“ကျွန်တော့်နောက်လိုက် လုပ်ပါ”

ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ယေရှု မြေကြီးအသက်တာနဲ့ အမှုဆောင်လုပ်ငန်း ဖြစ်ရပ်အားလုံး ဆွေးနွေးဖို့ မဟုတ်ဘူး။ ယေရှုနောက် ဘယ်လို လိုက်နိုင်မလဲ သိအောင် ကူညီပေးဖို့ပါ။

စကားချီး

သင် ယေရှုကို ချစ်တဲ့ မေတ္တာ တိုးလာပြီး ယေရှုနောက် ထက်ကြပ်မကွာ လိုက်လျှောက်ချင်လာပါစေ။ ဒါမှ အခုကော ထာဝစဉ်ပါ ယေဟောဝါကို စိတ်ရွှင်လန်းစေနိုင်မယ်။

အခန်း ၁

“ကျွန်တော့်နောက်လိုက် လုပ်ပါ”​—⁠ယေရှု ဘာကို ဆိုလိုသလဲ

ယေရှုရဲ့ နောက်လိုက်စစ် ဖြစ်ဖို့ အပြောသက်သက်၊ ခံစားချက်သက်သက်နဲ့ မရဘူး။

အခန်း ၂

‘လမ်းခရီး၊ အမှန်တရား၊ အသက်’

ယေရှုကတစ်ဆင့်ပဲ ကောင်းကင်ဘုံစံ အဖဆီ ချဉ်းကပ်နိုင်တယ်။ ယေဟောဝါရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက် ပြည့်စုံရေးမှာ သားတော်ဟာ အဓိကပုဂ္ဂိုလ် ဖြစ်တယ်။

အခန်း ၃

“ကျွန်တော်ဟာ . . . စိတ်နှိမ့်ချတယ်”

မြေကြီးပေါ် ယေရှု အမှုဆောင်ချိန် အစကနေ အဆုံးထိ နှိမ့်ချမှု ရှိကြောင်း ထင်ရှားတယ်။

အခန်း ၄

“ယုဒအနွယ်ဝင် ခြင်္သေ့”

ခြင်္သေ့လို သတ္တိရှိကြောင်း အခြေအနေ သုံးခုမှာ ယေရှု ပြတယ်။ အမှန်တရားကို ကာကွယ်ရာမှာ၊ တရားမျှတမှုဘက် ရပ်တည်ရာမှာ၊ ဆန့်ကျင်မှု ခံရပ်ရာမှာ ဖြစ်တယ်။

အခန်း ၅

‘ဉာဏ်ပညာနဲ့ဆိုင်တဲ့ ဘဏ္ဍာရှိသမျှ’

ပြည့်ဝစုံလင်တဲ့ ဉာဏ်ပညာ ရှိကြောင်း အပြောနဲ့ကော အလုပ်နဲ့ပါ ယေရှု ပြတယ်။

အခန်း ၆

“နာခံတတ်ဖို့ သင်ယူခဲ့တယ်”

ဖခင်ကို ယေရှု အပြည့်အဝ နာခံပြီးသားပဲ။ ဒါနဲ့တောင် “နာခံတတ်ဖို့ သင်ယူခဲ့” တယ်၊ “အရည်အချင်း လုံးဝ ပြည့်မီသွား” တယ်လို့ ဘာကြောင့် ပြောသလဲ။

အခန်း ၇

ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”

အပြစ်ထောက်စရာ မရှိအောင် ယေရှု ခံနိုင်ရည် ရှိတယ်။ ဘာကြောင့် ခံနိုင်ရည် ရှိသလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်မလဲ။

အခန်း ၈

“အဲဒီအတွက် ကျွန်တော့်ကို စေလွှတ်လိုက်တာ”

မြေကြီးပေါ် ရှိစဉ် ယေရှု ဘာကြောင့် ဟောသလဲ၊ ဘာအကြောင်း ဟောသလဲ၊ ဘယ်လို သဘောထားနဲ့ ဟောသလဲ သုံးသပ်ကြည့်ပါ။

အခန်း ၉

“သွားပြီး . . . တပည့် ဖြစ်လာအောင် သွန်သင်ပေးကြပါ”

တပည့်ဖြစ်စေပါဆိုတဲ့ ယေရှု ပေးတဲ့ တာဝန် ထမ်းဆောင်မှ ခရစ်တော် နောက်လိုက်စစ်လို့ ခေါ်နိုင်မှာ။

အခန်း ၁၀

“ကျမ်းစာမှာ ရေးထားတယ်”

တခြားသူတွေကို အမှန်တရား ပြောပြတဲ့အခါ ယေရှုကို အတုယူနိုင်တဲ့ အရေးကြီးဆုံး နည်းကတော့ ကျမ်းစာကို ကိုးကားတာ၊ ကာကွယ်တာ၊ ရှင်းပြတာပဲ။

အခန်း ၁၁

“သူ ဟောသလို ဘယ်သူမှ မဟောဖူးဘူး”

ယေရှု သုံးတဲ့ နည်းလမ်းကောင်း သုံးခုက ဘာလဲ။ ဘယ်လို အတုယူနိုင်မလဲ။

အခန်း ၁၂

“ပုံဥပမာ မပါဘဲ သူ မဟောဘူး”

ပုံဥပမာတွေ ယေရှု သုံးရတဲ့ အရေးကြီး အကြောင်းရင်း နှစ်ခုကို ကျမ်းစာမှာ ဖော်ပြထားတယ်။

အခန်း ၁၃

“ကျွန်တော် အဖဘုရားကို ချစ်တယ်”

ယေဟောဝါကို ချစ်တဲ့ မေတ္တာ ရှင်သန်ခိုင်မြဲနေစေရာမှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

အခန်း ၁၄

‘လူတွေ အုပ်လိုက် ရောက်လာတယ်’

ကလေး၊ လူကြီးမရွေး ယေရှုနား လာရဲကြတယ်။ ယေရှု ဘာကြောင့် ပေါင်းသင်းဆက်ဆံရ လွယ်သလဲ။

အခန်း ၁၅

“သနားစိတ် ယိုဖိတ်လာတဲ့အတွက်”

တခြားသူတွေကို ကရုဏာထား၊ ထောက်ထားရာမှာ ယေရှုကို အတုယူဖို့ ဘာကြောင့် အရေးကြီးသလဲ။

အခန်း ၁၆

‘သူတို့ကို ယေရှု သက်ဆုံးတိုင်အောင် ချစ်တယ်’

အမှုဆောင်ချိန်တစ်လျှောက် တပည့်တွေကို ချစ်ကြောင်း ယေရှု ပြတယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ ယေရှုကို ဘယ်လို အတုယူနိုင်မလဲ။

အခန်း ၁၇

‘ဒီမေတ္တာထက် ပိုမွန်မြတ်တဲ့ မေတ္တာ မရှိဘူး’

ဘယ်လိုနည်းနဲ့ ယေရှုကို အတုယူပြီး ကိုယ်ကျိုးစွန့်မေတ္တာ ပြနိုင်သလဲ။

အခန်း ၁၈

“ကျွန်တော့်နောက် ဆက်ပြီး လိုက်ပါ”

နေ့တိုင်း ယေရှုနောက် ဆက်ပြီး လိုက်ရင် ဘုရားနဲ့ ရင်းနှီးမယ်။ အနာဂတ် မျှော်လင့်ချက် ရှိမယ်။