မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW.ORG ဝက်ဘ်ဆိုက်

ဗီဒီယို player ထဲရှိ အသွင်အပြင်များ

ဗီဒီယို player ထဲရှိ အသွင်အပြင်များ

အမျိုးအစားအလိုက်စုစည်းထားတဲ့ ဗီဒီယိုတွေကို ရှုစားဖို့ စာကြည့်တိုက် > ဗီဒီယိုများ ကို သွားပါ။ ဗီဒီယို အမျိုးအစား တစ်ခုစီတိုင်းရဲ့အောက်မှာ သက်ဆိုင်တဲ့ ဗီဒီယိုတွေကို စုစည်းထားပါတယ်။

 ဗီဒီယိုကို ထိန်းချုပ်ခြင်း

 တို့ထိမှုပုံစံ အသုံးပြုခြင်း

 ဗီဒီယိုဆက်တင် ချိန်ညှိခြင်း

 ဗီဒီယိုကို ထိန်းချုပ်ခြင်း

ဗီဒီယိုကို ထိန်းချုပ်ဖို့ ဖန်သားပြင်ကို တို့ထိပါ ဒါမှမဟုတ် Mouse ကို ဗီဒီယိုပေါ် ရွှေ့ပြီး ထိန်းချုပ်ဖို့ ရွေးချယ်ပါ။

နှိပ်ရန်

လုပ်ဆောင်မည့်အရာ

၅ စက္ကန့်ဆုတ်

ဗီဒီယိုကို ၅ စက္ကန့် နောက်ဆုတ်မည်။

၁၅ စက္ကန့် တိုး

ဗီဒီယိုကို ၁၅ စက္ကန့် ရှေ့တိုးမည်။

နောက်သို့

ဒီဗီဒီယို မတိုင်ခင်က ဗီဒီယိုသို့ ပြန်ရောက်သွားမည်။ ဒါမှမဟုတ် လက်ရှိ ဗီဒီယိုက ဖွင့်လက်စ ဆိုပါက ဗီဒီယိုရဲ့ အစကို ပြန်ရောက်သွားမည်။

ရှေ့သို့

နောက်ထပ် ဗီဒီယိုကို ဖွင့်မည်။

အသံ ပိတ်/ဖွင့်

ဗီဒီယိုရဲ့ အသံကိုပိတ်ရန်နှင့် ဖွင့်ရန်

မျက်နှာပြင် အပြည့်/ မျက်နှာပြင် အပြည့်မှ ထွက်

ဗီဒီယိုကို မျက်နှာပြင် အပြည့်ဖြင့် ကြည်ရန်နှင့် မျက်နှာပြင် အပြည့်ပုံစံမှ ပြန်ထွက်ရန်

 တို့ထိမှုပုံစံ အသုံးပြုခြင်း

တို့ထိမှုပုံစံ အသုံးပြုလို့ရတဲ့ စက်တွေမှာ (Apple ဖုန်းတွေကလွဲလို့) ဗီဒီယိုကို ထိန်းချုပ်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

လုပ်ဆောင်မှု

တို့ထိမှုပုံစံများ

ဖွင့်ရန် ဒါမှမဟုတ် ခဏရပ်ရန်

လက်ချောင်းနှစ်ချောင်းထိပ်နဲ့ တို့ထိပါ။

၅ စက္ကန့် နောက်ပြန်ဆုတ်ရန်

ဘယ်ဘက်ကို နှစ်ချက်တို့ပါ။

၁၅ စက္ကန့် ရှေ့တိုးရန်

ညာဘက်ကို နှစ်ချက်တို့ပါ။

 ဗီဒီယိုဆက်တင် ချိန်ညှိခြင်း

ဆက်တင်ကို ရွေးချယ်ပါ။

  • စာတန်းထိုးရှိပါက စာတန်းထိုးပါကို နှိပ်ပြီး ဖော်နိုင်၊ ဖျောက်နိုင်ပါတယ်။

  • ဗီဒီယိုကို အနှေးအမြန် ချိန်ညှိဖို့ အမြန်နှုန်းကို ရွေးချယ်ပါ။

  • ဗီဒီယို ရုပ်ထွက် ရွေးချယ်ဖို့ အရည်အသွေးကို နှိပ်ပါ။ အင်တာနက် လိုင်းမကောင်းတဲ့အခါ၊ ဒေတာချွေတာ ချင်တဲ့အခါမျိုးမှာ ဗီဒီယိုရုပ်ထွက် အနိမ့်ကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။ ဖန်သားပြင် အကြီးနဲ့ ကြည့်တဲ့အခါမျိုးမှာ ဗီဒီယိုရုပ်ထွက် အမြင့်ကို ရွေးချယ်တာ ပိုသင့်တော်ပါတယ်။