မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်တစ်ကမ်းမှာ

လက်တစ်ကမ်းမှာ

ကူးယူပါ–

  1. ၁။ သာယာတဲ့ ငှက်တေးသံကြားမှာ

    တိမ်စိုင်များ လွင့်မျောလို့နေ

    လျှိုမြောင်တောတောင် ရှုမဆုံးပေ။

    ရွှေနေခြည်များ ဖြာဆင်းလင်းလက်နေ။

    ချစ်မိတ်ဆွေများ ဆုံဆည်းကာ

    ကြည်နူးမဆုံး အပြုံးမျက်နှာ။

    မြင်ချင်လှတဲ့ နေ့ရက်တွေ

    လက်တစ်ကမ်းမှာ ရောက်ရှိလို့နေ။

  2. ၂။ လျှိုမြောင်ကြား စိုက်ခင်းတွေ ဘေးမှာ

    အိမ်ငယ်လေးဟာ လှလိုက်တာ။

    ကြည်လင်အေးမြ စမ်းရေလေးဟာ

    လွင်ပြင်တွေကြား ဖြတ်သန်းစီးဆင်းလာ။

    လယ်ကွင်းတွေလည်း မှည့်ဝင်းပြီ။

    ရိတ်သိမ်းဖို့အတွက် အသင့်ပဲလေ။

    ကမ္ဘာသစ်ရဲ့ ရှုခင်းတွေ

    လက်တစ်ကမ်းမှာ ရောက်ရှိလို့နေ။

    (ဆက်ဆိုရန်)

    ကြည်နူးစရာပဲ ငါစောင့်နေတဲ့

    မျှော်လင့်ချက်များကို မျှဝေမယ်။

    စိုမျက်ရည်များ ပြယ်လွင့်ကာသွား

    ဘဝသစ်ထဲ ပျော်မြူးရင်းနဲ့။

  3. ၃။ ပျော်ရွှင်မြူးသံလေးတွေ ကြားနေ

    နွေမြက်ခင်းရဲ့ သင်းနံ့လေး

    ခင်မင်ရသူများ ဆုံဆည်းကာ

    ပျော်စရာ နေ့သစ်များ စောင့်လို့ကြို။

    အကြင်နာစစ်နဲ့ စောင့်ရှောက်ပေးတဲ့

    ရှင်ယေဟောဝါ ကျေးဇူးပါ။

    မျှော်နေရတဲ့ ကောင်းချီးတွေ

    လက်တစ်ကမ်းမှာ ရောက်ရှိလို့နေ။

    (ဆက်ဆိုရန်)

    ငါတွေ့မြင်ရ အပြုံးတွေကြောင့်

    စိတ်ချမ်းမြေ့လိုက်တာ နေ့တိုင်းပါ။

    ငါသိပ်မျှော်လင့် ဆုံဆည်းနိုင်ခွင့်

    အပြေးလေးလှမ်းကာ ထွေးပိုက်ခွင့်။

  4. ၄။ စောင့်မျှော်လို့နေဆဲလေ။

    ကမ္ဘာသစ်ကို တမ်းတနေ။

    ရှင်ယေဟောဝါရဲ့ ကတိပါ။

    ယုံကြည်စွာ စောင့်မျှော်ကြစို့လားကွာ။

    ငါလေ လုံးဝ စိတ်မပျက်ပါ။

    ဘုရားကောင်းချီးများ တွေးကာ

    မျှော်နေရတဲ့ နေ့ရက်တွေ

    လက်တစ်ကမ်းမှာ ရောက်ရှိလို့နေ။