မာတိကာဆီ ကျော်သွား

ညီအစ်မ ဂါလီနာ အဘရိုဆမိုးဗာ

၂၀၂၂ ခုနှစ်၊ မေ ၁၀ ရက်
ရုရှား

နောက်ဆုံးအချက်အလက် | ဂါလီနာ အဘရိုဆမိုးဗာ ကြောက်စိတ်ကို ကျော်လွှား

နောက်ဆုံးအချက်အလက် | ဂါလီနာ အဘရိုဆမိုးဗာ ကြောက်စိတ်ကို ကျော်လွှား

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့ ခရိုင်တရားရုံးက ညီအစ်မ ဂါလီနာ အဘရိုဆမိုးဗာရဲ့ အယူခံကို ပယ်ချလိုက်ပါတယ်။ အခုလောလောဆယ် သူ ထောင်ထဲသွားစရာ မလိုပါ။

၂၀၂၂ ခုနှစ်၊ မေ ၆ ရက်မှာ နိဇ်နီ နို့ဗ်ဂိုရော့မြို့၊ ဆိုဗီယက်စကီ ခရိုင်တရားရုံးက ဂါလီနာကို စွဲချက်တင်ပြီး ဆိုင်းငံ့ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

အချိန်ပြဇယား

  1. ဇွန် ၄၊ ၂၀၁၉

    နိဇ်နီ နို့ဗ်ဂိုရော့မြို့က ယေဟောဝါသက်သေတချို့ကို စစ်ဆေးရေးအရာရှိတွေ တရားစွဲတယ်။ အစည်းအဝေးတွေ ကျင်းပတယ်၊ အလှူငွေ ကောက်ခံတယ်၊ ပိတ်ပင်ထားတဲ့ ဘာသာရေးအဖွဲ့အကြောင်း လိုက်ဆွယ်တယ်ဆိုပြီး စွဲချက်တင်တယ်။

  2. ဇူလိုင် ၁၇၊ ၂၀၁၉

    ယေဟောဝါသက်သေမိသားစု ၃၅ စုရဲ့အိမ်တွေကို ဝင်ရောက်စီးနင်းပြီး ရှာဖွေကြတယ်။ ဂါလီနာကို ဖမ်းဆီးပြီး ယာယီအချုပ်ထောင်မှာ ၂ ရက်ချုပ်ထားတယ်။

  3. အောက်တိုဘာ ၁၉၊ ၂၀၂၁

    ဂါလီနာရဲ့ပြစ်မှုကို စတင်ကြားနာစစ်ဆေးတယ်။

ကိုယ်ရေးအကျဉ်း

ယေဟောဝါဘုရားက ရုရှားက ညီအစ်ကို/မတွေကို “ဘုရင်ခံတွေ၊ ဘုရင်တွေ ... ကို သက်သေခံ” နိုင်ဖို့ သတ္တိဆက်ပေးနေမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—မာကု ၁၃:၉