ယနေ့ခေတ်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ

ယဉ်ကျေးမှု နောက်ခံ အမျိုးမျိုးရှိတဲ့ ယေဟောဝါသက်သေတွေ ကမ္ဘာတစ်ဝန်းမှာ ရှိပါတယ်။ ဒီလို အသွင်မတူတဲ့သူတွေကို ဘာက စည်းလုံးစေတာလဲ။

ဘုရားသခင့်အလိုတော်က ဘာလဲ

ဘုရားသခင်က အလိုတော်အကြောင်း တစ်ကမ္ဘာလုံးကို သိစေချင်တယ်။ အဲဒီအလိုတော်ဟာ ဘာလဲ။ ဒီနေ့ တခြားသူတွေကို ဘယ်သူတွေ ပြောပြနေသလဲ။

သင်ခန်းစာ

ယေဟောဝါသက်သေတွေက ဘယ်လို လူတွေလဲ

ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ကို သိထားသလဲ။ ကျွန်တော်တို့အကြောင်း ဘာတွေ အမှန်တကယ် သိထားသလဲ။

သင်ခန်းစာ

ကျွန်တော်တို့ကို ယေဟောဝါသက်သေလို့ ဘာကြောင့် ခေါ်သလဲ

ဒီနာမည် ခံယူရတဲ့အကြောင်းရင်း သုံးခုကို သုံးသပ်ကြည့်ပါ။

သင်ခန်းစာ

သမ္မာကျမ်းစာအမှန်တရား ဘယ်လို ပြန်ပေါ်လာသလဲ

သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာကို နားလည်ထားတယ်လို့ ကျွန်တော်တို့ ဘာကြောင့် ပြောနိုင်သလဲ။

သင်ခန်းစာ

ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ကျွန်တော်တို့ ဘာကြောင့် ထုတ်ဝေသလဲ

ဒီဘာသာပြန်ကျမ်းက ဘာကြောင့် တမူထူးခြားသလဲ။

သင်ခန်းစာ

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေကနေ ဘာအကျိုးရရှိမလဲ

သမ္မာကျမ်းစာကို လေ့လာဖို့နဲ့ အချင်းချင်း အားပေးဖို့ ကျွန်တော်တို့ အတူတကွ စုဝေးကြတယ်။ သင့်ကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။

သင်ခန်းစာ

ခရစ်ယာန်ချင်းတွေနဲ့ ပေါင်းသင်းခြင်းက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ

ယုံကြည်သူချင်း အတူတကွ တွေ့ဆုံစည်းဝေးကြဖို့ ကျမ်းစာမှာ အားပေးထားတယ်။ အဲဒီလိုစည်းဝေးခြင်းကနေ ဘယ်လို အကျိုးရနိုင်တယ်ဆိုတာ လေ့လာကြည့်ပါ။

သင်ခန်းစာ

ကျွန်တော်တို့အစည်းအဝေးတွေက ဘယ်လိုမျိုးလဲ

ကျွန်တော်တို့ရဲ့ အစည်းအဝေးတွေက ဘယ်လိုမျိုးလဲလို့ စဉ်းစားဖူးပါသလား။ အရည်အသွေးမြင့်မားတဲ့ ကျမ်းစာသင်ကြားပေးမှုတွေကို နှစ်သက်မှာ သေချာပါတယ်။

သင်ခန်းစာ

အစည်းအဝေး သွားတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် သပ်သပ်ရပ်ရပ် ဝတ်စားဖြီးလိမ်းရသလဲ

ကျွန်တော်တို့ရဲ့ ဝတ်စားဖြီးလိမ်းပုံက ဘုရားသခင်အတွက် အရေးကြီးသလား။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်တဲ့ ကျမ်းစားမူတွေကို လေ့လာကြည့်ပါ။

သင်ခန်းစာ

အစည်းအဝေးတွေအတွက် ဘယ်လိုပြင်ဆင်နည်းက အကောင်းဆုံးလဲ

အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းက အကျိုးအပြည့်အဝ ရရှိစေပါလိမ့်မယ်။

သင်ခန်းစာ

မိသားစုဝတ်ပြုမှုဆိုတာ ဘာလဲ

ဒီအစီအစဉ်က မိသားစုဝင် အချင်းချင်းနဲ့ရော ဘုရားသခင်နဲ့ပါ ပိုရင်းနှီးလာအောင် ဘယ်လို ထောက်ကူသလဲဆိုတာ ဖတ်ကြည့်ပါ။

သင်ခန်းစာ

အစည်းအဝေးတွေကို ဘာကြောင့် တက်ကြရသလဲ

နှစ်စဉ် ကျွန်တော်တို့မှာ အထူး အစည်းအဝေးသုံးခု ရှိတယ်။ ဒီကနေ ဘာအကျိုးကျေးဇူးတွေ ရကြသလဲ။

သင်ခန်းစာ

ကျွန်တော်တို့ရဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်လုပ်ဆောင်နေသလဲ

ယေရှု မြေကြီးပေါ် ရှိစဉ် လုပ်ဆောင်ခဲ့တဲ့နည်းအတိုင်း ကျွန်တော်တို့ လုပ်ဆောင်ကြတယ်။​ ဟောပြောတဲ့နည်းလမ်းတချို့က ဘာတွေလဲ။

သင်ခန်းစာ

ရှေ့ဆောင်ဆိုတာ ဘာလဲ

သက်သေခံတချို့ဟာ တစ်လကို နာရီ ၃၀၊​ ၅၀ ဒါမှမဟုတ် ဒီထက်မက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ကြတယ်။

သင်ခန်းစာ

ရှေ့ဆောင်တွေအတွက် ဘာသင်တန်းတွေ ရှိသလဲ

နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ထားသူတွေအတွက် ဘယ်အထူးသင်တန်းတွေ ပြင်ဆင်ပေးထားသလဲ။

သင်ခန်းစာ

အကြီးအကဲတွေက အသင်းတော်ကို ဘယ်လို ထောက်ကူကြသလဲ

ဘုရားရေးရာ အရည်အသွေးရှိတဲ့ အကြီးအကဲတွေ အသင်းတော်တွေကို ဦးဆောင်ကြပါတယ်။ သူတို့ ဘယ်လို ကူညီပေးနေကြသလဲ။

သင်ခန်းစာ

အသင်းတော်အမှုထမ်းတွေက ဘာတာဝန်တွေ ထမ်းဆောင်ကြသလဲ

အသင်းတော်လုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နိုင်အောင် အသင်းတော်အမှုထမ်းတွေ ကူညီပေးကြတယ်။ အသင်းသားအားလုံးအတွက် ဘာတွေ လုပ်ပေးနေကြသလဲဆိုတာ လေ့လာကြည့်ပါ။

သင်ခန်းစာ

တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးကြသလဲ

တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်တွေဆီ ဘာအတွက် လည်ပတ်ကြသလဲ။ သူတို့ရဲ့လည်ပတ်မှုကနေ ဘယ်လို အကျိုးရနိုင်သလဲ။

သင်ခန်းစာ

ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ

ဘေးအန္တရာယ် ကျရောက်တဲ့အခါ ဘေးသင့်တဲ့သူတွေကို လက်တွေ့ကျကျ ကူညီပေးဖို့၊ နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ ချက်ချင်း စီစဉ်ကြတယ်။ ဘယ်လိုနည်းတွေနဲ့လဲ။

သင်ခန်းစာ

သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်ဟာ ဘယ်သူလဲ

အချိန်တန် ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေးဖို့ ကျွန်ကို ခန့်အပ်မယ်လို့ ယေရှု ပြောခဲ့တယ်။ အဲဒါကို ဘယ်လို လုပ်ဆောင်သလဲ။

သင်ခန်းစာ

ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ

ပထမရာစုမှာ အကြီးအကဲတွေ၊ တမန်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အုပ်စုငယ်လေးဟာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုဆောင်ခဲ့ကြတယ်။ ယနေ့အချိန်မှာရော။

သင်ခန်းစာ

ဗေသလဆိုတာ ဘာလဲ

ဗေသလဆိုတာ အရေးကြီးတဲ့ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်နေတဲ့နေရာ ဖြစ်ပါတယ်။ အဲဒီမှာ ဘယ်သူတွေ အမှုဆောင်နေသလဲဆိုတာ လေ့လာကြည့်ပါ။

သင်ခန်းစာ

ဌာနခွဲရုံးမှာ ဘာတွေလုပ်ဆောင်နေကြသလဲ

ဌာနခွဲရုံးတစ်ခုခုကို လည်ပတ်ကြည့်ရှုဖို့ ဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်။ သင့်ကိုလည်း ဖိတ်ခေါ်ပါတယ်။

သင်ခန်းစာ

ကျွန်တော်တို့ရဲ့ စာပေတွေကို ဘယ်လို ရေးသားပြုစုပြီး ဘယ်လို ဘာသာပြန်ကြသလဲ

စာပေတွေကို ဘာသာစကားပေါင်း ၇၅၀ ကျော်နဲ့ ထုတ်ဝေနေပါတယ်။ ဘာကြောင့် ဒီလောက်အထိ လုပ်ဆောင်ကြရသလဲ။

သင်ခန်းစာ

ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ

ငွေကြေး ထောက်ပံ့တဲ့အခါ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းဟာ တခြားဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဘယ်လို ကွာခြားသလဲ။

သင်ခန်းစာ

ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် ဆောက်ရသလဲ။ ဘယ်လို ဆောက်ကြသလဲ

ကျွန်တော်တို့ရဲ့ ဝတ်ပြုရာခန်းမတွေကို ဘာကြောင့် နိုင်ငံတော်ခန်းမလို့ ခေါ်ကြသလဲ။ ဒီအဆောက်အဦတွေက အသင်းတော်တွေကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ လေ့လာကြည့်ပါ။

သင်ခန်းစာ

ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ ကျွန်တော်တို့ ဘယ်လို ကူညီနိုင်သလဲ

ဝတ်ပြုရာခန်းမကို သန့်သန့်ရှင်းရှင်း ထားတာနဲ့ ကောင်းကောင်း ပြုပြင်ထိန်းသိမ်းတာဟာ ဘုရားသခင်ကို ချီးမွမ်းမှု ဖြစ်စေပါတယ်။ ဝတ်ပြုရာခန်းမကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘာအစီအစဉ်တွေ ပြုလုပ်ထားပါသလဲ။

သင်ခန်းစာ

ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ

သမ္မာကျမ်းစာ အသိပညာ တိုးလာစေဖို့ ရှာဖွေလေ့လာချင်ပါသလား။ ဝတ်ပြုရာခန်းမမှာရှိတဲ့ စာကြည့်တိုက်ကို လည်ပတ်ကြည့်ပါ။

သင်ခန်းစာ

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဘာတွေကို တွေ့ရမလဲ

ကျွန်တော်တို့အကြောင်း၊ လုပ်ဆောင်မှုတွေ၊ သမ္မာကျမ်းစာ မေးခွန်းတွေရဲ့ အဖြေကို ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်နိုင်ပါတယ်။

ယေဟောဝါဘုရားသခင်ရဲ့ အလိုတော်ကို သင် ဆောင်ရွက်မလား

ယေဟောဝါဘုရားက သင့်ကို တကယ် ချစ်မြတ်နိုးတယ်။ နေ့စဉ်အသက်တာမှာ ဘုရားသခင့်အလိုတော် ထမ်းဆောင်ချင်တယ်ဆိုတာ ဘယ်လိုပြနိုင်မလဲ။