မာတိကာဆီ ကျော်သွား

သြဂုတ် ၁၁, ၂၀၁၇
ထိုင်ဝမ်

ထိုင်ဝမ်မှာ အစားထိုး အရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်း အောင်မြင်

ထိုင်ဝမ်မှာ အစားထိုး အရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်း အောင်မြင်

ထိုင်ဝမ်မှာ ၂၀၀၀ ပြည့်နှစ်ကစပြီး အစားထိုး အရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်း အစီအစဉ်တစ်ရပ်ကို စတင်ခဲ့တယ်။ အဲဒါက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တဲ့သူတွေအတွက် သူတို့ရဲ့ မှားမှန်သိစိတ်ကို မချိုးဖောက်ဘဲ အမျိုးသားရေးတာဝန်ကို ကျေပွန်စေရာ ရောက်ပါတယ်။ အဲဒီအစီအစဉ်အရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တဲ့သူဟာ ဆေးရုံ၊ လူအိုရုံ၊ အများပြည်သူနဲ့ဆိုင်တဲ့ တခြားနေရာတွေမှာလုပ်ဖို့ ရွေးချယ်ခွင့် ရစေပါတယ်။ ဒီအစီအစဉ်က ထင်တာထက်ပိုပြီး အကျိုးရှိတယ်။ ထိုင်ဝမ် လူ့အဖွဲ့အစည်းအတွက်လည်း အကျိုးရှိသလို ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တဲ့သူတွေလည်း သူတို့ရဲ့ ကြားနေမှုကြောင့် ထောင်ကျခံစရာ မလိုတော့ဘူး။

ထိုင်ဝမ်မှာ အစားထိုး အရပ်ဘက်ဝန်ဆောင်မှုလုပ်ငန်း အစီအစဉ် အစပြုခဲ့ပုံ၊ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့သူတွေရဲ့ မေးခွန်းကို ဖြေဆိုထားပုံနဲ့ ဒီအစီအစဉ်မှာ ကိုယ်တိုင်ပါဝင်နေသူတွေရဲ့ သဘောထားတွေကို ဒီဗီဒီယိုမှာ ဖော်ပြထားတယ်။ ဒါရိုက်တာ မစ္စတာ ခိုအဲမ်လင်း (National Conscription Agency) က “ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို တခြားနိုင်ငံတွေလည်း နမူနာယူပြီး လုပ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။