ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်

ကျမ်းစာမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ဘဝဖြစ်ရပ်အားလုံးကို ဒီစာအုပ်မှာ ဖတ်ကြည့်ပါ။

နိဒါန်း

လမ်းခရီး၊ အမှန်တရား၊ အသက်

ခရစ်ဝင်ကျမ်းတွေမှာပါတဲ့ ယေရှုရဲ့ သွန်သင်ချက်တွေနဲ့ လုပ်ဆောင်မှုတွေက သင့်ဘဝကို ပြောင်းလဲသွားစေနိုင်တယ်။

အခန်း ၁

ဘုရားသခင်ဆီက သတင်းစကားနှစ်ခု

ယုံရခက်တဲ့ သတင်းစကားတွေကို ကောင်းကင်တမန်ဂါဗြေလ ပြောခဲ့တယ်။

အခန်း ၂

မမွေးခင်ကတည်းက ဂုဏ်တင်ခံရတဲ့ယေရှု

ဧလိရှဗက်နဲ့ သူ့ဗိုက်ထဲမှာရှိတဲ့ကလေးက ယေရှုကို ဘယ်လို ဂုဏ်တင်ခဲ့သလဲ။

အခန်း ၃

လမ်းခရီးကို အသင့်ပြင်ဆင်မယ့်သူမွေးဖွား

ဇာခရိ အံ့ဖွယ်နည်းနဲ့ စကားပြန်ပြောနိုင်တာနဲ့ အရေးကြီးတဲ့ အကြောင်းတွေကို ကြိုဟောခဲ့တယ်။

အခန်း  ၄

လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ

တခြားယောက်ျားနဲ့ ဖောက်ပြန်လို့မဟုတ်ဘဲ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေတယ်လို့ မာရိပြောပြတဲ့အခါ ယောသပ် ယုံသလား။

အခန်း ၅

ယေရှုမွေးဖွားတဲ့အချိန်နဲ့ နေရာ

ဒီဇင်ဘာလ ၂၅ ရက်မှာ ယေရှုကို မွေးတာမဟုတ်မှန်း ဘယ်လို သိရသလဲ။

အခန်း ၆

ဘုရား ကတိပြုထားတဲ့ကလေး

ယောသပ်နဲ့ မာရိတို့ ယေရှုလေးကို ဗိမာန်တော် ခေါ်လာတဲ့အခါ အသက်ကြီးတဲ့ အစ္စရေးလူမျိုးနှစ်ယောက်က ယေရှုရဲ့ အနာဂတ်အကြောင်း ကြိုဟောကြတယ်။

အခန်း ၇

နက္ခတ်ဗေဒင်ဆရာတွေ ယေရှုဆီရောက်လာ

အရှေ့အရပ်မှာ သူတို့မြင်ခဲ့တဲ့ကြယ်က ယေရှုဆီမဟုတ်ဘဲ လူသတ်သမား ဟေရုဒ်မင်းဆီ ဘာကြောင့် လမ်းပြပေးတာလဲ။

အခန်း ၈

မင်းဆိုးရန်ကနေ ထွက်ပြေးလွတ်မြောက်ခြင်း

ယေရှုငယ်ရွယ်စဉ်မှာ မေရှိယနဲ့ပတ်သက်တဲ့ ကျမ်းစာကြိုဟောချက်သုံးခု ပြည့်စုံခဲ့တယ်။

အခန်း ၉

နာဇရက်မြို့မှာ ကြီးပြင်းလာ

ယေရှုမှာ မောင်နှမ ဘယ်နှယောက်ရှိသလဲ။

အခန်း ၁၀

ယေရှုရဲ့မိသားစု ဂျေရုဆလင်မြို့ကို ခရီးထွက်

ယောသပ်နဲ့ မာရိဟာ ယေရှုကို ရှာမတွေ့လို့ စိတ်ပူနေပေမဲ့ ယေရှုက သူဒီမှာရှိနေမှန်း မိဘတွေ မသိတာကို အံ့သြသွားတယ်။

အခန်း ၁၁

လမ်းခရီးကိုပြင်ဆင်သူ နှစ်ခြင်းပေးသူယောဟန်

ဖာရိရှဲနဲ့ ဇဒ္ဒုကဲတချို့ ရောက်လာတဲ့အခါ သူတို့ကို ယောဟန် ပြစ်တင်ရှုတ်ချခဲ့တယ်။ ဘာကြောင့်လဲ။

အခန်း ၁၂

ယေရှုနှစ်ခြင်းခံ

ယေရှုမှာ ဘာအပြစ်မှမရှိဘူးဆိုရင် ဘာကြောင့်နှစ်ခြင်းခံရတာလဲ။

အခန်း ၁၃

ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ သင်ယူနိုင်ရာ

ယေရှုကြုံရတဲ့ သွေးဆောင်မှုတွေကနေ မာရ်နတ်အကြောင်း အချက်နှစ်ချက်ကို သိရတယ်။

အခန်း ၁၄

တပည့်တွေကို စတင်ရွေးချယ်

မေရှိယကိုတွေ့ပြီလို့ ယေရှုရဲ့ ဦးဆုံးတပည့်ခြောက်ယောက် ပြောနိုင်ခဲ့တာ ဘာကြောင့်လဲ။

အခန်း ၁၅

ဦးဆုံးအံ့ဖွယ်အမှု

အခု သူ့ကို ညွှန်ကြားရမယ့်သူဟာ အမေမဟုတ်ဘဲ ကောင်းကင်ဖခင်ဖြစ်ကြောင်း ယေရှု ဖော်ပြခဲ့တယ်။

အခန်း ၁၆

စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ယေရှု စိတ်ထက်သန်

ယဇ်ပူဇော်ဖို့အတွက် ဂျေရုဆလင်မြို့မှာ တိရစ္ဆာန်တွေဝယ်တာကို ဘုရားပညတ်က ခွင့်ပြုထားလျက်သားနဲ့ ဗိမာန်တော်မှာရှိတဲ့ ကုန်သည်တွေကို ယေရှု ဘာကြောင့် ဒေါသထွက်သလဲ။

အခန်း ၁၇

ညအချိန်မှာ နိကောဒင်ကို သွန်သင်ပေး

“တစ်ဖန်မွေးဖွားခြင်း” ရဲ့ အဓိပ္ပာယ်က ဘာလဲ။

အခန်း ၁၈

ယေရှု တိုးတက်နေပြီး ယောဟန် ဆုတ်ယုတ်သွား

နှစ်ခြင်းပေးသူယောဟန်က မနာလိုမဖြစ်ပေမဲ့ သူ့တပည့်တွေကတော့ မနာလိုဖြစ်ကြတယ်။

အခန်း ၁၉

ရှမာရိအမျိုးသမီးကို သွန်သင်ပေး

ယေရှုက တခြားဘယ်သူ့ကိုမှ မပြောပြသေးတဲ့ အကြောင်းကို သူ့ကို ပြောပြတယ်။

အခန်း ၂၀

ကာနမြို့မှာပြုလုပ်တဲ့ ဒုတိယအံ့ဖွယ်အမှု

၁၆ မိုင်လောက်ဝေးတဲ့ နေရာကနေ အရာရှိရဲ့သားကို ယေရှု ကုသပေးခဲ့တယ်။

အခန်း ၂၁

နာဇရက်မြို့ တရားဇရပ်မှာ

ယေရှုပြောတဲ့ ဘယ်စကားတွေကြောင့် နေရင်းမြို့ကလူတွေ သူ့ကို သတ်ပစ်ချင်ရတာလဲ။

အခန်း ၂၂

တပည့်လေးဦး လူကိုဖမ်းတဲ့တံငါသည်ဖြစ်လာ

ငါးဖမ်းတဲ့အလုပ် စွန့်လွှတ်ပြီး တခြားအလုပ် စလုပ်ဖို့ တပည့်တွေကို ယေရှု ဖိတ်ခေါ်ခဲ့တယ်။

အခန်း ၂၃

ကပေရနောင်မြို့မှာ ကြီးမားတဲ့အမှုဆောင်လုပ်ငန်း

နတ်ဆိုးတွေကို ယေရှုနှင်ထုတ်တဲ့အခါ သူဟာ ဘုရားရဲ့သားဖြစ်ကြောင်း မပြောဖို့ သူတို့ကို အမိန့်ပေးတယ်။ ဘာကြာင့်လဲ။

အခန်း ၂၄

ဂါလိလဲနယ်မှာ အမှုဆောင်လုပ်ငန်းတိုးချဲ့

လူတွေက ရောဂါပျောက်ချင်လို့ ယေရှုဆီ ရောက်လာကြတယ်။ ဒါပေမဲ့ သူ့ရဲ့ အမှုဆောင်လုပ်ငန်းမှာ ပိုကြီးမားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ယေရှု ရှင်းပြတယ်။

အခန်း ၂၅

အနာကြီးရောဂါသည်ကို သနားပြီး ကုသပေး

ယေရှုက သူကုသပေးသူတွေကို ဂရုစိုက်ကြောင်း ရိုးရှင်း ထိရောက်တဲ့နည်းနဲ့ ဖော်ပြခဲ့တယ်။

အခန်း ၂၆

“မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ”

အပြစ်နဲ့ ဖျားနာခြင်း ဆက်စပ်ကြောင်း ယေရှု ဘယ်လို ဖော်ပြခဲ့သလဲ။

အခန်း ၂၇

မဿဲကို ဖိတ်ခေါ်

နာမည်ဆိုးထွက်နေတဲ့ အပြစ်သားတွေနဲ့အတူ ယေရှု ဘာကြောင့် စားသောက်တာလဲ။

အခန်း ၂၈

ယေရှုရဲ့တပည့်တွေ ဘာလို့ အစာမရှောင်တာလဲ

ယေရှုက သားရေဘူးပုံဥပမာကို သုံးပြီး အဖြေပေးတယ်။

အခန်း ၂၉

ဥပုသ်နေ့မှာ ကောင်းမှုပြုလို့ရသလား

၃၈ နှစ်လုံး နာမကျန်းဖြစ်နေသူကို ယေရှုကုသပေးတဲ့အခါ ဂျူးတွေ ဘာဖြစ်လို့ ပြဿနာရှာသလဲ။

အခန်း ၃၀

ယေရှုနဲ့ သူ့ဖခင်ရဲ့ ဆက်ဆံရေး

ယေရှုဟာ သူ့ကိုယ်သူ ဘုရားနဲ့တန်းတူဖြစ်အောင် လုပ်နေတာလို့ ဂျူးတွေ ယူဆကြတယ်။ ဒါပေမဲ့ ဘုရားက မိမိထက် ကြီးမြတ်ကြောင်း ယေရှု ရှင်းပြခဲ့တယ်။

အခန်း ၃၁

ဥပုသ်နေ့မှာ ကောက်နှံဆွတ်ခူး

ယေရှုက သူ့ကိုယ်သူ “ဥပုသ်နေ့ရဲ့သခင်” ဆိုပြီး ဘာကြောင့် ပြောတာလဲ။

အခန်း ၃၂

ဥပုသ်နေ့မှာ ဘာလုပ်သင့်သလဲ

အချင်းချင်း မတည့်ကြတဲ့ ဇဒ္ဒုကဲတွေနဲ့ ဖာရိရှဲတွေဟာ ကိစ္စတစ်ခုမှာတော့ ပူးပေါင်းလုပ်ဆောင်ကြတယ်။

အခန်း ၃၃

ဟေရှာယပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း

မိမိဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာ တခြားသူတွေကို မပြောပြဖို့ ရောဂါပျောက်ကင်းသူတွေကို ယေရှု ဘာဖြစ်လို့ မှာသလဲ။

အခန်း ၃၄

တမန်တော် ၁၂ ယောက်ကိုရွေးချယ်

တမန်တော်နဲ့တပည့် ဘာကွာသလဲ။

အခန်း ၃၅

ကျော်ကြားတဲ့ တောင်ပေါ်ဒေသနာ

ယေရှုရဲ့ ဟောပြောချက်ထဲက အဓိကအချက်တွေနဲ့ ပတ်သက်တဲ့ ရှင်းပြချက်တွေကို ဖတ်ကြည့်ပါ။

အခန်း ၃၆

ယုံကြည်ခြင်းခိုင်ခံ့တဲ့တပ်မှူး

တပ်မှူးရဲ့ ဘယ်လုပ်ရပ်ကြောင့် ယေရှု အံ့သြသွားသလဲ။

အခန်း ၃၇

မုဆိုးမရဲ့သားကို ရှင်ပြန်ထမြောက်ပေး

ဒီအံ့ဖွယ်အမှုမှာ လေးနက်တဲ့အဓိပ္ပာယ်ရှိမှန်း မြင်တွေ့သူတွေ သဘောပေါက်ကြတယ်။

အခန်း ၃၈

ယေရှုဆီကနေ ယောဟန်သိချင်တဲ့အရာ

ယေရှုဟာ မေရှိယဟုတ်မဟုတ် နှစ်ခြင်းပေးသူယောဟန်မေးတာ ဘာကြောင့်လဲ။ သူသံသယဝင်နေလို့လား။

အခန်း ၃၉

တုံ့ပြန်မှုမရှိတဲ့လူမျိုးဆက် အဖြစ်ဆိုးကြုံရ

ယေရှုက သူအခြေစိုက်ရာမြို့ဖြစ်တဲ့ ကပေရနောင်ဟာ တရားစီရင်ရာနေ့မှာ သောဒုံနယ်ထက် ပိုခံရလိမ့်မယ်လို့ ပြောတယ်။

အခန်း ၄၀

ခွင့်လွှတ်မှုနဲ့ပတ်သက်တဲ့ သင်ခန်းစာ

ပြည့်တန်ဆာဖြစ်ပုံရတဲ့ အမျိုးသမီးကို အပြစ်တွေ ခွင့်လွှတ်လိုက်ပြီလို့ ယေရှုပြောတာက ဘုရားပညတ်ကို ချိုးဖောက်လို့ရတယ်ဆိုတဲ့ သဘောလား။

အခန်း ၄၁

ဘယ်သူ့တန်ခိုးနဲ့ အံ့ဖွယ်အမှုတွေလုပ်တာလဲ

ယေရှုရဲ့ညီတွေက ယေရှု စိတ်ဖောက်ပြန်သွားပြီလို့ ထင်နေကြတယ်။

အခန်း ၄၂

ဖာရိရှဲတွေကိုပြစ်တင်ဆုံးမ

“ပရောဖက်ယောနရဲ့ အံ့ဖွယ်အမှု” ဆိုတာ ဘာလဲ။

အခန်း ၄၃

နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပုံဥပမာများ

ကောင်းကင်နိုင်ငံတော်ရဲ့အသွင်အပြင်တွေကို ရှင်းပြဖို့ ပုံဥပမာရှစ်ခုကို ယေရှုအသုံးပြုခဲ့တယ်။

အခန်း ၄၄

လေမုန်တိုင်းကိုငြိမ်သက်စေ

ယေရှုက လှိုင်းနဲ့လေကို ငြိမ်သက်စေခြင်းအားဖြင့် သူ့ရဲ့နိုင်ငံတော်အုပ်ချုပ်မှုအောက် ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာနဲ့ ပတ်သက်ပြီး အရေးကြီး သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။

အခန်း ၄၅

နတ်ဆိုးအများကြီးကိုအောင်နိုင်တဲ့တန်ခိုး

လူတစ်ယောက်ကို နတ်ဆိုးအများကြီး ဝင်ပူးနိုင်သလား။

အခန်း  ၄၆

ယေရှုရဲ့ဝတ်လုံကိုတို့လိုက်လို့ ရောဂါပျောက်သွား

ဒီဖြစ်ရပ်မှာ ယေရှုက သူ့တန်ခိုးနဲ့ သနားကရုဏာကို ဖော်ပြခဲ့တယ်။

အခန်း ၄၇

မိန်းမငယ်လေး အသက်ပြန်ရှင်လာ

သေဆုံးသွားတဲ့ မိန်းကလေး အိပ်ပျော်နေတာလို့ ယေရှုပြောလိုက်တဲ့အခါ လူတွေလှောင်ရယ်ကြတယ်။ သူတို့မသိတဲ့ ဘယ်အကြောင်းကို ယေရှု သိသလဲ။

အခန်း ၄၈

အံ့ဖွယ်အမှုတွေလုပ်ပြပေမဲ့ နာဇရက်မြို့သားတွေလက်မခံ

နာဇရက်မြို့သားတွေက ယေရှုရဲ့သွန်သင်ချက်နဲ့ အံ့ဖွယ်အမှုတွေကြောင့် ယေရှုကို လက်မခံတာ မဟုတ်ဘူး။ သူတို့လက်မခံတာ တခြားအကြောင်းရင်း ရှိတယ်။

အခန်း ၄၉

ဂါလိလဲပြည်မှာ ဟောပြောခြင်း၊ တမန်တော်တွေကို လေ့ကျင့်ပေးခြင်း

“ကောင်းကင်နိုင်ငံ နီးနေပြီ” ဆိုတဲ့စကားက ဘာအဓိပ္ပာယ်ရှိသလဲ။

အခန်း ၅၀

နှိပ်စက်ညှဉ်းပန်းမှုတွေကြားမှာ ဆက်ဟောပြောနိုင်ဖို့ ပြင်ဆင်ပေး

တမန်တော်တွေအနေနဲ့ သေမှာကို ကြောက်စရာမလိုဘူးဆိုရင် နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ထွက်ပြေးပါလို့ ယေရှု ဘာကြောင့် မှာရတာလဲ။

အခန်း ၅၁

မွေးနေ့ပွဲအတွင်း လူသတ်မှု

ဟေရုဒ်မင်းက ရှာလုံ ကပြဖျော်ဖြေတာကို သဘောကျသွားပြီး ဘာပဲတောင်းတောင်း ပေးမယ်လို့ ကတိပေးလိုက်တယ်။ ရှာလုံ တောင်းလိုက်တဲ့အရာက တကယ့်ကို ထိတ်လန့်စရာပဲ။ ဘာများဖြစ်မလဲ။

အခန်း ၅၂

မုန့်နည်းနည်း၊ ငါးနည်းနည်းနဲ့ လူထောင်ချီကိုကျွေးမွေး

ယေရှုရဲ့အံဖွယ်အမှုက အလွန်ထင်ရှားပြီး ခရစ်ဝင်ကျမ်းလေးကျမ်းစလုံးမှာ အဲဒီအကြောင်းကို ဖော်ပြတယ်။

အခန်း ၅၃

သဘာဝအင်အားစုတွေကို ထိန်းချုပ်နိုင်တဲ့အုပ်စိုးရှင်

ယေရှုက ရေပေါ်လမ်းလျှောက်လာပြီး မုန်တိုင်းကို ငြိမ်သက်စေတဲ့အခါ တမန်တော်တွေ ဘာသင်ခန်းစာတွေ ရခဲ့သလဲ။

အခန်း ၅၄

“အသက်မုန့်”

ယေရှုက သူ့ဆီကြိုးစားပြီးလာတဲ့လူတွေကို ဘာဖြစ်လို့ အပြစ်တင်ရတာလဲ။

အခန်း ၅၅

ယေရှုရဲ့စကားကြောင့် လူတွေလန့်သွား

ယေရှုသွန်သင်ပေးတဲ့ အကြောင်းရာတစ်ခုကြောင့် တပည့်အများစု အရမ်းလန့်သွားပြီး ယေရှုကို စွန့်သွားတယ်။

အခန်း ၅၆

လူကိုညစ်ညူးစေတဲ့အရာ

ခံတွင်းထဲ ဝင်တဲ့အရာလား၊ ခံတွင်းထဲက ထွက်တဲ့အရာလား။

အခန်း ၅၇

မိန်းကလေးတစ်ယောက်နဲ့ နားမကြားသူတစ်ယောက်ကို ကုသပေး

ယေရှုက အမျိုးသမီးတစ်ယောက်ရဲ့ လူမျိုးကို ခွေးကလေးနဲ့ နှိုင်းတဲ့အခါ သူဘာဖြစ်လို့ စိတ်မဆိုးတာလဲ။

အခန်း  ၅၈

မုန့်တွေကို ပွားများစေပြီး တဆေးအကြောင်း သတိပေး

ယေရှု ဘယ်တဆေးအကြောင်း ပြောနေမှန်း နောက်ဆုံးတော့ တပည့်တွေ နားလည်သွားတယ်။

အခန်း ၅၉

လူသားက ဘယ်သူလဲ

နိုင်ငံတော်သော့တွေက ဘာလဲ။ သော့တွေကို ဘယ်သူက၊ ဘယ်လို အသုံးပြုမှာလဲ။

အခန်း ၆၀

ခရစ်တော်ရဲ့ဘုန်းအသရေဆိုင်ရာ မြင်ကွင်း

ကိုယ်ယောင်ပြောင်းလဲခြင်းဆိုတာ ဘာလဲ။ ဘာအဓိပ္ပာယ်ရှိသလဲ။

အခန်း ၆၁

နတ်ဆိုးစွဲနေတဲ့ကောင်လေးကို ကုသပေး

ယုံကြည်ခြင်းနည်းတဲ့အတွက် မကုပေးနိုင်တာလို့ ယေရှုပြောတယ်။ ဘယ်သူတွေ ယုံကြည်ခြင်း နည်းတာလဲ။ ကောင်လေးလား၊ သူ့အဖေလား ဒါမှမဟုတ် တပည့်တွေလား။

အခန်း ၆၂

နှိမ့်ချမှုနဲ့ပတ်သက်တဲ့ အရေးကြီးသင်ခန်းစာ

လူကြီးတွေက ကလေးငယ်ဆီကနေ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ရတယ်။

အခန်း ၆၃

တမန်တော်တွေကို အရေးကြီးသင်ခန်းစာတွေ သွန်သင်ပေး

ညီအစ်ကိုတွေကြားမှာဖြစ်တဲ့ ကြီးလေးတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သုံးဆင့်ကို ယေရှုဖော်ပြတယ်။

အခန်း ၆၄

ခွင့်လွှတ်တတ်ဖို့လို

တခြားသူတွေကို လိုလိုလားလား ခွင့်လွှတ်တာနဲ့ပတ်သက်ပြီး ဘုရား ဘယ်လောက်ထိ အလေးအနက်ထားမှန်း သိစေဖို့ ယေရှုက မသနားတတ်တဲ့ အမှုထမ်း ပုံဥပမာကို အသုံးပြုခဲ့တယ်။

အခန်း ၆၅

ဂျေရုဆလင်မြို့သွားတဲ့လမ်းမှာ သွန်သင်ပေးခြင်း

လူသုံးယောက်နဲ့ စကားပြောချိန်မှာ ယေရှုက သူ့နောက်ကိုလိုက်ဖို့ အတားအဆီးဖြစ်စေတဲ့ သဘောထားတွေအကြောင်း ဖော်ပြခဲ့တယ်။

အခန်း ၆၆

ဂျေရုဆလင်မြို့မှာ တဲနေပွဲတော်တက်ရောက်

ယေရှုကို နတ်ဆိုးပူးတဲ့သူလို့ နားထောင်နေသူတွေ ပြောကြတာ ဘာကြောင့် ဖြစ်မလဲ။

အခန်း ၆၇

“သူဟောသလို ဘယ်သူမှ မဟောဖူးဘူး”

တကယ်တော့ ဂျူးတရားရုံးချုပ်အဖွဲ့ဝင်အားလုံးက ယေရှုကို ဆန့်ကျင်တယ်။ ဒါပေမဲ့ အဖွဲ့ဝင်တစ်ယောက်ကတော့ ယေရှုအကျိုးအတွက် မကြောက်မရွံ့ ပြောခဲ့တယ်။

အခန်း ၆၈

“ဒီလောကရဲ့အလင်း”

“အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်စေလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဘယ်ကနေ လွတ်မြောက်စေမှာလဲ။

အခန်း ၆၉

သူတို့အဖေက အာဗြဟံလား၊ မာရ်နတ်လား

အာဗြဟံရဲ့သားသမီးတွေကို ဘယ်လို ခွဲခြားသိနိုင်ကြောင်း၊ မိမိရဲ့အဖေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ယေရှု ဆွေးနွေးခဲ့တယ်။

အခန်း ၇၀

မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး

တပည့်တွေက ယေရှုကို အဲဒီမျက်မမြင် ဘာကြောင့် မျက်စိမမြင်ရတာလဲ။ သူ့အပြစ်ကြောင့်လား၊ မိဘတွေရဲ့ အပြစ်ကြောင့်လား လို့မေးတယ်။ ယေရှု သူ့ကို ကုသပေးတဲ့အခါ လူတွေ အမျိုးမျိုး ပြောကြတယ်။

အခန်း ၇၁

မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေ ခေါ်တွေ့

မျက်မမြင်ဖြစ်ခဲ့ဖူးသူရဲ့ ယုတ္တိရှိတဲ့စကားတွေကြောင့် ဖာရိရှဲတွေ ဒေါသထွက်တယ်။ သူ့မိဘတွေ စိုးရိမ်နေတဲ့အတိုင်း ဖာရိရှဲတွေက သူ့ကို တရားဇရပ်ကနေ နှင်ထုတ်လိုက်တယ်။

အခန်း ၇၂

ဟောပြောဖို့ တပည့် ၇၀ ကိုစေလွှတ်

ယုဒနယ်မှာ ယေရှုက တပည့် ၇၀ ကို နှစ်ယောက်တစ်တွဲစီ တွဲပေးပြီး နိုင်ငံတော်သတင်း ဟောပြောသူတွေအဖြစ် စေလွှတ်တယ်။ သူတို့က လူတွေကို ဘယ်နေရာမှာ ရှာရမလဲ။ တရားဇရပ်တွေမှာလား၊ အိမ်တွေမှာလား။

အခန်း ၇၃

လူသားချင်းကို အမှန်တကယ်ချစ်တဲ့ ရှမာရိလူ

ယေရှုက လူသားချင်းကိုချစ်တဲ့ ရှမာရိလူ ပုံဥပမာ ဒါမှမဟုတ် “ရှမာရိလူကောင်း” ပုံဥပမာကိုသုံးပြီး ဘယ်ထိရောက်တဲ့ သင်ခန်းစာ သင်ပေးခဲ့သလဲ။

အခန်း ၇၄

ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ဆုတောင်းခြင်းအကြောင်း သွန်သင်ပေး

မာသနဲ့ မာရိအိမ်ကို ယေရှု လည်ပတ်တယ်။ ဧည့်ဝတ်ကျေပွန်ခြင်းနဲ့ ပတ်သက်ပြီး သူတို့ကို ဘာသင်ပေးသလဲ။ ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး တပည့်တွေကို ဘယ်လို သင်ပေးသလဲ။

အခန်း ၇၅

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့ ရင်းမြစ်

ယေရှုက အပြစ်ရှာသူတွေကို “ဘုရားသခင့်လက်ညှိုးတော်” အကြောင်း၊ သူတို့တွေ ဘုရားနိုင်ငံတော်နဲ့ ဘယ်လို လွဲသွားကြောင်း ပြောပြတယ်။ စစ်မှန်တဲ့ပျော်ရွှင်မှု ဘယ်လို ရရှိနိုင်ကြောင်းကိုလည်း ဖော်ပြတယ်။

အခန်း ၇၆

ဖာရိရှဲတစ်ဦးနဲ့အတူ စားသောက်ခြင်း

ဖာရိရှဲနဲ့ ကျမ်းတတ်တွေရဲ့ သူတော်ကောင်းယောင်ဆောင်မှုကို ယေရှု ဖော်ထုတ်ခဲ့တယ်။ သူတို့က လူတွေအပေါ် ဘယ်လေးလံတဲ့ဝန်တွေကို တင်သလဲ။

အခန်း ၇၇

စည်းစိမ်ဥစ္စာနဲ့ပတ်သက်ပြီး သွန်သင်ပေး

သိုလှောင်ခန်းကြီးတွေဆောက်တဲ့ သူဌေးပုံဥပမာကို ယေရှု ပြောပြတယ်။ စည်းစိမ်ဥစ္စာ ရှာဖွေခြင်းရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ဘာကို အထပ်ထပ် သွန်သင်ပေးသလဲ။

အခန်း ၇၈

သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ

တပည့်တွေ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိဖို့ ယေရှု စိတ်ဝင်စားတယ်။ တပည့်တွေ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိစေဖို့ ဘဏ္ဍာစိုးက ဘယ်ကဏ္ဍကနေ လုပ်ဆောင်ပေးမလဲ။ အသင့်ရှိနေပါဆိုတဲ့ သတိပေးချက်က ဘာကြောင့် အရေးကြီးသလဲ။

အခန်း ၇၉

မယုံကြည်တဲ့ဂျူးတွေ ဘာကြောင့်ဖျက်ဆီးခံရမလဲ

ယေရှုက သူကူညီပေးနေသူတွေဟာ နောင်တမယူဘူးဆိုရင် ဖျက်ဆီးခံရလိမ့်မယ်လို့ ပြောတယ်။ ဘုရားနဲ့ သူတို့ရဲ့ဆက်ဆံရေးအကြောင်း ယေရှုသင်ပေးတဲ့ အရေးကြီး သင်ခန်းစာကနေ သူတို့ သင်ယူကြမလား။

အခန်း ၈၀

သိုးထိန်းကောင်းနဲ့ သိုးခြံတွေ

တပည့်တွေနဲ့ ပတ်သက်တဲ့ ယေရှုရဲ့ ခံစားချက်ကို သိုးထိန်းနဲ့ သိုးတွေရဲ့ ဆက်ဆံရေးက ကောင်းကောင်း ပုံဖော်တယ်။ သူတို့က ယေရှုရဲ့ သွန်သင်ချက်တွေကို နားလည်ပြီး ဦးဆောင်ရာနောက် လိုက်ကြမလား။

အခန်း ၈၁

အဖဘုရားနဲ့တစ်စိတ်တစ်ဝမ်းတည်းဖြစ်ပေမဲ့ ဘုရားမဟုတ်

အပြစ်ရှာသူတချို့က ယေရှုဟာ သူ့ကိုယ်သူ ဘုရားနဲ့တန်းတူဖြစ်အောင် လုပ်နေတယ်လို့ စွပ်စွဲကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ယေရှု ဘယ်လို ပိုင်ပိုင်နိုင်နိုင် ချေပခဲ့သလဲ။

အခန်း ၈၂

ပေရိယနယ်မှာ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း

ယေရှုက ကယ်တင်ခြင်းရဖို့ ဘာလိုအပ်တယ်ဆိုတာ နားထောင်နေသူတွေကို ရှင်းပြတယ်။ သူ့ရဲ့ဆုံးမစကားဟာ အဲဒီအချိန်တုန်းက အရေးကြီးခဲ့တယ်။ ဒီနေ့အချိန်မှာကော။

အခန်း ၈၃

စားသောက်ပွဲတက်ဖို့ ဖိတ်ခေါ်ခြင်း

ဖာရိရှဲအိမ်မှာ စားသောက်နေတုန်း ယေရှုက ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲ ပုံဥပမာကို ပြောပြတယ်။ ဘုရားလူမျိုးအားလုံးအတွက် အရေးကြီးတဲ့ သင်ခန်းစာ ပေးခဲ့တယ်။ ဘာဖြစ်မလဲ။

အခန်း ၈၄

တပည့်ဖြစ်ခြင်း ကြီးလေးတဲ့တာ၀န်ဖြစ်

ခရစ်တော်ရဲ့တပည့်ဖြစ်ခြင်းဟာ ကြီးလေးတဲ့တာဝန်ဖြစ်တယ်။ တပည့်ဖြစ်ခြင်းမှာ ဘာတွေပါဝင်ကြောင်း ယေရှုပြောပြတယ်။ သူ့စကားကြောင့် နောက်လိုက်တချို့ လန့်သွားကြမှာပဲ။

အခန်း ၈၅

နောင်တရတဲ့အပြစ်သားအတွက် ၀မ်းမြောက်ခြင်း

ဖာရိရှဲနဲ့ကျမ်းတတ်တွေက သာမန်လူတွေနဲ့ ယေရှုပေါင်းသင်းတာကို ပြစ်တင်ဝေဖန်ကြတယ်။ ယေရှုက အပြစ်သားတွေနဲ့ ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ပုံဥပမာတွေသုံးပြီး ဖော်ပြတယ်။

အခန်း ၈၆

ပျောက်တဲ့သား ပြန်လာပြီ

ယေရှုပြောတဲ့ သားမိုက်ပုံဥပမာကနေ ဘာသင်ခန်းစာတွေ ရရှိသလဲ။

အခန်း ၈၇

အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ

အကြံကြီးပြီး မရိုးသားတဲ့ဘဏ္ဍာစိုး ပုံဥပမာကိုသုံးပြီး အံ့သြစရာကောင်းတဲ့ အမှန်တရားကို ယေရှု သင်ပေးတယ်။

အခန်း ၈၈

သူဌေးနဲ့လာဇရုရဲ့ အပြောင်းအလဲ

အဓိကဇာတ်ကောင်နှစ်ကောင်က ဘယ်သူ့ကို ကိုယ်စားပြုတယ်ဆိုတာသိရင် ယေရှုရဲ့ပုံဥပမာကို နားလည်နိုင်တယ်။

အခန်း ၈၉

ယုဒနယ်ကိုအသွား ပေရိယနယ်မှာသွန်သင်ခြင်း

ကျွန်တော်တို့ကို ခဏခဏ ပြစ်မှားတဲ့သူတွေကိုတောင် ခွင့်လွှတ်တတ်ဖို့ ထောက်ကူပေးတဲ့ အရည်အသွေးတစ်ခုအကြောင်း ယေရှု အလေးပေးပြောတယ်။

အခန်း ၉၀

“ရှင်ပြန်ထမြောက်အောင်လုပ်ပေးတဲ့သူ၊ အသက်ရစေတဲ့သူ”

သူ့ကို သက်ဝင်ယုံကြည်တဲ့သူဟာ “ဘယ်တော့မှ သေရမှာမဟုတ်ဘူး” လို့ ယေရှု ပြောတာက ဘာကိုဆိုလိုသလဲ။

အခန်း ၉၁

လာဇရု အသက်ပြန်ရှင်လာ

ဒီဖြစ်ရပ်မှာ အဓိကအချက်နှစ်ချက်ကြောင့် ယေရှုရဲ့ ရန်သူတွေတောင် ဒီအံ့ဖွယ်အမှုကို မငြင်းနိုင်ခဲ့ကြဘူး။

အခန်း ၉၂

ကျေးဇူးသိတတ်တဲ့ အနာကြီးရောဂါသည်

ရောဂါပျောက်သွားတဲ့သူက ယေရှုတစ်ယောက်တည်းကို ကျေးဇူးတင်ကြောင်း ပြောတာမဟုတ်ဘူး။ နောက်တစ်ယောက်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောတယ်။

အခန်း ၉၃

လူသားပေါ်ထွန်းမယ့်အချိန်

ခရစ်တော်ရောက်ရှိခြင်းက လျှပ်စီးလက်တာနဲ့ ဘယ်လို တူမလဲ။

အခန်း ၉၄

ဆုတောင်းခြင်းနဲ့ နှိမ့်ချခြင်း အရေးကြီးပုံ

မဖြောင့်မတ်တဲ့ တရားသူကြီးနဲ့ မုဆိုးမပုံဥပမာမှာ အထူးအရည်အသွေးတစ်ခုရဲ့ တန်ဖိုးကို ယေရှု အလေးပေး ဖော်ပြတယ်။

အခန်း ၉၅

ကွာရှင်းခြင်းအကြောင်းသွန်သင်၊ ကလေးတွေကိုချစ်ကြောင်းပြ

ကလေးတွေနဲ့ပတ်သက်တဲ့ ယေရှုရဲ့သဘောထားနဲ့ တပည့်တွေရဲ့သဘောထား သိပ်ကွာခြားတယ်။ ဘာကြောင့်လဲ။

အခန်း ၉၆

ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး

ဘုရားသခင်ရဲ့ နိုင်ငံတော်ထဲ ချမ်းသာတဲ့သူ၀င်တာထက် အပ်ပေါက်ထဲ ကုလားအုတ်လျှိုဝင်တာကမှ ပိုလွယ်ဦးမယ်လို့ ယေရှု ဘာကြောင့် ပြောသလဲ။

အခန်း ၉၇

စပျစ်ခြံလုပ်သားများ ပုံဥပမာ

ရှေ့ဆုံးကလူတွေ နောက်ဆုံးကို ရောက်မယ်၊ နောက်ဆုံးကလူတွေ ရှေ့ဆုံးကို ရောက်မယ်ဆိုတာ ဘာကို ပြောတာလဲ။

အခန်း ၉၈

ထင်ပေါ်ကျော်ကြားဖို့ တမန်တော်တွေထပ်ကြိုးစား

ယာကုပ်နဲ့ ယောဟန်က နိုင်ငံတော်မှာ ရာထူကြီးကြီးရဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့ပဲ ရာထူးလိုချင်တာ မဟုတ်ဘူး။

အခန်း ၉၉

မျက်မမြင်တွေကိုကုသပေး၊ ဇက်ခဲကိုကူညီပေး

ယေရိခေါမြို့နားမှာ မျက်မမြင်ကို ယေရှုကုသပေးတာနဲ့ ပတ်သက်တဲ့ ကျမ်းစာမှတ်တမ်းတွေက ရှေ့နောက်မညီတဲ့ပုံပဲ။ ဒါကို ဘယ်လို ရှင်းပြနိုင်သလဲ။

အခန်း ၁၀၀

ဆယ်မိုင်နာပုံဥပမာ

“ရှိထားတဲ့သူက ထပ်ပြီးရလိမ့်မယ်။ မရှိတဲ့သူကတော့ ရှိထားတာလေးတောင် အသိမ်းခံရလိမ့်မယ်” လို့ ယေရှုပြောတာ ဘာအဓိပ္ပာယ်လဲ။

အခန်း ၁၀၁

ဗေသနိရွာက ရှိမုန်ရဲ့အိမ်မှာ ညစာစား

လာဇရုရဲ့အစ်မ မာရိလုပ်လိုက်တဲ့ လုပ်ရပ်ကြောင့် အပြစ်ပြောစရာ ဖြစ်ခဲ့တယ်။ ယေရှု သူ့ဘက်ကနေ ဝင်ပြောပေးတယ်။

အခန်း ၁၀၂

ဘုရင်​က မြည်း​ကလေး​စီး​ပြီး ဂျေရုဆလင်​မြို့ထဲ​၀င်​လာ

လွန်ခဲ့တဲ့​အနှစ် ၅၀၀ ကျော်​က ပရောဖက်ပြုချက်ကို သူ​ပြည့်စုံ​စေခဲ့တယ်။

အခန်း ၁၀၃

ဗိမာန်တော်ကို ထပ်မံရှင်းလင်း

ဂျေရုဆလင်မြို့က ကုန်သည်တွေရဲ့ စီးပွားရေးလုပ်ငန်းက တရားဝင်ဖြစ်တယ်လို့ ထင်ရပေမဲ့ ယေရှုက သူတို့ကို ဓားပြတွေလို့ ဘာကြောင့် ခေါ်သလဲ။

အခန်း ၁၀၄

ဂျူးတွေ ဘုရားသခင်ကိုယုံကြည်ကြောင်း တင်ပြမလား

ယေရှုကို ယုံကြည်ခြင်းနဲ့ ယုံကြည်ကြောင်း လုပ်ရပ်နဲ့ပြခြင်းက ကွာခြားသလား။

အခန်း ၁၀၅

သဖန်းပင်ကိုသုံးပြီး ယုံကြည်ခြင်းအကြောင်းသွန်သင်

ယေရှုက တပည့်တွေကို ယုံကြည်ခြင်းရဲ့ အစွမ်းတန်ခိုးအကြောင်း သွန်သင်ပေးပြီး အစ္စရေးလူမျိုးကို ဘုရား ငြင်းပယ်လိုက်ရတဲ့အကြောင်း ရှင်းပြတယ်။

အခန်း ၁၀၆

စပျစ်ခြံပုံဥပမာနှစ်ခု

သားတွေကို စပျစ်ခြံမှာ အလုပ်သွားလုပ်ခိုင်းတဲ့ ဖခင်ပုံဥပမာနဲ့ စပျစ်ခြံကို ဆိုးသွမ်းတဲ့ ခြံလုပ်သားတွေကို ငှားလိုက်တဲ့ပိုင်ရှင် ပုံဥပမာရဲ့ ဆိုလိုရင်းတွေကို လေ့လာကြည့်ပါ။

အခန်း ၁၀၇

ဘုရင်ကြီးက မင်္ဂလာပွဲတက်ရောက်ဖို့ လူတွေကိုဖိတ်ခေါ်ခိုင်း

တကယ်တော့ ယေရှုရဲ့ပုံဥပမာက ပရောဖက်ပြုချက်တစ်ခုပဲ။

အခန်း ၁၀၈

ယေရှုကို အကွက်ဆင်ဖမ်းပေမဲ့ မအောင်မြင်ကြ

ပထမ ဖာရိရှဲတွေ၊ ဒုတိယ ဇဒ္ဒုကဲတွေ၊ ဒီနောက် ပူးပေါင်းသွားတဲ့ အုပ်စုနှစ်စုလုံးကို နှုတ်ပိတ်သွားအောင် ယေရှု လုပ်လိုက်တယ်။

အခန်း ၁၀၉

ဆန့်ကျင်သူတွေကို လူသိရှင်ကြားပြစ်တင်ရှုတ်ချ

ဘာသာရေးမှာ သူများနဲ့မတူ တစ်မူထူးအောင် လုပ်တာတွေကို ယေရှု ဘာကြောင့်လက်မခံသလဲ။

အခန်း ၁၁၀

ဗိမာန်တော်မှာ ယေရှုရဲ့နောက်ဆုံးနေ့

ဆင်းရဲတဲ့မုဆိုးမရဲ့ စံနမူနာကနေ အရေးကြီး သင်ခန်းစာ သင်ပေးတယ်။

အခန်း ၁၁၁

နိမိတ်အကြောင်း တမန်တော်တွေမေးကြ

ယေရှုရဲ့ ပရောဖက်ပြုချက်က ပထမရာစုမှာ အသေးစားပြည့်စုံခဲ့တယ်။ နောက်ပိုင်းမှာ အကြီးစားပြည့်စုံမှု ရှိဦးမလား။

အခန်း ၁၁၂

နိုးနိုးကြားကြားရှိဖို့သင်ပေးတဲ့ အပျိုစင်ပုံဥပမာ

တပည့်တွေထဲမှာ တစ်ဝက်က ဉာဏ်မရှိဘူး၊ တစ်ဝက်ကတော့ အမြော်အမြင်ရှိတယ်လို့ ယေရှုပြောနေတာလား။

အခန်း ၁၁၃

ကြိုးစားအားထုတ်ဖို့ သင်ပေးတဲ့ တဲလင့်ပုံဥပမာ

“ရှိတဲ့သူတွေဟာ ထပ်ပြီး ရလိမ့်မယ်” ဆိုတဲ့စကားကို ယေရှုရဲ့ပုံဥပမာမှာ ရှင်းပြထားတယ်။

အခန်း ၁၁၄

နိုင်ငံတော်အာဏာရထားတဲ့ ခရစ်တော် သိုးနဲ့ဆိတ်ကိုတရားစီရင်

ထင်ရှားမြင်သာတဲ့ပုံဥပမာကိုသုံးပြီး ထာဝရ တရားစီရင်ခြင်းအကြောင်း ယေရှု ရှင်းပြတယ်။

အခန်း ၁၁၅

ယေရှုရဲ့ နောက်ဆုံးပသခါပွဲ နီးလာပြီ

ယေရှုကို သစ္စာဖောက်အပ်နှံရင် ငွေစ ၃၀ ပေးမယ်လို့ ဘာသာရေးခေါင်းဆောင်တွေ ယုဒကို ကတိပေးလိုက်တာက ဘာကြောင့် ထူးခြားသလဲ။

အခန်း ၁၁၆

နောက်ဆုံးပသခါပွဲမှာ နှိမ့်ချမှုအကြောင်း သွန်သင်ပေး

အစေခံတစ်ယောက်ရဲ့အလုပ်ကို ယေရှုလုပ်ပြတဲ့အခါ တမန်တော်တွေ အံ့သြသွားတယ်။

အခန်း ၁၁၇

သခင့်ညစာစားပွဲ

ယေရှုအစပြုကျင်းပခဲ့တဲ့ အောက်မေ့ရာပွဲကို နိသန်လ ၁၄ ရက် ရောက်တိုင်း နောက်လိုက်တွေ ကျင်းပတယ်။

အခန်း ၁၁၈

ဘယ်သူအကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားကြ

အဲဒီညမှာပဲ အစောပိုင်းတုန်းက ယေရှုသင်ပေးတဲ့ သင်ခန်းစာကို တမန်တော်တွေ မေ့သွားကြတယ်။

အခန်း ၁၁၉

လမ်းခရီး၊ အမှန်တရား၊ အသက်

ယေရှုက ဘုရားဆီ ဘယ်လိုရောက်နိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ အရေးကြီး အမှန်တရားကို သွန်သင်ပေးတယ်။

အခန်း ၁၂၀

စပျစ်ကိုင်းတွေအသီးသီးခြင်း၊ ယေရှုရဲ့မိတ်ဆွေဖြစ်ခြင်း

ယေရှုရဲ့တပည့်တွေဟာ ဘယ်လိုနည်းနဲ့ “အသီးသီး” နိုင်ကြသလဲ။

အခန်း ၁၂၁

“သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ”

လောက,က ယေရှုကို သတ်ပစ်မယ်ဆိုတော့ ယေရှုက လောကကို ဘယ်လိုနည်းနဲ့ အောင်နိုင်မလဲ။

အခန်း ၁၂၂

အပေါ်ထပ်အခန်းမှာ ယေရှုရဲ့ နိဂုံးချုပ်ဆုတောင်းချက်

လူသားတွေ ကယ်တင်ခြင်းရရှိရေးထက် ပိုအရေးကြီးတဲ့အရာကို ယေရှုပြီးမြောက်စေခဲ့တယ်။

အခန်း ၁၂၃

၀မ်းနည်းပြီး သောကဖိစီးချိန်မှာ ဆုတောင်းခြင်း

“ဒီခွက်ကို မသောက်ရအောင် လွှဲဖယ်ပေးပါ” လို့ ယေရှု ဘာကြောင့် ဆုတောင်းသလဲ။ ရွေးဖိုးပေးရမယ့် သူ့တာဝန်ကို မလုပ်ချင်တော့ဘူးဆိုတဲ့ သဘောလား။

အခန်း ၁၂၄

ခရစ်တော် သစ္စာဖောက်အပ်နှံခံရပြီး အဖမ်းခံရ

ယုဒက ညအမှောင်ထဲမှာတောင် ယေရှုကို ရှာတွေ့နိုင်တယ်။

အခန်း ၁၂၅

အန္နတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား

ယေရှုကို စစ်ဆေးမေးမြန်းတာက ဟန်ပြပဲ။

အခန်း ၁၂၆

ယေရှုကို ပေတရုငြင်းပယ်

ယုံကြည်ခြင်းခိုင်ခံ့ပြီး သစ္စာစောင့်သိတဲ့ ပေတရုက ဘယ်လိုဖြစ်လို့ ယေရှုကို ချက်ချင်း ငြင်းလိုက်ရတာလဲ။

အခန်း ၁၂၇

ဂျူးတရားရုံးချုပ်မှာ စစ်ဆေးပြီးနောက် ပိလတ်မင်းဆီခေါ်သွား

ဂျူးဘာသာရေးခေါင်းဆောင်တွေက သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ဖော်ပြကြတယ်။

အခန်း ၁၂၈

ပိလတ်မင်းနဲ့ဟေရုဒ်မင်း ယေရှုကို အပြစ်ရှာမတွေ့

ပိလတ်မင်းက ယေရှုကို ဟေရုဒ်မင်းဆီ ဘာကြောင့် ပို့လိုက်သလဲ။ ပိလတ်မင်းမှာ ယေရှုကို ပြစ်ဒဏ်စီရင်ဖို့ အာဏာမရှိဘူးလား။

အခန်း ၁၂၉

“ကြည့်ကြပါ။ ဟောဒီလူပဲ”

ယေရှုရဲ့ထူးခြားတဲ့ အရည်အသွေးတွေကို ပိလတ်မင်းတောင် အသိအမှတ်ပြုတယ်။

အခန်း ၁၃၀

ယေရှုကိုကွပ်မျက်ဖို့အပ်လိုက်

ငိုကြွေးနေတဲ့ အမျိုးသမီးတွေကို ယေရှုက သူ့အတွက်မငိုဘဲ ကိုယ်တိုင်နဲ့ သားသမီးတွေအတွက်ပဲ ငိုပါလို့ ဘာကြောင့် ပြောသလဲ။

အခန်း ၁၃၁

အပြစ်မဲ့တဲ့ဘုရင် သစ်တိုင်ပေါ်မှာဝေဒနာခံစားရ

ယေရှုက သူနဲ့အတူ သစ်တိုင်တင်ခံရတဲ့ ရာဇ၀တ်သားကို အနာဂတ် မျှော်လင့်ချက် ပေးတယ်။

အခန်း ၁၃၂

“သေချာတယ်၊ သူဟာ ဘုရားရဲ့သားပဲ”

နေ့အချိန်မှာ အမှောင်ကျတာ၊ ငလျင်လှုပ်တာ၊ ဗိမာန်တော်ကန့်လန့်ကာကွဲတာတွေက အချက်တစ်ချက်တည်းကိုပဲ ညွှန်ပြနေတယ်။

အခန်း ၁၃၃

ယေရှုရဲ့အလောင်းကို ပြင်ဆင်ပြီးသင်္ဂြိုဟ်

ယေရှုရဲ့အလောင်းကို နေမ၀င်ခင်မှာ ဘာကြောင့် အလောတကြီး သင်္ဂြိုဟ်လိုက်ရတာလဲ။

အခန်း ၁၃၄

ယေရှု ရှင်ပြန်ထမြောက်ပြီ

ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်တွေကို မဟုတ်ဘဲ နောက်လိုက်အမျိုးသမီးတွေကို ဦးဆုံး ကိုယ်ထင်ရှားပြတယ်။

အခန်း ၁၃၅

တပည့်များစွာကို ကိုယ်ယောင်ထင်ရှားပြ

ယေရှုက သူထမြောက်လာပြီဆိုတာ တပည့်တွေကို ဘယ်လို သက်သေပြသလဲ။

အခန်း ၁၃၆

ဂါလိလဲအိုင်ကမ်းစပ်မှာ ကိုယ်ယောင်ထင်ရှားပြ

ယေရှုကိုချစ်ကြောင်း ဘယ်လို သက်သေပြနိုင်တယ်ဆိုတာ ပေတရု သုံးကြိမ် သတိပေးခံရတယ်။

အခန်း ၁၃၇

ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ

ယေရှုဟာ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်မတက်ခင်မှာ တမန်တော်တွေ ဘာရရှိမယ်၊ အဲဒါကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ အကြိမ်ကြိမ် အလေးပေး ပြောခဲ့တယ်။

အခန်း ၁၃၈

ဘုရားသခင့်လက်ယာတော်ဘက်မှာရှိနေတဲ့ ခရစ်တော်

ရန်သူတွေကို အရေးယူဖို့ စောင့်နေတုန်းမှာ ယေရှု ဘာလုပ်မလဲ။

အခန်း ၁၃၉

ပရဒိသုဆောင်ကြဉ်းပေး၊ တာဝန်ပြီးမြောက်အောင် လုပ်ဆောင်

နိုင်ငံတော်ကို အဖဘုရားဆီ ပြန်မအပ်ခင် ယေရှုမှာ လုပ်စရာအများကြီး ရှိသေးတယ်။

ယေရှုကို တုပပါ

ယေရှုက သူ့ဘဝတစ်လျှောက်မှာ အရည်အသွေးရှစ်ခုကို ထပ်ခါထပ်ခါ တင်ပြခဲ့တယ်။

ကျမ်းချက်အညွှန်း

ခရစ်ဝင်ကျမ်းတွေထဲက ကျမ်းချက်တွေကို ဒီအညွှန်းသုံးပြီး စာအုပ်ထဲမှာရှာပါ။

ပုံဥပမာအညွှန်း

ယေရှုပြောတဲ့ ပုံဥပမာတစ်ခုစီကို ဘယ်အခန်းမှာ ဆွေးနွေးထားသလဲဆိုတာ ရှာကြည့်ပါ။

မေရှိယဆိုင်ရာ ပရောဖက်ပြုချက်တချို့

ယေရှုရဲ့ဘဝမှာဖြစ်ပျက်ရာတွေ၊ သူဟာ မေရှိယဖြစ်ကြောင်းဖော်ပြတဲ့ ကျမ်းစာပရောဖက်ပြုချက်တွေနဲ့ အဲဒီအကြောင်းသုံးသပ်ထားတဲ့အခန်းတွေကို နှိုင်းယှဉ်ကြည့်ပါ။

ယေရှု နေထိုင်ခဲ့၊ သွန်သင်ခဲ့တဲ့ နေရာဒေသများ

ဒီမြေပုံမှာ ယေရှု အမှုဆောင်လုပ်ငန်း လုပ်ဆောင်ခဲ့တဲ့ဒေသတွေကို ဖော်ပြထားတယ်။