မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်းမျှော်စင် အမှတ်  ၁၊ ၂၀၂၁ | ဘာကြောင့် ဆုတောင်း​သင့်သလဲ

ကိုယ့်ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားမထောင်ဘူး​လို့ ခံစားရ​သလား။ အဲဒီလို ခံစား​ရတယ်​ဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစွာက အကူအညီ​ ရဖို့ ဘုရားသခင်​ဆီ ဆုတောင်း​ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာ​တွေ​က ပြေလည်​မသွား​ဘဲ ဆက်​ရှိနေတယ်။ ကျွန်တော်​တို့​ရဲ့ ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်တယ်​ဆိုတာ ဘာကြောင့် စိတ်ချ​နိုင်​သလဲ။ တချို့ ဆုတောင်းချက်​တွေ ဘာကြောင့် အဖြေ​မရ​သလဲ။ ဆုတောင်းချက်​တွေ အဖြေ​ ရဖို့ ဘယ်လို ဆုတောင်း​ရမလဲ။ အဲဒီ​မေးခွန်းတွေရဲ့ အဖြေကို ဒီ​စာစောင်​မှာ ဆွေးနွေး​ထား​ပါ​တယ်။

 

ဆုတောင်းခြင်း​နဲ့​ပတ်သက်ပြီး လူတွေ ပြောဆို​ရာ

ဆုတောင်းခြင်း​ဆိုတာ အထူး​လက်ဆောင်​တစ်ခု​လား။ ဒါမှ​မဟုတ် အဓိပ္ပာယ်​ မရှိတဲ့ ထုံးတမ်း​တစ်ခု​လား။

ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

နည်း​မှန်​လမ်း​ကျ ဆုတောင်း​တယ်​ဆိုရင် ဘုရားသခင် နားထောင်တယ်​လို့ ကျမ်းစာ​မှာ အာမခံ​ထား​တယ်။

ဆုတောင်းချက်​အားလုံး​ကို ဘုရားသခင် ဘာကြောင့် အဖြေ​မပေး​သလဲ

ဘုရား အဖြေပေး​တဲ့ ဆုတောင်းချက် အမျိုးအစား​နဲ့ ဘုရား အဖြေ​မပေးတဲ့ ဆုတောင်းချက် အမျိုးအစားတွေကို ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။

အဖြေ​ရဖို့ ဘယ်လို ဆုတောင်း​နိုင်​သလဲ

ဘယ်​နေရာမှာပဲ​ဖြစ်ဖြစ်၊ ဘယ်​အချိန်​ပဲ​ဖြစ်ဖြစ် အသံထွက်​နဲ့​ရော အသံတိတ်​နဲ့​ပါ ဆုတောင်း​နိုင်တယ်။ ဘယ်လို ဆုတောင်း​ရမယ်ဆိုတာ ယေရှု သင်ပေးတယ်။

ဆုတောင်းခြင်း​ကနေ ဘယ်လို အကျိုး​ရနိုင်သလဲ

အခက်အခဲတွေကို ရင်ဆိုင်​ဖြေရှင်းဖို့ ဆုတောင်းခြင်း​က ဘယ်လို ကူညီ​ပေး​သလဲ။

သင့်​ဆုတောင်းချက်​တွေ​ကို ဘုရားသခင် နားထောင်​သလား

သင့်​ဆုတောင်းချက်​ကို ဘုရားသခင် နားထောင်တယ်၊ သင့်ကို ကူညီ​ပေး​ချင်​တယ်လို့ ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။