ကင်းမျှော်စင် အမှတ် ၁၊ ၂၀၂၁ | ဘာကြောင့် ဆုတောင်းသင့်သလဲ
ကိုယ့်ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားမထောင်ဘူးလို့ ခံစားရသလား။ အဲဒီလို ခံစားရတယ်ဆိုရင် ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူများစွာက အကူအညီ ရဖို့ ဘုရားသခင်ဆီ ဆုတောင်းကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြဿနာတွေက ပြေလည်မသွားဘဲ ဆက်ရှိနေတယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ တချို့ ဆုတောင်းချက်တွေ ဘာကြောင့် အဖြေမရသလဲ။ ဆုတောင်းချက်တွေ အဖြေ ရဖို့ ဘယ်လို ဆုတောင်းရမလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကို ဒီစာစောင်မှာ ဆွေးနွေးထားပါတယ်။
ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လူတွေ ပြောဆိုရာ
ဆုတောင်းခြင်းဆိုတာ အထူးလက်ဆောင်တစ်ခုလား။ ဒါမှမဟုတ် အဓိပ္ပာယ် မရှိတဲ့ ထုံးတမ်းတစ်ခုလား။
ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
နည်းမှန်လမ်းကျ ဆုတောင်းတယ်ဆိုရင် ဘုရားသခင် နားထောင်တယ်လို့ ကျမ်းစာမှာ အာမခံထားတယ်။
ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ
ဘုရား အဖြေပေးတဲ့ ဆုတောင်းချက် အမျိုးအစားနဲ့ ဘုရား အဖြေမပေးတဲ့ ဆုတောင်းချက် အမျိုးအစားတွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။
အဖြေရဖို့ ဘယ်လို ဆုတောင်းနိုင်သလဲ
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် အသံထွက်နဲ့ရော အသံတိတ်နဲ့ပါ ဆုတောင်းနိုင်တယ်။ ဘယ်လို ဆုတောင်းရမယ်ဆိုတာ ယေရှု သင်ပေးတယ်။
ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးသလဲ။
သင့်ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
သင့်ဆုတောင်းချက်ကို ဘုရားသခင် နားထောင်တယ်၊ သင့်ကို ကူညီပေးချင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။