၀၀ ကျော်နဲ့ ရနိုင်လို့ သိပ်ပျော်ခဲ့ကြတယ်။ ဘာသာစကား ၅၁၁ မျိုးနဲ့ ရနိုင်ဖို့ မျှော်လင့်တယ်” လို့ ပြောတယ်။

ကလေး သုံးယောက်ရှိတဲ့ တစ်ကိုယ်ရေ မိခင်က အစီအစဉ်ရဲ့ အကျိုးကျေးဇူးအကြောင်း အခုလို ပြောတယ်– “မိတ်ဆွေတွေနဲ့အတူ ရှိနေခွင့် ဆုံးရှုံးရပေမဲ့ ကလေးတွေအတွက် သိပ်ကောင်းသွားတယ်။ အစီအစဉ် အပိုင်းတိုလေးတွေ ဖြစ်လို့ ကလေးတွေ အာရုံစိုက်နိုင်ခဲ့တယ်။ ခဏနားချင်ရင် ရပ်ထားလိုက်တယ်။ တစ်မိနစ်လေးတောင် လွတ်မသွားဘူး။ သောကြာနေ့အပိုင်းမှာ ကလေးတွေဟာ မြားတောင့်ထဲက မြားတွေနဲ့တူတယ်၊ ယေဟောဝါအမှုတော်မှာ ကျေနပ်ပျော်ရွှင်စရာ အသက်တာ ပိုင်ဆိုင်နိုင်ဖို့ ချိန်ရွယ်ထားရမယ်လို့ အလေးပေး ဟောသွားတယ်။ ဒီရုပ်သံအစီအစဉ်က အဲဒီအတိုင်း လုပ်ဖို့ ကူညီပေးတယ်။”—ဆာလံ ၁၂၇:၄

သမိုင်းဝင် အစည်းအဝေးကြီးက သတင်းမီဒီယာတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စု၊ လူထုသတင်းအချက်အလက်ဌာနကို ဦးစီးသူ ရောဘတ် ဟန်ဒရစ်က “သတင်းသမားများစွာ ဒီအစည်းအဝေးအကြောင်း ရေးကြတယ်။ သတင်းတွေမှာ ကျွန်တော်တို့အဖွဲ့အစည်းက နည်းပညာ သုံးပြီး အစည်းအဝေးကြီး အစီအစဉ် ထုတ်လွှင့်တဲ့အကြောင်း၊ လူတိုင်း ဘေးကင်းအောင် လုပ်ဆောင်တဲ့အကြောင်း ပါတယ်” လို့ပြောတယ်။

၂၀၂၀ “အမြဲ ဝမ်းမြောက်ကြပါ” အစည်းအဝေးကြီးက ယေဟောဝါဟာ မဟာသွန်သင်ရှင် ဖြစ်ကြောင်း စိတ်လှုပ်ရှားဖွယ်နည်းနဲ့ ဖော်ပြခဲ့ပါတယ်။—ဟေရှာယ ၃၀:၂၀