မာတိကာဆီ ကျော်သွား

အပေါ်– ညီအစ်ကို ယေ့ဗ်ဂျနီ ဘို့ဂျ်ကာ၊ ညီအစ်ကို ဗလာဒီမာ ကာလက်နီကို့ဗ်၊ ညီအစ်ကို အလက်ဆီ ရှိုနီကာ့ဗ်

အောက်– ညီအစ်ကို ဗစ်တာလီ အူရှာကို့ဗ်၊ ညီအစ်ကို ဗလယ်ရီ ဗစ်ချ်ကေ့ဗ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်
ရုရှား

ယေဟောဝါကို ကိုးကွယ်ခွင့်ရတဲ့ အခွင့်ထူးကို အာရုံစိုက်နေတဲ့ ညီအစ်ကိုတွေ

ယေဟောဝါကို ကိုးကွယ်ခွင့်ရတဲ့ အခွင့်ထူးကို အာရုံစိုက်နေတဲ့ ညီအစ်ကိုတွေ

ခရာစနာဒါဒေသ၊ ဗေရှိုကိုစကီ ခရိုင်တရားရုံးက ညီအစ်ကို ယေ့ဗ်ဂျနီ ဘို့ဂျ်ကာ၊ ဗလာဒီမာ ကာလက်နီကို့ဗ်၊ အလက်ဆီ ရှိုနီကာ့ဗ်၊ ဗစ်တာလီ အူရှာကို့ဗ်နဲ့ ဗလယ်ရီ ဗစ်ချ်ကေ့ဗ်တို့ရဲ့အမှုကို မကြာခင် စီရင်ချက်ချပါတော့မယ်။ အစိုးရရှေ့နေက ချမှတ်စေလိုတဲ့ပြစ်ဒဏ်ကို မတင်ပြသေးဘူး။

ကိုယ်ရေးအကျဉ်း

ယေဟောဝါက မိမိကို မျှော်ကိုးတဲ့ အဲဒီညီအစ်ကိုတွေကို ခွန်အားနဲ့ပျော်ရွှင်မှု ဆက်ပေးသနားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၄၁:၈

အချိန်ပြဇယား

  1. ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂

    ယေ့ဗ်ဂျနီ၊ အလက်ဆီ၊ ဗစ်တာလီနဲ့ ဗလယ်ရီကို ပြစ်မှုနဲ့ တရားစွဲ

  2. ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂

    အိမ်တွေကို ဝင်ရောက်ရှာဖွေ။ ယေ့ဗ်ဂျနီ၊ အလက်ဆီနဲ့ ဗစ်တာလီကို စစ်ဆေးမေးမြန်း။ ဗစ်တာလီကို အချုပ်ချ

  3. ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂

    ဗစ်တာလီကို အချုပ်ထောင်ပို့

  4. ဖေဖော်ဝါရီ ၁၆၊ ၂၀၂၂

    ယေ့ဗ်ဂျနီနဲ့ အလက်ဆီကို ခရီးသွားလာခွင့် ကန့်သတ်

  5. ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂

    ဗလယ်ရီကို ခရီးသွားလာခွင့် ကန့်သတ်

  6. ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂

    ဗလာဒီမာကို ပြစ်မှုနဲ့တရားစွဲ

  7. မတ် ၁၅၊ ၂၀၂၂

    ဗလာဒီမာကို ခရီးသွားလာခွင့် ကန့်သတ်။ ပြစ်မှုတွေကို တစ်မှုတည်းအဖြစ် ပေါင်း

  8. စက်တင်ဘာ ၈၊ ၂၀၂၂

    ဗစ်တာလီကို အချုပ်ထောင်ကနေ လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ချ

  9. အောက်တိုဘာ ၁၀၊ ၂၀၂၂

    ဗစ်တာလီကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးပြီး ခရီးသွားလာခွင့် ကန့်သတ်

  10. မေ ၃၁၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေး