မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW.ORG ဝက်ဘ်ဆိုက်

လေ့လာမှုကျမ်းစာကို အသုံးပြုပါ

လေ့လာမှုကျမ်းစာကို အသုံးပြုပါ

ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) မှာ လေ့လာနိုင်တဲ့ အောက်ပါ ကိရိယာတွေ ပါတယ်-

  • ကျမ်းစောင်တိုင်းအတွက် နိဒါန်းနဲ့ နိဒါန်း ဗီဒီယို

  • ကျမ်းတစ်စောင်စီအတွက် အကျဉ်းချုပ်၊ ခြုံငုံသုံးသပ်ချက်

  • အခန်းငယ်အတွက် လေ့လာမှုမှတ်စု

  • စကားလုံး၊ စကားစုတွေအတွက် အောက်ခြေမှတ်ချက်များ

  • အမျိုးအစားအလိုက် အပြန်အလှန်အညွှန်း

  • မီဒီယာ (ရုပ်ပုံများနဲ့ ဗီဒီယိုများ)

  • မြေပုံများ၊ ဇယားများ၊ တခြားလေ့လာစရာ အကြောင်းအရာတွေ ပါတဲ့ နောက်ဆက်တွဲ

  • အခန်းကြီးတစ်ခုစီအတွက် အသံဖိုင်

  • တခြားဘာသာပြန်ကျမ်း ပြန်ဆိုချက်များ

မဿဲကျမ်းအတွက် လေ့လာမှုကျမ်းစာကို ၂၀၁၅၊ အောက်တိုဘာလမှာ အင်္ဂလိပ်လို ထုတ်ဝေခဲ့တယ်။ နောက်ထပ်ကျမ်းစောင်တွေအတွက် လေ့လာမှုကိရိယာတွေကို ပြီးတာနဲ့ ထပ်ထည့်ပေးပါမယ်။

လေ့လာမှုကျမ်းစာပါ အသွင်အပြင်တွေကို သုံးတတ်အောင် သင်ယူပါ–

 ကျမ်းစောင်တစ်စောင်၊ အခန်းကြီးတစ်ခုဆီ သွားပါ

စာကြည့်တိုက် > အွန်လိုင်း သမ္မာကျမ်းစာ ကို သွားပြီး သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း (လေ့လာမှုကျမ်းစာ) မာတိကာ စာမျက်နှာကို ဖွင့်ဖို့ မျက်နှာဖုံး ဒါမှမဟုတ် လင့်ခ်စာသားကို နှိပ်ပါ။

  • ရတနာ သင်္ကေတက ဒီကျမ်းစောင်အတွက် လေ့လာမှုအကြောင်းအရာ ရှိတယ်ဆိုတာ ဖော်ပြတယ်။

  • နားကျပ် သင်္ကေတက ဒီကျမ်းစောင်အတွက် အသံဖိုင် ရှိတယ်ဆိုတာ ဖော်ပြတယ်။

  • ကျမ်းစောင် မာတိကာကို လေးထောင့်ကွက်ပုံစံမျိုး ကြည့်ချင်ရင် လေးထောင့်ကွက်မြင်ကွင်း ကို နှိပ်ပါ။ ပုံသေ တွေ့နေရပါမယ်။

  • ကျမ်းစောင် မာတိကာကို စာရင်းပုံစံမျိုး ကြည့်ချင်ရင် စာရင်းပုံစံမြင်ကွင်း ကို နှိပ်ပါ။ ဟီဘရူး-အာရမိတ်ကျမ်းစောင်တွေနဲ့ ဂရိကျမ်းစောင်တွေကို ကော်လံသတ်သတ်စီ ခွဲဖော်ပြပေးထားတယ်။

ခက်ဆစ်၊ နောက်ဆက်တွဲ၊ မီဒီယာ (ရုပ်ပုံနဲ့ ဗီဒီယို) အပါအဝင် ထပ်ဆင့်အကြောင်းအရာတွေအတွက် လင့်ခ်တွေလည်း ပါတယ်။

ကျမ်းစောင်၊ အခန်းကြီးတစ်ခန်းကို ဖွင့်ဖို့ အောက်ပါနည်းလမ်းကို သုံးပါ။

နည်းလမ်း ၁။ မာတိကာ စာမျက်နှာထဲက ကျမ်းစောင်တစ်စောင်ကို နှိပ်ပါ။ အခန်းကြီးစာရင်း၊ ကျမ်းစောင်အတွက် မာတိကာ၊ ကျမ်းစောင်အကျဉ်းချုပ်နဲ့ နောက်ထပ်အသွင်အပြင်တွေကို တွေ့ရတယ် (လေ့လာမှုအကြောင်းအရာတွေက ရွေးတဲ့ကျမ်းစောင်ပေါ် မူတည်ပြီး ကွာခြားနိုင်တယ်)–

  • ကျမ်းစောင်အတွက် နိဒါန်းနဲ့ (ရနိုင်ပါက) နိဒါန်းဗီဒီယို။

  • ကျမ်းစောင်အတွက် ခြုံငုံသုံးသပ်ချက်။

  • ကျမ်းစောင်အတွက် မီဒီယာပြခန်း၊ သက်ဆိုင်ရာ ရုပ်ပုံနဲ့ ဗီဒီယိုများ

လေ့လာချင်တဲ့ အခန်းကြီးကို ရွေးပါ။

နည်းလမ်း ၂။ စာမျက်နှာ အပေါ်ဆုံးမှာ လောလောဆယ် ဖွင့်ထားတဲ့ ကျမ်းစောင်နဲ့ အခန်းကြီးကို ဖော်ပြထားတယ်။

 အခန်းကြီးတစ်ခုအတွက် လေ့လာမှု ကိရိယာတွေကို သုံးပါ

ဖန်သားပြင်ရဲ့ ဘယ်ဘက် ဖတ်ရှုခြင်းအကွက်မှာ အခန်းကြီး စာသားတွေ ပေါ်နေပြီး ညာဘက်မှာ လေ့လာမှုအကွက် ပေါ်နေတယ်။ (စက်သေးတွေမှာတော့ လေ့လာမှုအကွက် မပေါ်ဘူး။ ဒါပေမဲ့ အခန်းငယ်တစ်ခု၊ အောက်ခြေမှတ်ချက် သင်္ကေတတစ်ခု၊ အပြန်အလှန်အညွှန်း အက္ခရာတစ်ခုကို နှိပ်လိုက်ရင် လေ့လာမှုအကွက် ပေါ်လာမယ်။)

  • ပြစေလိုတဲ့ အခန်းကြီး ဒါမှမဟုတ် အခန်းငယ်ကို နှိပ်ပါ။ ဆက်နွှယ်တဲ့ အကြောင်းအရာတွေ တွေ့ရမယ်။

  • အောက်ခြေမှတ်ချက် သင်္ကေတကို နှိပ်ရင် စကားလုံး ဒါမှမဟုတ် စကားစုနဲ့ ဆိုင်တဲ့ အောက်ခြေမှတ်ချက်ကို တွေ့ရမယ်။

  • အပြန်အလှန်အညွှန်း အက္ခရာတစ်ခုကို နှိပ်ရင် ကျမ်းချက်ကို လေ့လာမှုအကွက်မှာ တွေ့ရမယ်။

  • ပေါ်နေတဲ့ အခန်းကြီးရဲ့ အခန်းငယ်တစ်ခုကနေ ကျမ်းစာအသံဖိုင်ကို နားထောင်ချင်ရင် အဲဒီအခန်းငယ်ထဲက စာသားကို နှိပ်ပါ။ ဖွင့်ပါ သင်္ကေတကို နှိပ်ပါ။

  • အခန်းကြီး အစကနေ ကျမ်းစာအသံဖိုင်ကို နားထောင်ချင်ရင် စာမျက်နှာထိပ် အော်ဒီယိုဘားတန်းမှာရှိတဲ့ ဖွင့်ပါ သင်္ကေတကို နှိပ်ပါ။

  • အသံနားထောင်နေတာ ရပ်ချင်ရင် စာမျက်နှာထိပ်က ခဏရပ်ပါ သင်္ကေတကို နှိပ်ပါ။

  • လေ့လာမှုအကွက်မှာ ရတနာ သင်္ကေတကို နှိပ်ရင် အခန်းကြီးနဲ့သက်ဆိုင်တဲ့ လေ့လာမှုမှတ်စု၊ အောက်ခြေမှတ်ချက်၊ အပြန်အလှန်အညွှန်း၊ မီဒီယာတွေ ပေါ်လာမယ်။ (အခန်းကြီးတစ်ခုကို ဖွင့်တဲ့အခါ ပုံသေ ဖြစ်နေမယ်။)

  • ကျမ်းပြိုင် သင်္ကေတကို နှိပ်ရင် လေ့လာမှုအကွက်မှာ ကျမ်းပြိုင်တွေ ပေါ်နေမယ်။ အဲဒီအခန်းငယ်ကို တခြားကျမ်းဘာသာပြန်ဆိုချက်တွေကို တွေ့ရမယ်။

  • အပြန်အလှန်အညွှန်း သင်္ကေတကို နှိပ်ထားရင် လေ့လာမှုအကွက်မှာ ဖွင့်ထားတဲ့ အခန်းကြီးအတွက် အပြန်အလှန်အညွှန်း အမျိုးအစားအားလုံး ပေါ်နေမယ်။

ရတနာ သင်္ကေတ

ရတနာ သင်္ကေတက ဖွင့်ထားတဲ့ကျမ်းစောင် ခြုံငုံသုံးသပ်ချက် အပိုင်းနဲ့ စပါတယ်။

အကျဉ်းချုပ်အောက်မှာ ဖွင့်ထားတဲ့ အခန်းကြီးထဲက အခန်းငယ်တစ်ခုစီအတွက် အောက်ပါအသွင်အပြင်တွေ တွေ့ရမယ်–

  • လေ့လာမှုမှတ်စုများ။ အခန်းငယ်အတွက် လေ့လာစရာ အကြောင်းအရာ။

    ခက်ဆစ်၊ နောက်ဆက်တွဲ ဆောင်းပါးစတဲ့ ညွှန်းထားတဲ့ အကြောင်းအရာအတွက် လင့်ကို နှိပ်ပါ။

  • မီဒီယာ။ အခန်းငယ်နဲ့သက်ဆိုင်တဲ့ ရုပ်ပုံများ၊ ဗီဒီယိုများ။ ရုပ်ပုံ ဒါမှမဟုတ် ပုံစာကို နှိပ်ရင် မီဒီယာပြခန်း ပွင့်လာမယ်။

  • အောက်ခြေမှတ်ချက်များ။ အခန်းငယ်မှာပါတဲ့ စကားလုံး ဒါမှမဟုတ် စကားစုရဲ့ ထပ်ဆင့်အချက်အလက်။

  • အပြန်အလှန်အညွှန်းများ။ အခန်းငယ်ပါ စကားလုံး၊ စကားစုတွေနဲ့ ဆက်စပ်တဲ့ အပြန်အလှန်အညွှန်းများ။ ကျမ်းညွှန်းကို ကြည့်ချင်ရင် အပေါင်း (+) ကို နှိပ်ပါ။ ကျမ်းညွှန်းကို ပိတ်ချင်ရင် အနုတ် (-) ကို နှိပ်ပါ။

ဖတ်ရှုခြင်းအကွက်မှာပါတဲ့ အခန်းငယ်နံပါတ်၊ အောက်ခြေမှတ်ချက် သင်္ကေတ၊ အပြန်အလှန်အညွှန်း အက္ခရာကို နှိပ်ရင် လေ့လာမှုအကွက်မှာ သက်ဆိုင်တဲ့ လေ့လာစရာ အကြောင်းအရာ ပေါ်လာမယ်။

ကျမ်းပြိုင် သင်္ကေတ

ကျမ်းပြိုင် သင်္ကေတက ဒီအခန်းငယ်ကိုပဲ တခြားဘာသာပြန်ကျမ်းရဲ့ ပြန်ဆိုချက်တွေကို ဖော်ပြပေးတယ်။ ဖတ်ရှုခြင်းအကွက်ပါ တခြားအခန်းငယ်တစ်ခုကို နှိပ်ရင် တခြားပြန်ဆိုချက်တွေ တွေ့ရမယ်။

အပြန်အလှန်အညွှန်း သင်္ကေတ

အပြန်အလှန်အညွှန်း သင်္ကေတက ဖွင့်ထားတဲ့ အခန်းကြီးအတွက် အပြန်အလှန်အညွှန်းအားလုံးကို အောက်ပါအမျိုးအစား သုံးမျိုးနဲ့ ဖော်ပြပေးတယ်–

  1. ၁။ ကျမ်းပြိုင်။ တခြားကျမ်းစောင်၊ အခန်းကြီးပါ ထပ်တူ ကျမ်းစာဖြစ်ရပ်များ။

  2. ၂။ ကျမ်းကိုး။ ဖွင့်ထားတဲ့ အခန်းကြီးမှာ ကိုးကားထားတဲ့ ကျမ်းချက်များ။

  3. ၃။ အထွေထွေ။ ပုဂ္ဂိုလ်တစ်ဦး၊ နယ်မြေတစ်ခု၊ ဆင်တူတဲ့စကားစု အသုံးအနှုန်း၊ ပရောဖက်ပြုချက် ပြည့်စုံမှု၊ ဆက်နွှယ်နေတဲ့ ကျမ်းစာအခြေခံမူ ရှင်းပြချက် စတဲ့ တခြားကျမ်းချက်တွေ ပါနိုင်တယ်။

တစ်ခုစီမှာ အပြန်အလှန်အညွှန်း ကျမ်းစာသားကို ကြည့်ချင်ရင် အပေါင်း (+) ကို နှိပ်ပါ။ အပြန်အလှန်အညွှန်း ကျမ်းစာသားကို ပိတ်ချင်ရင် အနုတ် (-) ကို နှိပ်ပါ။

ဖတ်ရှုခြင်းအကွက်မှာ အပြန်အလှန်အညွှန်းအားလုံး ပေါ်လွင်စေဖို့ အားလုံး အရောင်ခြယ်ပါ အကွက်ကို နှိပ်ပါ။ အဲဒီလို လုပ်ထားတာ အသုံးဝင်တယ်။ ဥပမာ၊ ခရစ်ယာန်ဂရိ ကျမ်းရေးသူက ဘယ်ဟီဘရူးကျမ်းစောင်ကနေ ကိုးကားသလဲဆိုတာ သိစေတယ်။

 ကျမ်းတစ်စောင်အတွက် ရုပ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ပါ

မီဒီယာပြခန်းမှာ ကျမ်းတစ်စောင်စီနဲ့ သက်ဆိုင်တဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို စုစည်းထားတယ်။ ကျမ်းစောင်မှာ ညွှန်းထားတဲ့ အစဉ်လိုက်အတိုင်း ရုပ်ပုံနဲ့ ဗီဒီယိုတွေ ပေါ်တယ်။

မီဒီယာပြခန်းကို အောက်ပါ တစ်နည်းနည်းနဲ့ အသုံးပြုပါ-

  • လေ့လာမှုအကွက်က ရုပ်ပုံတစ်ပုံကို နှိပ်ပါ။

  • မာတိကာစာမျက်နှာ စာရင်းပါ မီဒီယာပြခန်းကို ရွေးပါ။

မီဒီယာပြခန်းမှာ အပိုင်းသုံးပိုင်း ရှိတယ်–

  1. ၁။ ရုပ်ပုံ ဒါမှမဟုတ် ဗီဒီယို။ အရင်ပုံ၊ နောက်ပုံကို ကြည့်ဖို့ ဘယ်ဘက်မြား၊ ညာဘက်မြား သင်္ကေတကို နှိပ်ပါ။

  2. ၂။ ရုပ်ပုံနဲ့ပတ်သက်တဲ့ ရှင်းလင်းချက်။ ရုပ်ပုံနဲ့သက်ဆိုင်တဲ့ တခြားကျမ်းချက်စာရင်းလည်း ပါတယ်။

    စက်သေးတွေမှာ ရုပ်ပုံစာကို ပြဖို့ အထက်မြား သင်္ကေတကို နှိပ်ပါ။ ရုပ်ပုံစာကို ဝှက်ဖို့ အောက်မြား သင်္ကေတကို နှိပ်ပါ။

  3. ၃။ မီဒီယာပါ ရုပ်ပုံတွေ၊ ဗီဒီယိုတွေ အကွက်လိုက် ပေါ်နေတဲ့ ဘားတန်း။ နောက်ထပ်အကွက်တွေ ပေါ်စေချင်ရင် ဘယ်ဘက်မြား၊ ညာဘက်မြားကို နှိပ်ပါ။ အကွက်တစ်ကွက်ကို နှိပ်လိုက်ရင် သက်ဆိုင်တဲ့ ရုပ်ပုံ၊ ဗီဒီယိုကို ပြပေးမယ်။

ပုံစာပါတဲ့ ရုပ်ပုံတစ်ပုံကို ရွေးလိုက်ပြီဆိုရင် အသံဖိုင်ကို နားထောင်ဖို့ ဖွင့်ပါ သင်္ကေတကို နှိပ်ပါ။

ဗီဒီယိုတစ်ခု ဖွင့်မယ်ဆိုရင် ကြည့်ဖို့၊ ရပ်ဖို့၊ မျက်နှာပြင်အပြည့် ကြည့်ဖို့ ဗီဒီယိုခလုတ်တွေကို သုံးပါ။

 ကျမ်းစောင်ရဲ့ ခြုံငုံသုံးသပ်ချက်များ၊ ခက်ဆစ်၊ နောက်ဆက်တွဲများကို သုံးပါ

ရည်ညွှန်းဆောင်းပါးတွေကို ကြည့်နိုင်တဲ့ နည်းနှစ်နည်း ရှိတယ်–

  • လေ့လာမှုအကွက်ပါ ရည်ညွှန်းလင့်ခ်ကို နှိပ်ပါ။

  • မာတိကာစာမျက်နှာ စာရင်းပါ ဆောင်းပါးတစ်ပုဒ်ကို ရွေးပါ။

နောက်ဆက်တွဲတချို့ကို ပုံစံနှစ်မျိုးနဲ့ ပြပေးတယ်။ ရုပ်ပုံပုံစံ (ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ တွေ့ရတဲ့ ပုံစံမျိုး) နဲ့ စာသားပုံစံတို့ ဖြစ်တယ်။

  • ဆောင်းပါးကို ရုပ်ပုံအနေနဲ့ ကြည့်ဖို့ ပုံအနေအထားနဲ့ ကြည့်ပါကို နှိပ်ပါ။

  • ဆောင်းပါးကို ရုပ်ပုံမပါဘဲ စာသားအနေနဲ့ ကြည့်ပါ။ စာသားအနေနဲ့ ကြည့်တဲ့အခါ ကျမ်းစာလင့်ခ်တွေနဲ့ တခြားအညွှန်းတွေကို နှိပ်ပြီး လေ့လာမှုအကွက်မှာ ကြည့်နိုင်တယ်။